Swee Swee

Swee Swee 🥰🥰💙
(1)

လိမ္မော်သီးစားခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေး အကျိုးကျေးဇူးများ (၁)လိမ္မော်သီးဖြစ်စေ၊ ကမ္ဗလာသီးဖြစ်စေ ပုံမှန်စားသုံးပ...
09/08/2025

လိမ္မော်သီးစားခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေး အကျိုးကျေးဇူးများ (၁)

လိမ္မော်သီးဖြစ်စေ၊ ကမ္ဗလာသီးဖြစ်စေ ပုံမှန်စားသုံးပါက သို့မဟုတ် အရည်ညှစ်ပြီး ဖျော်ရည်အဖြစ် သောက်ပါက အောက်ပါအကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

🍊သွေးတိုးရောဂါကို သက်သာစေခြင်း
-------------------------------------------
လိမ္မော်သီးတွင် ဆိုဒီယမ် လုံးဝနီးပါးမပါဝင်ဘဲ ပိုတက်စီယမ်ပါဝင်မှု များသဖြင့် သွေးတိုးရောဂါသည်များအတွက် အထူးအကျိုးရှိပါသည်။ ပိုတက်စီယမ် ပါဝင်သော သဘာဝသစ်သီးများသည် သွေးတွင်းရှိ ပိုလျှံနေသော ဆိုဒီယမ်များကို ဆီးမှတစ်ဆင့် စွန့်ထုတ်ပေးသဖြင့် ဖောရောင်ခြင်းများကို လျော့နည်းစေပါသည်။ သွေးထုထည်ပမာဏ (Blood volume) ကို လျော့နည်းစေသဖြင့် သွေးဖိအားကို ကျစေပါသည်။ ထို့အပြင် နှလုံးကြွက်သားနှင့် သွေးလွှတ်ကြောရှိ ကြွက်သားများ ကျန်းမာရေးနှင့် လုပ်ငန်းများ ပုံမှန်လုပ်ဆောင်ရေးအတွက် အကျိုးရှိပါသည်။ တခြားပါဝင်သော ဗီတာမင်နှင့် သတ္တုဓာတ်များကလည်း အထောက်အကူပြုပါသည်။

🍊သွားဖုံးနှင့် သွားကျန်းမာရေးအတွက် အထောက်အကူပြုခြင်း
-------------------------------------------------------------
လိမ္မော်သီးတွင် ပါဝင်သော ဗီတာမင် စီ သည် သွားဖုံးနှင့် သွားကျန်းမာရေးအတွက် များစွာ အထောက်အကူပြုပါသည်။ သွားဖုံး သွေးထွက်တတ်သူများ၊ သွားမခိုင်သူများ၊ သွားပိုးစားသူများ လိမ္မော်သီးစားခြင်းဖြင့် သက်သာစေပါသည်။

🍊မလိုအပ်သောအဆီများ လျှော့ချပေးခြင်း
----------------------------------------------
လိမ္မော်သီးစားပါက အရည်ရော အဖတ်ပါစားခြင်းသည် အရည်ချည်းသက်သက် သောက်ခြင်းထက် ပို၍အဆာခံစေပါသည်။ ထို့ကြောင့် ခန္ဓာကိုယ်အလေးချိန် လျှော့ချလိုသူများသည် ကယ်လိုရီဓာတ်များသည့် ဆန်ဖြင့်ပြုလုပ်ထားသော အစားအစာများ (ဥပမာ-ထမင်း၊ မုန့်ဟင်းခါး၊ ဆန်ခေါက်ဆွဲ)၊ ဂျုံဖြင့်ပြုလုပ်ထားသော အစားအစာများ (ဥပမာ-ပေါင်မုန့်၊ ဂျုံခေါက်ဆွဲ၊ ကိတ်မုန့်) အစား လိမ္မော်သီးကဲ့သို့ အရည်ရွှမ်းသည့် သစ်သီးများစားပါက ကယ်လိုရီနည်းနည်းနှင့် အဆာခံစေသဖြင့် ခန္ဓာကိုယ်အလေးချိန် တဖြည်းဖြည်း လျော့ကျလာပါမည်။ ပါဝင်သော ဗီတာမင် စီ နှင့် အခြားသတ္တုဓာတ်များကလည်း အဆီဓာတ်များ ပိုမလာစေရန် လုပ်ဆောင်ပေးသဖြင့် သွေးတွင်းရှိ မကောင်းသည့် အဆီများကို လျှော့ချပေးပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

လိမ္မော်သီးစားခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေး အကျိုးကျေးဇူးများ (၂)

🍊 အရေပြားကျန်းမာရေးအတွက် အထောက်အကူပြုခြင်း
-------------------------------------------------
အရေပြားအောက်တွင်ရှိသော ကော်လာဂျင် (Collagen) တစ်သျှူးများကြောင့် အရေပြားတင်းရင်း လှပခြင်းကို ဖြစ်စေပါသည်။ အသက်ကြီးလာလျှင် အဆိုပါ ကော်လာဂျင်ပမာဏမှာ လျော့နည်းလာသည့် အတွက် ပါးရေတွန့်ခြင်း၊ အရေပြား လျော့တွဲလာခြင်းတို့ ဖြစ်ရသည်။ အဆိုပါ ကော်လာဂျင်များ တည်ဆောက်နိုင်ရန်နှင့် မပျက်စီးဘဲ တာရှည်ထိန်းသိမ်းထားနိုင်ရန် ဗီတာမင် စီ လိုအပ်ပါသည်။ လိမ္မော်သီး အပါအဝင် အရည်ရွှမ်းသော သစ်သီးများတွင် ဗီတာမင် စီ ကြွယ်ဝစွာ ပါဝင်သဖြင့် အဆိုပါ ကော်လာဂျင်များ အသစ်ဖြစ်ပေါ်ရန်အတွက် လည်းကောင်း၊ ရှိပြီးသား ကော်လာဂျင်များ မပျက်စီးအောင် ထိန်းသိမ်းရာ၌လည်းကောင်း များစွာ အထောက်အကူပြုပါသည်။ ထို့ကြောင့် အသက်ကြီးသူများ အနေနှင့် လိမ္မော်သီးကို နေ့စဉ်စားပေးခြင်းဖြင့် အရေပြားတွန့်ခြင်းမှ ကာကွယ်ပေးနိုင်သည်။

🍊 ကင်ဆာရောဂါများမှ ကာကွယ်ပေးခြင်း
-------------------------------------------------
လိမ္မော်သီးတွင် ဗီတာမင် စီ နှင့် အခြားသော အင်တီအောက်ဆီဒင့်များ ကြွယ်ဝစွာ ပါဝင်သဖြင့် ခန္ဓာကိုယ်တွင်းရှိ ကင်ဆာဖြစ်စေနိုင်သော ဓာတ်ပစ္စည်းများနှင့် ဖရီးရယ်ဒီကယ်များ (Free radicals) ကို ချေဖျက်ပေးနိုင်စွမ်းရှိ၍ ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။ အမေရိကန်နိုင်ငံ၌ ထုတ်ဝေသော ဆေးပညာ ဂျာနယ်တစ်ခု (American Journal of Epidemiology) ၏ လေ့လာချက်အရ အသက် ၂ နှစ်အောက် ကလေးများကို လိမ္မော်သီး ပုံမှန်ကျွေးပါက ကလေးများတွင် ဖြစ်ပွားလေ့ရှိသည့် သွေးကင်ဆာ (Childhood Leukemia) ကို ကာကွယ်ပေးနိုင်သည်ဟု ဆိုပါသည်။ ထို့အပြင် အခြားကင်ဆာများဖြစ်သည့် အူမကြီးကင်ဆာ ကာကွယ်ရေးတွင်လည်း များစွာ အထောက်အကူပြုပါသည်။ မည်သည့် ကင်ဆာအမျိုးအစားတွင်မဆို လိမ္မော်သီး စားပေးပါက အကျိုးရှိပါသည်။

