Wave Acoustic Panel Myanmar

Wave Acoustic Panel Myanmar Sound Proof Acoustic Panels
(Production,Sale & Studio Renovation)

27/11/2024
Design- Skyline Sound Diffuser (D2)Material- Teak                          Size- 20”x20”Price - 220,000Contact- 09250823...
11/08/2024

Design- Skyline Sound Diffuser (D2)
Material- Teak
Size- 20”x20”
Price - 220,000
Contact- 09250823410

05/08/2024

Design- Skyline Sound Diffuser
Material- Teak
Size- 20”x20”.
Price - 350,000
Pre-order
Contact- 09250823410

04/08/2024
ဂီတဝါပညာရှင်ကြီးများ/ဝါသနာရှင်များ/ ဂီတသင်တန်းဆင်းလူငယ်များအတွက် အဖွဲ့လိုက် practice ဆင်းလိုသူများအတွက် Wave Acoustic My...
12/07/2024

ဂီတဝါပညာရှင်ကြီးများ/ဝါသနာရှင်များ/ ဂီတသင်တန်းဆင်းလူငယ်များအတွက် အဖွဲ့လိုက် practice ဆင်းလိုသူများအတွက်

Wave Acoustic Myanmar ၏နောက်ထပ်ပေါက်ဖွားလာသော Jamming Room အား နေပြည်တော်/လယ်ဝေး/ Excellent လက်ဖက်ရည်ဆိုင်ဘေးလမ်း၊ ဝင်းရတနာကားရေဆေးဝင်းထဲသို့ လွတ်လွတ်လပ်လပ် တီးခတ်နိုင်ပါပြီ

Duty ယူလိုပါက 09448545115 သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်

မေးကြသော အစ်ကိုများအတွက်လည်း page မှ မကြာခင်ကြော်ငြာပေးပါမယ်ဗျ

\m/






Wave Acoustic Myanmar
☎️ 09250823410
အမှတ် ၈၈/၈၆၊ ဗဟိုလမ်း ၊ စမ်းချောင်းလမ်းနှင့် ဆီဆုံလမ်းကြား ၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့

09/07/2024

Jamming Room Test
@နေပြည်​တော် လယ်ဝေး

03/07/2024

Pyi Taw
(Lewe)

21/06/2024
18/06/2024

🤘😆

ရိုက်ကူးရေး ဝါသနာရှင်များအတွက်     တံဆိပ်နဲ့ 99% +++Container ကျ လေး ရှိပါတယ် Price-65000ks အမှတ် ၈၈/၈၆၊ ဆီဆုံလမ်းနှင့် ...
17/06/2024

ရိုက်ကူးရေး ဝါသနာရှင်များအတွက်


တံဆိပ်နဲ့ 99% +++
Container ကျ လေး ရှိပါတယ်

Price-65000ks

အမှတ် ၈၈/၈၆၊ ဆီဆုံလမ်းနှင့် စမ်းချောင်းလမ်းကြား ၊ ဗဟိုလမ်း ၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့

ဖုန်း - 09250823410

Recording Studio တွေ ပြုလုပ်တဲ့နေရာမှာ ပြူတင်းပေါက်၊ကျည်းဘောင်ဟနေတဲ့လေဟာနယ်ကြား/Aircon အပေါက်/ Wiring Piping ကြားထဲကို P...
11/06/2024

Recording Studio တွေ ပြုလုပ်တဲ့နေရာမှာ
ပြူတင်းပေါက်၊ကျည်းဘောင်ဟနေတဲ့လေဟာနယ်ကြား/Aircon အပေါက်/ Wiring Piping ကြားထဲကို
PU Foam ( အမြုပ်ကော် ) နဲ့ ပိတ်ပေးရပါတယ်

ကော်ဖြန်းမယ့်နေရာဟာ ခြောက်သွေ့ပြီး ဖုန်မှုန့်ကင်းရပါမယ် ၊ 5min ခန့်ထားပြီး ပွတက်လာသော အမြုပ်( ဖော့ ) အား ဓားဖြင့် သင့်တော်သလို လှီးဖြတ်နိုင်ပါတယ်

