Mom's Diary by Thet Mon

Mom's Diary by Thet Mon Thet Mon is a Digital Creator and create resourceful contents for Stay at home Moms and Working Moms.

Thet Mon is a full time mom of two beautiful children, a content creator, a podcaster and a booktuber.

Happy New Year to all lovely beautiful moms 🤎January လက မေမေတို့အတွက် ဘယ်လို အဓိပ္ပါယ်နဲ့ ပြည့်စုံတဲ့ လတစ်လဖြစ်မလဲ?မေမေတ...
04/01/2025

Happy New Year to all lovely beautiful moms 🤎

January လက မေမေတို့အတွက် ဘယ်လို အဓိပ္ပါယ်နဲ့
ပြည့်စုံတဲ့ လတစ်လဖြစ်မလဲ?

မေမေတွေ အားလုံးပျော်ရွှင်ပါစေ။
Happy Parenting 🤎

With love,
Mom’s Diary by Thet Mon

🪔✨ Wishing every supermom a Diwali filled with laughter, love, and endless joy. May good health and prosperity shine bri...
31/10/2024

🪔✨ Wishing every supermom a Diwali filled with laughter, love, and endless joy. May good health and prosperity shine brightly in your homes.
Share this post with fellow moms to spread the festive cheer!

15/07/2024

အရမ်းလှ 🤎

13/07/2024

Hello from Thailand 🤎

Celebrating my 6th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
23/06/2024

Celebrating my 6th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

16/06/2024

Good Morning 🤎

16/06/2024

Beach vibes 🤎

16/06/2024

Hello from Langkawi 🤎🤎🤎🌊

Hello မေမေတို့ရေ 🤎 How are you today? ရန်ကုန်မှာ ဇွန်လက ကျောင်းဖွင့်တဲ့ ရာသီပေါ့။မိုးကစွေ၊ တနေကုန် ဖျောက်ဖျောက်ရွာလိုက်ခ...
13/06/2024

Hello မေမေတို့ရေ 🤎

How are you today?

ရန်ကုန်မှာ ဇွန်လက ကျောင်းဖွင့်တဲ့ ရာသီပေါ့။

မိုးကစွေ၊ တနေကုန် ဖျောက်ဖျောက်ရွာလိုက်
ခဏနေတိတ်သွားလိုက်၊ နေတချက်ပူလိုက်
နေ့လည်ဆို မိုးအုံ့လာပြီးတော့
ညနေကလေးတွေ ကျောင်းဆင်းချိန်ဆို
သဲသဲမဲမဲ ပြန်စရွာပြီ။ 🌧️

ငယ်ငယ်လေးထဲက မိုးတွင်းမကြိုက်ပေမယ့်
ကြီးလာတော့ အပူဒဏ်သိပ်မခံနိုင်တော့
မိုးအေးရင် နေလို့သက်သာတာပေါ့လေ။ 🤎

သဘာဝတရားကို judgement တွေ
မလုပ်ရဘူးဆိုတဲ့ စာလေးတွေ့ပြီးထဲက

ပါးစပ်ကပွစိပွစိ အပြစ်တင်ရေရွတ်တာကို
တတ်နိုင်သမျှ သတိထားလျှော့ချတာလုပ်ကြည့်တယ်။

နေ့မရှိဘဲ ညပဲဖြစ်နေရင်
ညမရှိဘဲ နေ့ပဲဖြစ်နေရင်
မိုးမရွာဘဲ နေပူနေရင်
နေမပါဘဲ မ်ိုးပဲရွာနေရင်

တကယ်အဆင်ပြေပါ့မလား?

❌No ပါနော် !