🍊 ဆီးချိုသွေးချို ဝေဒနာသည်များ လိမ္မော်သီး စားသင့်/မသင့်
-------------------------------------------------
ဆီးချိုသွေးချို ဝေဒနာရှင်များ အနေနှင့် လိမ္မော်သီးကို အသင့်အတင့် စားနိုင်ပါသည်။ စားသုံးရာတွင် အမှည့်လွန်ပြီး ချိုလွန်းသော လိမ္မော်သီးများကို ရှောင်ကြဉ်၍ အချဉ်ဓာတ်ရှိပြီး မှည့်ခါစ လိမ္မော်သီးများကို ရွေးချယ် စားသောက်ရပါမည်။ မြန်မာနိုင်ငံတွင် ကလော၊ အောင်ပန်းဒေသမှ ထွက်သော လိမ္မော်သီးဆိုလျှင် အခွံအစိမ်းရောင် မပျောက်သေးခင် စတင်ဝါခါစတွင် စားလျှင် အကောင်းဆုံးဖြစ်သည်။ အဝါရောင် များလေလေ အချိုဓာတ် များလေလေဖြစ်သည်။ ဆီးချိုဝေဒနာသည်များ တစ်နေ့လျှင် လိမ္မော်သီးတစ်လုံး စားပေးခြင်းဖြင့် သွေးတွင်းရှိ ဂလူးကို့စ်ပမာဏကို ထိန်းသိမ်းရာ၌ အထောက်အကူပြုသည်။ ထို့ကြောင့် အခြားကာဘိုဟိုက်ဒြိတ် ကြွယ်ဝသော အစားအစာများဖြစ်သည့် မုန့်ဟင်းခါး၊ ခေါက်ဆွဲ၊ ပေါင်မုန့်များစားမည့်အစား လိမ္မော်သီးစားခြင်းဖြင့် ဆီးချိုသွေးချို ရောဂါသည်များ အတွက် ပိုမိုအကျိုးရှိပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)
#ကျန်းမာရေးဗဟုသုတ

သွေးကင်ဆာပျောက်စေသော သဘာဝဆေးနည်းပုံပါအတိုင်း အရွက် ၉ ရွက်ခန့်ပါသော မီးကွင်းဂမုန်းတစ်ပင်အား တူးနှုတ်လိုက်ပါ။ ရေစင်အောင်ဆေ...
09/08/2025

သွေးကင်ဆာပျောက်စေသော သဘာဝဆေးနည်း

ပုံပါအတိုင်း အရွက် ၉ ရွက်ခန့်ပါသော မီးကွင်းဂမုန်းတစ်ပင်အား တူးနှုတ်လိုက်ပါ။ ရေစင်အောင်ဆေးပြီး သန့်ရှင်းသော ဆုံထဲ၌ထည့်၍ ကြေညက်အောင်ထောင်းပာ။ သန့်ရှင်းသောလက်ဖြင့် ထောင်းထားသော အကြေသားများကိုယူ၍ အဝကျယ် ကြေးဇွန်းကြီးထဲသို့ အရည်ညှစ်ချပါ။ ပြီးလျှင် မီးသွေးမီးဖို မီးခဲရဲရဲပေါ်ဆေးရည်ပါသော ကြေးဇွန်းကြီးကို တင်၍ ဆူပွက်လာအောင် အပူပေးလိုက်ပါ။ ထို့နောက် အအေးခံပြီး သောက်လိုက်ပါ။

မနက်စာစားပြီး ၂ နာရီ နှင့် ညစာစားပြီး ၂ နာရီ၊ တစ်နေ့ ၂ ကြိမ်သောက်ပါ။ ၂ ပတ်ပြည့်လျှင် သွေးသွင်းဖို့ လုံးဝမလိုတော့ပါ။ သွေးကင်ဆာဆဲလ်များ သိသာစွာ လျော့နည်းသွားပါမည်။ ၎င်းဆေးနည်းကို ၂၃ ရက်တိတိ မပျက်မကွက် သောက်ရမည်။ ရောဂာပျောက်မှ ကျေးဇူးတင်ပါ။

နှာခေါင်း သွေးလျှံတတ်သူများ အရည်မညှစ်ခင် ထောင်းထားသောဆေးကို နှာခောင်းရိုးပေါ် အုံပေးခြင်းဖြင့် သွေးလျှံ၊ သွေးယိုခြင်းကို ပျောက်ကင်းစေပာသည်။

လူတိုင်း သက်တမ်းစေ့ နေနိုင်ကြပါစေ.....

ကိုမျိုးမြင့်ဦး (မတဆ)
ကျန်းမာရေးသတင်းများ

Credit: ဆရာတော် ဦးနရပတိ
#ဗဟုသုတ

09/08/2025

ဆေးမသောက်ဘဲ သွေးတိုးကုနည်း ✅
◾️ သွေးတိုးစဖြစ်ကာစ နှင့်
သွေးတိုးရောဂါ အဆင့် (၁) တို့ကို
ဆေးသောက်စရာမလိုဘဲ
အောက်ပါ နည်းလမ်းများဖြင့်
ကုသနိုင်ပါတယ်…
◾️ သွေးတိုးရပ်စေတဲ့အထူးအစားအစာကို
(DASH diet) ဒတ်ရှ် လို့ ခေါ်ပါတယ်.
ဒီအစားအစာကို စားသုံးမယ် ဆိုရင်တော့
အပေါ်သွေးပေါင်ချိန် 11 mmHg (မီလီမီတာမာကျူရီ) ခန့် ကျနိုင်ပါတယ်.
◾️ အိမ်သုံးဆားကို
တစ်ရက်မှာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း (သို့)
၅ ဂရမ်ထက် ပို ’မ’ စားရင်တော့
အပေါ်သွေးပေါင်ချိန် 6 mmHg ခန့် ကျနိုင်ပါတယ်.
◾️ ကိုယ်လက် လှုပ်ရှားခြင်းကို
တစ်ရက် မိနစ် ၂၀ ခန့်
ပြုလုပ်မယ် ဆိုရင်တော့
အပေါ်သွေး 5 mmHg ခန့် ကျနိုင်ပါတယ်.
◾️အဝလွန်သူများမှာ
ကိုယ်အလေးချိန် ၁၀ ပေါင်ခန့်ကျသွားမယ်ဆိုရင်တော့
အပေါ်သွေးလည်း 5 mmHg
ကျသွားမှာ ဖြစ်ပါတယ် ခင်ဗျာ.
◾️ ဒီ နည်းလမ်းများကို ဆေးပညာမှာတော့
Lifestyle modification လို့ ခေါ်ပါတယ်.

အထက်ပါနည်းလမ်းများကို
၃ လ - ၆ လ အထိ စမ်းသပ်နိုင်ပါတယ်.

အကယ်၍ သွေးပေါင်ချိန် မကျသေးပါက
ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ် ခင်ဗျာ.
လေးစားစွာဖြင့်
လ/ထ ပါမောက္ခ Dr.ကျော်ဇောဟိန်း
Reference: JNC-8 . American Heart Association
#ကျန်းမာရေးဗဟုသုတ

အိမ်မှာမစိုက်ဘဲနဲ့တအားပေါက်နေတာ ရူပ်လို့ဆိုပြီး နူတ်ပစ်နေတာ အခုလိုအဖိုးတန်မှန်း မသျိခဲ့ဘူးကျောက်သင်ပုန်းရွက်အစွမ်း အံ့မခ...
09/08/2025

အိမ်မှာမစိုက်ဘဲနဲ့တအားပေါက်နေတာ ရူပ်လို့ဆိုပြီး နူတ်ပစ်နေတာ အခုလိုအဖိုးတန်မှန်း မသျိခဲ့ဘူး

ကျောက်သင်ပုန်းရွက်အစွမ်း အံ့မခမ်း

ဒါကတော့(Peperomia pellucida)ကျောက်သင်ပုန်းရွက်(သို့) နတ်သမီး ကွမ်းရွက်လို့ ခေါ်ပါတယ်။

ဟိုတုန်းကတော့ ကျောက်သင်ပုန်းမှ စာတွေကို ပြန်ဖျက်တဲ့နေရာမှာ အသုံးပြုခဲ့ကြပါတယ်။ အလေ့ကျပေါက်သည့် အပင်မျိုး ဖြစ်ပါတယ်။
ဒီအပင်မှာ ကင်ဆာရောဂါကို တွန်းလှန်ကာကွယ်ပေးနိုင်တဲ့ Antioxidants ပါဝင်တယ်။ ဗီတာမင်စီဓါတ်များတယ်ပြီးတော့ ဗီတာမင်အေဓါတ်ကို ဖြည့်စွမ်းပေးတဲ့ Beta-carotene ပါဝင်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှ တိုင်းရင်းဆေးဆရာများကတော့ ဒူလာဆေး၊ အဆစ်မြစ်ရောင် (ဂေါက်ရောဂါ) အတွက် ဒီအပင်ကို သုပ်စားခြင်း၊ ပြုတ်စားခြင်းတို့ကို ပြုလုပ်ကြပါတယ်။

ဆေးအဖြစ် အသုံပြုပုံများ-
(၁) ရင်သားကင်ဆာရောဂါအတွက် အရွက်လက်တစ်ဆုပ်ခန့်ကို သန့်ရှင်းစွာ ဆေးကြောပြီး ထောင်းကာ ရင်သားပေါ်ကို အရည်သုတ်လိမ်းပေးခြင်း၊ အဖတ်ကို အုံပေးခြင်းတို့ဖြင့် ကုသပေးလျှင် သက်သာပျောက်ကင်းစေပါသည်။

(၂) ထိခိုက်ရှနာ၊ ဒဏ်ရာအမျိုးမ်ျိုး၊ အနာစိမ်း၊ ပြည်တည်၊ ဝက်ခြံနာ၊ အရေပြားရောဂါအမျိုးမျိုးတို့အတွက် အရွက်ခပ်သန့်သန့်ကို ကျိတ်၍ အနာပေါ် အုံပေး၊ လိမ်းပေးပါက သက်သာပျောက်ကင်းစေပါသည်။