မှာယူလိုပါက
တဗူး ၁၃၈၀၀ ကျပ် ဖြင့် ရောင်းချပေးနေပါပြီ

အမှတ်၈၈/၈၆၊ ဆီဆုံလမ်းနှင့်စမ်းချောင်းလမ်းကြား ( ဗဟို လမ်းမ ) ၊ စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့

09250823410

#အမြုပ်ကော်

01/06/2024

Hello Naypyidaw \m/

29/05/2024

Recording Studio Room အတွက် Wave Acoustic Myanmar မှ ပါဝင်အားဖြည့်ခွင့်ရရှိသည့်အတွက် အထူးကျေးဇူးတင်ရှိပါသည်

Audio လောက မသိသူများကို သေချာမရှင်းပြသော အလွဲများအရွယ်အစား လက်မသာ ပြောမယ် Watts / Ohms မပြောဘူး  ယနေ့ Audio group များ P...
27/05/2024

Audio လောက မသိသူများကို သေချာမရှင်းပြသော အလွဲများ

အရွယ်အစား လက်မသာ ပြောမယ် Watts / Ohms မပြောဘူး
ယနေ့ Audio group များ Page များ တွင် မေးမြန်းသူများမှ အသံချဲ့စက် တစ်လုံးကို မြင်သော အခါ "၁၅ ဘယ်နှစ်လုံးနိုင်လဲ?" "၁၈ ဘယ်နှစ်ပွင့်ဖွင့်လို့ရသလဲ" စသည့် မေးခွန်းများ မေးနေကြပါသည်။ ထိုသို့မေးမြန်းခြင်းအပေါ်တွင် အလွယ်ပြန်ဖြေခြင်းများ ဖြစ်သည့် "၁၅ လက်မ ၄ လုံး အပြင်းရတယ်" တို့ "၁၈ လက်မ ၂ ပွင့်တပ် ၁ စုံ အပြင်းတီးလို့ရတယ်" ဟု ဖြေနေပါသည်။

စပီကာ နှင့် Subwoofer များသည် လက်မ အရွယ်အစားတူသော်လည်း အသုံပြုနိုင်သည့် ခံနိုင်ရည် Watts / တစ်ခါတစ်ရံ စပီကာ တစ်လုံးတပ် သည် 8 ohms ဖြစ်ရမည့် အစား 4 ohms ဖြစ်နေလျှင် စသည်ဖြင့် ထုတ်လုပ်မှု အသုံးပြုရာ နေရာကွာ၍ လုပ်ဆောင်နိုင်စွမ်းများ ကွဲပြားပါသည်။

ဥပမာ - ၁၅ လက်မ 2000 Watts စပီကာ ၂ လုံး = 4000 Watts - 4 ohms ရှိသလို / ၁၅ လက်မ 350 Watts စပီကာ ၂ လုံး = 700 Watts - 4 Ohms လဲ ရှိနိုင်ပါသည်။ အခြားသော အရွယ်အစား လက်မ စပီကာများတွင်လဲ ထိုနည်းတူဖြစ်ပါသည်။ သို့ရာတွင် သုံးစွဲသူထံတွင်ရှိသော စပီကာ ၏ watts နှင့် ohms ကို မသိဘဲ / မမေးမြန်းဘဲ လက်မအရွယ်အစားဖြင့်သာ အသံချဲ့စက်ကို ရွေးချယ်ခဲ့ပါလျှင် အသံချဲ့စက်က watts များနေပြီး မိမိ စပီကာများ watts နည်းနေလျှင် စပီကာများ ပျက်စီးမည်ဖြစ်ပြီး / အသံချဲ့စက်က watts နည်းနေပြီး မိမိစပီကာများသည် watts များများ ခံနိုင်ရည်ရှိလျှင် လိုချင်သော အသံထွက် ပြင်းပြင်းရနိုင်မည် မဟုတ်ခြင်း စသည့် အဆင်မပြေမှုများကို တွေ့ကြုံနိုင်ပါသည်။

Watts ကိုသိရုံနဲ့ လုံလောက်ပြီလား???
Watts ကိုသိပြီးလျှင် မှားနိုင်ခြေ ထက်ဝက်ကျော်ခန့်လျော့နည်းသွားပါပြီ။

