360beatz

360beatz We enable Myanmar's most talent artists to realize their full potential. We represent singers, musicians and bands from across Myanmar.

သီချင်းတစ်ပုဒ်ကို အောင်မြင်အောင် ဘယ်လိုဖြန့်ချိမလဲ? | Artist Checklist သီချင်းကောင်းတစ်ပုဒ်ဖန်တီးပြီးသွားပြီဆိုရင် အရေးက...
06/08/2025

သီချင်းတစ်ပုဒ်ကို အောင်မြင်အောင် ဘယ်လိုဖြန့်ချိမလဲ? | Artist Checklist

သီချင်းကောင်းတစ်ပုဒ်ဖန်တီးပြီးသွားပြီဆိုရင် အရေးကြီးဆုံးနောက်တစ်ဆင့်ကတော့ ကိုယ့်ရဲ့ဂီတကို ပရိသတ်ဆီ အထိရောက်ဆုံးနည်းလမ်းနဲ့ ဘယ်လိုပို့ဆောင်မလဲဆိုတာပါပဲ။

Digital ခေတ်မှာ အောင်မြင်တဲ့ Release တစ်ခုဖြစ်ဖို့အတွက် လက်တွေ့ကျပြီး အကျိုးရှိစေမယ့် လုပ်ဆောင်ချက်တွေကို Checklist အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

✅ ၁။ သီချင်းမဖြန့်ချိခင် ကြိုတင်ပြင်ဆင်မှု (Pre-Release)

အရည်အသွေးမြင့် Master Audio နှင့် Cover Art: ဒါကတော့ အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးပါ။ သီချင်းရဲ့ အသံထွက်အရည်အသွေး (Audio Quality) ကောင်းမွန်နေရမှာဖြစ်သလို၊ ပရိသတ်ကို ပထမဆုံးဆွဲဆောင်မယ့် Cover Art ကလည်း Professional ကျပြီး သီချင်းရဲ့ Mood ကို ဖော်ပြနိုင်ဖို့ အရေးကြီးပါတယ်။

သီချင်းအချက်အလက် (Metadata) ပြည့်စုံမှန်ကန်မှု: သီချင်းနာမည် (ဥပမာ - မြန်မာလိုရော၊ အင်္ဂလိပ်လိုပါ ထည့်သွင်းခြင်း)၊ အဆိုတော်၊ တေးရေး စတဲ့အချက်အလက်တွေ မှန်ကန်နေဖို့က ရပိုင်ခွင့်မဆုံးရှုံးဖို့နဲ့ ပရိသတ်က Streaming Platform တွေမှာ အလွယ်တကူရှာတွေ့နိုင်ဖို့အတွက်ပါ အလွန်အရေးကြီးပါတယ်။

ဖြန့်ချိမယ့်ရက်ကို ကြိုတင်ကြေညာပါ: သီချင်းမထွက်ခင် တစ်ပတ်၊ နှစ်ပတ်လောက်ကတည်းက Social Media မှာ "Coming Soon" ဆိုပြီး ပရိသတ်ကို အသိပေးပါ။ Facebook/Instagram Story တွေမှာ Countdown Timer လေးတွေသုံးပြီး ပရိသတ်ကို စိတ်ဝင်စားအောင် ဆွဲဆောင်ထားနိုင်ပါတယ်။

✅ ၂။ သီချင်းဖြန့်ချိပြီးနောက် လုပ်ဆောင်ရမည့်အရာများ (Post-Release)

Facebook နှင့် YouTube ကို အဓိကထားပါ: သီချင်းထွက်ပြီဆိုတာနဲ့ ကိုယ့်ရဲ့ Artist Page မှာ ပရိသတ်ကို တရားဝင်အသိပေးကြေညာပါ။ YouTube မှာ Music Video ဖြစ်စေ၊ Lyric Video ဖြစ်စေ တင်ပြီး Streaming Link တွေကို နေရာတကာမှာ Share ပါ။ ဒါတွေဟာ ပရိသတ်နဲ့ တိုက်ရိုက်ထိတွေ့မှုရနိုင်တဲ့ အဓိက Platform တွေပါ။

Music Page တွေ၊ Influencer တွေနဲ့ ချိတ်ဆက်ပါ: ကိုယ့်သီချင်းကို လူသိများတဲ့ Music Page တွေ၊ Entertainment Page တွေနဲ့ ကိုယ့်ဂီတအမျိုးအစားနဲ့ ကိုက်ညီတဲ့ Influencer တွေဆီ ပို့ပေးပြီး ပရိသတ်ဆီ ပိုမိုပျံ့နှံ့အောင် လုပ်ဆောင်ပါ။ ဒါဟာ အထိရောက်ဆုံး Marketing နည်းလမ်းတွေထဲက တစ်ခုပါ။

TikTok နှင့် Reels မှာ Trend ဖြစ်အောင်လုပ်ပါ: သီချင်းထဲက နားထဲစွဲစေမယ့် အပိုင်းကိုဖြတ်ပြီး TikTok Sound အဖြစ်တင်ပါ။ TikTok မှာ နောက်ခံတေးဂီတအဖြစ်သုံးပြီး ပရိသတ်ကို Challenge ခေါ်တာမျိုး၊ ကိုယ်တိုင် Video အတိုလေးတွေ ရိုက်တင်တာမျိုးက သင့်သီချင်းကို အချိန်တိုအတွင်း လူသိများစေနိုင်ပါတယ်။

