SWINN

SWINN B@P@aceful

19/05/2025

“ကျေးဇူးတင်တတ်ခြင်းနှင့် မျှဝေတတ်ခြင်း”

🔳 Gratitude လို့ ခေါ်တဲ့ ကျေးဇူးတရားကို အသိအမှတ်ပြုတတ်ခြင်းဟာ စိတ်ကျန်းမာရေးအတွက် အင်မတန် အရေးကြီးပါတယ်။ လူမှုဆက်ဆံရေးလည်း ပိုပြီး အဆင်ပြေစေတယ်။

ကျွန်တော်တို့ဟာ တစ်ခါတလေကျ White board တစ်ချပ်လုံးပေါ်က အမည်းစက်ကလေးကိုပဲ ပိုမြင်တတ်ကြတယ် မဟုတ်လား။

လူတွေနဲ့ ပတ်သက်ရင်လည်း မကောင်းတာပဲ သတိရကြတာ များတယ်။ သူ အရင်က ကိုယ့်အပေါ် ကောင်းပေးခဲ့တာတွေကိုတော့ မေ့သွားတတ်ကြတယ်။ ဒီအခါ အမုန်းပွားတယ်။ အငြှိုးထားတယ်။ နာကျည်းတယ်။

🔳 ဘဝပေး အခြေအနေအရ ကံကောင်းကြတာတွေလည်း အများကြီးရှိတယ်။ မွေးဖွားကြီးပြင်းရာ ဒေသ၊ လူသွားဖြစ်တဲ့ မိဘမျိုးရိုး၊ ရုပ်ဆင်းအင်္ဂါ စသဖြင့်ပေါ့။ ဒါတွေအပေါ်မှာလည်း ဂုဏ်မောက်မနေဘဲ အသိအမှတ်ပြုတတ်ဖို့ လိုအပ်တယ်။

အဲဒါက နှိမ့်ချခြင်းကို ဖြစ်လာစေပြီး၊ ကိုယ့်လောက်မှ ကံမကောင်းသူတွေကို ကိုယ့်ရဲ့ ကံကောင်းခြင်းတွေ ပြန်လည်မျှဝေနိုင်လာစေတယ်။

🔳 အခုဆိုရင် နိုင်ငံရဲ့ နေရာအနှံ့အပြားမှာ ဆင်းရဲဒုက္ခ ရောက်နေကြတယ်။ ထမင်းနပ်မှန်အောင် စားရဖို့ ပူပန်နေရသူတွေ၊ အသက်နဲ့ခန္ဓာ ဘယ်နေ့ အိုးစားကွဲမယ် မသိတဲ့သူတွေ၊ နေမကောင်းဖြစ်လို့ သောက်စရာ ဆေးတောင် မရှိရှာတဲ့သူတွေ ဒုနဲ့ဒေးပဲ။

ကိုယ့်ဘဝကို ခက်ခဲလှပြီ ထင်တဲ့အခါ သူတို့တွေနဲ့ နှိုင်းယှဉ်ပြီး ငါက အများကြီး တော်ပါသေးတယ်လို့ တစ်ခါတလေ တွေးကြည့်ပေးရတယ်။ (သူများတွေတောင် ဒီလောက်ဒုက္ခရောက်နေတာ၊ ငါက ဒါတွေကို ညည်းညူမနေသင့်ဘူးဆိုပြီး ကိုယ့်ခံစားချက်တွေကို ပိတ်ပင်မထားသင့်ပေမဲ့ ဒါသည်လည်း စိတ်ကို ဖြေဖျောက်တဲ့ အတွေးတစ်မျိုးပဲ)

🔳 တစ်ဖက်မှာလည်း ကိုယ့်မှာရှိတဲ့ ကံကောင်းခြင်းတွေကို မျှဝေရမယ်။ ထမင်းနပ်မမှန်သူတွေ ဗိုက်ပြည့်သွားအောင်၊ အမိုးအကာ မရှိသူတွေ အမိုးအကာလေးတွေ ရလာအောင်၊ နေမကောင်းဖြစ်လို့ ဆေးခန်းမပြနိုင်သူတွေ သောက်စရာ ဆေးရှိအောင် စသဖြင့်ပေါ့။

ဒါဟာ ကိုယ့်ရဲ့ Blessing တွေကို အကောင်းဆုံး အသုံးချနည်းလည်း ဖြစ်ပါတယ်။

🔳 ဒီအကြင်နာတရားက လိုအပ်နေသူတွေကိုပဲ အကျိုးရှိစေတာ မဟုတ်ပါဘူး။ ပေးလိုက်တဲ့သူရဲ့ စိတ်ကိုပါ ကြည်လင်စေတယ်။ အေးချမ်းစေတယ်။ ပျော်ရွှင်စေတယ်။

