မေတ္တာအလင်းရောင်အာစိဏ္ဏကံစုဘူးအသင်း

  • Home
  • Myanmar
  • Yangon
  • မေတ္တာအလင်းရောင်အာစိဏ္ဏကံစုဘူးအသင်း

မေတ္တာအလင်းရောင်အာစိဏ္ဏကံစုဘူးအသင်း ယာဉ်မောင်းညီကိုများ

ညီအကိုများအားလုံးမင်္ဂလာပါ။ကျွန်တော်တို့‌   ညီအကို မောင်နှမများစုဆောင်းထားသော စုဘူးထဲမှအလှူငွေများကို (၅-၁၀-၂၀၂၅)တနင်္ဂန...
14/09/2025

ညီအကိုများအားလုံးမင်္ဂလာပါ။ကျွန်တော်တို့‌ ညီအကို မောင်နှမများစုဆောင်းထားသော စုဘူးထဲမှအလှူငွေများကို (၅-၁၀-၂၀၂၅)တနင်္ဂနွေနေ့တွင် တွံတေးမြို့နယ် ကျွန်းတောရပ်ကွက် ရွှေဆံတော်ဘုရားလမ်း မိဘဂုဏ် ဘိုးဘွားရိပ်သာသို့သွားရောက်လှူဒါန်းပါမည်။

14/08/2025

ယနေ့အချိန်အခါမှစ၍ မေတ္တာလင်းရောင် Taxi service ဝန်ဆောင်မှုများကိုရပ်ဆိုင်းလိုက်ပါပြီ။ကျွန်တော်တို့စိတ်တူကိုယ်တူညီအကိုများစုပေါင်း၍ မေတ္တာအလင်းရောင် အာစိဏ္ဏကံ စုဘူးအသင်းကိုဆက်လက်ထူထောင်၍ ပရဟိတ လုပ်ငန်းများကိုသာဆက်လက်လုပ်ဆောင်ပါမည်။Taxi service ဝန်ဆောင်မှု့များကိုဆက်လက်မလုပ်ဆောင်တော့ပါ။

မေတ္တာအလင်းရောင်  အာစိဏ္ဏကံ စုဘူးအသင်း မှယာဉ်မောင်းများနှင့်ခရီးသွားပြည်သူများမှစုပေါင်းလှူဒါန်း သောအလှူငွေ (၅သိန်း ၃သော...
24/09/2024

မေတ္တာအလင်းရောင် အာစိဏ္ဏကံ စုဘူးအသင်း မှယာဉ်မောင်းများနှင့်ခရီးသွားပြည်သူများမှစုပေါင်းလှူဒါန်း သောအလှူငွေ (၅သိန်း ၃သောင်း)ကျပ်နှင့်အဝတ်အထည် အစားအသောက်များအား ရေဘေးအလှူကိုသွားရောက်လှူတန်းမည့် ကြည့်မြင်တိုင်မြို့နယ် မီးအိမ်ရှင် ပရဟိတအသင်းသို့လှူတန်းခဲ့ပါသည်။

20/06/2024

ကျွန်တော်တို့ မေတ္တာအလင်းရောင် TAXI Service မှ ခရီးသွားမိဘပြည်သူများ ကားဆရာကြီးများက စုပေါင်း၍ ကောင်းမှုကုသိုလ်တစ်ခုဖြစ်တဲ့ ၆.၆.၂၀၂၄ ရက်နေ့က သွားရောက်လှူဒါန်းခဲ့ကြတဲ့ လှည်းကူးမြို့နယ် မရမ်းချောင်မှာရှိတဲ့ မေတ္တာပရဟိတ အနာကြီးဆရာဂါစင်တာရဲ့ အကြောင်းလေးပါ

မရမ်းချောင်မှာ အထီးကျန်တိတ်တဆိတ်နေထိုင်ရင်း ကူသူမဲ့ ဒုက္ခတွေနဲ့ အနာကြီးရောဂါကြောင့် ကိုယ်အင်္ဂါပျက်စီးနေကြသူတွေ

၈.၆.၂၀၂၄
ရိုက်ကူး/ တည်းဖြတ် -Hey Mar

လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာအုပ်စု မရမ်းချောင်ကျေးရွာမှာတည်ရှိတဲ့ အနာကြီးရောဂါခံစားခဲ့ရပြီး ကိုယ်အင်္ဂါမသန်စွမ်းဖြစ်ခဲ့ရသူတွေ အခုအခါမှာတော့ ရပ်တည်ဖို့ ပိုမိုခက်ခဲလာနေတယ်လို့ နှစ်ပေါင်း သုံးဆယ်နီးပါး အနာကြီးရောဂါသည်တွေအရေး ဆောင်ရွက်ခဲ့သူ ဦးလှဌေးက MT News ကိုပြောပါတယ်။

