
14/06/2025
အသက်(၇)နှစ်အရွယ်ကျောင်းသူ
လေးအားThetဖြတ်ပြီးရွှေနားကွင်း
လုယက်ယူဆောင်ခဲ့သည့်ပြစ်မှု
ကျူးလွန်သူနှစ်ဦးအား(၄၈)နာရီ
အတွင်းဖော်ထုတ်ဖမ်းဆီးရမိ
မိတ္တီလာ - ဇွန်(၁၄)
မန္တလေးတိုင်းဒေသကြီးမိတ္တီလာမြို့
နယ်ကွက်ငယ်အုပ်စုဒဟတ္တန်းကျေး
ရွာနေမနှင်းရတီ(ခ)ပိစိမအသက်(၇)
နှစ်Grade(3)ကျောင်းသူမှာလွန်ခဲ့
သည့်ဇွန်(ရက်ညနေပိုင်းကပျောက်ဆုံး
ခဲ့သဖြင့်လိုက်လံရှာဖွေရာမတွေ့ရှိပဲ
ရှိစဥ်ဇွန်(၁၁)ရက်နံက်ပိုင်းကတစ်ရွာ
တည်းနေသူတစ်ဦးဆိတ်ကျောင်း
သွားရာမှကျေးရွာသုဿန်အနီးကန္တာ
ရတောခြုံပုပ်၌အပုပ်နံ့ရသော
ဆာလာအိတ်တစ်လုံးတွေ့ရှိကြောင်း
အကြောင်းကြားချက်အရသွား
ရောက်ကြည့်ရှုရာမှပျောက်ဆုံးနေ
သူမနှင်းရတီ(ခ)ပိစိမအားဒဏ်ရာများ
နှင့်သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့်
ပြည်သူဆေးရုံရင်ခွဲရုံသို့ပို့ဆောင်
စစ်ဆေးချက်အရမနှင်းရတီ(ခ)ပိစိမ
၏ရွှေနားကွင်းတစ်ရံပျောက်ဆုံးနေ
ကြောင်းသိရှိရ၍အစ်မဝမ်းကွဲတော်
စပ်သူ၏တိုင်တန်းချက်အရမိတ္တီလာ
မြို့မရဲစခန်းမှရာဇသတ်ကြီးပုဒ်မ
၃၀၂/၃၉၄ဖြင့်အမှုဖွင့်အရေးယူစုံစမ်း
စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရ
သည်။
အမှုမှပြစ်ကျူးလွန်သူအားဖော်ထုတ်
ဖမ်းဆီးရမိရေးအတွက်မြို့မရဲစခန်း
မှူးနှင့်တပ်ဖွဲ့ဝင်များမှစုံစမ်းသတင်း
ရယူဆောင်ရွက်ခဲ့ရာသတင်းအရ
ဒဟတ္တန်းကျေးရွာနေစိုးမင်းအောင်
နှင့်ဇနီးမလင်းဇာနည်ဇော်(ခ)လင်း
ဇာနည်တို့နှစ်ဦးအားဇွန်(၁၂)ရက်နေ့
တွင်မသင်ကာဖမ်းဆီးအချုပ်ရီမန်ရ
ယူ၍ဇွန်(၁၃)ရက်နေ့၌အမှုနှင့်စစ်ဆေး
ခဲ့ရာ၄င်းတို့နှစ်ဦးထွက်ချက်များအရ
အခင်းဖြစ်နေ့ကအလုပ်အကိုင်
မကောင်း၍စျေးသုံးရန်အခက်အခဲ
ဖြစ်နေသဖြင့်၄င်းတို့၏သားနှစ်ဦးနှင့်
အတူဆော့ကစားနေသူနှင်းရတီ(ခ)
ပိစိမအားနေအိမ်သို့ခေါ်လာပြီးရွှေ
နားကွင်းအားတောင်းရာမနှင်းရတီမှ
မပေးဘူး..အဖွားနဲ့တိုင်မယ်ပြော၍
စိုးမင်းအောင်မှပါးစပ်ပိတ်လည်ပင်း
ညှစ်ရာမှTayဆုံးသွားကြောင်းဇနီး
ဖြစ်သူမလင်းဇာနည်အားဘယ်လို
လုပ်မလဲမေးမြန်းရာဆာလာအိတ်နှင့်
ထည့်၍သုဿန်အနီးသွားပစ်ရန်
ပြော၍Tayဆုံးသူမနှင်းရတီ၏ရုပ်
အလောင်းအားဆာလာအိတ်အတွင်း
ထည့်ရာဇနီးဖြစ်သူမှအိတ်ကိုကိုင်
ပေးကြောင်း၄င်းနောက်တစ်ရွာတည်း
နေသူတစ်ဦးထံမှဆိုင်ကယ်ငှားတင်
ဆောင်ပြီးစိုးမင်းအောင်မှမောင်းနှင်
ကာမလင်းဇာနည်ဇော်မှနောက်မှ
လိုက်ပါစီးကြောင်းအလောင်းပါဆာ
လာအိတ်အား၄င်းတို့နှစ်ဦးမှသုဿန်
အနီးပစ်ထားခဲ့ကြောင်းစစ်ဆေး
ပေါ်ပေါက်ချက်အရသိရသည်။
အမှုမှTayဆုံးသူမနှင်းရတီ(ခ)ပိစိမ
ထံမှဖြုတ်ယူခဲ့သောရွှေနားကွင်းတစ်
ရံအားမလင်းဇာနည်(ခ)လင်းဇာနည်
ရောင်းချခဲ့သောမိတ္တီလာစျေးကြီး
အတွင်းရှိကြယ်စင်ရွှေဆိုင်မှသက်
သေများနှင့်အတူပြန်လည်သိမ်း
ဆည်းရမိခဲ့ပြီးအခင်းဖြစ်နေ့ကရုပ်
အလောင်းစွန့်ပစ်ခဲ့စဥ်အသုံးပြုခဲ့
သောဆိုင်ကယ်အားယနေ့ဇွန်(၁၄)
ရက်နေ့တွင်ထပ်မံသိမ်းဆည်းရမိခဲ့
ကြောင်းသိရသည်။
အမှုအားအခင်းဖြစ်နေ့မှစတင်စုံစမ်း
ဖော်ထုတ်ခဲ့ရာ(၄၈)နာရီအတွင်းစစ်
ဆေးပေါ်ပေါက်ခဲ့သဖြင့်ပြစ်မှုကျုး
လွန်သူစိုးမင်းအောင်နှင့်မလင်းဇာ
နည်ဇော်(ခ)လင်းဇာနည် ဒဟတ္တန်း
ကျေးရွာ ကွက်ငယ်အုပ်စု မိတ္တီလာ
မြို့နယ်နေသူတို့အားအမှုနှင့်တရား
စွဲတင်နိုင်ရေးအတွက်ဆက်လက်စစ်
ဆေးဆောင်ရွက်လျက်ရှိကြောင်းသိ
ရသည်။
#ရွှေမောင်မောင်(မိတ္တီလာ)
-SMM
#ကျောင်းသူလေးအားThetဖြတ်
#ရွှေနားကွင်းလုယက်သူ
#ပြစ်မှုကျုးလွန်သူနှစ်ဦးဖမ်းဆီးရမိ