ဒါကြောင့်လည်း အကြည်ဓါတ်ရရာရကြောင်း အကြောင်းတရားတွေထဲမှာ အကြင်နာတရားထားခြင်းဟာ ထိပ်ဆုံးကနေ ပါဝင်နေတာပဲ ဖြစ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၁၉.၅.၂၀၂၅

(အခု ကရင်နီဘက်က ရွေ့လျားဆေးခန်းတစ်ခု ဖြစ်တဲ့ Loyalty mobile team for karenni ကနေ “ပါရာဒီဇယ် ၂” ဆိုတဲ့ အစီအစဉ်ကလေး လုပ်နေပါတယ်။ နာမည်အတိုင်းပဲ၊ လူနာတွေကို ပေးဖို့ ဆေးဝါးနဲ့ သူတို့အဖွဲ့ သွားလာဖို့ ဒီဇယ်ဆီအတွက် ရန်ပုံငွေ ရှာဖွေနေကြတာပါ။ လူနာတစ်ဦးစာကို ၅ ထောင်ကျပ်နှုန်း သတ်မှတ်ထားပြီး နိုင်သလောက် ပမာဏ ပါဝင်ကူညီနိုင်ပါတယ်။

သူတို့ပေ့ချ်ကို ဆက်သွယ်လိုက်ပါ။ လိုင်းအခက်အခဲကြောင့် စာပြန်နောက်ကျရင်လည်း သည်းခံစောင့်ဆိုင်းပေးဖို့ မေတ္တာရပ်ခံပါရစေ။ တိုက်ရိုက်ကူချင်သူတွေအတွက် NUGPay နဲ့ SDB QR Code တွေကိုတော့ မန့်မှာ ချထားပေးပါတယ်။

ကျွန်တော့်ပေ့ချ်ကနေ အဲဒီလို စုပေါင်းပြီး ကူကြတာမျိုး မလုပ်တာတောင် ကြာသွားပါပြီ။ ထုံးစံအတိုင်းပဲ၊ ကူဖြစ်ခဲ့ရင် ဆရာဖြိုးဆီက တွေ့လို့ ဆိုတာလေးလည်း ပြောခဲ့ပေးပါဦးနော်။ ပီတိဖြစ်ချင်လို့ပါ။

​ငွေမကူနိုင်လည်း React/ Comment/ Share ​ပေးပြီး ကူ​လို့ရပါတယ်။ ခက်ခဲတဲ့ကာလကို ရှင်သန်အောင် နေထိုင်ရင်း၊ လိုအပ်နေသူတွေကို ဖေးကူရင်း အတူကျော်ဖြတ်ကြတာပေါ့ခင်ဗျာ)

07/06/2024

ဆီးချိုကတက်နေတာလာ? ကျနေတာလား? ဘယ်လိုသိနိုင်မလဲ?
===========================

🌎 ခုဆိုရင် တစ်ကမ္ဘာလုံးမှာ ဆီးချိုဝေဒနာကို ခံစားနေရတဲ့လူတွေအရမ်းများပြားလာပါတယ်....ခန္တာကိုယ်ရဲ့သွေးအတွင်းမှာသကြားဓါတ်များခြင်းကြောင့် ဖြစ်လာတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်..

🩸သွေးထဲက သကြားဓါတ်တွေ အရမ်းတက်လာတဲ့အခါ စိုးရိမ်ရသလို ရုတ်တရက်ကျသွားတဲ့အခါမှာလဲ စိုးရိမ်ရပါတယ် .. သွေးထဲမှာ သကြားဓါတ်ကို အတက်လွန်ခြင်း အကျလွန်ခြင်း မရှိစေရန် မလျှော့မတင်းပုံမှန်အတိုင်း အမြဲထိန်းထားနိုင်ဖို့ အရေးကြီးပါတယ်

👉🏻များသောအားဖြင့် လူတွေက ဆီးချိုနဲ့ပတ်သတ်တဲ့ ရောဂါလကဏာတခုခုဖြစ်လာပီဆိုရင် ဆီးချိုတက်တယ်ထင်ပီး ဆေးတွေ ပိုသောက်မိတတ်ကြပါတယ် . 😔 တခါတလေမှာ ဆီးချိုတက်တာ မဟုတ်ပဲ ကျ တာလဲဖြစ်နိုင်ပါတယ်

