Dark Sides

Dark Sides ချစ်ခြင်းမုန်းခြင်းဟူသည် စိက်ကွယ်ရာမရှိ☘️

ကြိုးစား‌နေရင်းနဲ့ ဘဝတွေဟာ တ‌ဖြေးဖြေး အခြေနေဆိုးလာတယ် ၊တချို့တွေ ပုတ်ခတ်ကြတယ် ၊ ပြောဆိုပစ်တင်ကြတယ် တကယ်ရောအဆင်ပြေနိုင်ပါ...
20/08/2024

ကြိုးစား‌နေရင်းနဲ့ ဘဝတွေဟာ
တ‌ဖြေးဖြေး အခြေနေဆိုးလာတယ် ၊

တချို့တွေ ပုတ်ခတ်ကြတယ် ၊ ပြောဆိုပစ်တင်ကြတယ်
တကယ်ရောအဆင်ပြေနိုင်ပါမလား တွေးလာရတယ်။

ကိုယ်လျှောက်တဲ့လမ်း
ခလုတ်ကသင်းဆူးငြှောင့်တွေ
ကင်းစင်စေဖို့ ဘယ်ဘုရားမှ ဆုတောင်းရမလဲ ..

ကိုယ့်ကိုကိုယ်အားတင်းရင်း ရှေ့ဆက်ရတာ
ပင်းပန်းနေပါပြီ။
တစ်ခါလောက်တော့ ပျော်ရွှင်ချင်မိတယ်🤍

ကိုယ်ရောက်နေတဲ့ ၊ရောက်နေတဲ့ထောင့်တစ်နေရာရာမှာ တောက်ပနေဖို့ လိုတယ်။သင်တောက်ပနေတာကို ဘယ်သူမှ မသိလည်း ကိစ္စမရှိဘူး သိလား။အရ...
31/07/2024

ကိုယ်ရောက်နေတဲ့ ၊ရောက်နေတဲ့
ထောင့်တစ်နေရာရာမှာ တောက်ပနေဖို့ လိုတယ်။

သင်တောက်ပနေတာကို ဘယ်သူမှ မသိလည်း ကိစ္စမရှိဘူး သိလား။
အရေးကြီးတာ ကိုယ်သိနေဖို့ပဲ လိုတယ်။

လူ့ဘဝ အလုံးစုံတော့ မပြည့်စုံနိုင်။

ဒါကြောင့် စိတ်ဓာတ်ကျပြီး အားငယ်နေဖို့ အချိန်သိပ်မပေးပါနဲ့။
ပြိုလဲဖို့ အချိန်သိပ်မပေးနဲ့။မဟုတ်ရင် ကိုယ်နောက်ကျ ကျန်ခဲ့လိမ့်မယ်။

သင့်ဘဝက သူများထက် သာနေဖို့မလိုပေမဲ့
မနေ့ကထက်၊မနှစ်ကထက်တော့ သာနေဖို့ လိုတယ်။

ကိုယ့်ကိုယ်ကိုယ်သာ ပိုပြိုင်ပါ၊ပိုကြိုးစားပါ။

#နူးနူးအောင်

ဝါသနာကို လက်လွတ်ပီးဖြစ်သင့်တာကိုရွေးခဲ့ရတဲ့ကောင်ပါအိမ်မက်တွေလည်း ရှိခဲ့တယ်မျှော်လင့်ချက်တွေလည်းကြီးခဲ့တယ်အနာဂါတ်မှာ မိဘန...
24/07/2024

ဝါသနာကို လက်လွတ်ပီး
ဖြစ်သင့်တာကိုရွေးခဲ့ရတဲ့ကောင်ပါ
အိမ်မက်တွေလည်း ရှိခဲ့တယ်
မျှော်လင့်ချက်တွေလည်းကြီးခဲ့တယ်
အနာဂါတ်မှာ မိဘနှစ်ပါးကို
ပြည့်စုံအောင်ထားချင်တဲ့
စိတ်လေးနဲ့ ဘဝကိုရုန်းကန်နေရတဲ့လူရယ်ပါ
ဝမ်းစာပြည့်တဲ့တနေ့ ဝါသနာကိုအရင်းပြုပီး
အိမ်မက်တွေနောက်လိုက်ရဦးမယ်
ကမ္ဘာကြီးထဲမှာ ပန်းတွေရှိတဲ့အရပ်မှာ
ချစ်ရသူတွေနဲ့ အလည်တခေါက်
ငါခရီး တွေလည်းထွက်ချင်တယ်......................

