Studio Hak

Studio Hak We accept large variety of photography services. "You name it, We can do it" Wide ranges of Photography & Video Services. Studio Equipment Rental services.

16/03/2025

သာမန်အလှဓာတ်ပုံ 📸 | feat- Ha Na
MUA- Sica Bo

©HakVlogs

15/03/2025

သာမန်အလှဓာတ်ပုံ | feat- Emma
©HakVlogs

©StudioHak
11/03/2025

©StudioHak

StudioHak at The Secretariat Yangon soon…
01/03/2025

StudioHak at The Secretariat Yangon soon…

See you soon.
12/02/2025

See you soon.

✨ ကင်မရာကောင်းရုံနဲ့ Photographer ကောင်းဖြစ်လာ? 📸Professional Photographer တစ်ယောက်ရဲ့ အရည်အချင်းကို အောက်ပါအချက်တွေနဲ့ ...
27/12/2024

✨ ကင်မရာကောင်းရုံနဲ့ Photographer ကောင်းဖြစ်လာ? 📸

Professional Photographer တစ်ယောက်ရဲ့ အရည်အချင်းကို အောက်ပါအချက်တွေနဲ့ အကဲဖြတ်နိုင်ပါတယ်။

၁။ Portfolio အရည်အသွေး 🎨
- မတူညီတဲ့ ဓာတ်ပုံအမျိုးအစားတွေ ရိုက်နိုင်ခြင်း
- Technical ပိုင်းမှာ ကျွမ်းကျင်မှုရှိခြင်း
- ပုံတိုင်းမှာ တသမတ်တည်း quality ရှိခြင်း
- Creative ဆန်တဲ့ အမြင်တွေရှိခြင်း

၂။ Photography Principles တွေကို နားလည်ခြင်း 📚
- Exposure Triangle (Aperture, Shutter Speed, ISO)
- Composition techniques တွေကို ကျွမ်းကျင်စွာ အသုံးချနိုင်ခြင်း
- Visual storytelling စွမ်းရည်ရှိခြင်း

၃။ Post-Processing ကျွမ်းကျင်မှု 🖥️
- သဘာဝကျတဲ့ Retouching/ Editing လုပ်နိုင်ခြင်း
- ကိုယ်ပိုင် signature editing style ရှိခြင်း
- ဘာပဲရိုက်ရိုက် တသမတ်တည်း quality ရှိခြင်း

၄။ Feedback များ ⭐
- Client တွေဆီက ကောင်းမွန်တဲ့ testimonials ရှိခြင်း
- ဆုတံဆိပ်များ၊ အသိအမှတ်ပြုခံရမှုများ ရှိခြင်း
- လူသိများ platform တွေမှာ feature လုပ်ခံရခြင်း

၅။ Technical Knowledge 🎯
- ကိုင်တွယ်တဲ့ equipment တွေအကြောင်း ကျွမ်းကျင်စွာ သိရှိခြင်း
- အခြေအနေပေါ်မူတည်ပြီး lens နဲ့ setting တွေ ရွေးချယ်နိုင်ခြင်း
- မတူညီတဲ့ အခြေအနေတွေမှာ adapt လုပ်နိုင်ခြင်း

၆။ ဝါသနာနဲ့ အားထုတ်မှု ✨
- မိမိကိုယ်ကို အမြဲ improve လုပ်နေခြင်း
- Photography Workshops တွေ တက်ရောက်ခြင်း
- Personal projects တွေ လုပ်ဆောင်ခြင်း
- နည်းပညာအသစ်တွေကို စမ်းသပ်ခြင်း

၇။ ဆက်သွယ်ရေး စွမ်းရည် 🗣️
- Client တွေနဲ့ ကောင်းမွန်စွာ ဆက်သွယ်နိုင်ခြင်း
- Team work ကောင်းမွန်ခြင်း
- Client ရဲ့ vision ကို နားလည်အောင် လုပ်နိုင်ခြင်း

