Healtppy - ဟက်ပီး

Healtppy - ဟက်ပီး အထွေထွေ (သို့မဟုတ်) အထူးကုဆရာဝန်များနဲ့

Healtppy - ဟက်ပီး ➡️ အွန်လိုင်းကနေ ဆေးခန်းပြပါ။ Viber - bit.ly/HealtppymmViberCommunity. Telegram - t.me/healtppymm.
(707)

Facebook Group - bit.ly/HealtppymmOfficialGroup.

12/08/2024


06/08/2024

မိခင်နို့တစ်စက်၏ နောက်ကွယ် အပိုင်း - ၂

မိခင်နို့ချိုဟာ ရင်သွေးငယ်လေးတို့အတွက် အင်မတန်မှ အရေးကြီးတယ်ဆိုတာ လူတိုင်း ကြားဖူးသိဖူးကြမယ်ပေမယ့် ဘယ်လောက်အထိအရေးပါလဲ ဘယ်လိုအရေးပါသလဲဆိုတာကိုတော့ လူသိနည်းလှပါတယ်နော်။

မိခင်နို့ရည်က ဘာကြောင့် အရေးကြီးတယ်၊ ဘယ်လိုဘယ်ပုံအရေးကြီးတယ်၊ ဘယ်လိုနည်းလမ်းတွေနဲ့ စနစ်တကျ တိုက်ကျွေးဖို့ လိုအပ်တယ်၊ မိခင်နို့ရည်ကို တာရှည်ခံအောင် နည်းလမ်းတကျ ဘယ်လိုထိမ်းသိမ်းသင့်တယ်ဆိုတာတွေကိုတော့ သိထားမယ်ဆိုရင် မိခင်နို့ရည်ရဲ့ တန်ဖိုးကို ပိုပြီးသိလာကြပါလိမ့်မယ်။ ယခု တင်ဆက်ပေးမယ့် ဗီဒီယို အပိုင်း (၂ ) ထဲမှာတော့ မိခင်နို့ရည်တစ်စက်ရဲ့ နောက်ကွယ်က အရေးပါတဲ့အချက်အလက်လေးတွေကို ဆရာမကြီး ဒေါက်တာ ဒေါ်ခင်ဆွေနဲ့ တေးသံရှင် ဗီဗာဟိန်းတို့က မိခင်တိုင်း၊ အမျိုးသမီးတိုင်း၊ လူတိုင်းအတွက် ဗဟုသုတဖြစ်ဖွယ် အသေးစိတ် ဆွေးနွေးပြောပြပေးထားတာမို့ မိခင်နို့ရည်ရဲ့ အရေးပါပုံကို သိနားလည်နိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်ရှင့်။



05/08/2024

မိခင်နို့တစ်စက်၏ နောက်ကွယ် အပိုင်း - ၁

မိခင်နို့ချိုဟာ ရင်သွေးငယ်လေးတို့အတွက် အင်မတန်မှ အရေးကြီးတယ်ဆိုတာ လူတိုင်း ကြားဖူးသိဖူးကြမယ်ပေမယ့် ဘယ်လောက်အထိအရေးပါလဲ ဘယ်လိုအရေးပါသလဲဆိုတာကိုတော့ လူသိနည်းလှပါတယ်နော်။

မိခင်နို့ရည်က ဘာကြောင့် အရေးကြီးတယ်၊ ဘယ်လိုဘယ်ပုံအရေးကြီးတယ်၊ ဘယ်လိုနည်းလမ်းတွေနဲ့ စနစ်တကျ တိုက်ကျွေးဖို့ လိုအပ်တယ်၊ မိခင်နို့ရည်ကို တာရှည်ခံအောင် နည်းလမ်းတကျ ဘယ်လိုထိမ်းသိမ်းသင့်တယ်ဆိုတာတွေကိုတော့ သိထားမယ်ဆိုရင် မိခင်နို့ရည်ရဲ့ တန်ဖိုးကို ပိုပြီးသိလာကြပါလိမ့်မယ်။ ယခု တင်ဆက်ပေးမယ့် ဗီဒီယိုလေးထဲမှာတော့ မိခင်နို့ရည်တစ်စက်ရဲ့ နောက်ကွယ်က အရေးပါတဲ့အချက်အလက်လေးတွေကို ဆရာမကြီး ဒေါက်တာ ဒေါ်ခင်ဆွေနဲ့ တေးသံရှင် ဗီဗာဟိန်းတို့က မိခင်တိုင်း၊ အမျိုးသမီးတိုင်း၊ လူတိုင်းအတွက် ဗဟုသုတဖြစ်ဖွယ် အသေးစိတ် ဆွေးနွေးပြောပြပေးထားတာမို့ မိခင်နို့ရည်ရဲ့ အရေးပါပုံကို သိနားလည်နိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်ရှင့်။