ဒီအဆင့်တိုင်းမှာ အခက်အခဲမရှိစေဖို့နဲ့၊ သင့်ရဲ့ဂီတကို ကမ္ဘာအရပ်ရပ်က ပရိသတ်တွေဆီ အကောင်းဆုံးနည်းလမ်းနဲ့ရောက်ရှိအောင်ကျွန်ုပ်တို့ 360Beatz က ကူညီဆောင်ရွက်ပေးနေပါတယ်။

အနုပညာရှင်တွေရဲ့ လိုအပ်ချက်ကို နားလည်ပြီး အကောင်းဆုံးဝန်ဆောင်မှုပေးဖို့ အသင့်ရှိနေပါတယ်။

အသေးစိတ်အချက်အလက်တွေသိရှိလိုရင် Page Messenger မှာ အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

New Number Update!!!360Beatz ရဲ့ Serviceလေးတွေအကြောင်းကို လက်ခံပြောဆိုဖြေကြားပေးနေတဲ့ Phone Numberလေးကို Updateလုပ်ထားပါ...
16/07/2025

New Number Update!!!

360Beatz ရဲ့ Serviceလေးတွေအကြောင်းကို လက်ခံပြောဆိုဖြေကြားပေးနေတဲ့ Phone Numberလေးကို Updateလုပ်ထားပါတယ်နော်။

New Number - 09777877360

ခုချိန်ကစပြီးတော့ လိုအပ်တဲ့ Inquiry အားလုံးကို တနင်္လာမှ သောကြာအထိ၊ ရုံးချိန် ၉နာရီမှ ၅နာရီအတွင်း အထက်က ဖုန်းနံပါတ် အသစ်လေးက တဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

Astrophileရဲ့ ပန်းချီထဲကမီးခိုး Albumလေးကို Major Streaming Platformတိုင်းမှာ နားဆင်လို့ရပါပြီ။Stream : https://www.360b...
12/07/2025

Astrophileရဲ့ ပန်းချီထဲကမီးခိုး Albumလေးကို Major Streaming Platformတိုင်းမှာ နားဆင်လို့ရပါပြီ။

Stream : https://www.360be.at/PanChiHtalKaMeeKhoe_Album

#​astrophile #ပန်းချီထဲကမီးခိုး

11/07/2025

မနက်ဖြန် ထွက်ရှိလာတော့မယ့် Astrophile ရဲ့ ပန်းချီထဲကမီးခိုး Albumထဲက ခရမ်းရောင်Converseကို တင်ဆက်ပေးလိုက်ပါတယ်။

Album တစ်ခုလုံးကိုလည်း မနက်ဖြန်မှာစောင့်မျှော်ပေးကြပါဦးနော်။

You Tube : https://youtu.be/vdkplsRXle0

#ပန်းချီထဲကမီးခိုး

07/07/2025

Astrophile - Album Teaser.

Available on all major platforms on 12th July. Stay tuned.

#ပန်းချီထဲကမီးခိုး

Venue Updated for Album-Pre Listening Party!!!အရင်ရက်က တင်ထားခဲ့တဲ့ Astrophileရဲ့ ပန်းချီထဲကမီးခိုး Album Pre-Listening ...
03/07/2025

Venue Updated for Album-Pre Listening Party!!!

အရင်ရက်က တင်ထားခဲ့တဲ့ Astrophileရဲ့ ပန်းချီထဲကမီးခိုး Album Pre-Listening Partyလေးကို လာရောက်ဖို့ Formလေးတွေ ဖြည့်ပေးထားကြသူတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

ပွဲကိုလာရောက်ကြမယ့်သူတွေ ပိုပြီး အဆင်ပြေပြေနဲ့ လွယ်ကူစွာသွားလာနိုင်ဖို့အတွက် ပွဲကျင်းပမယ့် နေရာလေးကို Times Cityရဲ့ GameJoe မှာ ပြန်လည် ပြောင်းလဲထားပါတယ်နော်။

လိပ်စာ အပြည့်အစုံကတော့
GameJoe
A454, 4th Floor, Jewellery Mall, Times City (Near Food Court)
ဖြစ်ပါတယ်။

Google Formလေးလည်း ဖြည့်လို့ရနေသေးတာမို့ ပွဲလာမယ့်သူများအနေနဲ့ မဖြည့်ရသေးဘူးဆို Formလေးကိုလည်း ဖြည့်ပေးကြပါဦးနော်။

https://forms.gle/7vvpLZZFzgTDxK4j8

အားလုံးနဲ့အတူ တွေ့ဆုံချင်တာမို့ လာခဲ့ကြဖို့ ထပ်မံ ဖိတ်ခေါ်လိုက်ပါတယ်။

#ပန်းချီထဲကမီးခိုး

Album-Pre Listening Party!!!July လရဲ့ မိုးဖွဲလေးတွေကြားမှာ Lofi Vibesနဲ့ သီချင်း Album တချပ်ကိုနားထောင်နိုင်ဖို့အတွက် အာ...
01/07/2025

Album-Pre Listening Party!!!