၁၉၉၅ ခုနှစ်နောက်ပိုင်းကစပြီး ထောက်ကြံ့မြို့ကနေ မရမ်းချောင်ကျေးရွာဘက်ပြောင်းရွေ့လာရတဲ့အခါ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် သူတို့ရဲ့ မူလ စီးပွားတွေလုပ်ကိုင်ရတာ ဘောင်ကျဉ်းပျက်စီးခဲ့ပြီး အစားထိုးလုပ်ငန်းတွေလည်း ဖန်တီးမပေးနိုင်တဲ့အခါ အလုပ်လက်မဲ့ စီးပွားပျက်တာတွေဖြစ်ကုန်လို့ တချို့ကလည်း ထောက်ပံ့ကြေးရတဲ့ ဘာသာပြောင်းလဲအသင်းဝင်တာတွေအထိရှိခဲ့ကြတယ်လို့ သိရပါတယ်။

မေတ္တာပရဟိတဂေဟာအနေနဲ့ ကိုယ်လက်အင်္ဂါမသန်စွမ်းတဲ့ အနာကြီးရောဂါသည်ဟောင်းတွေကို ဂေဟာမှာစောင့်ရှောက်ထားပြီး လက်ရှိအချိန်မှာတော့ အလှူရှင်လည်း နည်းပါးနေလို့ ဂေဟာရပ်တည်လည်ပတ်ရေးအခက်အခဲတွေလည်း ကြုံနေရတယ်လို့ ဆိုပါတယ်။

မရမ်းချောင်ကျေးရွာမှာ စတင်ရွေ့ပြောင်းစအချိန်ကတော့ အနာကြီးရောဂါသည်အရေအတွက် ၂၇၀ ဝန်းကျင်လောက်လိုက်ပါနေထိုင်ခဲ့ပေမယ့် အခု နောက်ပိုင်းသူတို့ရဲ့မျိုးဆက်တွေသာ ရှေ့ကအလှူရှင်တွေ လှူဒါန်းခဲ့တဲ့ မြေနေရာနဲ့အဆောက်အဦမှာနေထိုင်နေကြပြီး ကိုယ်ပိုင်လက်လုပ်လက်စားဝင်ငွေရအလုပ်တွေ လုပ်ကိုင်နေထိုင်နေကြကာ ဘဝတူအနာကြီးရောဂါသည်တချို့ကိုလည်း ကျွေးမွေးစောင့်ရှောက်တာမျိုးနဲ့ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းကနေ တိတ်တဆိတ်အထီးကျန်ဖယ်ကျဉ်နေထိုင်နေကြဆဲလို့ ဂေဟာမှူးက ရှင်းပြပါတယ်။

YouTube တွင် ကြည့်ရှုရန်
https://youtu.be/KR3yz7IY0Gc

#မေတ္တာအလင်းရောင်းAdminTeam

အားလုံးသော မိတ်ဟောင်းမိတ်သစ်များအားလုံး စိတ်၏ချမ်းသားခြင်း ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံကြပါစေကြောင်း ဦးစွာပထမ ဆ...
06/06/2024

အားလုံးသော မိတ်ဟောင်းမိတ်သစ်များအားလုံး စိတ်၏ချမ်းသားခြင်း ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံကြပါစေကြောင်း ဦးစွာပထမ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်.......

ယနေ့ ၆.၆.၂၀၂၄ ရက်နေ့ ကြာသပတေးနေ့တွင် ကျွန်တော်များ မေတ္တာအလင်းရောင် TAXI Service မိသားစုဝင် ကားဆရာကြီးများ၊ မေတ္တာအလင်းရောင် Taxi service group ကိုအဆင်အညးကြပါသော မိဘပြည်သူများ၏ ပေါင်းစုလို့ ကောင်းမှုကုသိုလ်တစ်ခုအဖြစ် လှည်းကူးမြို့နယ် မရမ်းချောင်ကျေးရွာ၌ ရှိသော မေတ္တာ ပရဟိတဂေဟာ ၌ ရှိကြသော အနာကြီးရောဂါစင်တာ၌ အဖိုးအဖွားများနှင့် ဝေဒနာရှင်များအား နံနက်စာ နေ့လည်စာ ညစာများ ဧည့်ခံကျွေးမွေးလှူဒါန်းဒါနပြုခြင်း၊ ခေါက်ဆွဲခြောက်၊ အချိုရည်များ၊ဘီစကစ်မုန့်များ၊ကော်ဖီမစ်များ၊ဓါတ်ဆားထုတ်များ၊ ခေါင်းလျော်ရည်ထုတ်များ၊ပိုးသတ်ဆေးရည်များ၊ ဘီတာမင်စီဆေးပြားများနှင့်အဝတ်အထည်များအား ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းပေးခဲ့ပါသည်

ဂေဟာ၌ စေတနာရှင် အလှူရှင်များ လိုအပ်လျှက်ရှိပါကြောင်း သိရပါသဖြင့် လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် ဂေဟာမှူး ဦးလှဌေး 09778830048 ထဲသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်


Kotoe Aung
@အမာခံပရိသတ်များ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when မေတ္တာအလင်းရောင်အာစိဏ္ဏကံစုဘူးအသင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share