Pro Tip: ကင်မရာဈေးကြီးလို့ ဓာတ်ပုံကောင်းတယ်လို့ မဟုတ်ပါဘူး။ အထက်ပါ qualities တွေ ရှိမှသာ photographer ကောင်းတစ်ယောက် ဖြစ်နိုင်ပါတယ်! 💫

သင့်အမြင်အရ photographer ကောင်းတစ်ယောက်မှာ ရှိသင့်တဲ့ အရေးကြီးဆုံး quality က ဘာလဲ? Comment ချန်ထားခဲ့ပါ! 🤔✨


🎄 ခရစ္စမတ် Special Offer 🎄HakSchool Online Photography Education မှခရစ္စမတ်အထူးလက်ဆောင် အစီအစဉ်လေး ကြေညာချင်ပါတယ်။📸 ဒီဇင...
25/12/2024

🎄 ခရစ္စမတ် Special Offer 🎄
HakSchool Online Photography Education မှ
ခရစ္စမတ်အထူးလက်ဆောင် အစီအစဉ်လေး ကြေညာချင်ပါတယ်။

📸 ဒီဇင်ဘာ ၂၅ ရက်နေ့ တစ်ရက်တည်းသာ အထူးစျေးနှုန်းဖြင့် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
💝 Photography Tutorial တစ်ခုစီကို ၇၀,၀၀၀ ကျပ်တည်းနဲ့ လေ့လာနိုင်ပါပြီ။

📚 သင်ခန်းစာတွေထဲမှာ:
📸 ဓာတ်ပုံရိုက်ခြင်း Basic - Advanced
📸 Lighting Techniques
📸 Portrait Techniques တွေလေ့လာလို့ရပါတယ်။

🎁 မှာယူရန်:
HakSchool page Chatbox သို့ ဝယ်ယူလေ့လာလိုသည့် Tutorial ပုံနှင့်တကွ " ဟု message ပို့ပေးပါ။

⏰ ဒီနေ့တစ်ရက်တည်းသာ ဖြစ်တာမို့ အခုပဲ အမြန်ဆုံး မှာယူလိုက်ပါ။

📸 Indoor မှာ မီးထိုး အလှဓာတ်ပုံရိုက်နည်း လမ်းညွှန် ✨Continuous Lighting:• မီးကို အမြဲထွန်းထားပြီး ရိုက်တဲ့နည်း• ရိုးရှင်...
11/12/2024

📸 Indoor မှာ မီးထိုး အလှဓာတ်ပုံရိုက်နည်း လမ်းညွှန် ✨

Continuous Lighting:
• မီးကို အမြဲထွန်းထားပြီး ရိုက်တဲ့နည်း
• ရိုးရှင်းလွယ်ကူ - မီးဖွင့်၊ အလင်းကြည့်၊ ရိုက်ရုံပဲ
• Auto mode နဲ့တောင် အဆင်ပြေပြေရိုက်နိုင်
• ဗီဒီယိုရိုက်တဲ့အခါလည်း သုံးလို့ရ

အားသာချက်များ:
• စနစ်က အလွန်ရိုးရှင်း
• ဘယ်လိုထွက်မလဲ ကြိုမြင်နိုင်
• ပညာသင်အဆင့်မှာ အဆင်ပြေ

အားနည်းချက်များ:
• ပါဝါသုံးရတော့ လျှပ်စစ်မီးရှိဖို့လိုအပ်

Classic 45-degree Light:
• အခြေခံအကျဆုံး မီးထိုးနည်း
• မော်ဒယ်ရှေ့ 45-degree ထောင့်မှာ မီးထား
• ပုံထဲမပါရုံလောက်ပဲ နီးနီးကပ်ကပ်ထား