(၃) ရေရုံရောဂါအတွက် အပင်၊ အရွက်၊ အပွင်စတဲ့ တပင်လုံးကို နနွင်း၊ ဆန်စေ့အနည်းငယ်တို့နှင့်အတူ ရောထောင်း၍ ရေရုံနာပေါ်ကို တစ်ညခန့် အုံပေးပါက သက်သာပျောက်ကင်းစေပါသည်။

(၄) ဝက်ခြံ၊ တင်းတိပ်များအတွက် ပဉ်စငါးပါးလုံံးကို ပြုတ်၍ ၄င်းဆေးပြုတ်ရည်ကို မနက်တိုင်း မျက်နှာသစ်ပေးပါက သက်သာပျောက်ကင်းစေပါသည်။

(၅) ဒူလာရောဂါ၊ အဆစ်မြစ်ရောင် ဂေါက်ရောဂါများအတွက် ၄င်းအရွက်ကို ရေစင်အောင်ကြောကာ သုပ်စားခြင်း၊ ပြုတ်စားခြင်း၊ တို့စာခြင်းများ ပြုလုပ်ပေးပါက ရောဂါကို သက်သာပျောက်ကင်းစေပါသည်။

(၆) မျက်စိနာ၊ မျက်စိတိမ်ဖြစ်ခြင်းတို့အတွက် ဒီအရွက်ကို လက်တစ်ဆုပ်ခန့် သန့်သန့်လေးဖြစ်အောင် ဆေးကြောပြီး အရည်ညစ်ယူကာ မျက်စိကို အနည်းငယ်စီ တစ်နေ့ ၂ ကြိမ် ခပ်ပေးပါက မျက်စိနာနဲ့ မျက်စိတိမ်များ ပျောက်ကင်းပါတယ်။

(၇) ကြွက်နို့ပေါက်သူများအတွက် အပင်ကို အရည်ညစ်၍ ကြွက်နို့ပေါ်ကို ၄င်းအရည်ဖြင့် မကြာခဏ တို့ပေးကာ ကြိတ်ဖတ်ကိုလည်း ကြွက်နို့ပေါ်ကို အုံထားပေးပါ။
ကြွက်နို့များ အံ့သြစွာ ပျောက်ကင်းသွားပါလိမ့်မည်။ကျမ်းမာသောဘဝကို ပိုင်ဆိုင်ကြပါစေ။

Credit original writter
#ကျန်းမာရေးဗဟုသုတ #ဗဟုသုတ

နာနတ်ရွက်​ တစ်ရွက်က ဒီ​လောက်​ထိ ဆေးစွမ်းထက်မှန်း ခုမှသိ​တော့တယ်​….မိတ်​​ဆွေတို့လည်း ဖတ်​ကြည့်လိုက်​​နော်နာနတ်ပင်ဟာဆေးဖက်...
08/08/2025

နာနတ်ရွက်​ တစ်ရွက်က ဒီ​လောက်​ထိ ဆေးစွမ်းထက်မှန်း ခုမှသိ​တော့တယ်​….မိတ်​​ဆွေတို့လည်း ဖတ်​ကြည့်လိုက်​​နော်

နာနတ်ပင်ဟာဆေးဖက်ဝင်ပါတယ်။ယနေ့ခေတ် ကာလမှာ နာနတ်သီးရဲ့ ဆေးစွမ်းထက်မြက်ပုံကို သိပ္ပံနည်းကျသုတေသနပြုနေကြတဲ့ သတင်းများ လည်းရှိနေပါတယ်။

တိုင်းရင်းဆေးဖက်ဝင်တဲ့ နာနတ်သီးကနာနတ်ရွက်လေးတစ်ရွက်နဲ့တင် လူအများ အတွက် ဆေးအသုံးဝင်ပုံလေးကို တင်ပြလိုပါ တယ်။

လွယ်လွယ်ကူကူနဲ့ လိုသူတိုင်းအသုံးပြုနိုင်စေရန် ရည်ရွယ်ပါတယ်-

(၁) နာနတ်ရွက်(၁)ရွက်ကို ထုထောင်းပြီးညှစ်ရည်(သတ္တုရည်) ဟင်းခပ်ဇွန်း(၁)ဇွန်းကို သကြားထည့်ပြီး သောက်ပေးပါက ကြို့ထိုးခြင်းပျောက်ကင်းစေပါတယ်။

(၂) ဒါတင်မကပါဘူး။ အမျိုးသမီးများ မီးယပ် သွေးချုပ်ခြင်း၊မီးယပ်ငုတ်ခြင်းကို ဖယ်ရှားပေးကာ မီးယပ်သွေးကိုမှန်ကန်စေပါတယ်။

(၃) ကလေးတွေအတွက် အရွက်ညှစ်ရည်ကို လက်ဖက်ရည်ဇွန်း(၂)ဇွန်းလောက်တိုက်ပေးပါက ဝမ်းတွင်းကသန်ကောင်တွေကို သေစေပါတယ်။

(၄) အလှအပကျန်းမာရေးအတွက် လူအတော်များများ စိတ်ညစ်ကြရတဲ့ ဥိးခေါင်းကသန်း၊ဗောက်၊အနာအဆာ များ ကို ခေါင်းလျော်ရည်ထဲနာနတ်ရွက်ထုချေရောစပ်ပြီး လျှော်ပေးလိုက်ခြင်းဖြင့် ပျောက်ကင်းစေပါတယ်။
စမ်းသပ်ပြီးလည်း လျှော်ဖူးပါတယ်။
ဒါပြင်ဆံပင်ကိုလည်းပျော့ပျောင်းစေပါတယ်။

(၅) နောက်တစ်ချက်ကတော့ ဇက်ကြောတက် သူတွေ၊အညောင်းအညာသမားတွေ ညအိပ်ရာဝင်ချိန် နာနတ်ရွက်ကိုထုချေကာ ဆားနဲ့ ရောပြီးခြေထောက်ကို ပွတ်ပေးပါ။
ပြီးမှရေလောင်းပါ။ အံဖွယ် အပူတွေထွက်လို့ အညောင်းအညာဇက်ကြောတက်တာတွေ သက်သာပျောက်ကင်းသွားမှာပါ။
နာနတ်ရွက်လေး(၁)ရွက်ကို တန်ဖိုးရှိရှိ အကျိုးသိစွာသုံးနိုင်ကြပါစေ…..
ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်

Credit original writter
#ကျန်းမာရေးဗဟုသုတ #ဗဟုသုတ

အရိုးအဆစ်နာကျင်ခြင်းသည် လူအများကြားတွင် အဖြစ်များသော ရောဂါဝေဒနာတစ်ခု ဖြစ်ပါတယ်။ အရိုးအဆစ်နာကျင်ခြင်းက အလွန်မသက်မသာဖြစ်စေ...
08/08/2025

အရိုးအဆစ်နာကျင်ခြင်းသည် လူအများကြားတွင် အဖြစ်များသော ရောဂါဝေဒနာတစ်ခု ဖြစ်ပါတယ်။ အရိုးအဆစ်နာကျင်ခြင်းက အလွန်မသက်မသာဖြစ်စေပြီး အနည်းဆုံး စိတ်အနှောက်အယှက်လည်း ဖြစ်နိုင်ပါတယ်။

အဓိက အကြောင်းအရင်းကတော့ ထိခိုက်မိခြင်းနှင့် အရိုးအဆစ် ယောင်ယမ်းခြင်းကြောင့်ဖြစ်ပါတယ်။ ဒီလိုအရိုးအဆစ် နာကျင်ခြင်းဖြစ်လာတဲ့အခါ ငွေကြေးကုန်ကျမှုမရှိတဲ့ သဘာဝဆေးနည်းလေးနဲ့ ကုသနိုင်ပါတယ်။

ဂေါ်ဖီထုပ်ဟာ ကျန်းမာပြီး အရသာရှိတဲ့ ဟင်းသီးဟင်းရွက် ဖြစ်ပါတယ်။ ဂေါ်ဖီထုပ်ကို စားသုံးတာကအကျိုးကျေးဇူးတွေ အများကြီး ရရှိစေပါတယ်။

#ဂေါ်ဖီထုပ်မှာ အင်တီအောက်ဆီဒင့်၊ အိုင်းယွန်း၊ ပိုတက်စီယမ်နှင့် မြောက်မြားစွာသော ဗီတာမင်တွေ အများကြီးပါဝင်ပါတယ်။ သွေးနဲ့ပတ်သတ်တဲ့ အဆိပ်ကိုလည်း ဖြေပေးနိုင်ပြီး အဆစ်ရောင်ခြင်းကိုလည်း သက်သာစေပါတယ်။

