Lovely Hubby and Happy Wifey

Lovely Hubby and Happy Wifey တင်ချင်တာတင် မယ် ရေးချင်တာရေးမယ်

အားလုံးပဲ မင်္ဂလာရှိသော နံနက်ခင်းလေးပါရှင်။ 🌸 မင်္ဂလာနံနက်ခင်းမှာ သင့်တစ်နေ့တာကို အပြုံးလေးနဲ့ အပြုသဘောဆောင်တဲ့ အတွေးကော...
19/08/2025

အားလုံးပဲ မင်္ဂလာရှိသော နံနက်ခင်းလေးပါရှင်။ 🌸

မင်္ဂလာနံနက်ခင်းမှာ သင့်တစ်နေ့တာကို အပြုံးလေးနဲ့ အပြုသဘောဆောင်တဲ့ အတွေးကောင်းတွေနဲ့ စတင်လိုက်ပါ..


#နေအထွက်မှာရွှေခွက်နဲ့ငွေအပြည့်ခပ်ပေးပါ

ကျွန်တော့်ထံမှာလာချေးသွားတဲ့ငွေတွေပြန်မရပေမယ့် ကျွန်တော် ဘာလို့ ဒုက္ခ အကြီးအကျယ် မရောက်ခဲ့ရလဲသိလား ?သိစေချင်တဲ့ အကြောင်း...
18/08/2025

ကျွန်တော့်ထံမှာလာချေးသွားတဲ့ငွေတွေပြန်မရပေမယ့် ကျွန်တော် ဘာလို့ ဒုက္ခ အကြီးအကျယ် မရောက်ခဲ့ရလဲ
သိလား ?

သိစေချင်တဲ့ အကြောင်းအရင်းထဲက တစ်ခုပါ။
ငွေကျိန်စာတဲ့

အမှန်ပါပဲ။
ကျွန်တော် ကတော့ကတိတည်သူမို့ ဒါတွေကို ယုံတယ်။
ငွေနဲ့ပတ်သက်ပြီး ကတိမတည်တတ်တဲ့သူတွေ
ကြီးပွားချမ်းသာနေတာ တခါမှမတွေ့ဖူးသေးဘူး။

Money mind-set

ပိုက်ဆံ ကသခင်ရှိတယ် ။
ပိုက်ဆံမှာကျိန်စာရှိတယ်။
ပိုက်ဆံကိုချေးရင်ပြန်ဆပ်ပါ ။

ပိုက်ဆံကိုပေးမယ်ပြောပြီးကတိတည်တည်ပြန်ပေးပါ။

အခက်အခဲဆိုတာလူ့ဘဝသက်တမ်းတစ်လျောက်မှာ
မခက်ခဲဖူးဆိုတဲ့လူမရှိပါဘူး ။ အနည်းနဲ့ အများ ကြုံကြမယ်။

ပိုက်ဆံ ကို ကတိပျက်အောင်လုပ်ရင် သင့်ဆီမှာ
ပိုက်ဆံတည် မြဲတော့မှာမဟုတ်ပါဘူး။

ပိုက်ဆံ ကိုကပ်စေးနည်း ပြီး
စုနေမှမြဲတာ မဟုတ်ပါဘူး။

ကတိတည်တည်နဲ့ပေးစရာရှိပေး ယူစရာရှိယူပါ။ လက်ခက်ရင်ငွေပါခက်တယ် ။

ကတိမတည်သူက ဘယ်တော့မှမတိုးတက်ပါဘူး။

ပိုက်ဆံကိုပြန်မဆပ်ချင်တဲ့သူတွေဆီမှာငွေလဲဘယ်တော့မှမမြဲပါဘူး။

လက်ခက်သူတွေ ဘာလုပ်လုပ်မအောင်မြင်ပါဘူး။

ဘယ်လောက်တန်ဖိုးကြီးတဲ့ အဝတ်တွေ ဝတ်ထားလည်း တောက်ပြောင်မှုမရှိ အရောင်မထွက်ပါဘူး။

ကိုယ့်ဘဝမှာ မသိမ်ငယ်ချင်ရင် သူများပေးစရာရှိတာလေးတွေ ဖြည်းဖြည်းချင်းနဲ့ ကျေအောင်ဆပ်ကြပါ။

မင်္ဂလာနံနက်ခင်းမှာ သင့်တစ်နေ့တာကို အပြုံးလေးနဲ့ အပြုသဘောဆောင်တဲ့ အတွေးကောင်းတွေနဲ့ စတင်လိုက်ပါ..    #နေအထွက်မှာရွှေခွက်...
17/08/2025

မင်္ဂလာနံနက်ခင်းမှာ သင့်တစ်နေ့တာကို အပြုံးလေးနဲ့ အပြုသဘောဆောင်တဲ့ အတွေးကောင်းတွေနဲ့ စတင်လိုက်ပါ..