💡 အကြံပြုချက်များ:
• ကိုယ့်စတိုင်နဲ့ကိုက်ညီတဲ့ မီးထိုးနည်းရွေး
• ဓာတ်ပုံလှဖို့ မီးတစ်ခုတည်းမဟုတ်ဘူး
• ပတ်ဝန်းကျင်၊ နောက်ခံ၊ props စတာတွေလည်း အရေးကြီး

Beginner Tips:
• Continuous light နဲ့ စတင်လေ့ကျင့်
• 45-degree နည်းကို အရင်ကျွမ်းကျင်အောင်လုပ်
• တဖြည်းဖြည်း ပိုခက်တဲ့နည်းတွေ သုံးကြည့်

အခုပြထားပေးတဲ့ပုံကတော့ ကျွန်တော် လွန်ခဲ့တဲ့ 10 နှစ်လောက်က iPhone 6 နဲ့ရိုက်ခဲ့တာပဲဖြစ်ပါတယ်။

Feat- May Grace
©️StudioHak


ဓာတ်ပုံဝါသနာရှင်များအတွက် RAW နဲ့ JPEG ဖိုင်တွေရဲ့ ကွာခြားချက်များမင်္ဂလာပါ ဓာတ်ပုံဝါသနာရှင်များခင်ဗျာ။ ဒီနေ့မှာတော့ ဓာတ...
30/10/2024

ဓာတ်ပုံဝါသနာရှင်များအတွက် RAW နဲ့ JPEG ဖိုင်တွေရဲ့ ကွာခြားချက်များ
မင်္ဂလာပါ ဓာတ်ပုံဝါသနာရှင်များခင်ဗျာ။ ဒီနေ့မှာတော့ ဓာတ်ပုံပညာရှင်တိုင်း သိသင့်တဲ့ RAW နဲ့ JPEG ဖိုင်တွေအကြောင်း ပြောပြချင်ပါတယ်။
RAW ဖိုင်တွေဟာ JPEG ဖိုင်တွေထက် dynamic range ပိုကျယ်ပြန့်တာကြောင့် အမှောင်နဲ့အလင်း နှစ်ခုလုံးမှာ အသေးစိတ်ပိုင်း(Details) တွေကို ပိုမိုဖမ်းယူနိုင်ပါတယ်။
Dynamic Range ဆိုတာ ဘာလဲ?
ဓာတ်ပုံတစ်ပုံထဲမှာရှိတဲ့ အလင်းဆုံးနဲ့ အမှောင်ဆုံးအပိုင်းတွေရဲ့ အချိုးအစားကို ပြောတာပါ။ Dynamic range ကို "stops" နဲ့ တိုင်းတာပြီး stop တစ်ခုချင်းစီဟာ ကင်မရာ sensor ပေါ်ကျတဲ့ အလင်းပမာဏရဲ့ နှစ်ဆ သို့မဟုတ် တစ်ဝက်ကို ကိုယ်စားပြုပါတယ်။ RAW ဖိုင်တွေမှာ stops 13 အထက် ရှိပြီး၊ JPEG တွေမှာတော့ stops 11 လောက်ပဲ ရှိပါတယ်။
ဖိုင်အရွယ်အစား
RAW ဖိုင်တွေဟာ JPEG ဖိုင်တွေထက် data ပိုများတာကြောင့် အရောင်အသွေးပိုင်းမှာ ပိုပြည့်စုံပြီး ပြုပြင်ရတာလည်း ပိုလွယ်ကူပါတယ်။
ပုံအရည်အသွေး
RAW ဖိုင်တွေက အလင်းရောင်အခက်အခဲရှိတဲ့ အခြေအနေတွေမှာ သတင်းအချက်အလက်တွေကို ပိုမိုဖမ်းယူနိုင်ပြီး၊ post-processing မှာ အသေးစိတ်အချက်တွေကို ပြန်လည်ရယူနိုင်ပါတယ်။ JPEG ဖိုင်တွေကတော့ ကင်မရာကနေ compress လုပ်ထားပြီးသားမို့ အသေးစိတ်အချက်တွေ ဆုံးရှုံးသွားနိုင်ပါတယ်။
Over-exposure ပြဿနာ
RAW ဖိုင်တွေမှာ under သို့မဟုတ် over-expose ဖြစ်နေတဲ့ ပုံတွေကို JPEG ထက် ပိုပြင်လို့ရပါတယ်။ JPEG ဖိုင်တွေမှာ over-expose ဖြစ်နေရင် "clipping" အကျိုးသက်ရောက်မှုတွေ မြင်ရပြီး အရောင်တွေလည်း မကောင်းနိုင်ပါဘူး။
ဖိုင်အမျိုးအစား
RAW ဖိုင်တွေဟာ များသောအားဖြင့် 12-bit သို့မဟုတ် 14-bit ဖိုင်တွေဖြစ်ပြီး၊ JPEG ဖိုင်တွေကတော့ 8-bit ဖိုင်တွေ ဖြစ်ပါတယ်။ ဒါကြောင့် RAW ဖိုင်တွေမှာ Color Channel တစ်ခုချင်းစီအတွက် luminosity level 4096–16,384 ရှိပြီး၊ JPEG ဖိုင်တွေမှာတော့ 256 level သာရှိပါတယ်။
သိချင်တာတွေရှိသေးရင်လည်း အောက်မှာမေးခဲ့လို့ရပါတယ်။