Spiritual သမားတွေ ပြောနေတဲ့
Duality ဆိုတာကို အစက နားမလည်ပေမယ့်
အခုတော့ တဖြည်းဖြည်း သဘောပေါက်စပြုလာပြီ။

ရောက်နေတဲ့ နေရာ၊ ဖြစ်နေတဲ့ အခြေအနေတိုင်း
အပေါ်မှာ သိပ်ပြီး ပရမ်းပတာ ယောက်ယက်ခတ်
စိတ်ပူလွန်တတ်တဲ့ anxiety ဖြစ်လွန်းတတ်သူ
အမျိုးသမီးဘဝကနေ အရင်ထက်ပိုတည်ငြိမ်တတ်လာဖို့
အခုနှစ်ထဲ စပြီးပြောင်းလဲယူလာနိုင်ပြီ။

အရှိိန်ကတော့ ဖြည်းဖြည်းနဲ့မှန်မှန်ပေါ့လေ။

Full time mom ဘဝကို အရင်တုန်းကနဲ့မတူတဲ့
system တခုတည်ဆောက်ယူပြီး transform
လုပ်နေတဲ့ ကာလက နှစ်တဝက်ကျိုးလာပြီ။

မိခင်တယောက်ရဲ့ journey ကို
documented လုပ်ပြီး၊ ဘဝတူမိခင်တွေအတွက်
ကိုယ်သိနားလည်သဘောပေါက်တာလေးတွေ၊
သဘောကျနှစ်သက်စရာကောင်းတဲ့ useful information နဲ့ data တွေ မျှဝေဖို့ Mom’s Diary by Thet Mon ကို
စတင်ခဲ့တဲ့ intention က ခုထိ အရင်အတိုင်း
ရှိနေဆဲပါပဲ။

( ဒီနှစ်တွေထဲ ဆင်ခြေအမျိုးမျိုးပေးပြီး content တွေ
မှန်မှန်မလုပ်ဖြစ်ခဲ့တာကိုတော့ ဝန်ခံပါတယ် 😃)

ပတ်ဝန်းကျင်နေရာအသစ်မှာ new versionနဲ့
Identity တခုတည်ဆောက်ပြီး
အကောင်းဆုံးနေထိုင်ဖို့ ကြိုးစားနေတဲ့၊
ကြိုးစားနေဆဲ မိခင်တဦးရဲ့
Authentic ဖြစ်တဲ့ content တွေကို
consume လုပ်ဖို့အတွက်

သက်မွန်ကို ဒီ platform တွေမှာ
တွေ့နိုင်ပါတယ်လို့ inform လုပ်ပါရစေ။ 😍

⬇️⬇️⬇️⬇️⬇️

YouTube

https://youtube.com/

Telegram

https://t.me/+3jbR-KPaA7k3OGFl

Instagram

https://www.instagram.com/momsdiarybythetmon/

Have a wonderful day to you all.

မေမေတွေအားလုံးပျော်ရွှင်ပါစေ။

Happy Parenting 🤎

ကျောင်းတွေပိတ်ပြီလေ Screen time လျော့ဖို့အရေး ဒို့အရေး အော်ထားမိတော့အငယ်မ အိပ်ချိန်မှ အကြီးကို ကိုယ်တိုင်စီစစ်ခွင့်ပြုထာ...
12/06/2024

ကျောင်းတွေပိတ်ပြီလေ

Screen time လျော့ဖို့အရေး ဒို့အရေး အော်ထားမိတော့

အငယ်မ အိပ်ချိန်မှ အကြီးကို ကိုယ်တိုင်စီစစ်ခွင့်ပြုထားတဲ့
ကာတွန်းကားကို ပြရတယ်။ 😂

( ကိုယ်လဲ ကြည့်ချင်တဲ့ ကာတွန်းပေါ့လေ ကော်ဖီအေးတခွက်နဲ့ ငုတ်တုတ်ထိုင်နေပြီး တူတူကြည့်ရတယ်။)

အိမ်မှာရှိတဲ့ TV ကအိပ်ပျော်နေတာ ၂ လနီးပါးရှိပြီ။

Remote control က တိုက်ဝရံတာက ပြုတ်ကျသွားပြီလို့
White lie နဲ့ ရွှေမှုန်ကို ပြောပြထားပြီး ဖွက်ထားတာ။

ခဏနေ မရွှေမှုန်နိုးလာရင်တော့

Bye bye cartoon လုပ်ရမယ်လို့ သုတကိုပြောထားတယ်။

မိုးတွေရွာတဲ့ Summer Break လို့ခေါ်တဲ့ ဇွန်ဇူလိုင်လတွေက

မနက် ၄ခွဲမထရ ၊၆ နာရီမှ ထရလို့ သက်သာသလိုရှိပေမယ့်
24/7 babysitter ဖြစ်သွားရတဲ့ ရက် ၆၀ ကျော်
ခရီးစဉ်တခုပေါ့။ 😁

ကျောင်းပိတ်တဲ့နေ့တွေကို မေမေတွေ
ဘယ်လိုဖြတ်သန်းကြလဲရှင်?