သို့သော် watts ကို သတ်မှတ်ခြင်း ၃ မျိုးထပ်ခွဲပါသည်။ ထို အမျိုးအစားများသည် Continuous , Program နှင့် Peak တို့ ဖြစ်ပါသည်။Continuous ကတော့ တူညီသော power ကို ဆက်တိုက် မရပ်မနားဘဲ သုံးနိုင်တဲ့ power ဖြစ်ပါတယ်။“Program” သည် ပို၍ သဘာဝဆန်သော input level အတက်အကျကို ရည်ညွှန်းပါတယ်။“Peak” ကတော့ စပီကာရဲ့ အမြင့်ဆုံး ခံနိုင်ရည်ရှိသည့် level ဖြစ်ပါသည်။ ထို level ဖြင့် အသုံးပြုပါက အပူ (Heat) အများအပြားကို ထုတ်လုပ်ရုံသာမက စပီကာရဲ့ Driver ထဲမှာရှိတဲ့ Diaphragm များသည်လဲ အကြိမ်ပေါင်းများစွာ အလျင်အမြန်လှုပ်ရှားပါတယ်။ ထို့ကြောင့် ယခု level ကို အသုံးပြုလိုပါက အချိန်ခဏ သာ အသုံးပြုသင့်ပါသည်။

ထို watts ၃ မျိုးကွဲပြားမှု နှင့် အသုံးပြုနိုင်စွမ်းကို မသိလျှင် (သို့) မိမိဝယ်ယူသော စပီကာသည် ထို သို့ အတိအကျ ညွန်းထားခြင်းမရှိလျှင် Peak watts ဖြင့် မိမိစပီကာ ကို အချိန်ကြာမြင့်စွာ သုံးလိုက်ပါက စပီကာ အပူလွန်ကဲ၍ လောင်သွားပါမည်။

Ohms (Resistance) လျှပ်စီးကြောင်းစီးဆင်းမှုဆန့်ကျင်ခြင်းအညွှန်းကိန်း
Watts ကို သိပြီးနောက် သူနဲ့ဆက်စပ်နေသည့် Ohms ကို သိဖို့လိုပါသည်။ အလွယ်ဖြင့် သိအောင်ရှင်းပြရလျှင် စပီကာ (သို့) Subwoofer အတွင်းတွင် ဝင်လာသော လျှပ်စီးပမာဏကို တားဆီးပေးမည့် လူများဟုတင်စားနိုင်ပါသည်။Ohms တွင် 16 Ohms / 8 Ohms / 4 Ohms / 2 Ohms အစရှိသဖြင့် အသုံးများသော ပမာဏများရှိပါသည်။ 16 Ohms ရှိလျှင် ဝင်လာသော လျှပ်စီးပမာဏကို တားဆီးပေးမည့် လူ ၁၆ ယောက်ရှိသူဟု မှတ်ယူနိုင်ပြီး 16 Ohms ရှိသော စပီကာ ထက် 8 ohms ရှိသော စပီကာ သည် လျှပ်စီးကြောင်း ပိုမိုစီးဝင်နိုင်သဖြင့် အသံထွက်ပိုပြင်းပါသည်။ ထိုနည်းတူ Ohms အညွှန်းကိန်းနည်းလေ အသံထွက်အား ပြင်းလေဖြစ်ပါသည်။ Watts အတူတူ Ohms မတူသော စပီကာများ (ဥပမာ - Peavey ၏ တစ်လုံးတပ် PBK Series မျာသည် 4 ohms ဖြစ်ပါသဖြင့် အခြားသော တစ်လုံးတပ်စပီကာများထက် အသံထွက်အား Force ပိုပြင်းပါသည်။

စပီကာ နှင့် Subwoofer တွင် ohms အညွှန်းကိန်းရှိသလို သူတို့ကို Power ပေးမည့် အသံချဲ့စက် Powered Amp များတွင်လဲ Ohms အညွှန်းကိန်းရှိပါသည်။ စပီကာ နှင့် Subwoofer တွင် ohms အညွှန်းကိန်း နှင့် အသံချဲ ့စက် Powered Amp များတွင်လဲ Ohms အညွှန်းကိန်း တူညီမှသာလျှင် အသုံးပြုနိုင်ပါသည်။