What is Color Theory?-----အရင်ဆုံး အရောင်တွေကို နားလည်ဖို့  Color Wheel ကိုအသုံးပြုကြတယ်။ အရောင်တွေကို အပူအရောင်နဲ့ အအေး...
28/10/2024

What is Color Theory?
-----
အရင်ဆုံး အရောင်တွေကို နားလည်ဖို့ Color Wheel ကိုအသုံးပြုကြတယ်။ အရောင်တွေကို အပူအရောင်နဲ့ အအေးအရောင်ဆိုပြီး ခွဲကြတယ်၊ အနီ၊ လိမ္မော်၊ အဝါ က အပူအရောင်တွေလို့ ခေါ်ပြီးတော့ အပြာ၊ အစိမ်း၊ ခရမ်း အရောင်တွေက အအေးအရောင်တွေလို့ခေါ်ပါတယ်။ အပူအရောင်တွေက စူးရှတယ် စိတ်လှုပ်ရှားစေတတ်တယ်။ အအေးအရောင်တွေက အေးချမ်းတဲ့ခံစားချက်ကို ပိုရစေတယ်။
-----
Primary, Secondary, and Tertiary Colors

Primary Colors တွေက‌တော့ အနီ၊ အပြာ၊ အဝါ တွေပဲဖြစ်ပါတယ်။ ဒီအရောင်တွေက အခြားအရောင်တွေလို ရောစပ်ပြီးထွက်လာတဲ့အရောင်တွေမဟုတ်ပါဘူး။

ဒါပေမဲ့ Primary Colors တွေကိုရောစပ်လိုက်ရင်တော့ အစိမ်း၊ လိမ္မော်၊ ခရမ်း ဆိုတဲ့ Secondary Color တွေထွက်လာပါတယ်။

Tertiary Colors (တတိယအရောင်) တွေကတော့ Primary Color နဲ့ Secondary Color တွေရောစပ်လိုက်ရင် ရရှိတဲ့အရောင်များပဲဖြစ်ပါတယ်။
-----
Complementary Colors

Color Wheel ပေါ်မှာ ဆန့်ကျင်ဘက်‌နေရာတွေမှာ ရှိနေတဲ့ အရောင်တွေကို ဆန့်ကျင်ဘက်အရောင်( Complementary Colors )လို့ ခေါ်တယ်။ ဥပမာ အပြာနဲ့ လိမ္မော်လိုမျိုး။ ဒီလို အရောင်တွေကို တွဲသုံးရင် ပိုထွက်ပိုပေါ်ပြီး ရှင်းလင်းပြီးလှပပါတယ်။ ဓာတ်ပုံမှာ ဒီလိုအရောင်တွေကို သုံးရင် အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ပိုစိုက်ကြည့်စေနိုင်ပါတယ်။
-----
Analogous Colors (တူညီသောအရောင်များ)

