
19/11/2024
‼️ GED အတွေ့အကြုံ ‼️
ညီမက အစိုးရ ကျောင်းတုန်းက စာတော်တဲ့အထဲမပါဘူး ၊ လပတ်စာမေးပွဲတို့ နစ်စဉ်စာမေးပွဲကြီးတွေကိုလဲ ပေါ့ပျက်ပျက် ပဲ ကပ်အောင်လာခဲ့တယ်။
အခန်းထဲ လူ ၃၀ ဆို အဆင့်က ၂၉ လောက်ပေါ့ ၊ အဲ့လိုနဲ့ ကျောင်းသားဘဝကို ကုန်ဆုံးခဲ့တယ်။
ဆယ်တန်းဆိုတာလွယ်လွယ်လေးပါ အချိန် ဘွဲ့ရမာဆိုပြီး လွယ်"တွေးခဲ့မိတာပေါ့၊
ကိုဗစ်တွေဖြစ် ၊ ပြည်တွင်းစစ်တွေ ဖြစ်တဲ့အခါ အလယ်တန်း ၇တန်းနဲ့ကျောင်းနားလိုက်ရတော့
လမ်းတွေပျောက်နေပြီ ၊ အလုပ်လုပ်ဖို့လဲ အသက်ကမပြည့် ၊ နိုင်ငံခြားထွတ်ဖို့လဲ ပညာရည်ချင်းက မမှီ၊
တခြားကလေးတွေလဲ ကိုယ့်လိုပဲဆိုတော့ အရမ်းစိတ်ညစ်တဲ့အထဲတော့မပါဘူးပေါ့ ၊ အဲ့လိုနဲ့ နစ်တွေကြာလာပြီး ၂၀၂၃ လောက်ရောက်မှ GED ကိုစသိလာတယ်၊
အမှန်တိုင်းပြောရရင် GED ကျာင်း စတက်ပြီး ၁ လလောက်အထိ GED ဘာမှန်း မသိခဲ့ဘူး ၊ အမေရိကန် ပညာရေးစနစ် ဆိုပြီးပဲ နားလည်ခဲ့တယ်။
GED တက်နေရင်း အခက်ခဲ တွေအများကြီး ရှိခဲ့တယ် ၊ အဲ့ပြဿနာကတော့ မှတ်ဉာဏ်ပါပဲ
GED ဆိုတာကြီးကို ကြောက်ခဲ့တာတော့အမှန်ပဲ
အမြဲ နောက်ဆုံးတန်းမှာချောင်ကပ်ပြီး စာဖြေရမှာကြောက်လို့ ပုန်းနေခဲ့တဲ့လူက ၊ နေ့ခြင်းညခြင်းကြီး
Eng လိုကြီး ပဲဟာကို သင်နေရတော့ ထူဆန်းနေခဲ့တယ်၊ math အချိန်မှာ ဦးနောက်တွေလဲ ပင်ပန်းခဲ့ရတယ် ၊ 7နတန်း ဦးနောက်နဲ့ ကလေးတယောက်ဟာ English လိုကြီးပဲရေးထားတဲ့မေးခွန်းကို 12 တန်း တွက်ပုံတွက်နည်းနဲ့ သင်နေရတော့ ဘာမှ နားမလည်ခဲ့ဘူး ၊ ဆရာတွေကတော့ 2ခါ 3ခါ ရှင်းပြခဲ့ပေမယ့်
တကယ်တော့ တခါမှ နားမလည်ခဲ့ဘူး ( အဲ့တာကိုပြဿနာလို့ ထင်ခဲ့မိတာ )
ဒါပေမယ့် နောက် တပတ်နစ်ပတ် လောက်နေတော့
Math စာအုပ်လေးကိုင်ရင်း ပြန်ကြည့်တော့ အကုန်နားလည်နေတယ် ၊ လန့်သွားတာပေါ့ ဟမ်ဘာလို့ ငါဒါတွေသိနေပါလိမ့်ပေါ့ ရှင်းပြတုန်းကတော့ ဝိုးတိုးဝါးတား ဖြစ်ခဲ့တာကို ဆိုပြီး ။
တကယ်တော့ ညီမက မှတ်ဉာဏ် နောက်ကျနေခဲ့တာပါ ၊ ဘာကြောင့်လဲဆိုတော့ ..
