16/10/2025
လက်ပံတန်းတွင် စစ်ကြောင်းထိုးလာသော စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရ၊ ၁၅ ဦး သေဆုံးပြီး ၁၂ဦးဖမ်းမိ
ရန်ကုန် ၊အောက်တိုဘာ ၁၆
Newsambassador
ပဲခူးတိုင်းအနောက်ခြမ်း လက်ပံတန်းမြို့နယ်တွင်းရှိ သရက်ချောင်ကျေးရွာ သို့ စစ်ကြောင်းထိုးလာသည့် စစ်
ကြောင်း ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁၅ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၂ဦးကို ဖမ်းဆီးရမိထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို အောက်တိုဘာ ၁၅ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ကွပ်ကဲမှုဖြင့် အမှတ် (၃၈၀၂) တပ်ရင်း၊ အမှတ် (၃၈၀၃) တပ်ရင်း၊ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည် ။
ထို့ပြင် လက်နက်အစုံ (၁၉) လက်၊ ခဲယမ်းများနှင့် စစ်သုံးပစ္စည်းများစွာကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု NUG က ထုတ်ပြန်ထားပါသည် ။