Analogous Colors တွေကတော့ Color Wheel ပေါ်မှာ နီးနီးစပ်စပ် ရှိတဲ့ အရောင်တွေပါ၊ ဥပမာ အစိမ်းနဲ့ ဝါ၊ ဒါမှမဟုတ် အပြာနဲ့ ခရမ်းလိုမျိုး။ ဒီလိုအရောင်တွေကို တွဲသုံးရင်တော့ အရောင်ပိုင်းမှာ စည်းလုံးမှုရှိပြီး လှပတဲ့ ရုပ်ထွက် ရစေပါတယ်။
-----
Colors and Emotions

နောက်တစ်ချက်ကကျတော့ အရောင်တွေဟာ စိတ်ခံစားမှုကို ပြောင်းလဲစေနိုင်တာပါပဲ။ အပူအရောင်တွေက စိတ်လှုပ်ရှားစေတတ်သလို အအေးအရောင်တွေက စိတ်ကိုအေးချမ်းစေတတ်တယ်။ ဓာတ်ပုံရိုက်တဲ့အခါ ဘယ်လိုပုံစံမျိုး ဘယ်လိုအရောင်မျိုးနဲ့ ရိုက်ချင်တဲ့ စိတ်ခံစားမှုကို စဉ်းစားပြီး အရောင်တွေကို သုံးဖို့ လိုပါတယ်ခင်ဗျာ။

Color Theory အကြောင်း သိထားမယ်ဆိုရင် သင်ရိုက်တဲ့ဓာတ်ပုံတွေရဲ့အရောင်တွေက ပိုလိုက်ဖက်ပြီး ပိုပြီးဆွဲဆောင်မှုရှိလာမှာပါ။
-----
ကျွန်တော်ရိုက်ခဲ့တဲ့ အရောင်စုံတဲ့ ဓာတ်ပုံလေးတွေကိုလည်းပြပေးလိုက်ပါတယ်။

ဓာတ်ပုံဝါသနာရှင်များအတွက် 📸ဒီနေ့တစ်ရက်ပဲ Promotion ပေးတာတဲ့‌ 🤗တန်တယ်နော် မြန်မြန် ⚡  Hak School  Chatbox ကနေဝယ်ယူပေးပါတဲ...
17/10/2024

ဓာတ်ပုံဝါသနာရှင်များအတွက် 📸

ဒီနေ့တစ်ရက်ပဲ Promotion ပေးတာတဲ့‌ 🤗

တန်တယ်နော် မြန်မြန် ⚡



Hak School Chatbox ကနေဝယ်ယူပေးပါတဲ့

Portfolio updated tiny bit.
21/07/2024

Portfolio updated tiny bit.

Photography,Advertising,Graphic Design

Just updating this page with my rarely published photographs. ©️StudioHak
08/07/2024

Just updating this page with my rarely published photographs.

©️StudioHak

aye say pal.
28/05/2024

aye say pal.

AI ကိုဓာတ်ပုံရိုက်ခိုင်းကြည့်မယ်... chatgpt ©HakVlogs

Galaxy AI ရဲ့ Epic feature တွေကို ကိုယ်တိုင်လက်တွေ့ စမ်းသပ်ရင်း✧✧Ko Htet Aung Kyaw (HAK Vlogs) ရဲ့ AI Photography Worksh...
25/05/2024