July လရဲ့ မိုးဖွဲလေးတွေကြားမှာ Lofi Vibesနဲ့ သီချင်း Album တချပ်ကိုနားထောင်နိုင်ဖို့အတွက် အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်။

Astrophileရဲ့ အသစ်ထွက်ရှိမယ့် ပန်းချီထဲကမီးခိုး Albumမှာပါတဲ့ သီချင်းတွေကို ဦးဦးဖျားဖျား နားဆင်ရမယ့် Pre-Listening Partyဖြစ်တာမို့ Astrophile ရဲ့ Fanတွေအနေနဲ့တော့ လက်မလွှတ်သင့်တဲ့ ပွဲလေးပါပဲ။

ပွဲလာမယ့် သူများအနေနဲ့ Reservationလုပ်ဖို့ကတော့ အောက်က ပေးထားတဲ့ Google Formလေးမှာ နာမည်၊ ဖုန်းနံပါတ်နဲ့ ကိုယ် အကြိုက်ဆုံးAstrophileရဲ့သီချင်းတစ်ပုဒ်ကို ဖြည့်ပေးရုံပါပဲနော်။

https://forms.gle/7vvpLZZFzgTDxK4j8

အားလုံးနဲ့အတူ တွေ့ဆုံချင်တာမို့ လာခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

#ပန်းချီထဲကမီးခိုး

Tracklists for Astrophile's new album.Digital release on 12th July, available on all major platforms.   #ပန်းချီထဲကမီးခိ...
29/06/2025

Tracklists for Astrophile's new album.

Digital release on 12th July, available on all major platforms.

#ပန်းချီထဲကမီးခိုး

28/06/2025

A New Album on the way!!!

လူငယ် ပရိသတ်တွေရဲ့ကြားမှာ နှစ်သက်ခဲ့ကြတဲ့ "မြ" သီချင်းလေးရဲ့ ပိုင်ရှင် Astrophile ဟာဆိုရင်တော့ သီချင်းမထွက်တာလည်း ကြာပြီဖြစ်သလို ပရိသတ်နဲ့အထိအတွေ့ မရှိတာလည်း အတော်ကြာပြီပဲ ဖြစ်ပါတယ်။

အဲ့လိုဝေးကွာနေတဲ့ အချိန်လေးအတွင်းမှာပဲ သူ့ရဲ့ သီချင်းတွေအများကြီးပါဝင်တဲ့ ပထမဆုံး Album တစ်ခုအတွက် ကြိုးစားနေခဲ့တာ ဖြစ်ပြီးတော့ အဲဒီ Albumလေးဟာဆိုရင်ဖြင့် မကြာခင်မှာ ထွက်ရှိလို့ လာပါတော့မယ်။

ဒါ့ကြောင့် Astrophile ကို အားပေးနားဆင်သူ ပရိသတ်တွေအနေနဲ့ ထွက်ရှိတော့မယ့် Album နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို စဉ်ဆက်မပြတ် သိနိုင်ဖို့အတွက် 360Beatzရဲ့ page ကနေ တဆင့် ဆက်လက် စောင့်ကြည့်ပေးကြပါဦးနော်။

#ပန်းချီထဲကမီးခိုး

The first album of Astrophile!Stay tuned at 360beatz for more details.     #ပန်းချီထဲကမီးခိုး
26/06/2025

The first album of Astrophile!

Stay tuned at 360beatz for more details.

#ပန်းချီထဲကမီးခိုး

360 Beatz ရဲ့Artist တစ်ယောက်ဖြစ်တဲ့ တေးသံရှင် The Sai ရဲ့ YouTube Channel ဟာဆိုရင် ချစ်ရတဲ့ အားပေးသူပရိတ်သတ်များကြောင့် ...
03/06/2025

360 Beatz ရဲ့Artist တစ်ယောက်ဖြစ်တဲ့ တေးသံရှင် The Sai ရဲ့ YouTube Channel ဟာဆိုရင် ချစ်ရတဲ့ အားပေးသူပရိတ်သတ်များကြောင့် အခုဆိုရင် 100K Subscribers ကိုရရှိခဲ့ပြီဖြစ်ပါတယ်။ အခုလိုအောင်မြင်မှုများကို ရရှိပိုင်ဆိုင်နိုင်ခဲ့တဲ့အတွက် 360 Beatz မှ လှိုက်လှဲဝမ်းမြောက်စွာ ဂုဏ်ယူမိပါတယ်။ ရှေ့ဆက်မဲ့ အနုပညာခရီးလမ်းမှာလည်း အောင်မြင်မှုများ ဆက်လက်ရရှိပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။
http://www.youtube.com/

Address


Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00

Telephone

+959765400360

Alerts

Be the first to know and let us send you an email when 360beatz posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 360beatz:

  • Want your business to be the top-listed Media Company?

Share

360Beatz.com

Myanmar's premiere Artist Management Agency