Shalom M. Raynor

Shalom M. Raynor Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shalom M. Raynor, Music production studio, Zawgyi, Yangon.

April - May ပုံရိပ်များ
14/05/2025

April - May ပုံရိပ်များ

Theme, Motif and Leitmotifရုပ်ရှင်ဂီတပညာရေး မှာ ဒီဝေါဟာရ ၃ မျိုးက သိဖို့လိုအပ်ပါတယ်။ ရုတ်တရက်ဖတ်လိုက်ရင် အဓိပ္ပါယ် သိသလိ...
27/02/2025

Theme, Motif and Leitmotif

ရုပ်ရှင်ဂီတပညာရေး မှာ ဒီဝေါဟာရ ၃ မျိုးက သိဖို့လိုအပ်ပါတယ်။ ရုတ်တရက်ဖတ်လိုက်ရင် အဓိပ္ပါယ် သိသလိုလို ဖြစ်ပေမယ့် သင်သိနေတာက အင်္ဂလိပ်ဝေါဟာရ အဓိပ္ပါယ်ကိုပဲ သိနေတာ ဖြစိနေနိင်တယ်။ ဒါမှ မဟုတ် တခြားပညာရပ် နယ်ပယ်က ဝေါဟာရကို သိနေတာ ဖြစ်နေနိင်တယ်။ (ဥပမာ theme color လိုမျိုးပေါ့)

THEME

ရုပ်ရှင်ဂီတပညာရေးမှာ theme music ဆိုတာ အလုံးစုံ အပြီးစီး (mixing ပါအပြီး) သံစဥ်တခု ကို ဆိုလိုတာဖြစ်တယ်။ ယေဘုယျ သံစဥ်ကို ဆိုလိုတာမဟုတ်ဘူး။ အဲ့ဒါကြောင့် Jazz theme ၊ Rock theme ရယ်လို့ မသုံးတာ သင့်လျော်တယ်။ James bond theme၊ mission impossible theme စသဖြင့် အပြည့်စုံ အစဆုံး ရှိပြီးသား သံစဥ်ကို theme လို့ သုံးတယ်။

MOTIF

ဆိုပါစို့ mission impossible theme က ၃မိနစ်နဲ့ စက္ကန့် ၂၀ လောက်ရှည်ပါတယ်။ ကျတော်တို့ အရှေ့ပိုင်းက ကျော်ကြားတဲ့ တီးလုံး အပိုင်းစလေးပဲ မှတ်မိနေပါတယ်။ ​နောက်ပိုင်းက သံစဥ်တွေ သိတောင်မသိတော့ပါဘူး ။ အဲ့လို့ မှတ်မိနေတာက မကြာခဏဆိုသလို ရုပ်ရှင်ထဲ အဲ့ဒီတီးလုံး အစိတ်အပိုင်းလေး က ပြန်ပါနေတတ်လို့ပါ။ ဒီလို theme ထဲ က ပြန်ဆွဲထုတ်ယူ ထားတဲ့ သံစဥ်အစိတ်ပိုင်းလေးကို က Motif လို့ ခေါ်ပါတယ်။

LEITMOTIF

ဒီဝေါဟာရ က ၁၉ ရာစုလောက်ကမှပေါ်တာပါ။ Leading motive လို့ အဓိပ္ပါယ်ရတယ်။ ပြဇာတ် နောက်ခံ​တေးဂီတ အတွက်ခေါ်ဝေါ်အသုံးပြု ရင်း တွင်ကျယ်လာတာဖြစ်တယ်။ Leitmotif (လက်တ်မိုတီဖ်) က တော့ ဇာတ်ကောင်၊ နေရာ၊ အခြေအနေတွေ နဲ့ ဆက်စပ်ပြီး ထပ်တလဲလဲ ပြန်သုံးတတ်တဲ့ သံစဥ် အစိတ်ပိုင်းဖြစ်တယ်။ theme နဲ့ motif က ဂီတ နဲ့ ဆက်စပ်တာဖြစ်ပြီး၊ leitmotif က အရုပ်နဲ့ ဆက်စပိတာဖြစ်တယ်။ ဥပမာ - Star Wars ထဲ က imperial March theme ဆိုပါစို့ ၊ အဲဒီထဲ က အစပိုင်း အစိတ်ပိုင်းလေးက ရုပ်ရှင်ကားတလျောက် Dart Vader လာရင်ဖြစ်စေ၊ တခါလေ Empire နဲ့ဆိုင်တဲ့ ပြကွက်တွေ လာရင်ဖြစ်စေ leitmotif အဖြစ် ပုံစံမျိုးစုံ နဲ့ ပြန်ပါလာတတ်တယ်။ တခါတလေ tempo နှေးသွားမယ် တခါတလေ Brass တွေနဲ့ပဲ တီးချင်တီးသွားမယ်။ ဒီလို theme ကနေ ဆွဲထုတ်ပြီး ရုပ်ရှင်ရဲ့ ဇာတ်ကောင် ၊ နေရာ အခြေနေ တွေနဲ့ ဆက်စပ်ပြီး ယူသုံးရင် Leitmotif ဖြစ်ပါတယ်။