Galaxy AI ရဲ့ Epic feature တွေကို ကိုယ်တိုင်လက်တွေ့ စမ်းသပ်ရင်း
✧✧Ko Htet Aung Kyaw (HAK Vlogs) ရဲ့ AI Photography Workshop ကို တက်ရောက်ခွင့်
✧✧Carrieland နဲ့ MMTR (Myanmar Mobile & Tech Review) တို့နဲ့အတူ Galaxy AI အကြောင်းဆွေးနွေးပြီး အထူးလက်ဆောင်များ ရရှိနိုင်ဖို့ အောက်မှာပေးထားတဲ့လင့်(ခ်) ကိုဖြည့်ပြီး ကြိုတင်စာရင်းပေးသွင်းလိုက်ပါ။

စာရင်းသွင်းရန် >>
https://docs.google.com/forms/d/18g6X3vzBLMFC4D8v0axyHHNpy-1kcSbsCKfYaOKv4mQ/edit

ကဲ ဓါတ်ပုံတွေကို Galaxy AI နဲ့ ဘယ်လို အလန်းစားရိုက်လို့ရမယ်၊ ဘယ်လို Edit လုပ်လို့ရမယ်ဆိုတာကို HAK Vlogs ဆီက အခမဲ့ လေ့လာခွင့်ရမယ့်အခွင့်အရေးကို လက်လွတ်မခံဘဲ အမြန်စာရင်းသွင်းလိုက်တော့နော်......

နေ့ရက် ။ ဇွန်လ (၁) ရက်၊ ၂၀၂၄ ခုနှစ်။
အချိန် ။ ညနေ (၃) နာရီ မှ (၄) နာရီ အထိ။
နေရာ ။ Samsung Experience Store ၊ လှည်းတန်း။

Galaxy AI ရဲ့ Epic feature တွေကို ကိုယ်တိုင်လက်တွေ့ စမ်းသပ်ရင်း
✧✧Ko Htet Aung Kyaw (HAK Vlogs) ရဲ့ AI Photography Workshop ကို တက်ရောက်ခွင့်
✧✧Carrieland နဲ့ MMTR (Myanmar Mobile & Tech Review) တို့နဲ့အတူ Galaxy AI အကြောင်းဆွေးနွေးပြီး အထူးလက်ဆောင်များ ရရှိနိုင်ဖို့ အောက်မှာပေးထားတဲ့လင့်(ခ်) ကိုဖြည့်ပြီး ကြိုတင်စာရင်းပေးသွင်းလိုက်ပါ။

စာရင်းသွင်းရန် >>
https://forms.gle/ZNYz48rABKQC9XbDA

ကဲ ဓါတ်ပုံတွေကို Galaxy AI နဲ့ ဘယ်လို အလန်းစားရိုက်လို့ရမယ်၊ ဘယ်လို Edit လုပ်လို့ရမယ်ဆိုတာကို HAK Vlogs ဆီက အခမဲ့ လေ့လာခွင့်ရမယ့်အခွင့်အရေးကို လက်လွတ်မခံဘဲ အမြန်စာရင်းသွင်းလိုက်တော့နော်......

နေ့ရက် ။ ဇွန်လ (၁) ရက်၊ ၂၀၂၄ ခုနှစ်။
အချိန် ။ ညနေ (၃) နာရီ မှ (၄) နာရီ အထိ။
နေရာ ။ Samsung Experience Store ၊ လှည်းတန်း။

ဘယ်ဟာရွေးရမလဲ?Dji Osmo Pocket 3 vs Canon Powershot V10 | ဘယ်ဟာရွေးရမလဲ?      ©HakVlogs
24/05/2024

ဘယ်ဟာရွေးရမလဲ?

Dji Osmo Pocket 3 vs Canon Powershot V10 | ဘယ်ဟာရွေးရမလဲ?


©HakVlogs

Dji Osmo Pocket 3 vs Canon Powershot V10 | ဘယ်ဟာရွေးရမလဲ? ©HakVlogs

FYI... 🫡
28/03/2024

FYI... 🫡

Address

The Secretariat Yangon
Yangon
111161

Alerts

Be the first to know and let us send you an email when Studio Hak posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Studio Hak:

Share