#စောနရီ

လူတွေကို ခွင့်လွှတ်လို့ ရပါတယ်။ ဒါပေမဲ့ ကိုယ့်ကို ဘယ်လိုပြုမူ ဆက်ဆံခဲ့သလဲ ဆိုတာကိုတော့ မမေ့ပစ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ...
07/07/2024

လူတွေကို ခွင့်လွှတ်လို့ ရပါတယ်။
ဒါပေမဲ့ ကိုယ့်ကို ဘယ်လိုပြုမူ ဆက်ဆံခဲ့သလဲ ဆိုတာကိုတော့ မမေ့ပစ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ လူတစ်ချို့ဟာ
တကိုယ်ကောင်းစိတ်ရှိတဲ့အခွင့်ရေးသမားတွေမိုလို့ပါ။

ဆရာတစ်ယောက်ပြောဖူးသလိုပဲ။ လူတစ်ယောက်ကို
ခွင့်လွှတ်ဖို့ဆိုတာက တစ်ဖက်သူက သူ့အမှားကို အမှားလို့ သိမှ ခွင့်လွှတ်လို့ရတာ။ မှားလို့ မှားမှန်းမသိတဲ့သူ၊ ကိုယ့်လုပ်ရပ်ကိုယ် နောင်တမရတဲ့လူမျိုးကိုကျ ခွင့်လွှတ်ရတယ်မခေါ်ဘူး။ ကျောခိုင်းရတာ။

တစ်စုံတစ်ယောက်ကို ခွင့်လွှတ်လိုက်ခြင်းဟာ မိမိကိုယ်မိမိ လွတ်မြောက်စေတဲ့ တစ်ခုတည်းသော နည်းလမ်းပဲ။
အဲ့ဒါကြောင့် ခွင့်လွှတ်တတ်တဲ့စိတ်က ဘဝနေထိုင်မှုအတွက် အရေးကြီးတာ။

ခွင့်လွှတ်တယ်ဆိုတာ တစ်ဖက်သူရဲ့ လုပ်ရပ်တွေကို
မှန်ပါတယ်လို့ သဘောတူပေးလိုက်တာ မဟုတ်ဘူး။
ရပါတယ် ဘာမှမဖြစ်ပါဘူးဆိုပြီး ခံခဲ့သမျှတွေကို မေ့လိုက်ဖို့ မဟုတ်ဘူး။ တစ်ခါတလေမှာလေ ခွင့်လွှတ်ခြင်းဆိုတာ နောက်ထပ်တစ်ခါ မပတ်သက်ချင်တော့ခြင်းလို့ အဓိပ္ပာယ်ကောက်လို့ရတဲ့ အခါတွေရှိတယ်။

တကယ်သူ့အမှားသူသိတဲ့ လူကို ခွင့်လွှတ်ရတာက
ခွင့်လွှတ်ဖို့ ထိုက်တန်တယ်။ ပြောချင်တာက ကိုယ့်အမှားကို သူများအမှား ပြန်လုပ်ပြီး မှားလို့ မှားမှန်းမသိတဲ့ လူမျိုးတွေနဲ့ ကြုံတဲ့အခါ တစ်ဖက်သတ် ခွင့်လွှတ်လိုက်ရတာမျိုး ရှိတယ်။
စိတ်ဓာတ်နိုမ့်ကျတဲ့လူတချိူ့ကစိတ်ကိုယ့်အမှားကိုယ်ဝန်မခံပဲ
နစ်နာခဲ့သူကိုတောင်တဖန်ပြန်ပြီးကျေးဇူးတင်စေချင်သေးတယ်

ထိုသူတို့ရဲ့လုပ်ရပ်ဟာခံပြင်းစရာ ကောင်းပေမဲ့ ခွင့်လွှတ်လိုက်
ခွင့်လွှတ်လိုက်ဆိုတာထက် ဖြစ်နိုင်ရင်ကျောခိုင်းထားလိုက်။

Your inner peace matters!!