မြန်မာလို ဘယ်လို သုံးနှုန်းချင်ပါသလဲ ၊ ဝိုင်းဆွေးနွေးလို့ ရပါတယ်။
ပညာရေး အနေနဲ့ တဖြေးဖြေး တည်ဆောက်ဖို့ ဝေါဟာရ တွေ ရဲ့ ဆိုလိုရင်းတွေ တန်းတူ သိနေဖို့ လိုသလို အဓိပ္ပါယ်ဖွင့် ဆိုချက်တွေလည်း အတိကျရှိနေဖို့ လိုအပ်တယ်။

Stay Tune folks.





Module 3 မှာ ရုပ်ရှင်ကို ဒါရိုက်တာ ရှုထောင့်ကနေ အမြင်ရရှိဖို့ အခြေခံ ရုပ်ရှင် တည်ဆောက်ပုံကို နိဒါန်း အနေနဲ့ သင်ကြားပြီး....
30/01/2025

Module 3 မှာ ရုပ်ရှင်ကို ဒါရိုက်တာ ရှုထောင့်ကနေ အမြင်ရရှိဖို့ အခြေခံ ရုပ်ရှင် တည်ဆောက်ပုံကို နိဒါန်း အနေနဲ့ သင်ကြားပြီး..
အဓိက လုပ်ဖော်ဆောင်ဖက် ၃ မျိုးဖြစ်တဲ့ ဒါရိုက်တာ၊ အယ်ဒီတာ နဲ့ အတီးသမား တွေနဲ့အတူ ပူပေါင်းဆောင်ရွက်မှုမှာ ထိရောက်မှုရှိဖို့ သင်ယူရမှာဖြစ်တယ်။

ဒါရိုက်တာ နဲ့ ဆက်ဆံရေးမှာ တချက်ဖြစ်တဲ့ Abstract concept တွေ ကို ဂီတအနေနဲ့ ဘာသာပြန်နိင်ဖို့ က အရေးပါတဲ့ ကျွမ်းကျင်မှု တစ်ရပ်ဖြစ်တယ်။

ဆိုပါစို ဥပမာအနေနဲ့ -

ဇာတ်လိုက် နဲ့ ဗီလိန် ကားပြိုင်မောင်းတဲ့ ဇာတ်ဝင်ခန်းအတွက် ဒါရိုက်တာက သင့်ကို "တီးလုံး ခပ်ကြမ်းကြမ်းလေး လိုချင်တယ်" လို့ ညွှန်ကြားရင် drum တွေပြင်းပြင်းတီး ဂီတာတွေ distortion တွေထည့် riff တွေပြင်းပြင်းတီးရမယ် လို့ သာမန်လို နားလည်နေလို့ မဖြစ်ပါဘူး။ Abstract concept ကို ဘာသာပြန်နိင်ဖို့ တယောက်ယောက်နဲ့ တယောက် နည်းစနစ် မတူပါဘူး။ မိမိစနစ်ကို မိမိပဲ တည်ဆောက်ရပါလိမ့်မယ်။ ကျတော့်အဖို ခပ်ကြမ်းကြမ်း လို့ ကြားတိုင်း "ဆူညံသံ" ကို လိုချင်နေတာလို့ မှတ်ထားပါတယ်။ Electronic, Synthesis ပိုင်း သုံးတဲ့ သူတွေ အတွက်လည်း ဆူညံသံ ပါစေရမှာပေါ့။ လုံလောက်တဲ့ အချက်လက်မဟုတ်တဲ့ အတွက် ကျတော်မေးခွန်းတွေ ဒါရိိုက်တာကို ထပိမေးရပါလိမ့်မယ်။

