Aung Ye Maw

Aung Ye Maw MEP BIM Engineer

Shout out to my newest followers! Excited to have you onboard! Htun Thura, K ZarChie Kyaw, Soe Lin Aung, Chaw Su Kyaw, N...
24/09/2026

Shout out to my newest followers! Excited to have you onboard! Htun Thura, K ZarChie Kyaw, Soe Lin Aung, Chaw Su Kyaw, Naing Gyi, May Yadanar, Rocky Swe, Ko Aung Min Htoo

ဒီ Position အတွက် Vacancy က employed ဖြစ်သွားပါပြီ။ အခကြေးငွေတစ်စုံတစ်ရာ လက်ခံရယူခြင်းမျိုးမဟုတ်ပဲ စေတနာသန့်သန့်ဖြင့် ကူ...
15/09/2026

ဒီ Position အတွက် Vacancy က employed ဖြစ်သွားပါပြီ။ အခကြေးငွေတစ်စုံတစ်ရာ လက်ခံရယူခြင်းမျိုးမဟုတ်ပဲ စေတနာသန့်သန့်ဖြင့် ကူညီမျှဝေပေးခြင်းသက်သက်ပါ။
နောက်တခါ လူလိုတာမျိုးရှိခဲ့ရင်လဲ ထပ်ပြီးမျှဝေပေးပါမယ်။

ကျွန်တော့် လက်ရှိ Hong Kong ရုံး က Manager က request လုပ်လို့ Architectural BIM Modeller တစ်ဦး Urgent လိုနေပါတယ်။

ပြည်တွင်း/ပြည်ပအတွေ့အကြုံ အနည်းဆုံး ၁နှစ်ရှိထားသူများ အဓိကလျှောက်ထားနိုင်ပါတယ်။

Revit Architectural BIM Modelling.
Auto CAD Drafting.
Naviswork Coordination.
Family Creation/Editing.
Drawing Sheets Producing and Controlling အပိုင်းတွေလုပ်နိုင်ရပါမယ်။

အတွေ့အကြုံပေါ်မူတည်ပြီး လစာခံစားခွင့် US$ ဖြင့်ပေးပါမယ်။

WA to me: (+971) 544464567.

ကျွန်တော့် လက်ရှိ Hong Kong ရုံး က Manager က request လုပ်လို့ Architectural BIM Modeller တစ်ဦး Urgent လိုနေပါတယ်။ ပြည်တွ...
08/09/2026

ကျွန်တော့် လက်ရှိ Hong Kong ရုံး က Manager က request လုပ်လို့ Architectural BIM Modeller တစ်ဦး Urgent လိုနေပါတယ်။

ပြည်တွင်း/ပြည်ပအတွေ့အကြုံ အနည်းဆုံး ၁နှစ်ရှိထားသူများ အဓိကလျှောက်ထားနိုင်ပါတယ်။

Revit Architectural BIM Modelling.
Auto CAD Drafting.
Naviswork Coordination.
Family Creation/Editing.
Drawing Sheets Producing and Controlling အပိုင်းတွေလုပ်နိုင်ရပါမယ်။

အတွေ့အကြုံပေါ်မူတည်ပြီး လစာခံစားခွင့် US$ ဖြင့်ပေးပါမယ်။

WA to me: (+971) 544464567.

MEP BIM Modeller တယောက်ဖြစ်လာဖို့ ဘာတွေလေ့လာသင်ယူခဲ့ရလဲ???ပြီးခဲ့တဲ့ရှေ့တစ်ပါတ်တုန်းက အကြောင်းအရာလေးနဲ့ပြန်ဆက်ရမယ်ဆိုရင်...
03/09/2026

MEP BIM Modeller တယောက်ဖြစ်လာဖို့ ဘာတွေလေ့လာသင်ယူခဲ့ရလဲ???