မေမေတွေအားလုံးပျော်ရွှင်ပါစေ။

Happy Parenting 🤎

07/06/2024

Last Day of School 🤎

ခဏနေကျောင်းသွားပြီး ကျောင်းနောက်ဆုံးနေ့ clap out လုပ်ကြတာကို သွားပြီး appreciate လုပ်ရမယ်ပေါ့။ 👏

✅သမီးလေးက တကျောင်းလုံးမှာ
အငယ်ဆုံးPrep Reception အတန်းပြီးပြီ။

✅သားသားက Grade 3 ပြီးပြီ။

အခု Summer break ပြီးလို့ Aug ကျောင်းတွေဖွင့်ရင်

😎Prep Junior နဲ့ Grade 4 တက်ကြတော့မယ်။

🗓️KL ရောက်တာ ဘာလိုလိုနဲ့ နှစ်ဝက်ကျိုးပြီဆိုတော့ ….

နေရာသစ်မှာ Full time mom mode ကို ON ထားတာလဲ
အတော်တော့ အသားကျစပြုလာပြီ။

မနှစ်နှစ်ကုန်ထဲက လုံးဝနားထားတဲ့ အလုပ်တချို့ကို
ပြန်လုပ်ဖို့ သေသေချာချာ စနစ်တကျလေးနဲ့

Work life integration ဖြစ်ဖြစ်
စိတ်ကြိုက်ပုံဖော်ထားတဲ့
System ထဲကနေ လုပ်သွားဖို့
intention လေးလဲချထားတယ်။

Family oriented ဖြစ်တဲ့သူဖြစ်ပေမယ့်
Self Worth အရေးကြီးတာကိုလဲ
နားလည်သူမို့ သွားတဲ့လမ်းခရီးက

ဘယ်သူနဲ့မှ compare လုပ်မထားတဲ့

“At my own pace” ဖြစ်တဲ့အတွက်

နှေးတာမြန်တာထက် ကိုယ့်အတွက်
တကယ်စိတ်ကျေနပ်မှုရှိရှိနဲ့
အလုပ်ဖြစ်ဖို့ကိုပဲ focus ထားထားပါတယ်။

လွန်ခဲ့တဲ့ နှစ်တွေတုန်းက embodiment ဆိုတာကို
သေချာနားမလည်ခဲ့ဘူး။ အခုတော့ စိတ်အတွင်းထဲက
စတင် နားလည်သဘောပေါက်လာပြီ။

open mind , open heart နဲ့ သင်ယူလက်ခံတတ်ခြင်းက
Better version ကိုပြောင်းလဲနိုင်ဖို့ အများကြီး အထောက်အပံ့ဖြစ်စေတာ အမှန်ပါဆိုတာကို

ကိုယ်တိုင်ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေအရ
သိလာရတဲ့ 2024ပေါ့။

မေမေတို့ရော ဒီနှစ်ဝက်ကို ဘယ်လိုကျော်ဖြတ်ခဲ့လဲ?

မေမေတွေအားလုံးကျန်းမာပျော်ရွှင်ပါစေ။

Happy Parenting🤎

Thet Mon

It is me ⬇️ ➡️တယောက်ထဲလဲ အကြာကြီး မနေနိုင်➡️လူအများကြီး ကြားထဲလဲ အကြာကြီး မနေနိုင်✅လူနည်းနည်းနဲ့ တယောက်ထဲ လွတ်လွတ်လပ်လပ်...
05/06/2024