ဂီတမှူးအနေနဲ့ သိဖို့ အရေးကြီးတဲ့ အချက်က ဇာတ်ကောင် တွေ ရဲ့ စိတ်ခံစားမှု အခြေနေကို ပါ။ ကားပြိုင်နေစဥ် ဒေါသပါလား ။ ဇာတ်လိုက်က ရုန်းကန်နေရလား ၊ အေးအေးလူလူ အသာစီးရနေလား? ဒေါသ ပါခြင်းမပါခြင်းကို (တဖက် လူကို သေစေချင်တဲ့ စိတ်ခံစားချက်) ပီပြင်စေဖို့ ဒီလိုဇာတ်ဝင်ခန်း မှာ နောက်ခံတေးဂီတ နဲ့ ဖြည်စွက်နိင်တယ်။ သေ စေချင်တဲ့ထိ ဒေါသ ပါနေရင် တေးသွားမှာ dissonance တွေထည့်ရေးပြီး မသေစေချင်ဘူး ယှဥ်ပြိုင်ရုံပဲ ဆို Harmonize (Major, Minor, Senventh, etc..) ဖြစ်တဲ့ တေးသွားရေးမယ်ပေါ့။ ဒါရိုက်တာက ဇာတ်ကောင်တွေ ခံစားချက်ကို မလိုအပ်ဘူး သူတို့ ပင်ကိုယ်စရိုက်အတိုင်းပဲထားစေ လို့ ညွှန်ကြားရင်တော့ လုပ်ခဲ့ပြီးသား charecter theme ကို ပဲ တဆင့်တိုး ဆူညံပေးရမှာပေါ့။

အရေးအကြီးဆုံးက အချက်ကတော့ မည်သို့ပင်ဖြစ်စေကာမူ ဒါရိုက်တာရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို လိုက်နာတတ်ဖို့ပါ။ မိမိဘက်က ဆွေးနွေးညှိနှိုင်းတုန်း မှန်ကန်တဲ့ မေးခွန်းထုတ်မေးမြန်းတတ်ဖို့အတွက် အလေ့ကျင့်ကောင်း လိုအပ်ပါတယ်။

All the best folks.
Stay tune for more. .......................................................................................................................................................

seniors များနှင့် လုပ်ငန်းတွင်း အခြား ဂီတမှုးများ၏ ဝေဖန်ထောက်ပြချက်များကို လည်း လက်ခံကြိုဆိုပါ၏။




ဆုလည်းတောင်းရင်း၊ chat gpt4 နဲ့လည်း အပြန်လှန်စကားပြောရင်း တစ်ကြောင်းချင်းကို ကိုယ်တိုင်တည်းဖြတ် အဓိက ဝေါဟာရတွေ ဘာသာပြန် ...
07/01/2025

ဆုလည်းတောင်းရင်း၊ chat gpt4 နဲ့လည်း အပြန်လှန်စကားပြောရင်း တစ်ကြောင်းချင်းကို ကိုယ်တိုင်တည်းဖြတ် အဓိက ဝေါဟာရတွေ ဘာသာပြန် ပြည်တွင်းမှာအသင့်လျော်ဆုံး ဖြစ်နိင်မယ့် Course Design ကို စီစဥ်နေပါပြီ။
နွေရာသီမှာ အဆင်သင့် ဖြစ်ဖို့ ရည်ရွယ်ပါတယ်။

ကျွန်တော့် အတွေ့ကြုံအရ ......

ကိုယ်တိုင်ကလည်း တိတိကျကျ လူသိများတဲ့ လက်ရာမရှိခင်၊ ဒါရိုက်တာ ကလည်း လိုအပ်ချက် ကို သေချာ မညွန်ကြားနိင်သေးတဲ့ ကနဥိးပိုင်း ကာလတွေမှာ တွေ့ကြုံရတတ်တဲ့ တီထွက်စဥ်းစားဉာဏ် ပိတ်ဆို့ ရတဲ့ အချိန်မျိုးမှာ စနစ်တကျ ဆက်လက်စဥ်းစား လုပ်ဆောင်နိင်ဖို့ thiking structure တွေပါ ကိုယ်တိုင် တည်ဆောက် နိင်တဲ့ film composer အဖြစ် လေ့ကျင့် ပေးနိင်ဖို့ ရည်ရွယ်ပြင်ဆင်ထားပါတယ်။

Stay Tune ပါခင်ဗျ။





NIN is back, So am I?
07/12/2024

NIN is back,
So am I?

It’s official: Nine Inch Nails is gearing up for a full-blown return. After years of Trent Reznor and Atticus Ross focusing on film soundtracks—most recently for Tron: Ares—it seems the industrial icons are turning their creative energy back to their roots.