1. ဦးနှောက်မှတ်ဉာဏ်နည်းလမ်းနောက်ကျမှု (Delayed Memory Processing)
2. စိတ်ဖိစီးမှု (Stress) သို့မဟုတ် စိတ်ဖို့လှုပ်ရှားမှု (Anxiety)
3. စိတ်ပင်ပန်းမှု (Mental Fatigue)
အဲ့ဒီအချက်တွေကြောင့် ဦးနောက်အားနည်းနေခဲ့တာ
အခုတော့ GED ပြီးသွားခဲ့ပါပြီ ၊ တော်"များ" လဲ နားလည်သွားတယ် ၊ GED မှာထူးခြားတာတခုက မြန်မာနိုင်ငံပညာရေးစနစ် လို ကျက်စာ မပါတာပဲ။
စာမကျက်ချင်တဲ့ ညီမအတွက်တော့ အရမ်းကို အဆင်ပြေခဲ့တယ် ၊ ဆိုပေမယ့် GED ပြီးမြောက်ဖို့ကို စာလုပ်ချိန် ၃၊၄ နာရီလောက် မလုံလောက်ခဲ့တာပါပဲ။
GED စတက်ရင် ကြားရတဲ့ ဂျင်းစကားကတော့
တနေ့ကို စာ ၃၊၄ နာရီလောက်ပဲလုပ် အောင်တယ်
ဆိုတာပါပဲ ၊ ယုံမိရင်တော့ ငါးပါး တင် မဟုတ်ဘူး ဆယ်ပါးပါ ပက် လက် လန် သွားပါမယ်။
ဒါဆို ညီမ တနေ့ကို ဘယ်နနာရီ စာလုပ်ခဲ့လဲ ❓
ဟုတ်ပါတယ် ၊ တကယ်တော့ ဘယ်နနာရီမှ စာမလုပ်ခဲ့ပါဘူး။
ညီမရဲ့ GED စာလုပ်နည်း လျှို့ဝှက်ချက် ပြောပြပါ့မယ်၊ ညီမက စာလုပ်ချိန်မကန့်သတ် ထားခဲ့ပါဘူး။
လုပ်ခဲ့တာကတော့ study target ချတက်ဖို့ပါပဲ။
ဒီနေ့ ( RLA) ဘယ်နပိုဒ် ဖတ်မယ် ၊ ဒီနေ့ ( math )ဘယ်နပုဒ် တွက်မယ် ၊ ဒီနေ့ ( science ) ဘယ်အခန်းကို note ထုတ်မယ် ၊ ဒီနေ့ ( social )ဘယ်အပိုင်းကို လေ့လာမယ် ဆိုပြီးပဲ
Target ထားခဲ့တာပါ ။
🔴( စာအလွန်ကျွံလုပ်စရာမလိုပါဘူး )🔴
မှတ်"ရ" math ၁ ခါကျခဲ့တယ် ၊ RLA ၁ခါ ကျခဲ့တယ်။ စာမေးပွဲတင်ကျခဲ့တာ မဟုတ်ပါဘူး
GED ကောင်းမူ့ကြောင့် ပေါင် ( lb ) ၁၀ ပေါင် လောက် ကျခဲ့ပါသေးတယ် ၊ လူကတဖြည်းဖြည်းပိန်လာပြီး ၊ မအိပ်နိုင်ပဲ စာတွေပဲလုပ်ခဲ့တာပေါ့ ၊ page မှာလဲ အရင်က share ပေးခဲ့တာတွေ ဖျတ်ပစ်ခဲ့တယ် ငါဘာမမလုပ်နိုင်ဘူး ဆိုပြီး ကိုယ့်ကိုယ်အပြစ်တင်ရင်း နဲ့ပေါ့ ၊ တကယ်တော့ အဲ့တာက အမှားကြီးပါ ( GED ပြီးမှ သိခဲ့ရတဲ့အမှားမို့ အခုချိန် ဘာမ မပြင်နိုင်တော့ပါ ၊ GED စလေ့လာမဲ့ကျောင်းသာ တွေကို ဝေမျှခြင်းသာဖြစ်တယ် )
ဒီနေ့ရဲ့ခေါင်းစဉ်ကို ပြန်သွားလိုက်မယ်ဆိုရင်တော့
ညီမရဲ့ GED အတွေ့ကြုံကတော့ အဲ့တာတွေပါပဲ
GED စာလုပ်နည်းသိရင် အရမ်းလွယ်တယ်၊ နောက်ပြီး အခွင့်လမ်းတွေ အများကြီးရှိတယ်။
GED နဲ့ ပတ်သက်ပြီး ဒီ page မှာ ဝေမျှချင်ပေမယ့်
ဘာ တင်ရမလဲဆိုတာ idea မရခဲ့ပါဘူး ၊အဲ့တာကြောင့် GED တက်မဲ့လူတွေဘာသိချင်လဲ ဆိုတာကို cm မှာ ရေးပေးခဲ့ရင် တော်"အဆင်ပြေမှာပဲလို့ ထင်မိတယ် ။
GED လေ့လာနေတဲ့လူတွေအတွက် moti ရမလား ၊ မရမလားတော့ မသိပါဘူး ၊ ဘာပဲဖြစ်ဖြစ် ရေးတင်ချင်တာ ရေးတင်လိုက်ရတဲ့အတွက် စိတ်ပျော်ပါတယ် အဆုံးထိ ဖတ် ပေးခဲ့လို့ ကျေးဇူးပါရှင့်။
ဖိုက်တင်းပါ ( fightingပါ )