It is me ⬇️

➡️တယောက်ထဲလဲ အကြာကြီး မနေနိုင်
➡️လူအများကြီး ကြားထဲလဲ အကြာကြီး မနေနိုင်

✅လူနည်းနည်းနဲ့ တယောက်ထဲ
လွတ်လွတ်လပ်လပ် နေချင်စိတ်၊

✅ကိုယ့်ကို ထိန်းချုပ်မှုတွေ မရှိတဲ့
စိတ်အေးအေးလေးနဲ့ ကိုယ်လုပ်ချင်တာလေးတွေကို
တနေ့တာရဲ့ routine မှာ ခဏလောက်ဖြစ်ဖြစ်
လုပ်ခွင့်ရရင်ကို ပျော်တတ်နေပြီ။

💫ဘောင်တခုထဲ ပိတ်လှောင်
ကန့်သတ်ပြီးနေရတာကို
မကြိုက်တာက ဒီနှစ်တွေမှာ
ပိုသိသာလာတယ်။

Introvert တွေ၊ Extrovert တွေ ငြင်းနေတော့ဘူး
Intuition ကလာတဲ့အတိုင်း ဆက်သွားရရင်
ကျေနပ်နေပါပြီ။

မေမေတွေ အားလုံးပျော်ရွှင်ပါစေ။

Happy Parenting!

Photo Credit:
Yaoyao Ma Van As Art

Stay tuned !!!My new contents are Coming Soon 🤎My Telegram link is here ⬇️⬇️⬇️
31/05/2024

Stay tuned !!!

My new contents are Coming Soon 🤎

My Telegram link is here ⬇️⬇️⬇️

The Best Resource for Working Moms,Stay at Home Moms and Digital Moms.

My favorite quote from my mentor ⬇️⬇️⬇️ “ကိုယ်တိုင်ရွေးချယ်ထားတဲ့ ရွေးချယ်မှုတွေကို လေးစားပါ။ ရွေးချယ်မှုတွေကို တာဝန်အပြ...
27/05/2024

My favorite quote from my mentor ⬇️⬇️⬇️

“ကိုယ်တိုင်ရွေးချယ်ထားတဲ့ ရွေးချယ်မှုတွေကို လေးစားပါ။
ရွေးချယ်မှုတွေကို တာဝန်အပြည့်ယူပြီး
ပီပီပြင်ပြင်လုပ်ပါလို့ “

သူပြောခဲ့တဲ့နောက်ပိုင်း အရင်တုန်းကလို
တွန့်ဆုတ်လွန်းတာ မဖြစ်တော့ဘူး။

အဲ့ဒါတွေကြောင့်လဲ မလုပ်ချင်လုပ်ချင် လုပ်နေရတာ
တချို့ကိုလဲ ရပ်ပစ်လိုက်တာရှိတယ်။

မလုပ်ချင်ပေမယ့် ရွေးချယ်ထားတဲ့ ကိုယ့် choice ကို
လေးစားပြီး တာဝန်ယူဖို့ ဆုံးဖြတ်ထားလို့
လုပ်နေတာတွေလဲ ရှိတယ်။

Self respect ဆိုတာ တော်တော်အရေးပါ
အရာရောက်တယ်ဆိုတာကို self love ကို
သေချာနားမလည်ခဲ့တဲ့သူမို့
အခုမှ နားလည်လာရတာအပေါ်လဲ
နောက်ကျတယ်လို့ မထင်ပါဘူး။

ဒါပေမယ့် ကိုယ့်ရဲ့next generation ကိုတော့
ငယ်ငယ်လေး ထဲက self worth ဆိုတာ
ဘယ်လောက် အရေးပါကြောင်းကိုတော့
စောစောနားလည်သဘောပေါက်စေချင်မိတယ်။

အထူးသဖြင့် မိခင်တွေက သားသမီးတွေအပေါ်
အများကြီး လွှမ်းမိုးမှုရှိကြတာမ်ို့ ကလေးလေးတွေကို

✅ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့
✅ ကိုယ့်ကိုယ်ကိုယ် လေးစားဖို့
✅ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိတာ ယုံကြည်ဖို့

ဒါတွေကို ငယ်ငယ်လေးထဲက နားလည်အောင်
ပြောပြပေးနိုင်ရင် အကောင်းဆုံးဖြစ်မယ်လို့
တွေးမိပါတယ်။