သူများရှို့တဲ့မီးကြောင့် ကိုယ်မလောင်ရဖို့ အရေးကြီးတယ်။ မှားတာ မှန်တာတွေ ပြိုင်မငြင်းနေနဲ့။ စိတ်အကြည်ဓာတ်ပျက်ရတယ်။ လောကကြီးမှာ ပြိုင်ပြီး ငြင်းဖို့ မတန်တဲ့လူတွေ အများကြီးပဲ။

ဒါကြောင့် ခွင့်လွှတ်ပါ။
မမေ့ပစ်နဲ့။

#စူးရှမေ

-ကမ္ဘာကြီး လှပဖို့ဆို ချစ်ခြင်းမေတ္တာနဲ့ အနုပညာတွေ စ၊စ်ဖို့ လိုတယ် ။ကမ္ဘာကြီး နေချင်စရာကောင်းဖို့ဆိုလူတွေ လူစိတ်ရှိဖို့ ...
05/07/2024

-ကမ္ဘာကြီး လှပဖို့ဆို
ချစ်ခြင်းမေတ္တာနဲ့ အနုပညာတွေ စ၊စ်ဖို့ လိုတယ် ။

ကမ္ဘာကြီး နေချင်စရာကောင်းဖို့ဆို
လူတွေ လူစိတ်ရှိဖို့ လိုတယ်၊ လူသားဆန်ဖို့ လိုတယ်

-ဆရာ အောင်ချိမ့် စကား ယူသုံးရရင်

"လူကြီးမင်း ခဗျ
ထမင်း စားတိုင်း လူ မဖြစ်နိုင်ပါ..."

#အညတရလူငယ်

ရေအိုင်လောက် ကူးခပ်ပြီးကမ္ဘာကြီး ဘယ်လို လည်အောင် လှည့်ရကြောင်း ငါ့ကိုလာမပြောနဲ့ကျောထောက်နောက်ခံ မရှိတဲ့ကောင်ကူးခပ်နေတာ အ...
25/06/2024

ရေအိုင်လောက် ကူးခပ်ပြီး
ကမ္ဘာကြီး ဘယ်လို လည်အောင်
လှည့်ရကြောင်း ငါ့ကိုလာမပြောနဲ့

ကျောထောက်နောက်ခံ မရှိတဲ့ကောင်
ကူးခပ်နေတာ အိုင်မဟုတ်ဘူး
ပင်လယ်
မင်းထက်အသက်ရူကြပ်ဖူးတယ်။

လောကမှာ 🤍လိပ်ပြာမလုံတစိမ့်စိမ့်ရှက်တတ်ဖို့ဆိုတာလည်းဥာဏ်ရည်ကလိုသေးတယ် ။ဥာဏ်ရည်မြင့်မှသာဘယ်အရာက ရှက်စရာ၊ဘယ်အရာက ရှက်စရာမဟု...
24/06/2024

လောကမှာ 🤍
လိပ်ပြာမလုံတစိမ့်စိမ့်
ရှက်တတ်ဖို့ဆိုတာလည်း
ဥာဏ်ရည်ကလိုသေးတယ် ။

ဥာဏ်ရည်မြင့်မှသာ
ဘယ်အရာက ရှက်စရာ၊
ဘယ်အရာက ရှက်စရာ
မဟုတ်ဘူး ဆိုတာကို သိနိုင်တာ

ဥာဏ်ရည်နိမ့်တဲ့
လူတွေက မရှက်တတ်ဘူး ။

ဒါကို "မရှက်တတ်ဘူးလား၊
မရှက်ဘူးလား "
သွားသွားမေးနေလို့လည်း
ဒါ ရှက်စရာမို့လို့လား '' လို့ပဲ
သူတို့က ပြန်မေးကြမှာ ။