ဥပမာ … အစားအလွန်အကျွံနည်းခြင်း၊ မိမိသောက်သုံးရတဲ့ ဆီးချိုကျဆေးရဲ့ဘေးထွက်ဆိုးကျိုးကြောင့် ဆီးချို ဝေဒနာရှင်ဟာ ဆိီးချို ကျခြင်းကိုလဲခံစားရပါတယ်

🛎 အဲ့ဒါကြောင့်ဆီးချို တက်ခြင်း နှင့် ဆီးချိုကျခြင်း လက္ခဏာများကို ခွဲခြားခြင်းသိစေရန် မျှဝေလိုက်ပါတယ်

📌ဆီးချို”တက်”ရင် ကြုံတွေ့တတ်သည့် လက္ခဏာများ

၁- ပုံမှန်ထက် ရေငတ်ခြင်း

၂- ဆီးခဏ ခဏ သွားခြင်း (အထူးသဖြင့် ညဘက်)

၃ - အနာဒဏ်ရာများ အကျက်နှေးခြင်း

၄ - အမြင်အာရုံများ ဝေဝါးလာခြင်း

၅ - အစာလွယ်ခြင်း

၆ - ရုတ်တရက် ကိုယ်အလေးချိန်လျော့ကျခြင်း

📌ဆီးချို “ကျ” ရင် ကြုံတွေ့တတ်သည့် လက္ခဏာများ

၁ - လက်များတုန်ခြင်း

၂ - ချွေးစေးများပျံခြင်း

၃ - မူးမော်ခြင်း

၄ - ရုတ်တရက် ကယောင်ကတမ်းဖြစ်ခြင်း

၅ - ပင်ပန်းနွမ်းနယ်လွယ်ခြင်း

၆ - ခေါင်းကိုက်ခြင်း

⚠️ မှတ်ချက် - အမှန်အကန်အတိကျဆုံးကတော့ ဆီးချိုတိုင်းစက်ကိရိယာဖြင့် သွေးဖောက်စစ်ခြင်း ဖြစ်ပါတယ်

🌈စောစီးစွာ သိရှိထားခြင်းအားဖြင့် နာတာရှည် ဆီးချိုဝေဒနာခံစားခြင်းက ကင်းလွတ်အောင် ကုသနိုင်ပါတယ်

Credit #

25/05/2024
22/05/2024
09/05/2024
29/03/2024

ြန်တွေ့ပါပီရှင့်!

https://www.facebook.com/share/p/FmEcskniqjtXjMbn/?mibextid=WC7FNe

ပိုင်ရှင်မှ အရေးပေါ်ဆက်သွယ်ပါ

ယနေ့အော်ဒါများအတွက် ဒလီကောက်ရန်လာသောကလေးမှ နေ့လည်-၁ နာရီခန့်တွင် ကျွတ်ကျွတ်အိတ် အမဲတခုအတွင်းမှ အိတ်အနီရောင် ကျပ်ငွေတအုပ်နှင့် ဒေါ်လာ ၂၀၀ ပါရှိသည့် အိတ်အမဲကို ကောက်ရခဲ့ပါသည် ။ Delivery ကလေးမှ အနီးအနားတွင် ပိုင်ရှင်ဖြစ်နိုင်ချေရှိသူကို လိုက်လံရှာဖွေသော်လည်း မတွေ့ပါသဖြင့် EAT - Food Production ရှိရာလိပ်စာတွင် အပ်နှံခဲ့ပါသည် ။

ယခုလိုရှားပါးကြပ်တည်းနေသောကာလတွင် ပိုင်ရှင်ဖြစ်သူမှာ အပူမီးတောက်နေမည်ကို နားလည်ကိုယ်ချင်းစာပါသည် ။

စာအိတ်တွင် မြို့နယ်တခု နာမည်ရေးထားပါသည်။ ပျောက်ကျသောနေရာ ၊ ပါရှိသောပိုက်ဆံနှင့် စာအိတ်ပေါ်ရှိ မြို့နယ်အမည်ကို မှန်ကန်စွာ ပြောပြနိုင်ပီး ပိုင်ရှင်ကြောင်း မှန်ကန်ပါက Phone 09766554455 ကို ဆက်သွယ်ပီး အချိန်မရွေး လာရောက်ထုတ်ယူနိုင်ပါသည်။

Address

Yangon

Alerts

Be the first to know and let us send you an email when SWINN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SWINN:

Share