ပြီးခဲ့တဲ့ရှေ့တစ်ပါတ်တုန်းက အကြောင်းအရာလေးနဲ့ပြန်ဆက်ရမယ်ဆိုရင် စင်္ကာပူမှာ အလုပ်လုပ်နေတဲ့သူငယ်ချင်းပြောတဲ့ BIM ဆိုတာဘာလဲဆိုတာလေးအကြောင်းနဲ့ MEP BIM Modelling အတွက်ဘာတွေလေ့လာသင်ယူရသလဲဆိုတာလေး ဆက်ပြောချင်ပါတယ်။

အဲ့သူငယ်ချင်းကရှင်းပြတယ် BIM ဆိုတာ "Building Information Modelling" ပါ။ အဆောက်အဦီးတစ်ခု ကြီးကြီးသေးသေး Pre Stage Construction ပါ။ ကျွန်တော်တို့ ဘာတွေအဓိကလုပ်ရမှာလဲဆိုရင် Engineer တွေရဲ့ Design တွေကို CAD နဲ့ Draft လုပ်ထားတဲ့အခြေအနေကနေ နောက်တဆင့်တက်ပြီး Revit Modelling Software နဲ့ 3D Model ကို computer နဲ့ စတင်ပြီး ပုံစံငယ်သဘောမျိုး တည်ဆောက်ရမှာပါ။

ပထမဦးဆုံး Revit 3D Modelling ‌Software ကိုကောင်းကောင်း operate လုပ်နိုင်ဖို့ စတင်လေ့လာသင်ယူရပါတယ်။ ကိုယ့်ရဲ့ Discipline နဲ့သက်ဆိုင်တဲ့ Modelling Command တွေကို ဘယ်လို operate လုပ်ရမလဲ။ နောက်ပြီး view တွေအမျိုးအစားဘယ်လောက်ရှိလဲ။ အဲ့ဒီ view တွေဘယ်လို create လုပ်မလဲ။ အဲ့ view တွေမှာ ဘယ်လို modelling လုပ်မလဲ။ မြင်ချင်တာတွေ မြင်ရအောင်၊ မမြင်ချင်တာတွေကို မမြင်ရအောင် ဘယ်လိုနည်းလမ်းမျိုးနဲ့ Hide/Isolate ဘယ်လိုလုပ်ရမလဲ။ ကိုယ် create လုပ်ထားတဲ့ view တွေကို တခြားသူတွေဝင်ပြီး ပြင်တာတွေပြောင်းတာတွေလုပ်လို့မရအောင် ဘယ်လို ထိမ်းချုပ်ထားရမလဲ စတာတွေအကုန်လုံးကို အခြေခံကနေစပြီးလေ့လာသင်ယူရပါတယ်။ နောက်ပိုင်း တကယ့်လုပ်ငန်းခွင်ရောက်သွားတဲ့အခါ Central Model တွေ Cloud Model တွေမှာ အလုပ်လုပ်ရတော့ သင်တန်းမှာစာသင်သလိုမျိုး အိမ်မှာ လေ့ကျင့်နေသလိုမျိုးတွေထပ် ပိုကျယ်ပြန့်တာတွေကိုင်တွယ်လာရပြီး Basic အောက်သက်မကျေခဲ့ရင် ဟိုလူ့လိုက်မေးရ ဒီလူ့လိုက်မေးရနဲ့ အလုပ်လုပ်ရတာ Delay ဖြစ်တတ်ပါတယ်။

Project တစ်ခုကို ဘယ်လို Approach လုပ်ရမလဲ?
ဒါက ကိုယ့်ကို assign လုပ်လိုက်တဲ့ Project တစ်ခုကို စပြီးထိတွေ့ရတဲ့အဆင့်ပါ။ ဒီအချိန်မှာ project ရဲ့ Culture, Nature, Workflow နဲ့ Information တွေကိုစပြီး Review လုပ်ရပါတယ်။ Revit Software ကိုစဖွင့်ပြီး Modelling ကိုစအလုပ်လုပ်လို့မရပါဘူး။ Client ဒါမှမဟုတ် Constructor ဘက်ကနေပို့ပေးထားတဲ့ BEP Data တွေထဲမှာ Project Standard တွေကိုအရင်လေ့လာရပါတယ်။ ပြီးရင် IFC Drawing တွေဖတ်ရပါတယ်။ ဒီနေရာမှာ ကိုယ်က MEP BIM Modeller တယောက်အနေနဲ့ CAD Drawing ကို ကောင်းကောင်းဖတ်တတ်ဖို့လိုပါတယ်။