Set up ချိတ်ဆက်မှု မမှန်ကန်ခြင်း
အသံကို ထုတ်လုပ်ပေးမည့် စပီကာ နှင့် Subwofoer များကို Power ပေးမည့် အသံချဲ့စက်များ နှင့် ၄င်းတို့ကို ထိန်းချုပ်ပေးမည့် Mixer နှင့် အသေးစိတ်ချိန်ညှိပေးမည့် Sound Management ပစ္စည်းများ (Sound processor / EQ / Crossover အစရှိသည်) တို့ နှင့် မှန်ကန်စွာချိတ်ဆက်ပေးရန်လိုပါသည်။

အသံထွက်သော်လည်း မှားယွင်းသော ချိတ်ဆက်မှုများကြောင့် ကောင်းမွန်သော အသံထွက်အမှန်မရရှိနိုင်ပါ။ ဥပမာ - သီချင်းဖွင့်ပေးမည့် CD မှ ထွက်သော AUX out ကို EQ ထဲသို့ဝင်၍ ထို EQ မှ Mixer သို့ ဝင်ပြီး သုံးသူများအတွက် အသံထွက်ကောင်းကို မရရှိနိုင်ပါ။ Mixer မှ အရင်ပြင်ရမည့် အသံကို EQ မှ ထပ်မံ စစ်ထုတ်မှသာ ကောင်းမွန် မှန်ကန်သော နည်းစနစ်ဖြင့် အသံထွက်ကို ရရှိနိုင်မည်ဖြစ်သောကြောင့် ဖြစ်ပါသည်။

Audio ကြိုးအစစ်များကိုသုံးရခြင်း
အသံသည် လျှပ်စီးကြောင်းဖြစ်ပါသည်။ အသံကို အသံချဲ့စက်မှ စပီကာသို့ ပို့ခြင်း နှင့် Audio Source (သီချင်းဖွင့်စက် / CD / VCD / DVD / USB) / Bluetooth များမှ အသံကို ထိန်းချုပ်မည့် mixer သို့ ပို့ခြင်းတွင် စပီကာကြိုး၏ Gauge အထူ နှင့် သုံးထားသော သတ္ထုအမျိုးအစားပေါ်တွင် မူတည်၍ မူရင်းအသံကို အရည်အသွေးကို မပြောင်းလဲစေဘဲ DIstortion နှောက်ယှက်မှုကင်းစွာ ပို့ပေးနိုင်မည်ဖြစ်ပါသည်။

အသံချဲ့စက် အကောင်းစားကြီးတွေသုံးပါလျှက် Audio ကြိုးကောင်းတာကို မသုံးစွဲလျှင် ကားအကောင်းစား စီးပြီး ဆီကောင်းကောင်း မထည့်ခြင်းနှင့်တူသည်။ မော်ဒယ်မြင့် ကားများသည် အင်ဂျင်ပါဝါ နှင့် နည်းပညာ မြင့်မားသဖြင့် ဆီကောင်းထည့်မှသာ ထုတ်ပေးနိုင်သည့် အမြင့်ဆုံး လုပ်ဆောင်ချက်ကို ထုတ်ပေးမည် ဖြစ်ပါသည်။ ထို့ပြင့် ဆီမကောင်းခြင်းကြောင့် ကား၏ အင်ဂျင် အစိတ်အပိုင်းများကို ထိခိုက်ပျက်စီးစေနိုင်ပါသည်။

ထို့ပြင် ကြိုးများကို စနစ်တကျစွာ မှတ်သားတပ်ဆင်ခြင်းသည်လဲ စပီကာ အလုံးရေများစွာချိတ်ဆက်ချိန်တွင် အမှားအယွင်းမရှိစေနိုင်သော အချက်ဖြစ်ပါသည်။ ရှုပ်ထွေးသော ကြိုးများ ချိတ်ဆက်မှုအတွက် အမှတ်အသား မရှိ၍ လွဲမှားစွာတင်ဆင်ပါက အချိန်ကုန်ပြီး အသံထွက်ကောင်းရရှိမည် မဟုတ်ပါ။

Credit
TOMMY အကောင့်မှ ကူးယူတင်ပြချင်ဖြစ်ပါသည်

26/05/2024

Address

No. 583, Myot Part Street, West Ywama Ward, Insein Township
Yangon
11011

Opening Hours

09:00 - 17:00

Telephone

+959785526111

Website

Alerts

Be the first to know and let us send you an email when Wave Acoustic Panel Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share