26/02/2017
လူငယ်သဘာဝ စိတ်ခံစားမှုကြောင့် လုပ်ကြံမှုဖြစ်ဟု ပြည်ထဲရေး ဝန်ကြီးပြော
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၅၊ ၂၀၁၇
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဇန်နဝါရီလ ၂၉ ရက်နေ့က ဦးကိုနီကို လုပ်ကြံသတ်ဖြစ်ခဲ့သူနဲ့ ပါဝင်ပတ်သက်တဲ့ သူတွေကို တရားဆွဲဆိုဖို့ စတင်လိုက်ပြီ ဖြစ်ပါတယ်။ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ကြည်လင်း ခေါ် ဖိုးထူးကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂၊ လက်နှက်ပုဒ်မ ၁၉(စ)၊ လဝကဥပဒေ ၁၃/၁ နဲ့ တရားဆွဲဆို လိုက်ပြီ ဖြစ်တယ်လို့ ဖေဖေါ်ဝါရီလ ၂၅ ရက် ဒီကနေ့ မနက် ၉ နာရီက ရန်ကုန်မြို့ မူးယစ်ဆေးဝါး ပြတိုက်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ရဲချုပ် ဇော်ဝင်းက အခုလို ပြောကြား လိုက်တာပါ။
ဒါအပြင် ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ် ဆက်သွယ်ပေးသူတွေ ဖြစ်တဲ့ အောင်ဝင်းဇော်ကို ရာဇသတ်ကြီး ပုဒ်မ၃၀၂၊ လက်နှက်ပုဒ်မ ၁၉(စ) နဲ အတူ ဇေရာဖြိုးကို ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၂၀၁၃ ခု ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀၊ ၄၆၈ တို့နဲ့ တရားဆွဲဆိုထားပြီ ဖြစ်ပါတယ်။
ဒါ့အပြင် လွတ်မြောက်နေပြီး အဓိက တရားခံဖြစ်တဲ့ အောင်ဝင်းခိုင်ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ တရားဆွဲဆို ထားတာပါ။ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး အမျိုးသား ၇၁ ဦး အမျိုးသမီး ၂ ဦးတို့ကိုလည်း ခေါ်ယူ စစ်ဆေးခဲ့တဲ့ပြင် လွတ်မြောက်နေတဲ့ ဇော်ဝင်းခိုင်ကို ဖမ်းဆီးရမိဖို့ အတွက် ပြည်နယ်နဲ့ တိုင်းတွေမှာ ဖြန်ချက်ဆောင်ရွက်နေပြီး အာစီယံ ရဲတပ်ဖွဲ၊ အပြင် နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပို) ကိုလည်း အထောက်အထားတွေ ပေးပို့ ဆက်သွယ်ထားကာ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေတယ်လို့ ရဲချုပ် ဇော်ဝင်းက ရှင်းလင်း ပြောကြားပါတယ်။
ဖြစ်ပေါ်ခဲ့တဲ့ လုပ်ကြံမှုဟာ လူငယ်တွေ ဘာသာရေး စိတ်ခံစားမှုကြောင့် ဖြစ်တယ်လို ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားပါတယ်။
ဒီကနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲကို ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ပြည်ထဲရေး ဒုတိယ ဝန်ကြီး၊ ရဲချုပ် ဇော်ဝင်းတို့က ပြုလုပ်တာ ဖြစ်ပါတယ်။
မြန်မာအင်ဒီပဲန်ဒင့်ဂျာနယ်
www.myanmarij.com
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဇန်နဝါရီလ ၂၉ ရက်နေ့က ဦးကိုနီကို လုပ်ကြံသတ်ဖြစ်ခဲ့သူနဲ့ ပါဝင်ပတ်သက်တဲ့ သူတွေကို တရားဆွဲဆိုဖို့ စတင်လိုက်ပြီ ဖြစ်ပါတယ်။ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ကြည်လင်း ခေါ် ဖိုးထူးကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂၊ လက်နှက်ပုဒ်မ ၁၉(စ