“We’re taking the inspiration we’ve garnered and funnelling it into a Nine Inch Nails project, which we’re working on now" - Trent Reznor

STORY: https://www.bluntmag.com.au/music/nine-inch-nails-new-album-on-the-way/

08/09/2024

ဆွေမျိုးလို့လည်း ပြောလို့ရတဲ့သူ၊ Client လို့လည်း ဆိုနိင်သူ တစ်ယောက် ကျွန်တော့်ကို Hymn တစ်ပုဒ် ဆိုချင်လို့ Arrangement အသစ်လုပ်ပေးဖို့ ကမ်းလှမ်းလာပါတယ်။ လူသိနည်းမယ့် ဓမ္မတေးသီချင်းလို့ ထင်မိပါတယ်။ ဒီသီချင်းကို နာမည်ကျော် ဓမ္မတေးရေးဆရာ Charles Wesley က ရေးသားထားတာဖြစ်​ပြီး Jesus, lover of my soul လို့ အမည်ရပါတယ်။

ဒီ ဓမ္မတေးရဲ့ နောက်ခံ ဇာတ်ကြောင်း မူကွဲ သုံးမျိုးရှိပါတယ်။

ပထမ ဇာတ်ကြောင်းက၊ ပင်လယ်ခရီးသွားရင် မုန်တိုင်းကြားဖြတ်သန်းရတဲ့အခါ သင်္ဘော ဝမ်းတွင်းခန်းထဲ မှာရှိနေတဲ့ Charles က အကွယ်အကာ နဲ့ အစောင့်ရှောက်အတွက် ဘုရားသခင်ဆီ ဆု​တောင်းရင်း ရေးစပ်ခဲ့တာ လို့ သိရပါတယ်။

ဒုတိယဇာတ်ကြောင်းက၊ တနေ့တော့ Charles ဟာ သူရဲ့ ရုံးခန်းထဲ ထိုင်နေတုန်း ငှက်တစ်ကောင်က ပြတင်းပေါက်က ဝင်လာပြီး အဆောက်ဦးထဲ အသိုက်ဆောက်နေခဲ့တာကို တွေ့လိုက်ရတယ်။ ဒီငှက်လေးက သူထက်ကြီးမားပြီး ခိုင်ခံ့တဲ့အဆောက်ထဲ ခိုလှုံရင်း လုံခြုံနေရတဲ့ အဖြစ်ပျက်က သူကိုယ်တိုင်လည်း ယေရှုရဲ့ မေတ္တာထဲ ခိုလှုံရင်း လုံခြုံနေရတဲ့ ခံစားချက်ကို ဆင်ခြင်မိပြီး "Jesus, lover of my soul,let me to thy bosom fly" စာသားကို ရေးသားခဲ့တာဖြစ်တယ်။ ဒီဇာတ်ကြောင်း က တော့ သီချင်းနဲ့ ပက်သက်ပြီး မကြာခဏ ပြောလေ့ရှိတဲ့ ဇာတ်ကြောင်းဖြစ်ပါတယ်။

တတိယ မူကွဲက​တော့ Ira Sanky လို့ ခေါ်တဲ့ နောက် ဓမ္မတေးရေးဆရာ တစ်ယောက်က ပြောတဲ့ ဇာတ်ကြောင်းဖြစ်တယ်။ သူက Charles ဟာ ဒီဓမ္မ​တေးစာသား ကို "ကောင်းမှုကုသိုလ် ကြောင့် မဟုတ်ပဲ ယုံကြည်ခြင်း နဲ့ သာ ကယ်တင်ခြင်း ရနိင်ခြင်း " ဆိုတဲ့ Doctrine အသစ်ကို တရားဟောနေစဥ် ကာလမှာ ရေးသားခဲ့ တယ်လို့ ဆိုပါတယ်။ တနေ့မှာ သူ့ တရားကို သူဟောတုန်း ဆူပူသောင်းကျန်းတဲ့ လူတစုက ရန်ရှာဖို့ သူနောက်လိုက်လာကြတယ်။ Charles လည်း ထွက်ပြေးရင်း ယာတောအိမ်တစ်ခုထဲ ပြေးဝင်ပြီး တံခါးပိတ်ထားလိုက်တယ်တယ်။ အပြင်မှာတော့ လူရမ်းကားတွေက အော်ဟစ်ပြီး ရန်လိုနေတာပေါ့။ ဒီအချိန်မှာ Charles က ဒီဓမ္မတေးစာသားကို ရေးသားခဲ့တာဖြစ်တယ်။ ဘယ်မူကွဲ က အမှန်လည်း ဆ်ိုတာထက် Charles ရဲ့ ယုံကြည်ခြင်းက ရလာမယ့် အကွယ်အကာ အစောင့်ရှောက် နဲ့ လုံခြုံမှုအတွက် ရည်စူးပြီး ဒီတေးစာသားကို ရေးသားခဲ့တယ် ဆိုတဲ့ အချက်က အဓိက ပိုကျပါလိမ့်မယ်။