အရေပြားကို နုပျိုစေပြီး ဝက်ခြံတွေကို ဖယ်ရှားပေးပါတယ်။ psoriases၊ နှင်းခူနှင့် အကောင်ကိုက်ခြင်းကဲ့သို့ တခြားအရေပြားဝေဒနာတွေကိုလည်း သက်သာစေပါတယ်။

ဂေါ်ဖီထုပ်အမျိုးမျိုးမှာ မတူညီတဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။ အစိမ်းရောင်ဂေါ်ဖီထုပ်ကို ဥပမာ များသောအားဖြင့် အသုပ်နှင့် ဟင်းအရံအဖြစ် ထည့်သွင်းကြပါတယ်။ ဒါက ခန္ဓာကိုယ်အတွက် ဗီတာမင်အများကြီး ပေးပါတယ်။

#အနီရောင်ဂေါ်ဖီထုပ်က ငရုပ်ကောင်းအရသာ အနည်းငယ်ရှိပြီး ခန္ဓာကိုယ်ကို အာဟာရတစ်ချို့ ပေးပါတယ်။Wombok လို့ခေါ်တဲ့ တရုတ်ဂေါ်ဖီထုပ်က ခန္ဓာကိုယ်အတွက် အလွန်အကျိုးရှိပြီး အဆစ်နာကျင်မှုအတွက် ကုသ၊ ကာကွယ်နိုင်ပါတယ်။

အရိုးအဆစ်နာကျင်မှုကို သက်သာစေဖို့ အတွက် လိုအပ်တာကတော့ ဂေါ်ဖီထုပ်(အကောင်းဆုံးကတော့ အောဂဲနစ်အနီရောင် ဂေါ်ဖီထုပ်ဖြစ်ပါတယ်)၊ အလူမီနီယမ် သတ္တုပါး (Aluminum foil)၊ စည်းနှောင်စရာပတ်တီး။

ဘယ်လိုလုပ်မလဲ ၁။ ဂေါ်ဖီထုပ်၏ အပြင်အရွက်တစ်ခုကို ရေဖြင့် ဆေးကြောပါ။ ခြောက်သွေ့အောင်ထားပါ။ မာတဲ့ ပင်စည်တွေကို ဖယ်ရှားပါ။

၂။ ဂေါ်ဖီက ကြွပ်နေရင် လိပ်လို့အဆင်မပြေတာကြောင့် အနည်းငယ်နွမ်းသွားအောင် အရွက်ပေါ်မှာ ပုလင်းကဲ့သို့ လှိမ့်စရာတစ်ခုခုနှင့် လှိမ့်ပေးပါ။ ဒါမှမဟုတ် နွေးသွားအောင် မီးဖိုပေါ်မှာ ခဏထားပေးပါ။ ပြီးနောက် Aluminum foil ထဲမှာ ဖြန့်ပြီး နာကျင်နေတဲ့ နေရာပေါ်မှာ ပတ်ပေးပါ။

ပြီးမှ အပေါ်က ပတ်တီးတစ်ခုနှင့် ထပ်ပတ်ပေးပါ။ နာကျင်မှု သက်သာသွားတဲ့အထိ ပတ်ပေးထားလို့ ရပါတယ်။ ထိုသက်ရောက်မှုက #ချက်ချင်းနီးပါးကို ဝေဒနာကို သက်သာစေပါတယ်။

ပြန်လည်မျှဝေပါသည်
#ကျန်းမာရေးဗဟုသုတရကြပါစေ

08/08/2025

တစ်ချိန်ကျရင် အသုံးဝင်လာလိမ့်မယ်...
Save ထားပါ..🌳🌳🌳

၁။ ဆားအခတ်များသွားလျှင် အာလူးအလုံးလိုက် (၂/၄)လုံးထည့်ပါ။

၂။ ပဲပြုတ်သည့်အခါ.. စားချင်သဖွယ် အိအိဖောင်းဖောင်း ဆိမ့်ဆိမ့်လေးဖြစ်အောင် ရေလဲပြီးသောအခါ ရေအနည်ငယ်ထည့်၍ ထန်းလျက်(၂)လုံးခန့် ထည့်ထားလိုက်ပါ။

၃။ ကန်စွန်းရွက်ကို အစိမ်းရောင်လေးအတိုင်းပဲ စားချင်စဖွယ်ဖြစ်လိုပါက အဖုံးမအုပ်ဘဲ ကြော်ပါ။

၄။ ဒန်အိုးဒန်ခွက်များ ပြောင်စင်လိုပါက ဂေါ်ဖီထုတ်မှ အရွက်ကြမ်းဖြင့် ပွတ်တိုက်ပါ။

၅။ လက်ဘက်ရည်အိုး၊ ခွက်၊ အစွန်း အထင်းများ ပြောင်စင်လိုပါက ဆော်ဒါ(သို့မဟုတ်) လက်ချားအမှုန့် ထည့်ပြီး ညသိပ်ထားပါ။

၆။ အိမ်သာကြွေခွက်, ကျောက်ပြားများ သန့်ရှင်းလိုပါက လက်ချားမှုန့်နှင့်ရှောက်ရည် ရောစပ်ပြီး ပွတ်တိုက်ပါ။

၇။ ယင်ပေါလျှင် ဖယောင်းတိုင် (၂)တိုင် ထွန်းပါ။

၈။ အင်္ကျီကော်လံမှ ဆီချေးများကို ရှန်ပူခေါင်းလျှော်ရည်ဖြင့် ပွတ်တိုက်လျှော်ပါ။🍀🍀🍀

၉။ ပုရွက်ဆိတ်မလာလိုသော်.. ကန့်မှုတ်ကို နည်းနည်းဖြူးပေးပါ။

၁၀။ ဟင်းရဲ့အနံ့အသက် လက်မှာစွဲနေလျှင်.. မာလကာရွက်နဲ့ ပွတ်တိုက်ပေးပါ။

၁၁။ အာလူးနွမ်းပြီး မလတ်ဆတ်သော်.. မှန်ရောင်သကြားအနည်းငယ် ထည့်ပြီး ပြုတ်ပါ လတ်ဆတ် တဲ့အာလူပြုတ်လိုပဲ အရသာကောင်းပါလိမ့်မည်။

၁၂။ ဟင်းချိုလိုသော်.. ဘူးသီးခြောက်ခတ်ပြီး သောက်ရင်ချိုပါသည်။

၁၃။ မီးပူလောင်သော် ကွမ်းရွက်နဲ့သကြားကို ရောကြိတ်ပြီး အုံပါ။

၁၄။ အဝတ်မှင်စွန်းသော်.. ရေနံဆီသန့်သန့် အစက်ချဆွတ်ပြီး ဆပ်ပြာနဲ့လျှော်ဖွတ်ပါ။

၁၅။ ကြမ်းပိုးရှိသော်.. ရေနံဆီနဲ့ မကြာမကြာ ကြမ်းတိုက်ပါ။

၁၆။ ခံတွင်းနံ့မကောင်းသော်...သွားပွတ်တံမှာ ပရုတ်ရည် တစ်စက်နှစ်စက်ထည့်ပြီး သွားတိုက်ပါ။ (သို့မဟုတ်)
ပရုတ်မှုန့်ထည့့်ပြီး သွားတိုက်ပါ။

၁၇။ ဟင်းများဆားငန်သော်.. မီးခဲရဲရဲ တစ်ခဲထည့်ပါ။ (၂)မိနစ်ခန့်ကြာ၌ယြ ပြန်ထုတ်ယူပါ။

၁၈။ ကွမ်းသွေးစွန်းသော်.. ခရမ်းချဉ်သီး ပွတ်တိုက်ပေးပြီး လျှော်ပါ။

၁၉။ နွားနို့မချဉ်အောင်ထားလိုသော်.. နွားနို့ထဲသို့ ငရုတ်သီးစိမ်း(၃)တောင့် အညှာဖြုတ်ပြီး ထည့်ထားပါ။

၂၀။ ပရွတ်ဆိတ်များ မလာလိုသော်.. သခွားသီးအား ပါးပါးလှီးပြီး ချထားပါ။🍓🍓🍓

၂၁။ ဖန်ဖွက်ထဲ ရေနွေးပူပူထည့်လိုသော်.. ဇွန်းတစ်ချောင်းကို ဖန်ခွက်ထဲအရင်ထည့်ပြီး ရေနွေးပူပူ ဖြေးဖြေးထည့်ပါ။

၂၂။ သံချေးစွန်းသော်.. အကြမ်းပန်းကန်တစ်လုံးခန့် ဆန်ပြုတ်၍ စွန်းသောအဝတ်ကို (၅)နာရီခန့်စိမ်ပြီး ဆပ်ပြာဖြင့် ဖွတ်လျှော်ပါ။