MEP Discipline ထဲမှာ အကျဉ်းချုံး အားဖြင့်တော့ Mechanical, Electrical and Plumbing ဆိုပြီး အဓိက ခေါင်းစဉ် ၃မျိုးရှိပါတယ်။ အဲ့ဒီနောက်မှ Mechanical မှာ AC Ducting, MV Ducting, Smoke Management Ducting နဲ့ Garbage Chute Ducting ဆိုပြီးထပ်ခွဲထားတဲ့ Sub Discipline တွေရှိပါသေးတယ်။ Electrical မှာဆို High Voltage(HV), Low Voltage(LV), Security System (SE), Fire Alarm System (FS), Lighting System (LS) & Power System (SSO) စတာတွေအတွက်လဲ အခွဲတွေရှိပါတယ်။ Plumbing System ဆိုလဲ ထိုနည်းလည်းကောင်းပဲ Water Supply (CWS/HWS), Drainage Discharge System (SP, WP, VP, CDP, RWP, PDP) တွေထပ်ခွဲထားတာတွေရှိပါတယ်။

အဲ့တော့ Drawing ဖတ်တဲ့အချိန်မှာ Drawing ထဲက အညွှန်း (Legends) တွေဖတ်တတ်ရမယ်။ BOD တွေ၊ BOP တွေ၊ Slope Value တွေ၊ Inverse Level တွေ Sizes တွေ Dimension တွေ Element Legend တွေအကုန်ကောင်းကောင်းဖတ်နိုင်မှ အဆင်ပြေမယ့်အခြေအနေပါ။ မဟုတ်ရင် ဘာကဘာကိုရည်ညွှန်းနေတာလဲ မသိရင်တော်တော်ခက်ပါတယ်။

BEP ထဲဝင်ကြည့်ရတဲ့အခါမှာလဲ ကိုယ်နဲ့ပက်သက်တဲ့ Discipline ထဲမှာ ဘယ် System ကို ဘယ် Element နဲ့ ဘယ် Standard Colour တွေသုံးပေးရမယ်ဆိုတာရယ်၊ Family naming တွေ၊ File Naming တွေ၊ Drawing Sheet Naming တွေ ဘယ်လိုသတ်မှတ်ပေးရမယ် စတာတွေကအစ သေချာ Review လုပ်ရပါတယ်။ ပြီးတော့မှ Revit Software ကိုစဖွင့်ပြီး Project ကိုစတင်ဖို့လုပ်ရပါတယ်။

ဒီနေ့တော့ ဒီလောက်ပါပဲ။ နောက်ရက်မှ ကျွန်တော် MEP BIM Modelling ကို Revit Software နဲ့စတင်အလုပ်လုပ်ဖို့အတွက် ဘာတွေ ဘယ်လိုပြင်ဆင် စစ်ဆေးခဲ့ရသလဲဆိုတာ ဆက်ပြောပြပေးပါမယ်။
ကျေးဇူးတင်စွာဖြင့်

MEP BIM Modeller တစ်ယောက်ဘယ်လိုဖြစ်လာရသလဲ ?? ဘာတွေလေ့လာခဲ့ရသလဲ ??Engineer ဘွဲ့ရတစ်ယောက်ဖြစ်နေမှ MEP BIM Modeller တယောက်ဖ...
25/08/2026

MEP BIM Modeller တစ်ယောက်ဘယ်လိုဖြစ်လာရသလဲ ?? ဘာတွေလေ့လာခဲ့ရသလဲ ??
Engineer ဘွဲ့ရတစ်ယောက်ဖြစ်နေမှ MEP BIM Modeller တယောက်ဖြစ်လာဖို့ အခွင့်အရေးရှိတာလား ??

ကျွန်တော့်ရဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာများအားလုံးကို ဒီနေရာကနေ အစဉ်တဆက်လေးစား ဦးထိပ်ပန်ဆင်လျှက်ပါ။ ဒီအကြောင်းအရာလေး‌တွေမှာ လိုအပ်တာတွေ လွဲမှားနေတာတွေရှိနေခဲ့ရင်လဲ ပြုပြင်ပေးကြဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်။ ကျွန်တော်ကလည်း ကိုယ်သိထား တတ်ထားတာလေးတွေကို ပြန်လည်မျှဝေတဲ့သဘောပါ။

Engineer ဘွဲ့ရတစ်ယောက်ဖြစ်ခဲ့ရင်တော့ ပိုပြီးထိရောက်တာပေါ့။ Engineer ဘွဲ့ရတစ်ယောက်မဟုတ်ပေမယ့် MEP BIM Modeller တယောက် အရမ်းဖြစ်ချင်တဲ့ ညီလေး/ညီမလေးတွေရှိရင်တော့ စိတ်ဓါတ်မကျပါနဲ့။ ကျွန်တော် ဖြတ်သန်းခဲ့ရတာလေးတွေကို ပြန်ပြောပြပေးပါမယ်။