#နေအထွက်မှာရွှေခွက်နဲ့ငွေအပြည့်ခပ်ပေးပါ

 #နေအထွက်မှာ ရွှေခွက် နဲ့ ငွေအပြည့်ခပ်ပေးပါ "
17/08/2025

#နေအထွက်မှာ ရွှေခွက် နဲ့ ငွေအပြည့်ခပ်ပေးပါ "

"တသံတည်းညီ တချီတည်းရုန်း"●──●──●──●──●──●──●လာမယ့် ဖေဖော်ဝါရီ (၁) ရက်နေ့ဆိုရင် ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၂) နှစ်ပြည့်...
28/01/2023

"တသံတည်းညီ တချီတည်းရုန်း"
●──●──●──●──●──●──●

လာမယ့် ဖေဖော်ဝါရီ (၁) ရက်နေ့ဆိုရင် ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၂) နှစ်ပြည့် တနည်းပြောရရင် စစ်အာဏာသိမ်းမှု (၂) နှစ်ပြည့်ချေပြီ။

ဒီလို တော်လှန်ရေး (၂) နှစ်ပြည့်တဲ့အချိန်မှာ ကျနော်တို့ ပြည်သူတွေ သွေးအေးမနေဘူး၊ သွေးကြောင်မသွားဘူး၊ စစ်အုပ်ချုပ်ရေးယန္တရားအောက်မှာ အသားကျမသွားဘူးဆိုတာကို ကမ္ဘာသိ၊ မြန်မာသိ ဆက်လက် ဖော်ထုတ်ပြသနေကြဖို့ လိုပါတယ်။ အထူးသဖြင့် အကြမ်းဖက်စစ်အုပ်စုရဲ့ အရေးပေါ်အခြေအနေ သက်တမ်းကုန်ဆုံးမယ့်နေ့လည်းဖြစ်တာမို့ ကမ္ဘာကြီးက အဲ့နေ့မှာ ကျနော်တို့ မြန်မာ့အရေးကို ပိုလို့ စိတ်ဝင်စားစွာ စောင့်ကြည့်နေကြပါလိမ့်မယ်။

ဒါ့ကြောင့် ကျနော်တို့ ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၂) နှစ်ပြည့်တဲ့ (ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၃) မှာ တနိုင်ငံလုံး၊ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူအားလုံး ပါဝင်ဆင်နွှဲနိုင်တဲ့ “အပြင်မထွက်၊ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်” (Silent Strike) ကြီး ဖော်ဆောင်၊ ဆင်နွှဲကြဖို့ ဖြစ်ပါတယ်။

ကျနော်တို့ လူထုရဲ့ Silent Strike လှုပ်ရှားမှုဟာ အကြမ်းဖက် စစ်အုပ်စု တုန်နေအောင်၊ ပြာနေအောင် ကြောက်တဲ့ လူထုတိုက်ပွဲနည်းနာလည်း ဖြစ်တယ်။ ကမ္ဘာမှာ တနိုင်ငံလုံးအဆင့် ဒီလိုသပိတ်မျိုးလုပ်နိုင်ဖို့ဆိုတာ ရှားမှ ရှားပြီး ကျနော်တို့ ပြည်သူတွေ သွေးစည်းညီညွတ်မှုကြောင့်သာ တနိုင်ငံလုံးအဆင့် အောင်အောင်မြင်မြင် ဆင်နွှဲနိုင်ကြတဲ့ အသံတိတ်သပိတ်ကြီး ဖြစ်ပါတယ်။

ကျနော်တို့ ဒီတစ်ခေါက်မှာ Silent Strike လူထုလှုပ်ရှားမှုကြီးရဲ့ နောက်ထပ်လေးနက်တဲ့ အဓိပ္ပာယ်တရပ်လည်း ရှိပါသေးတယ်။ အခုဆို အကြမ်းဖက်စစ်အုပ်စုဟာ ဒင်းတို့ရဲ့ ထွက်ပေါက်၊ နိုင်ငံရေးလှည့်ကွက်အနေနဲ့ တရားမဝင်၊ အတုအယောင် ရွေးကောက်ပွဲ၊ တနည်းပြောရရင် “လုပ်ပွဲ” တခုကို အဓမ္မကျင်းပဖို့ ပြင်ဆင်နေတာကို အားလုံး သိရှိကြမှာပါ။ အခု ကျနော်တို့ လူထုရဲ့ အပြင်မထွက်၊ အသံတိတ်သပိတ်လှုပ်ရှားမှုကြီးက ဒီတရားမဝင် ရွေးကောက်ပွဲကို လူထုက လုံးဝ လက်မခံကြောင်း၊ ဆန့်ကျင်ကြောင်းကိုလည်း ဖော်ထုတ်၊ သက်သေပြခြင်းလည်း ဖြစ်ပါတယ်။

