25/08/2024
🎧ဝါရင့် Pro DJ တွေဆီကနေ ဝင်ပြိုင်မယ့် ညိုကီတွေ ဆက်ဆီလေးတွေကို ပိုပြီး အထာကျနေအောင် Tips လေးတွေဝေမျှပေးစေချင်ပါတယ်တဲ့။🎛️
DJ တစ်ယောက်ဖြစ်ဖို့ အခက်ခဲတွေအများကြီးကြားကနေကြိုးစားနေကြရင်း စင်ပေါ်ရောက်ကြပြီဆိုရင် Proတစ်ယောက်လို လှုပ်ရှားနေနိုင်အောင် ဒါလေးတွေ သတိထား လုပ်ကြည့်ပေးပါတဲ့။
Know your Arena - စင်အောက်ကပရိတ်သတ်တွေ တင်မဟုတ်ပဲ ပွဲနေရာအနေအထား၊ အသံစနစ်၊ အသံလှိုင်းတုံ့ပြန်ပုံတွေအပြင် စင်ပေါ်က Mixers,Decks တွေနဲ့ Software တွေကအစ နားလည်ပြီး ကျွမ်းဝင်နေအောင် ကြိုပြီးပြင်ဆင်သင့်တယ်တဲ့။
Master the Basic - ရှုပ်ရှက်ခတ်နေတဲ့ Techniques တွေက ပိုပြီးစမတ်ကျစေတယ်လို့ထင်ရပေမယ့် အခြေခံကို ပိုင်နိုင်ပြီး တီထွင်တဲ့တီးကွက်တွေကလဲ ဘယ်တော့မှရိုးမသွားနိင်ပါဘူးတဲ့။ ဘရုစ်စလီပြောဖူးတဲ့စကားလိုပဲ သိုင်းပေါင်းစုံတတ်တဲ့ကောင်ထက် သိုင်းတစ်ခုထဲကိုပဲ စွဲစွဲမြဲမြဲလေ့ကျင့်ပြီး ကြမ်းနေတဲ့ကောင်ကို ပိုကြောက်တယ်ဆိုတာမျိုးပေါ့။
Create a Signature Style - ကြမ်းပါတယ်ဆိုတဲ့ Pro တိုင်းဟာ စုတုပြုရင်းနဲ့ ကိုယ်နဲ့အကိုက်ညီဆုံးပုံစံတစ်ခုကို တီထွင်ပြီး အကောင်းဆုံး သို့မဟုတ် အပေါက်ဆုံး သီချင်းတစ်ပုဒ်ကို ဖန်တီးခဲ့ကြတာချည့်ပါပဲ။ တခြားသူတွေနဲ့လုံးဝကွဲထွက်စေမယ့် ကိုယ်ပိုင်ဟန်ကို ရှာတွေ့ခြင်းကလဲ သင့်ရဲ့မှတ်တိုင်တစ်ခုဖြစ်လာစေမှာပါပဲ။
Practice, Practice, Priactice - ရှင်းပါတယ်။ သေလောက်အောင်လေ့ကျင့်ပါ။ ထပ်ထပ်ပြီးလေ့ကျင့်ပါ။
အပြင်းအထန်ဆုံးသာလေ့ကျင့်ပါ။ စဥ်ဆက်မပြတ်လေ့ကျင့်ခြင်းဆိုတာနဲ့ ပြီးပြည့်စုံခြင်းတို့ဟာ အောင်မြင်မှုရဲ့ အနီးကပ်ဆုံးသူငယ်ချင်းတွေပဲဆိုတာ မမေ့ပါနဲ့။
Engage the Crowd - အကြီးကျယ်ဆုံး DJ တစ်ယောက်ဟာ သီချင်းပဲဖွင့်ပြတဲ့သူတွေမဟုတ်ပါဘူး။ သူတို့ပရိတ်သတ်ရဲ့ အသံနဲ့လိုအပ်ချက်တွေကို အမြဲချိတ်ဆက်ပြီးနားထောင်နေကြပြီး ခံစားချက်တွေကို Music ကတဆင့် ဖွင့်ထုတ်ပေးစေကြသူတွေပါ။ သူတို့ဟာ စင်အောက်ကပရိတ်သတ်အခြေအနေကိုနားလည်ပြီး ရင်ဘတ်ချင်းနီးစေကြသူတွေပါ။ သူတို့ဟာ ပရိတ်သတ်ရဲ့ စွမ်းအားနဲ့ ပေါက်ကွဲမှုပေါ်မူတည်ပြီး အခြေအနေတွေကို ဖန်တီးထိန်းညှိသူတွေပါတဲ့။
Pro တွေရဲ့ Tips လေးတွေကိုဖတ်ပြီး တစ်ခုခုနားလည်သွားကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ Uncage Entertainment ရဲ့ Hey DJ DJ ပြိုင်ပွဲကြီးမှာ ပြန်ဆုံကြမယ် အကောင်းဆုံး Skill တွေနဲ့ပြန်ဆုံကြမယ်။ 🙌