"ဝါသနာ + ပါရမီ + ဇွဲ" ဒါတွေအရေးကြီးပါတယ်။
ဝါသနာပါရမယ်၊ ပါရမီရှိရမယ်၊ အမြဲတမ်း လေ့လာသင်ယူ လေ့ကျင့်နေရမယ်။

ကျွန်တော့်ဝါသနာက ငယ်ငယ်ကတည်းက အိမ်မှာပျက်နေတဲ့ လျှပ်စစ်ပစ္စည်းလေးတွေ ကလေးကစားစရာလတွေဆို အရမ်းပြင်ချင်ခဲ့တာ။ ပြင်လဲပြင်ခဲ့တယ်။ ကောင်းတာတော့မရှိခဲ့ဘူး။ ကိုယ်မှ ဘယ်လိုတည်ဆောက်ထားပြီး ဘယ်လိုပြင်ရသလဲဆိုတာ သိမှမသိတာ။ ဒါက ဝါသနာကိုပြောတာ။

နောက်ပိုင်း အသက်လေးနည်းနည်းကြီးလာတော့ လျှပ်စစ်အင်ဂျင်နီယာ သင်္ဘောသားဖြစ်တဲ့ အဖေက အိမ်မှာသူဘာပြင်ပြင် ကျွန်တော်က ဘေးနားကနေ ဒူး၂လုံးကြားခေါင်းထည့်ပြီး အမြဲတမ်းငုတ်တုပ်ထိုင်ကြည့်နေရင်း နောက်ပိုင်း အဖေခိုင်းတာလေးတွေလိုက်လုပ်ပေးရင်းနဲ့ နည်းနည်းပြန်ကောင်းလာတာလေးတွေတော့ရှိလာတယ်။ ဒီလိုနဲ့တဖြေးဖြေး အချိန်ကြာပြီး အိမ်ထောင်ကျလို့ ကိုယ့်အိမ်ကိုယ်ခွဲနေတော့ အိမ်မှာ လျှပ်စစ်နဲ့ပက်သက်တာလေးတွေ ပျက်ရင် ကိုယ့်ဘာသာကိုယ်ပြင်တယ်၊ ရေပိုက်လိုင်းတွေလဲ ကိုယ့်ဘာသာကိုယ်ပြင်တယ်။ လက်ခတော့သက်သာတာပေါ့။ တခါတလေ ပညာလိုချင်ရင်တော့ ရေပိုက်သမား မီးသမားခေါ်ခိုင်းပြီး သူတို့ကို ကွမ်းဝယ်ကျွေး ဆေးလိပ်လေးဘာလေးတိုက်ပြီး သူတို့အလုပ်လုပ်နေချိန် အာရွှီးပြီး လိုက်ကြည့်တာပေါ့။ အဲ့လူတွေက‌လဲ တဖြေးဖြေးနဲ့ ကိုယ့်အတွက်သင်ဆရာတွေ မြင်ဆရာတွေဖြစ်သွားခဲ့တယ်။
နောက်ပိုင်း ကိုယ့်ဘာသာကိုယ်ဖွင့်ဖြစ်တဲ့ စားသောက်ဆိုင်လေးလုပ်တုန်းကဆို ကိုယ့်ဘာသာကိုယ် ရေပိုက်ရော မီးလိုင်းတွေရော Decoration တွေရော အကုန် တယောက်ထဲလုပ်တတ်သွားတဲ့အထိ ဗဟုသုတအထိုက်အလျှောက်ရလာခဲ့တယ်။

MEP BIM Modeller ဘယ်လိုစဖြစ်လာသလဲဆိုတာ ဒီမှာ အစပြုပါတယ်။
အပေါ်ကပြောထားသလိုပဲ နောက်ပိုင်း ကျွန်တော် Electrical ပိုင်းကို ပိုစိတ်ဝင်စားလာတာနဲ့ Electrical Wiring Installation သင်တန်းလေးတခုကကြော်ငြာလေးတခုကိုတွေ့တော့ အရမ်းတက်ချင်လာတာနဲ့ သွားတတ်ဖြစ်တယ်။ ဘာတွေသင်ရလဲ ?? Single Line Diagram တွေ Schematic Drawing တွေ Plan Drawing တွေကြည့်ပြီး installation ဘယ်လိုလုပ်ရမလဲ၊ Tools တွေ Equipment တွေဘယ်လိုကိုင်တွယ်ရမလဲ၊ Drawing Legend တွေက ဘာတွေလဲ အကုန်သင်လိုက်ရတယ်။