ဒီတေး နဲ့ ပက်သက်ပြီး နောက်ထက် စိတ်ဝင်စားစရာ ဇာတ်လမ်းက အမေရိကန် ပြည်တွင်းစစ်ကာလမှာ စစ်သားတစ်ယောက်က သူ့ရန်ဖက် စစ်သားတစ်ယောက် ကို သတ်ခါနီး သူ့ဆီက ဒီသီချင်းဆိုသံကြားလိုက် ရတဲ့အခါ ခဏရပ်တန့်သွားပြီး၊ မသတ်ပဲ လွှတ်ပေးခဲ့တယ်။

သံစဥ်ကတော့ Joseph Parry ရေးစပ်ထားတဲ့ "Aberystwyth" ကို ယူထားတာဖြစ်ပါတယ်။

လောလောဆယ်တော့ Methodist Hymn Book ထဲက Original music sheet အတိုင်းတီးကြည့်ပြီး ဘယ်လို Rearrangement လုပ်ရမလဲ စဥ်းစားစဲပါ။

Eulogia Center Of Music - Digital Recording and Jamming Studio making of "နေမိုးမခ အကြင်နာ"
30/08/2024

Eulogia Center Of Music - Digital Recording and Jamming Studio
making of "နေမိုးမခ အကြင်နာ"

26/08/2024

*Flow*

In the dance of time, we glide,
Through currents deep, where rivers hide,
Each step a ripple, soft and wide,
In the flow of motion, side by side.

Waves of life in constant sweep,
From mountains high to oceans deep,
We chase the dreams we dare to keep,
In the flow of motion, never asleep.

Music by Shalom M. Raynor

​ ​ ​ ​ ​ ​ ​ ​

06/08/2024

“He heals the brokenhearted and binds up their wounds.” Psalm 147:3

03/08/2024

Malachi (age 14), most progressive and fast learning student.
This is his practice on hymnal song "Sweet Hour of Prayer", playing in 4 parts compostion (SATB) form.

Welcome Tay Sate, (Age 22) We are delighted to have you as a tutored student in our "Applied Piano" program. This is the...
18/07/2024

Welcome Tay Sate, (Age 22)

We are delighted to have you as a tutored student in our "Applied Piano" program. This is the beginning of an exciting musical journey where you'll hone your skills, discover a wide range of repertoire, and express your creativity through music. Our dedicated instructors are here to support and guide you every step of the way. Let's embark on this musical adventure together and create something wonderful!
..........................................................

Applied Piano သင်ခန်းစာက Music Theory အခြေခံတတ် မြောက်ပြီးသူတွေအတွက် သီးသန့်စီစဥ်ထားတဲ့ သင်ခန်းစာဖြစ်ပါတယ်။
လက်တွေ့ အသုံးချဖို့ ရည်ရွယ်ချက်ရှိတဲ့ သင်တန်းသားများအတွက် ဖြစ်ပါတယ်။

သင်ခန်းစာ အနှစ်ချုပ်မှာ

- Scales & Arpeggios
- Chords Structure & Chords progression
- Advance Rhythmic
- Improvisation Techniques
- Music Theory level 5 မှ 4 parts composition
- နောက်ဆုံး Assignment အနေနဲ့ Music Theory Level 8 မှ ကိုယ်တိုင် သံစဥ်ရေးဖွဲ့ Muisc sheet ရေးသားခြင်းများပါဝင်ပါတယ်။

Welcome to Your Piano Journey!Dear Jason, (age 14)We are delighted to welcome you as you begin your musical adventure wi...
16/07/2024

Welcome to Your Piano Journey!

Dear Jason, (age 14)

We are delighted to welcome you as you begin your musical adventure with Michael Aaron Piano Course Book 1. This course is designed to introduce you to the wonderful world of piano playing, and we are excited to guide you every step of the way.

In this course, you will learn the basics of piano technique, music theory, and how to play beautiful pieces that will inspire and motivate you. Remember, every great pianist started where you are now – with a single note, a curious mind, and a passion for music.

Practice regularly, be patient with yourself, and most importantly, enjoy the process of making music. We look forward to seeing your progress and sharing in your successes.

Happy playing!

Warm regards,
Shalom (A Piano Tutor Class)

Address

Zawgyi
Yangon
11421,11422

Website

Alerts

Be the first to know and let us send you an email when Shalom M. Raynor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share