သက်မွန်ကိုယ်တိုင်လဲ ကိုယ့်ကိုယ်ကိုယ် မှန်မှန်ကန်ကန်
ပိုပြီး ချစ်တတ်ဖို့ ကြိုးစားရင်း သားနဲ့သမီးကိုလဲ သူတို့ကိုယ်သူတို့ သေချာမှန်ကန်စွာ ချစ််တတ်ဖို့ ၊
ကိုယ်ရွေးချယ်ထားတဲ့ ရွေးချယ်မှုကို တာဝန်ယူတတ်ဖို့
ကြိုးစားပြီး သင်ပေးနေဆဲ မိခင်တယောက်ပါ။

တွန့်ဆုတ်တွေဝေခြင်းတွေကင်းတဲ့၊ ဆုံးဖြတ်ချက်ပြတ်သားပြီး
ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့သူတွေ
များသထက်များလာစေဖို့ Intention နဲ့
ဒီစာလေးကိုရေးလိုက်ပါတယ်။

မေမေတွေ အားလုံးပျော်ရွှင်ပါစေ။

Happy Parenting 🤎

Thet Mon

မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ် ကဆုန်လပြည့်နေ့သည်ဗုဒ္ဓမြတ်စွာဘုရား၏ ဘဝတွင် ထူးခြားသော နေ့ (၄)နေ့ များဆုံတွေ့သော ရက်ထူးရက်မြတ်ဖ...
22/05/2024

မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ် ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓမြတ်စွာဘုရား၏ ဘဝတွင် ထူးခြားသော နေ့ (၄)နေ့ များ
ဆုံတွေ့သော ရက်ထူးရက်မြတ်ဖြစ်ပါတယ်။

ယနေ့သည်
မြတ်ဗုဒ္ဓ၏
(၁) ၂၆၄၇ နှစ်မြောက် ဖွားတော်မူသည့်နေ့

(၂) ၂၆၁၂ နှစ်မြောက် ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူသည့်နေ့

(၃) ၂၅၆၇ နှစ်မြောက် ပရိနိဗ္ဗာန်ပြုတော်မူသည့်နေ့

(၄) ယနေ့ကမ္ဘာမှ နောက်လေးအသင်္ချေနှင့် ကမ္ဘာတသိန်း အထက် သုမေဓာရှင်ရသေ့ ဘဝဖြင့် ဒီပင်္ကရာ မြတ်စွာဘုရားထံတွင်
ဗျာဒိတ်တော်ခံယူခဲ့သောနေ့

ထူးခြားသောနေ့ရက်များသည် ကဆုန်လပြည့်နေ့တွင်
သာ ဖြစ်ပေါ်ခဲ့သောကြောင့် ယနေ့ကဲ့သို့ နေ့ထူးနေ့မြတ်တွင်
ဗုဒ္ဓဘုရား၏ ဂုဏ်တော်များကို ရိုသေလေးစားစွာဖြင့်
ပူဇော်ကြပြီး ဗုဒ္ဓနေ့တွင် ကုသိုလ်တရားများပွါးများနိုင်ကြပါစေ။

13/04/2024

✨၂၀၂၄ခုနှစ်ရဲ့ မြန်မာရိုးရာ
နှစ်သစ်ကူး သင်္ကြန်ချိန်ခါသမယမှာ
မေမေတွေအားလုံး ချစ်ရသူတွေနဲ့အတူ
စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်
ဘေးကင်းပြီး ရေလိုကြည်လင်အေးမြကြပါစေ။ ✨

အကောင်းဆုံးနှစ်သစ်မင်္ဂလာကို ပိုင်ဆိုင်ကြပါစေလို့
သက်မွန်က ဆုတောင်းမေတ္တာပို့လိုက်ပါတယ်ရှင်။

🤎🤎🤎🤎

EId Mubarak to all muslim friends from around the world.
10/04/2024

EId Mubarak to all muslim friends from around the world.

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Mom's Diary by Thet Mon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mom's Diary by Thet Mon:

Share