၂၃။ ကြွက်များပြေးလိုသော်.. ရှိန်းခိုကို ရေဖျော်၍ ကြွက်လာလမ်းတွင် ဖျန်းထားပါ။

၂၄။ ခေါင်းတစ်ခြမ်းကိုက်သော်.. ထောပတ်အနည်းငယ် ရှူပါ။

၂၅။ ဒူးရင်းသီးတောက်သော်.. ဒူးရင်းသီးအခွံထဲ ရေထည့်၍ သောက်ပါ။ ရေဝအောင်ချိုး၊ မင်းကွတ်သီးစားပေးခြင်းတို့ဖြင့် ပျောက်ကင်းပါသည်။

၂၆။ ပိုးဟပ်ပြေးလိုသော်.. လေးညှင်းပွင့်များထောင်း၍ ဖြူးထားပါ။

၂၇။ မှိုနှင့်တညင်းသီး တောက်သော်.. တောက်တာဥကို ဆန်ဆေးရည်နှင့်သွေး၍ သောက်ပါ။

၂၈။ သံပုရာသီး ကြာရှည်ထားလိုသော်.. ပုလင်းသန့်သန့်ဖြင့် လေလုံအောင်ထားပါ။

၂၉။ ခေါင်းကိုက်သော်.. လက်ဘက်ရည်ကျကျ ကျိုပြီးသားထဲ သံပုရာရည်ညှစ်ပြီး သောက်ပါ။

၃၀။ မျက်နှာလှပလိုသော်.. မျက်နှာမသစ်မီ သံပုရာသီးကို ထက်ခြမ်းခွဲ၍ မျက်နှာပွတ်ပေးပြီး ရေနွေးနွေးဖြင့်ဆေးပါ။ အဖုအပိမ့်ကင်းစင်ပြီး ချောမွေ့စေမည်။

၃၁။ ခရီးသွား ကားမူးသော်.. ချက်ကို ပလာစတာလုံအောင် အုပ်/ကပ်ပြီး ခရီးသွား ကားမမူးပါ။

၃၂။ ဆီးချိုရောဂါ အမြစ်ပြတ်လိုသော်.. ဆလတ်ရွက်ကို နေ့စဉ်ထမင်းစားတိုင်း တို့စရာအဖြစ် စားပါ။

၃၃။ ရှောက်ပင်အသီးတင်လိုသော်.. ပင်စည်ကို အမဲရိုးများနဲ့ ကြပ်စည်းပေးပါ။

၃၄။ ဒူးနာသော်.. ဘဲဥအကာလိမ်းပါ။

၃၅။ အနံ့ဆိုးကင်းလိုသော်.. အိမ်သာ(သို့မဟုတ်) ငါးပိ, ငါးခြောက်ထားရာ လူမမာရှိရာအိမ်၏ မီဖိုချောင်ထဲမှာ ကျောက်ဖရုံသီးကို အပ်များဖြင့် အပေါက်ဖောက်၍ ချိတ်ဆွဲထားပါ။ ကျောက်ဖရုံသီးကား ညှော်နံ့နှင့် အနံ့ဆိုးများကို စုပ်ယူသည်။

🍀🍀🍀🍀🍀🍒🍒🍒🍀🍀🍀🍀🍀

ကျွန်တော်တို့တင်ပြပေးထားသည်ဖတ်၍မိဘပြည်သူများအနေဖြင့်
ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လေးစားစွာဖြင့်မူရင်းရေးသားသူကို
Creditပေးပါတယ်

🗣ဘာတုတ်ကွေးပဲလာလာသူ့သာကြိုသောက်ထားလိုက်ပြုတ်သောက်ဖြစ်အောင်ပြုတ်သောက်ကြပါ။လွန်ခဲ့တဲ့၂ နှစ်ကျော်လောက်က ရေးတင်ခဲ့ဘူးပါတယ်။တ...
08/08/2025

🗣ဘာတုတ်ကွေးပဲလာလာသူ့သာကြိုသောက်ထားလိုက်

ပြုတ်သောက်ဖြစ်အောင်ပြုတ်သောက်ကြပါ။
လွန်ခဲ့တဲ့၂ နှစ်ကျော်လောက်က ရေးတင်ခဲ့ဘူးပါတယ်။

တုတ်ကွေးရောဂါ၊ကြက်ငှက်တုတ်ကွေး၊ဝက်တုတ်ကွေးအစရှိတဲ့ကူးစက်ရောဂါတွေအတွက်ဆေးစွမ်းကောင်းပါ။ကာကွယ်ပါတယ်။

ရေနွေးပွက်ပွက်ဆူအောင်တည်ပါ။

ရေဆယ်ဖန်ခွက်ဆိုရင်နာနတ်ပွင့်(ပုံပြပါ) ကိုအပွင့်နှစ်ဆယ်ခန့်ထည့်ပါ။

ပြီးရင်ငါးမိနစ်မှဆယ်မိနစ်လောက်ပြန်ပြုတ်ပေးပါ။

ထိုနာနတ်ပွင့်ပြုတ်ရည်ကိုလူကြီး၊ခလေးအားလုံးသောက်ပေးပါ။ဖန်ခွက်တစ်ဝက်စီလောက်သောက်ပေးပါ။

ခလေးများကိုသကြားလေးအနဲငယ်ထည့်ပြီး ဖျော်ရည်လေးသဖွယ်ဝင်အောင်တိုက်ပေးပါ။

ယခုရောဂါဖြစ်ပွားနေချိန်တွင်တစ်ပတ်တခါလောက်သောက်ပေးပါ။

ကြိုတင်ကာကွယ်ပါ။
ထိုနာနတ်ပွင့်ပြုတ်ရည်သည်တုတ်ကွေးရောဂါအားလုံးကို
ကာကွယ်ပေးပါသည်။

တတ်နိုင်သူများမိမိပတ်ဝန်းကျင်ကိုဆေးဒါနပြုကြပါ။

ချစ်သူငယ်ချင်းအားလုံးကိုချစ်ခင်လေးစားတယ်...

ပရဆေးဆိုင်တွင်နာနတ်ပွင့်ဟုမေးဝယ်ပါ...။

; မူရင်း

#ကျန်းမာရေးဗဟုသုတရကြပါစေ

🥰🥰
07/08/2025

🥰🥰

သဘာဝချောင်းဆိုးပျောက်ဆေးဖြစ်တဲ့ ဇီယာရွက်ထူရဲ့ ကျန်းမာရေးအကျိုးပြုပုံနှင့် ဆေးနည်းတိုများ

ကျန်းမာရေးအတွက်သာမက စူးရှတဲ့ရနံ့ကြောင့် ဟင်းခတ်အမွှေးအကြိုင်အနေနဲ့လည်း သုံးကြပါတယ်။

🍃အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို သက်သာစေနိုင်တယ်

အအေးမိတာကြောင့် လည်ချောင်းနာနေ နှာစေးနှာပိတ် ချောင်းဆိုးနေမယ်ဆိုရင်တော့ ဇီယာရွက်ကို ရေစင်အောင်ဆေးပြီး ဝါးစားပေးပါ။ ဒါမှမဟုတ် ရေနွေးဆူဆူထဲကို ထည့်ပြီးသောက်ပေးပါ။ ချွဲတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ အသက်ရှုလမ်းကြောင်းတလျှောက်မှာ ဘက်တီးရီးယားတွေရှိနေရင်လည်း အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပြီး ကိုယ်ခံအားကိုလည်း ကောင်းစေနိုင်ပါတယ်။

🍃နှာခေါင်းပိတ်တာကိုသက်သာပျောက်ကင်းစေခြင်း

နှာခေါင်းပိတ်ပါက ဇီယာရွက်ထူပင်အရွက်ကို လက်ထဲပွတ်ချေကာ ရှုပေးခြင်းဖြင့် နှာခေါင်းပိတ်ခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

🍃အဖျားသက်သာစေနိုင်တယ်

အအေးမိဖျားနာခံစားရတဲ့အခါမှာလည်း အဖျားသက်သာစေဖို့ ဇီယာရွက်ကို စားသုံးပေးလို့ရပါတယ်။ ဇီယာရွက်က ကိုယ်ခံအားကောင်းစေနိုင်သလို ချွေကနေတဆင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အနာကျက်လည်းမြန်စေနိုင်ပါတယ်။

🍃ကင်ဆာကာကွယ်ပေးနိုင်တယ်

ဇီယာရွက်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင်ပါဝငနေတာကြောင့် ကင်ဆာဆဲလ်တွေပွားတာကို တားဆီးပေးနိုင်သလို ခန္ဓာကိုယ်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် ထိခိုက်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

🍃ကျောက်ကပ် ကျန်းမာစေနိုင်တယ်

ဇီယာရွက်က ဆီးရွှင်စေနိုင်ပြီး ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဆီးကနေတဆင့် ဖယ်ရှားပေးနိုင်ပါတယ်။ ကိုယ်တွင်းမျာပိုနေတဲ့ အငန်ဓာတ်တွေ၊ အဆီဓာတ်တွေ၊ ရေဓာတ်တွေကို ဆီးကနေတဆင့် စွန့်ထုတ်ပေးပါတယ်။ ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုတွေကို အဆင်ပြေပြေလုပ်ဆောင်နိုင်စေမှာပါ။