ကိုယ်နဲ့သက်တူရွယ်တူတွေက ကိုယ့်ထက်ပိုအောင်မြင်နေတာမြင်တဲ့အခါလူတိုင်းကတော့ အနည်းနဲ့အများစိတ်ဓာတ်ကျတတ်ကြပါလိမ့်မယ်။ ကိုယ်တိ...
17/06/2024

ကိုယ်နဲ့သက်တူရွယ်တူတွေက ကိုယ့်ထက်ပိုအောင်မြင်နေတာမြင်တဲ့အခါ

လူတိုင်းကတော့ အနည်းနဲ့အများစိတ်ဓာတ်ကျတတ်ကြပါလိမ့်မယ်။ ကိုယ်တိုင်လည်းစိတ်ဓာတ်ကျလွယ်တဲ့ထဲပါတာမို့ နောက်ပိုင်းတွေမှာ စိတ်ကိုပြန်ဖြေတဲ့နည်းကိုရှာတွေ့ရင်းနဲ့ပြန်လည်မျှဝေခွင့်ပြုပါ။ အချစ်ရေးနဲ့မဆိုင်တဲ့အကြောင်းအရာမို့ ဖတ်ရမှာပျင်းနေရင်တော့ ကျော်သွားလို့ရပါတယ်နော်။ ကိုယ်နဲ့ရွယ်တူတွေ အိမ်ပိုင်တာတို့ ကားပိုင်တာတို့ ဘာရာထူးကြီးဖြစ်နေတာတို့မြင်ရတွေ့ရတဲ့အခါ “ငါကတကယ်ပဲအသုံးမကျတာလား” လို့တွေးပြီးစိတ်ဓာတ်မကျခင် ပြန်တွေးရမယ့် ပြန်သုံးသပ်ရမယ့်အချက်တွေအများကြီးရှိပါတယ်။

၁။ သူနဲ့ကိုယ်နဲ့ရဲ့ ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်း၊ အနေအထားဟာ တူရဲ့လား?

ဥပမာ - သူ့အသက် ၁၈ နှစ်မှာ အထောက်အပံ့ကောင်းတဲ့မိဘတွေကြောင့် မိသားစုအပူအပင်ကင်းစွာနိုင်ငံခြားသွားကျောင်းတက်နိုင်ခဲ့တာမျိုးဖြစ်နေနိုင်ခဲ့ပေမယ့် ကိုယ်က အသက် ၁၈ နှစ်မှာ မိသားစုအတွက်ကျောင်းတစ်ဖက်နဲ့ရရာအလုပ်လုပ်နေရတဲ့အနေအထားမျိုးဖြစ်နေခဲ့တာမျိုး။

၂။ သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုဟာ ထပ်တူညီမျှနေရဲ့လား?

အထောက်အပံ့ကောင်းတိုင်းတိုးတက်အောင်မြင်မယ်ဆိုရင် ကုဋေရှစ်ဆယ်သူဌေးသားဆိုတာလည်းဖြစ်မလာပါဘူး။ မိဘအထောက်အပံ့တစ်ခုတည်းကောင်းရုံနဲ့တင်မရဘဲ ကိုယ်တိုင်လည်းကြိုးစားအားထုတ်မှသာ တိုးတက်နိုင်ချေကပိုများတယ်ထင်ပါတယ်။

၃။ သူနဲ့ကိုယ်မှာပြန်လှည့်ကြည့်ရမယ့် မိသားစုအခြေအနေချင်းတူကြရဲ့လား?