အမြင်အာရုံအားဖြည့် အစားအစာများ 🥗+-+-+-++-++-+-+-+-+-+မျက်စိဟာ ခန္ဓာကိုယ်ရဲ့ မရှိမဖြစ်အစိတ်အပိုင်းလို့ ပြောလို့ရပါတယ်။ အမ...
30/06/2024

အမြင်အာရုံအားဖြည့် အစားအစာများ 🥗
+-+-+-++-++-+-+-+-+-+

မျက်စိဟာ ခန္ဓာကိုယ်ရဲ့ မရှိမဖြစ်အစိတ်အပိုင်းလို့ ပြောလို့ရပါတယ်။
အမြင်အာရုံချို့တဲ့လို့ အသက်မသေပေမယ့် သူတစ်ပါးကို အားကိုးရတာ၊ ကိုယ့်ကိုယ်ကို အားမရတာ၊ စိတ်ဓာတ်ကျတာ၊ မတော်တဆထိခိုက်မှုတွေ ဖြစ်နိုင်တာ စတဲ့ ကြီးမားတဲ့ ဘဝပြဿနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။

အမြင်အာရုံပြဿနာတွေဟာ မျက်စိက အာရုံစိုက်ရများတာ နဲ့ အသက်အရွယ်ကြီးရင့်လာတာကြောင့် အဖြစ်များပါတယ်။

ဒါတွေကို သက်သာစေဖို့၊ ကာကွယ်ဖို့အတွက် နေထိုင်စားသောက်မှုပုံစံကို ဂရုပြုရပါမယ်။


#ဟက်ပီး


အမြင်အာရုံကို အားဖြည့်ပေးမယ့် အစားအစာတွေ ဂရုတစိုက်စားတဲ့အခါ မျက်စိပြဿနာတွေ လျော့နည်းပြီး အမြင်အာရုံတိုးတက်လာတာကို အံသြဖွယ် တွေ့ရမှာပါ။

ဘာတွေစားရမလဲ?

🦈 ငါး
အဆီများတဲ့ငါးတွေမှာ omega 3 fatty acids ပါဝင်ပြီး မျက်လုံးခြောက်သွေ့ယားယံတာကို သက်သာစေပါတယ်။ တူနာ၊ ဆာဒင်း၊ ဆယ်လ်မွန်၊ ပလာတူးနဲ့ ငါးသလောက်တို့လို ငါးတွေဟာ အဆီများပြီး omega 3 fatty acids ကြွယ်ဝလို့ များများစားပါ။

🥜 အခွံမာသီးနဲ့ ပဲအမျိုးမျိုး
အခွံမာသီးနဲ့ ပဲတွေမှာ omega 3 fatty acids ကြွယ်ဝသလို ဗိုက်တာမင် E လည်းပါဝင်လို့ အိုမင်းမှုကြောင့် ဖြစ်တဲ့ မျက်စိပြဿနာတွေကို လျော့နည်းစေပါတယ်။ သစ်ကြားသီး၊ သီဟိုဠ်စေ့၊ မြေပဲ၊ ပဲနီလေး ပဲဝါလေး စတာတွေ မကြာခဏ စားပေးပါ။

🌾အစေ့အဆန်များ
အစေ့အဆန်တွေဟာလည်း omega 3 fatty acids ကြွယ်ဝတဲ့ အစားအစာပါ။ ခေတ်စားနေတဲ့ chia seeds နဲ့ flax seeds တို့ကို ဖြစ်နိုင်ရင် စားပေးပါ။