🍃နာတာရှည်အူလမ်းကြောင်းဆိုင်ရာ ပြဿနာစု ကိုသက်သာစေနိုင်တယ်

အစာအိမ်နာတာနဲ့ အစာခြေစနစ်ရောင်ရမ်းတာတွေကို သက်သာစေနိုင်သလို နာတာရှည်အူလမ်းကြောင်းဆိုင်ရာ ပြဿနာ ခံစားနေရတာကိုလည်း သက်သာစေနိုင်ပါတယ်။ဇီယာရွက်ကို ရေစင်အောင်ဆေးလို့ ရေနွေးထဲစိမ်ပြီး သောက်ပေးပါ။

🍃အဆစ်ရောင်တာကို သက်သာစေနိုင်တယ်

Omega-6 fatty acids ကြွယ်ဝစွာပါဝင်နေတာကြောင့် အဆစ်ရောင်နာဖြစ်နိုင်ခြေကို နည်းစေနိုင်သလို ဖြစ်လာခဲ့ရင်လည်း အဆစ်နာတာကို သက်သာစေနိုင်ပါတယ်။ အရိုးပွရောဂါကို ကာကွယ်ဖို့အတွက်လည်း စားသုံးပေးလို့ရပါတယ်။

🍃အမြင်အာရုံကောင်းစေတယ်

ဗီတာမင် A ကြွယ်ဝစွာပါဝင်နေမှုကြောင့် အမြင်အာရုံကို အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။ မျက်လုံးကြွက်သားတွေကိုလည်း ကျန်းမာစေနိုင်ပါသေးတယ်။

🍃ဗောက်ပျောက်စေခြင်း

ဗောက်ခဏခဏထတတ်တဲ့သူတွေအတွက်ဆိုရင် ဇီယာရွက်ထူအရွက်ပြုတ်ရည်ဖြင့် မကြာခဏခေါင်းလျှော်ပေးပါက ဗောက်ထခြင်းကိုပျောက်ကင်းသက်သာစေနိုင်ပါတယ်။

🍃 အိပ်မပျော်တာ၊ခေါင်းမကြာခဏကိုက်တာ၊ရာသီပေါ်ရင်ကိုက်ခဲနာကျင်တာကိုသက်သာစေခြင်း

အိပ်မပျော်တဲ့သူတွေ၊ခေါင်းမကြာမကြာကိုက်တတ်တဲ့သူတွေ၊ရာသီပေါ်ရင်ကိုက်ခဲနာကျင်တတ်လေ့ရှိတဲ့အမျိုးသမီးတွေဆိုရင် ဇီယာရွက်ထူအရွက်ကိုအခြောက်လှမ်းကာ ရေနွေးထဲ့အရွက်ခြောက်ထည့်ခတ်ပြီး မကြာခဏသောက်ပေးပါက အိပ်မပျော်တာ၊ခေါင်းမကြာခဏကိုက်တာ၊ရာသီပေါ်ရင်ကိုက်ခဲနာကျင်တာတွေကို သက်သာစေနိုင်ပါတယ်။

🍃စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တယ်

စိတ်ဖိစီးနေတာ၊ စိတ်ပူပန်မှုတွေများနေရင်လည်း ဇီယာရွက်ကို စားပေးလို့ရပါတယ်။ စိတ်ဖိစီးနေတာကို သက်သာစေဖို့အတွက် ရေနွေးဆူဆူထဲမှာ ရေစင်အောင်ဆေးထားတဲ့ ဇီယာရွက် ကို စိမ်ပြီး သောက်ပေးလို့ရပါတယ်။ စိတ်ကိုတည်ငြိမ်စေသလို ညတိုင်းလည်း အိပ်ပျော်စေမှာပါ။

🍃 အသားအရေကျန်းမာစေနိုင်တယ်

အရေပြား​ပြဿနာအတွက်လည်း ဇီယာရွက် ကို အသုံးပြုပေးလို့ရပါတယ်။ အရေပြားမျာ ပိုးကောင်ကိုက်ခံရတဲ့အခါ ဇီယာရွက်ကို ရေစင်အောင်ဆေးပြီး ကြိတ်ခြေလို့ အုံပေးလို့ရပါတယ်။ အရေပြားမှာ နီမြန်းရောင်ရမ်းနေတာတွေ၊ ယားယံနေတာတွေရှိမယ်ဆိုရင်လည်း သက်သာစေမှာပါ။

အရေပြားထိခိုက်ရောင်ရမ်းတာတွေဖြစ်ပါက ဇီယာရွက်ထူအရွက်ကို ရေစင်အောင်ဆေးကာ ကြေအောင်ထုထောင်းပြီး ဖြစ်တဲ့အရေပြားနေရာပေါ်ကို ပုံပါ။ပြီးရင် အဝတ်ထူနဲ့စည်းထားပါ။

Essential oils များစွာပါဝင်တာကြောင့်ခြင်းပြေးနိုင်လို့ သဘာဝခြင်ဆေးအနေနဲ့သုံးနိုင်သည်။

ဇီယာရွက်ထူပင်ကို နှာစေးချောင်းဆိုးရောဂါ၊ပန်းနာရင်ကျပ်ရောဂါ၊ဝမ်းပျက်ဝမ်းလျှောရောဂါ၊ဝမ်းကိုက်ရောဂါ၊နားရောဂါတို့အတွက် တိုင်းရင်းဆေးဖော်စပ်ရာမှာ တခြားဆေးဘက်ဝင်အပင်ပစ္စည်းတွေနဲ့အချိုးကျရောပြီး သုံးလေ့ရှိပါတယ်။

Forskolin ဟာသွေးပေါင်ကိုကျစေတာကြောင့် နှလုံးရောဂါရှိသူ သွေးမတိတ်ရောဂါရှိသူ ခွဲစိတ်ကုသမှုခံယူမယ့်သူများရှောင်ကြဥ်သင့်သည်။

Eugenol ပမာဏများပါက သန္ဓေသားထိခိုက်နိုင်တာကြောင့်ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်တွေလည်းမသုံးစွဲသင့်ပါ။

Credit: တိုင်းရင်းဆေး နှင့် ကျန်းမာရေး🌱🌿🍃

ခါးနာ၊နောက်ကျောနာခြင်းကို ငါးမိနစ်အတွင်း သက်သာသွားစေမယ့် နည်းလမ်းကောင်းများ•••••••••••••••••••••••••••••••••••••••••••••...
07/08/2025

ခါးနာ၊နောက်ကျောနာခြင်းကို ငါးမိနစ်အတွင်း သက်သာသွားစေမယ့် နည်းလမ်းကောင်းများ
•••••••••••••••••••••••••••••••••••••••••••••••••••

လူတော်တော်များများ အများဆုံးဖြစ်လေ့ ရှိတဲ့ဝေဒနာ ကိုပြောပါဆိုရင် နောက်ကျောဘက်နာကျင်ခြင်း ပါပဲ။ ခါးနာကြ တယ်။ ကျောနာကြတယ် စတဲ့ဝေဒနာတွေ ခံစားရတဲ့ အခါ လူကလည်း သက်တောင့် သက်သာ မရှိပဲ ပင်ပန်း ပါတယ်။ဒီလိုဝေဒနာတွေ ခံစား လာရပြီ ဆိုရင် သင့်အနေနဲ့ ဒီနည်းလမ်းကောင်းတွေ ထဲက တစ်နည်းနည်းကို စမ်းသပ်ကြည့် သင့်ပါတယ်။ ဘယ်လို နည်းလမ်းတွေက ခါးနာကျောနာခြင်းကိုသက်သာစေလဲဆိုရင်...