သင်တန်းပြီးသွားတော့ စဉ်းစားမိတာ အဲ့ Drawing ဘယ်ကလာလဲပေါ့။ နားလည်တဲ့လူတွေလိုက်မေးရင်းနဲ့ အဲ့ဒါ Drafter တွေစီကလာတယ်ဆိုတာသိရတယ်။ Drafter တစ်ယောက်အနေနဲ့က CAD ကို ကောင်းကောင်း Operate လုပ်နိုင်ရမယ် ပြီးရင် Engineering Knowledge ကောင်းကောင်းရှိထားမှရမယ်။ အဲ့ဒါဆိုရင်တော့ ပြသနာပဲ၊ ကျွန်တော်က ရိုးရိုး B.A ဘွဲ့နဲ့ကျောင်းပြီးထားတာ။ မျှော်လင့်ချက်မဲ့ပြီလို့ပဲထင်ထားတာ။ ဒီလိုနဲ့ပဲ အချိန်တခုမေ့ထားမိလိုက်ရင်းကနေ အခွင့်အရေးတစ်ခုကိုကျွန်တော်ရလိုက်တယ်။ ဘာလဲဆိုတော့ Diploma in M&E Engineering ဆိုတဲ့ Endorsement Diploma Course တခု။ ဂျင်းတာ မဂျင်းတာနောက်ထား ဘာမှန်းသိရအောင်တော့တက်ကြည့်မယ်ဆိုပြီး ကျွန်တော် စာရင်းသွင်းပြီး သွားတက်ကြည့်တယ်။ မဆိုးဘူးပဲ။ Electrical Design Calculation တွေကို လက်တွေ့ Practical တွေနဲ့ Site Visit တွေနဲ့သေချာသင်လိုက်ရတယ်။ Mechanical ပိုင်းဆိုလဲ AC တစ်လုံး ဘာတွေနဲ့ ဘယ်လိုဖွဲ့စည်းထားတယ် ဘယ်လိုအလုပ်လုပ်တယ် ဘာပျက်ရင် ဘာပြင်ရမယ်ဆိုတာတွေကို AC Indoor Unit ရော Outdoor Unit တွေကိုရော တခါထဲ ကဖြုတ်ကြည့် တက်ကြည့် စမ်းကြည့်နဲ့ ဆရာကိုယ်တိုင်သင်ပေးတော့ ကောင်းကောင်းနားလည်သွားတယ်။ နောက်ပြီး PNS ( Plumbing & Sanitary) ပိုင်းတွေ Drainage Discharge တွေ၊ Water Supply ပိုင်းတွေ Design Calculation တွေ ဘယ်လိုတွက်ချက်ရတယ် Installation တွေဘယ်လိုလုပ်ရတယ်ဆိုတာလဲ သိလိုက်ရတယ်။ ပြောချင်တာ ကျွန်တော် Engineering Knowledge တစ်ခုကို Diploma လက်မှတ်တခုနဲ့အတူ ထိုက်သင့်သလောက်ရလိုက်တယ်ဆိုပါတော့။ အဲ့သင်တန်းတက်နေတဲ့အချိန်တပြိုင်ထဲမှာပဲ ကျွန်တော် ဒီဘက်က CAD သင်တန်းကိုတက်ဖို့စပြီး စုံစမ်းမေးမြန်းရင်နဲ့ လက်ရှိ စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ ငယ်သူငယ်ချင်းတယောက်က သေချာပြောပြလာတာတခုက "မင်း CAD ကိုမသွားပဲ BIM အပိုင်းသွားပါလား၊ အဲ့ဒါပိုအလုပ်ဖြစ်တယ်" လို့ပြောတော့ အဲ့ "BIM" ဆိုတာဘာကြီးလဲပေါ့။ ငါ့လဲရှင်းပြပါဦး ဆိုပြီး စကားပြောဖြစ်ကြရင်း ကျွန်တော် MEP BIM Modeller တစ်ယောက်ဖြစ်လာဖို့ အစပြုလာတဲ့ အခြေအနေတစ်ခုပေါ့ဗျာ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Aung Ye Maw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share