ကျနော်တို့ အပြင်မထွက်ဘူး၊ တိတ်ဆိတ်ငြိမ်သက်တယ်ဆိုတာက ကြောက်တာ၊ သွေးအေးတာ လုံးဝ မဟုတ်ဘူး။ ငါတို့ မြို့၊ ငါတို့ရွာကို ငါတို့သာ ပိုင်တယ်၊ တော်လှန်ရေးအတွက် ငါတို့ ငြိမ်ရင် ငြိမ်မယ်၊ ငါတို့ လှုပ်ရင် လှုပ်မယ်ဆိုတာကို အကြမ်းဖက် စစ်မိစ္ဆာတွေ သိစေဖို့ဖြစ်တယ်။ နောက်၊ ပြည်သူတွေက သိကြပြီးဖြစ်မှာပါ။ ဒီဖေဖော်ဝါရီ (၁) ရက်နေ့မှာပဲ အကြမ်းဖက်စစ်အုပ်စုဘက်ကလည်း လူစုလူဝေးနဲ့ အင်အားပြပွဲတွေ၊ စစ်တပ်ထောက်ခံပွဲဆိုတာတွေကို အကြီးအကျယ်လုပ်ကြဖို့ ပြင်ဆင်နေပါတယ်။ ကျနော်တို့ ပြည်သူတွေအနေနဲ့တော့ အဲ့ဒီ အကြမ်းဖက် လူအုပ်စုနဲ့ ဝေးဝေးရှောင်၊ မပတ်သက်ကြဖို့ပါပဲ။ ကိုယ့်နေရာမှာသာ ကိုယ်နေကြဖို့ ဖြစ်ပါတယ်။

ဒါ့ကြောင့် လာမယ့် ဖေဖော်ဝါရီလ (၁) ရက်နေ့၊ မနက် (၁၀) နာရီကနေ ညနေ (၃) နာရီတွင်းမှာ ကျနော်တို့တွေအားလုံး အပြင်ကို (လုံးဝ) မထွက်ကြဘူးဗျာ။ ကိုယ့်အိမ်၊ ကိုယ့်အလုပ်ခွင်၊ ကိုယ့်ဆိုင်၊ ကိုယ့်ရုံးစတဲ့ ကိုယ်ရှိနေတဲ့ နေရာမှာပဲ နေကြမယ်။ အဲ့ဒီနေ့၊ အဲ့ဒီအချိန်တွင်းမှာ လမ်းတွေထက်မှာ၊ အများပြည်သူနေရာတွေမှာ လူသူကင်းမဲ့ ခြောက်သွေ့နေရမယ်၊ တိတ်ဆိတ်နေရမယ်ဗျာ။ အဲ့လို ကိုယ့်နေရာမှာ ကိုယ်နေ နေတဲ့ အချိန်မှာလည်း ပြည်သူ့တော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်ရာဖြစ်ကြောင်း တစ်ခုခုကို ထပ်ပြီးလုပ်ကြဦးမယ်ဗျာ။ ဥပမာ၊ PDF တွေအတွက် ခါတိုင်းထက်ပိုပြီး Click ကြမယ်ဗျာ၊ လှူကြမယ်ဗျာ။ အကြမ်းဖက် စစ်အုပ်စု လက်ချက်ကြောင့် ကျဆုံးခဲ့ရ၊ ပေးဆပ်ခဲ့ရ၊ အကျဉ်းထောင်တွေထဲ ရောက်နေကြရတဲ့ ရဲဘော်တွေအတွက် ထောက်ပံ့၊ လှူဒါန်း၊ ကုသိုလ်ပြုကြမယ်။ အခုလို (၂) နှစ်ပြည့်ချိန်မှာ နွေဦးတော်လှန်ရေးကို ရည်ညွှန်းတဲ့ သရုပ်ဖော်မှု Performance တွေကိုလည်း ဉာဏ်ရှိရင် ရှိသလို ကွန့်မြူး ဖော်ဆောင်ကြမယ်ဗျာ။

အခု (၂၀၂၃) ခုနှစ်ကို “အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ်” သတ်မှတ်ထားကြတဲ့အတိုင်း အားကုန်ထုတ်၊ ရုန်းကန်တိုက်ပွဲဝင်သွားကြဖို့ ဖြစ်တယ်။ ဒါ့ကြောင့် လူထုတရပ်လုံးအနေနဲ့ “တသံတည်းညီ တချီတည်းရုန်း” ကြပြီး အဆုံးသတ်တိုက်ပွဲကို အတူလှမ်းချီကြပါစို့လို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်ခင်ဗျား/ရှင်။

#တသံတည်းညီ_တချီတည်းရုန်း
#တရားမဝင်ရွေးကောက်ပွဲကို_တိုက်ဖျက်ကြ_တိတ်ဆိတ်မှုနဲ့_သက်သေပြ


#လုံးဝအုပ်ချုပ်ခွင့်မရစေရ
#အရေးတော်ပုံ_အောင်ရမည်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Lovely Hubby and Happy Wifey posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share