👉 ကျောရိုးကိုအနားပေးခြင်း
==============

အိမ်မှာရှိနေတဲ့ အချိန်ဆို ဒီနည်းလေးကို သုံးကြည့်သင့် ပါတယ်။ ပထမဆုံး ကြမ်းပြင်မှာထိုင်လိုက်ပါ။ ပြီးရင်ခြေထောက်နှစ်ချောင်း ကိုဖြောင့်တန်းစွာ ထားလိုက် ပါ။ ခြေထောက်နှစ်ဖက် ၁၀ စင်တီမီတာလောက်ခြား ထားပါ။ ပြီးရင် စောင်တစ်ထည်ကို ထူထူလေးဖြစ်အောင်လိပ်ပြီး ပုံထဲမှာပြထားသလို ဒူးအောက်မှာထားပါ။ ပြီးရင်ခေါင်းအုံးကို ခြေထောက်ပေါ်မှာတင်ထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးကို ခေါင်းအုံးနဲ့ ထိတဲ့ အထိကွေး လိုက်ပါ။ အဲ့ဒီ အနေအထားအတိုင်း ၅မိနစ်ကြာ မှာနေပါ။ ဒီနည်းလေးက နောက်ကျော ဘက်ကြွက်သားတင်းအားတွေ ကိုပြေလျော့စေပြီး ခါးနာ၊ကျောနာခြင်းကို သက်သာ သွားစေပါတယ်။

👉 ဆားခါးနဲ့ခြေထောက်စိမ်ပါ
================

-ခြေထောက်စိမ်ရရုံ အနေအထားလောက် ခပ်နွေးနွေးရေဇလုံ တစ်ခုယူပါ။အဲ့ဒီထဲကို ဆားခါး ခွက်တစ်ဝက်စာလောက်ရော ထည့်ပြီးမွှေ လိုက်ပါ။ ပြီးရင်ခြေထောက်ကို ၅မိနစ်ကနေ ၇မိနစ်လောက်ထိ ထည့်စိမ် ထားပါ။အချိန်ပြည့်တဲ့အခါ ခြေထောက်ကိုထုတ်ပြီ းခပ်နွေးနွေးရေလေးနဲ့ ထပ်ပြီးဆေး လိုက်ပါ။ ပြီးရင်တော့ စောင်လေးနဲ့ဖြစ်စေ ခြေထောက်ကို ပတ်ထားလိုက်ပါ။ ဆားခါးက အကြောတွေ၊ကြွက်သား နာကျင် တာတွေ ကိုပြေလျော့စေ တဲ့အတွက် ဆားခါးစိမ် လိုက်တဲ့ အခါ ခန္ဓာကိုယ်တစ်ခုလုံးက စုပ်ယူလိုက်တဲ့ အတွက် နောက်ကျောဘက် နာကျင်မှု ကိုလည်းသက်သာသွားစေ ပါတယ်။

👉 ဒူးအနောက်ဘက်က အကြောလေးတွေကိုဖိပါ
========================

ဒူးအနောက်ဘက် အလယ် တည့်တည့်မှာ အကြောအမှတ်လေးတွေ ရှိပါတယ်။အဲ့ဒီအကြောနေရာလေးကို လက်မနဲ့ ဖိပေးပြီး အသက် ကိုပြင်းပြင်း ရှုပါ။၂မိနစ်ကနေ ၃မိနစ်ထိဖိထားပေးနိုင် ပါတယ်။ ဒီအကြောလေးတွေကို ဖိပေးတာ ကလည်း ခါးနေရာတစ်ဝိုက်ကြွက်သားနာကျင်မှု ကိုလျှော့ချပေးနိုင် တယ်လို့ သိရပါတယ်။

Credit original writter
#ကျန်းမာရေးဗဟုသုတ #ဗဟုသုတ & Knowledge

🗣 ငွေများများကုန်တာတောင် မပျောက်တဲ့ သားအိမ်အကြိတ်ကို သင်္ဘောဖိုပင်အစွမ်းကြောင့် ပျောက်ကင်း…👉 အစာအိမ်ဖြစ်တဲ့သူတွေလဲသောက်န...
07/08/2025

🗣 ငွေများများကုန်တာတောင် မပျောက်တဲ့ သားအိမ်အကြိတ်ကို သင်္ဘောဖိုပင်အစွမ်းကြောင့် ပျောက်ကင်း…

👉 အစာအိမ်ဖြစ်တဲ့သူတွေလဲသောက်နိုင်ပါတယ် အရမ်းကောင်းပါတယ်။ အဖိုပင်ပါ သူ့အမြစ်ကို သကြားနဲ့ ရောပြုပ်ပြီးစားရင် အသည်းရောဂါပျောက်ပါတယ်။
အကြမ်းပန်ကန်လုံးနဲ့ မနက်တခွက်ညတခွက်သောက်ပေးပါ တပါတ်အတွင်းသိသာလာလိမ့်မယ်…အဖိုပင်ပါ သူ့အမြစ်ကို သကြားနဲ့ရောပြုပ်ပြီးစားရင် အသည်းရောဂါပျောက်ပါတယ်။
သဘောပင်အဖို အမ သိချင်ရင်.......

👉 အမြစ်အဖျားကိုကြည့်ပါ အမြစ်အခွပါရင်အမ အခွမပါရင်အဖို။ ကျနော်ကတော့သင်္ဘောရွက်လတ်လတ်ဆတ်ဆတ်ကို ပြုတ်လည်းစားတယ် ….မီးမြှိုက်ပြီးလည်း ရေစင်စင်ဆေး ငပိချက်နဲ့တို့စားပါတယ်

👉 ထူးခြားချက်ကတော့ ကျနော်ဝမ်းနဲ့ပတ်သက်တဲ့ ရောဂါအစာအိမ်ဝေဒနာလံးုဝမရှိပါကြောင်း တဲ့ဗျာ…..ငွေ(၁၅)သိန်းလောက်ကုန်တာတောင်မပျောက်တဲ့ သားအိမ်အကြိတ်ကို သင်္ဘောဖိုပင်အစွမ်းကြောင့်ပျောက်ကင်း ဆေးကုသိုလ် ရှယ်ပေးပါ

မိမိ ပတ်ဝန်းကျင်သိရအောင် ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ရတဲ့သင်္ဘောရွက်အစွမ်း ကျွန်တော် အိမ်ဘေးက ၂၂နှစ်အရွယ် ကလေးမလေးရောဂါစဖြစ်ပါတယ်။

သူတို့စဖြစ်တဲ့ ရောဂါဟာ ဗိုက်မှာ ဘာရယ်မသိတဲ့ အလုံးလေးစတည်လာပါတယ်။အဲ့မှာ တောဓလေ့ မြန်မာပီပီအချို့က ဗိုက်ကြီးတယ်ပြောလို့ပြော လင်ပြောရမှာ ရှက်တာနေမှာဆိုလိုဆိုနဲ့မိဘတွေကလဲ ရိုးချက်သားသမီးကိုမယုံပဲ သူများပြောစကားနဲ့ ကလေးမလေးကို စတင်ပြီး မကြည်ပါတော့တယ်။

ကလေးမလေးမှာ ရောဂါထက် ပတ်ဝန်းကျင်ရိုက်ခက်မှု့ဒဏ်ကြောင့် ခုခံအားကျဆင်းလာပြီး တစ်နေ့ထက် တစ်နေ့ ပိန်ခြုံးချိလာပါတော့တယ်။ဒီလိုနဲ့ မဖြစ်တဲ့ အဆုံးမှာ ဆေးရုံကို စတင်ပြီးတက်ဖို့ ဆုံးဖြတ်ရာကနေ ကလေးမလေးမှာ စဖြစ်ဖြစ်ချင်း ရောဂါနုပေမဲ့ မိဘတွေရဲ့ ပေါဆမှု့ကြောင်း ရောဂါရင့်ကြပ်နေခဲ့ပါပြီ။

ဒီလိုနဲ့ ဆေးရုံတင်လိုက်တဲ့ အချိန်မှာ သအိမ်ထဲမှာ အကြိတ်ကင်ဆာဖြစ်နေပြီးဆိုတာ စစ်ဆေးချက်ထွက်လာပါတော့တယ်။ ဒီလိုနဲ့ စဆေးရုံတင်လိုက်တဲ့ အချိန်မှာ ဓတ်ကင်ရတာနဲ့ ဘာနဲ့ဆိုတော့ ကလေးမလေး ခေါင်းမှာလဲ ဆံပင်တွေ က မယ်သီလရှင် ခေါင်းတိုင်းဖြစ်နေပါတော်သည်။

အစ ပထမပတ်တက်ရင်းနဲ့ကိုငွေ ၁၀သိန်းကျော်လောက်ကုန်ခဲ့ပါပြီး အခြေခံလူတန်းစားဆိုတော့နဲနဲငွေအင်းအားလဲ ချိနေပြီးရှာနေရပါပြီး။ ဒီလိုနဲ့ နောက်တစ်လပတ်ကြာတော့ ဓတ်ဒုတိယအကြိမ် ကင်ရတော့မဲ့အချိန်မှာ မိခင်မှာ သူတွက် ငွေးတိုး ၁၅သိန်းချီးလာပြီးဆိုတာ ကောင်မလေးကလဲ သိနေပါတော့သည်။ ဆရာဝန်ကြီးကလဲ ပျောက်မယ်ဆိုတာ အာမခံကုသာကုနေရတယ်။

ဒီလိုနဲ့ ဆေးရုံကပြန်လာတော့ အခြေမဟန် ဆက်ကုဖို့လဲငွေအားကမနိုင်ဆိုတော့ သမီးလေးမှာ အမေရယ်..သမီးမခံစားနိုင်တော့ဘူးသမီးကို မကုပါတော့နဲ့ သမီးအသေသာခံလိုက်ပါတော့မည်ဆိုပြီးငိုပါလေရောလား။
ကျွန်တော် လဲ အဲ့အသံကြား Facebook ပေါ်က သင်္ဘောရွက်အကြောင်းက စာဖတ် ဒီလိုနဲ့ သွားတိုင်ပင်တယ်။ ဒီလိုဒီလိုတော့ရှိတယ် ကျွန်တော့် ကိုယုံလို့ရှိရင်ကျွန်တော် ပြောတဲ့ ဆေးနည်းကိုသောက်မှာလား ကျွန်တော် ရှာပေးမယ်ဆိုတော့။