မိသားစုတစ်စုရဲ့ထောက်တိုင်အဖြစ်ရှိနေကြတဲ့လူတွေဟာ ကြိုးစားမှုရဲ့အသီးအပွင့်ကိုခံစားရတဲ့အခါမှာ ကိုယ့်အဖို့ဆိုတာထက် ကိုယ့်မိသားစုအဖို့ပါ ခွဲဝေပေးရတဲ့အတွက် ရှေ့ရောက်တဲ့နှုန်းဟာအနည်းနဲ့အများနှေးချင်နှေးနိုင်ပါလိမ့်မယ်။ ကျောမှာ အလေးချိန်ရှိတဲ့အထုပ်တစ်ခုထမ်းပြီးလျှောက်ရတဲ့လူနဲ့ ဘာမှထမ်းပိုးစရာမလိုဘဲ သက်တောင့်သက်သာလျှောက်ရတဲ့လူနဲ့ကတော့ သွားယှဉ်လို့မရဘူးပေါ့။

ဒီအချက်တွေနဲ့သုံးသပ်ကြည့်မယ်ဆိုရင် ကိုယ်တိုင်က ကြိုးလည်းကြိုးစားရက်သားနဲ့မအောင်မြင်သေးဘူးဆိုရင် ကိုယ့်မှာ ကံအထောက်အပံ့ (ကံဆိုတာလူလုပ်မှရတာလို့ တထစ်ချမယုံပါဘူး၊ ကံကိုယုံပြီးလည်းဆူးပုံမနင်းတတ်ပါဘူး…ဒါပေမယ့် အရာရာတိုင်းဟာ ကြိုးစားနေရုံတစ်ခုတည်းနဲ့မလုံလောက်တာတွေအများကြီးရှိပါတယ်) ၊ ငွေအင်အား လူအင်အားအထောက်အပံ့ တစ်ခုခုမှာလိုအပ်နေသေးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အကယ်၍ အထောက်အပံ့ကလည်းမရှိတဲ့အပြင်ကြိုးစားမှုကလည်းမရှိဘူး…ဒါမှမဟုတ် အထောက်အပံ့ကောင်းတွေရှိရက်နဲ့ကြိုးစားမှုကမရှိဘူး ဆိုရင်တော့ ကိုယ်ဟာအသုံးမကျဘူးလို့ရဲရဲကြီးတွေးလို့ရပါပြီ။

နောက်ဆုံးအနေနဲ့ပြောပြချင်တာကတော့ လူတိုင်းဟာ လျှောက်ရတဲ့လမ်းချင်း၊ တာထွက်ချိန်ချင်း၊ ရရှိတဲ့အထောက်အပံ့ချင်း၊ ဖြတ်သန်းရတဲ့အတွေ့အကြုံချင်းတွေမတူညီကြတဲ့အတွက် ကိုယ်နဲ့ရွယ်တူတွေဟာ အဆင်ပြေအောင်မြင်နေကြောင်းမြင်ရတိုင်းစိတ်ဓာတ်ကျဖို့မလိုဘဲ ကိုယ့်ရဲ့ပုံမှန်အားထုတ်တဲ့နှုန်းနဲ့သာရှေ့ကိုဆက်လျှောက်နေပါ။ ဘာမှမလုပ်ဘဲရပ်နေတာထက်စာရင် တဖြည်းဖြည်းချင်းလျှောက်ကြည့်တဲ့အခါ ဘဝရဲ့ပန်းတိုင်နဲ့တော့ နည်းနည်းချင်းစီ နီးကပ်လာပါလိမ့်မယ်။
(အမြင်မတူတဲ့လူများရှိခဲ့ရင်လည်း…လွတ်လပ်စွာတွေးခေါ်နိုင်ပါတယ်)

14/05/2024

နီးစပ်ဖို့ မင်းကိုတောင်းဆိုခဲ့ဖူးလည်း....💔💔

video 🍀

ပျော်စရာတွေကျ ကိုယ်ကလိုက်ရှာရပြီးမပျော်စရာတွေက ကိုယ့်ကိုပဲ လာမြင်တဲ့အခါဒီသံသရာဟာ လိုတာထက် ပိုရှည်လျားသလိုပဲ။ #ဆန်းမြထွန်...
25/12/2023

ပျော်စရာတွေကျ ကိုယ်ကလိုက်ရှာရပြီး
မပျော်စရာတွေက ကိုယ့်ကိုပဲ လာမြင်တဲ့အခါ
ဒီသံသရာဟာ လိုတာထက် ပိုရှည်လျားသလိုပဲ။

#ဆန်းမြထွန်း၀င်း

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Dark Sides posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share