မအေက မလုပ် သမီးကတော့အကိုရယ် ကျမသေလူပဲ အကိုဘာနေနေ သမီးအဆင်ပြေမယ်ဆိုသောက်ပါမယ်လို့ ကောင်မလေးက ခတ်ချိချိလေးနဲ့ ကတုံးလေးပြောရှာပါတယ်။
ဒီလိုနဲ့ ကျွန်တော် ဈေးရောင်းသွားရင်.ကုသိုလ် နေစဉ်ရအောင် သင်္ဘော(အဖို)ရောက်လေအရပ်တိုင်းရှာခူးပါတော့တယ်။

ဆေးနည်း သင်္ဘောရွက် (အဖို) ကို ငရုတ်ဆုံထဲ ထည့်ထောင်းပြီး အဖတ်ကို ပိတ်ဖြူထဲထည့် အရည် သီးသန့်ဖြစ်အောင် ညှစ်ချပြီး တနေ့ (အကြမ်းပန်းကန်လုံး) ၁ခွက် ကနေ ၂ ခွက် အများဆုံး သောက်ခဲ့ပါတယ်။
ဒီလိုနဲ့ ၁၅ရက်ကြာတော့ ကောင်မလေး ဆံပင်တစ်ပင်နှစ်ပင်စပေါက်လာတာကို ကျွန်တော် သတိထားမိလာပါတယ်။ အစားကလဲ လူသာပိန်နေပေမဲ့ ဘယ်အစားအစားမှမရှောင်တော့ပါဘူး။

နောက်တစ်လလောက်နေတော့ လူက ပြည့်ပြည့်၀၀ နဲနဲဖြစ်လာတော့ ကောင်မလေးက ဆေးရုံကိုတစ်ခေါက်လောက်သွားချင်နေပါတော့တယ်။
သူသွားချင်တဲ့အကြောင်းရင်းက သူရောဂါအခြေနေကို သိချင်နေတဲ့ ဆန္ဒ ပြင်းပြရင်မနက်ဆေးရုံသွား ချက်ချင်းဆရာဝန်ကလဲ အန့်တွေအော ကျွန်တော် ဖို့လဲ မုန့်တွေဝယ်လာပြီး အကို တဲ့ ကျမ အကြိတ်မရှိတော့ဘူးတဲ့ ဆရာက ဘာဆေးတွေသောက်တာလဲ မေးနေတယ်တဲ့။

ကျွန်တော် ဗျာ ဝမ်းသာလိုက်တာ ကိုယ်ကူညီလိုက်တဲ့ သေမင်းရောဂါသယ်က ပျောက်ကင်းသွားတော့ဘဝမှာ အတော်ကို ပီတိဖြစ်တဲ့နေ့ပဘဲ ဒါကြောင့် သင်္ဘောရွက်သည် ထိုရောဂါတစ်ခုထဲကိုသာပျောက်စေတာမဟုတ်ပဲ...
အမျိုးမျိုးသော အရာဆဲလ်တွေအမြစ်တွေကိုခြေနိုင်စွမ်းရှိတာမို့ ကင်ဆာသမားတွေအထူးသင့်တော်တယ်လို့ တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်။စာမရေးတတ်လို့အမှားပါရင်ခွင့်လွတ်ပါ။

Credit original writter
#ကျန်းမာရေးဗဟုသုတ #ဗဟုသုတ

06/08/2025

မိမိခန္ဓာကိုယ်ကိုကြည့်ပြီးကိုယ်တွင်းရောဂါများအား ခန့်မှန်းခြင်း များကိုတင်ပေးလိုက်တယ်နော်🥰🥰

၁. အချက်ကတော့
မနက်စောစော အိပ်ယာမှ ထရင် ဘေးမစောင်းပဲ ပက်လက်အနေအထားအတိုင်း ထကြည့်လိုက်လို့ မောမယ် မထနိုင်ဘူးဆိုရင်..
အဆုတ်
နှလုံး ရောဂါ
ရှိနိုင်သည်။

၂.++++++++++
မနက်အိပ်ယာထတွင် ခြေလက်များ ထုံကျဉ် သလိုလို လေးလံသလိုလို ဖြစ်နေရင်..
ဆီးချိုရောဂါ
ကျောက်ကပ်ရောဂါ
ရှိနိုင်သည်။

၃.++++++++
မနက်အိပ်ယာထ ခေါင်းတွေအုံ မျက်စိတွေ ကြည့်မကောင်း အကြောတွေတက် ဖြစ်နေလျင်..
သွေးတိုးရောဂါ
နှလုံးသွေးကြောကျဉ်းရောဂါ
ရှိနိုင်သည်။

၄.အချက်အနေနဲ့ကတော့...
ပူပန်စရာ အထူးမရှိပဲ ညစဉ် အိပ်မပျော်သလို အိပ်ရေးမဝသလို ဖြစ်နေလျင်..
အစာအိမ် နှင့်
သဲခြေအိတ် ရောဂါ
ရှိနိုင်သည်။

၅.+++++++++++
အမြဲ တခုခုအလိုမကျခြင်း ဒေါသအထွက် မြန်ခြင်း စိတ်တိုခြင်း ဝမ်းနည်းခြင်း ငိုချင်နေခြင်း တို့ဖြစ်နေလျင်..
စိတ်ကျရောဂါ
အသည်းအားနည်းရောဂါ
ရှိနိုင်သည်။
ဆသတသနသသနသမသမသနသနသမသမသမသမသမစမသမစ
၆.+++++++++
ရင်းသားအရွယ်အစားပုံမှန်ထက်ကြီးသော မိန်းခလေးများ..
ရင်သားကင်ဆာ
ဖြစ်နိုင်သည်။

၇. ++++++++++
လက်မောင်း ခြေသလုံး
ပုံမှန်ထက် တုတ်လွန်း ဝလွန်းသော
မိန်းခလေးများ..
သားအိမ်
အသည်း
သရက်ရွက်
ရောဂါရှိ နိုင်ပါသည်။

၈. မျက်လုံးမို့အစ်ခြင်း မျက်နှာ အဆီပြန်လွန်းပါက
လိင်ပိုင်းဆိုင်ရာရောဂါများနှင့်အခြားသောရောဂါမျာအပြင်အသည်းအဆီဖုံးရောဂါ
ရှိနိုင်ပါသည်။

၉. ပုံမှန်လက်စွပ်များ ဝတ်မရ ၊
ချွတ်မရတော့သည်အထိ လက်ချောင်းပြည့်ဖောင်းလွန်းပါက..
ဂေါက်ရောဂါ ကဲ့သို့
အဆစ်မြစ်ရောင်ရောဂါ
ရှိ နိုင်ပါသည်။

၁၀.သွားများ မျက်စိများ ဝါလာခြင်း လက်သည်း ခြေသည်းခွံများ ဝါလာပါက..
အသည်းရောင် အသားဝါ
B ပိုး C ပိုး
ရှိနိုင်ပါသည်။

၁၁. မိန်းခလေးများ ဆီးကျဉ်ခြင်း မွေးလမ်းကြောင်း အနံ့အသက်မကောင်းခြင်း ရေအိတ် အလုံး တည်ခြင်းများ ဖြစ်နေပါက..
သားအိမ်ကင်ဆာ
ဖြစ်နိုင်ပါသည် ။

၁၂.ယောက်ျားလေးများ ညဘက် ဆီးခဏခဏ သွားခြင်း ဆီးမထိမ်းနိုင် ဖြစ်ပါက..
ဆီးကျိတ်ကြီးခြင်းနှငိ့တစ်ခြားရောဂါများဖြစ်သော
ကျောက်ကပ်နှင့် ဆီးကျိတ်ကင်ဆာတို့ကိုပါ
ဖြစ်နိုင်သည်။

၁၃.ထိုင်ရာမှ ထ ရာ၌ မူးခြင်းမိုက်ခြင်း ဖြစ်ပါက.
သွေးအားနည်းရောဂါ
အဆုတ်ရောဂါ
ရှိနိုင်ပါသည်။

အသက်ကိုဥာဏ်စောင့်တာမို့ လို့
သတိနဲ့ယှဉျပီးတော့ရောဂါမဖွစျခငျ မှာဘဲမိတ်ဆွေတို့အချိန်မှီကာကွယ်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်

လေးစားစွာဖြင့်မူရင်းရေးသားသူကို
Credit ပေးပါတယ်
🙏🙏🙏
ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်တက်ပေးနေတာကြောင့် page ကိုlikeလုပ်ထားဖို့အကြံပေးပါရစေ🥰🥰🥰

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Swee Swee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share