🍋ချဥ်တဲ့အသီးများ
သံပုရာသီး၊ လိမ္မော်သီးနဲ့ ဂရိတ်ဖရုတို့လို ချဥ်တဲ့အသီးတွေမှာ ဗိုက်တာမင် C ကြွယ်ဝလို့ အသက်အရွယ်ကြောင့်ဖြစ်တဲ့ မျက်စိပြဿနာတွေကို ကာကွယ်ပေးမှာပါ။

🥕မုန်လာဥနီ
မုန်လာဥနီလေးမှာ ပါတဲ့ ဘီတာကယ်ရိုတင်း နဲ့ ဗိုက်တာမင် A လေးက အမြင်အာရုံတွေကို ကြည်လင်စေပါတယ်။

🍠 ကန်စွန်းဥ
ကန်စွန်းဥလေးမှာလည်း မုန်လာဥနီလို ဘီတာကယ်ရိုတင်းပါဝင်တဲ့အပြင် ဗိုက်တာမင် E နဲ့ antioxidant တွေလည်း ပါဝင်ပါတယ်။

🌿 အစိမ်းရောင် ဟင်းသီးဟင်းရွက်များ
စိမ်းစိမ်းစိုစိုတွေကို ကြည့်လည်းကြည့်၊စားလည်းစားတာက မျက်စိကို ကောင်းသထက်ကောင်းစေမှာပါ။ အစိမ်းရောင်အရွက်တွေမှာ antioxidants နဲ့ ဗိုက်တာမင် C အများကြီးပါလို့ ဟင်းနုနွယ်၊ ဆလပ်ရွက်နဲ့ အစိမ်းရောင်အရွက်တွေ စားနိုင်သမျှ များများစားပါ။

🥚ဥအမျိုးမျိုး
ဥအမျိုးမျိုးမှာပါတဲ့ lutein and zeaxanthin ဓာတ်တွေက အိုမင်းမှုကြောင့် အမြင်အာရုံလျော့နည်းတာကို သက်သာစေပါတယ်။

🍖အမဲသား
အမဲသားမှာပါတဲ့ ဇင့်ဓာတ်က အိုမင်းမှုကြောင့် အမြင်အာရုံလျော့နည်းတာနဲ့ macular degeneration ကို သက်သာစေပါတယ်။

🥛ရေ
ရေများများသောက်ခြင်းက မျက်လုံးခြောက်သွေ့ခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဒီအစားအစာတွေ စားတာအပြင် မျက်စိလေ့ကျင့်ခန်းလုပ်တာ
ဖုန်း၊ ကွန်ပြူတာတွေ သုံးစဥ် blue ray ကာကွယ်တဲ့ မျက်မှန်တပ်တာ
အပြင်သွားရင် နေကာမျက်မှန်တပ်တာ
ဆေးလိပ်ဖြတ်တာ
ဆီးချိုတက်ရင် မျက်စိကွယ်နိုင်တာမို့ ပုံမှန်ဖြစ်အောင် ထိန်းတာ
မိသားစုထဲမှာ မျက်စိရောဂါရှိဖူးရင် ပုံမှန်စမ်းသပ်စစ်ဆေးမှု လုပ်တာတွေက အမြင်အာရုံပြဿနာတွေကို လျော့နည်းစေပါလိမ့်မယ်။


#ဟက်ပီး

မိုးရာသီနဲ့ တုပ်ကွေး သူကြင်မှ ကိုယ်ကြင်မှာလား? 😊++++++++++++++++နွေရာသီရဲ့ ပူလောင်မှုတွေ အဆုံးသတ်ရင်း မိုးရာသီရဲ့ အေးမြမ...
30/06/2024

မိုးရာသီနဲ့ တုပ်ကွေး သူကြင်မှ ကိုယ်ကြင်မှာလား? 😊
++++++++++++++++

နွေရာသီရဲ့ ပူလောင်မှုတွေ အဆုံးသတ်ရင်း မိုးရာသီရဲ့ အေးမြမှုတွေ အစားထိုးဝင်ရောက်လာတဲ့ အချိန်မှာ မဖိတ်ခေါ်ဘဲ ရောက်လာမယ့်
ဧည့်သည်ကတော့ တုပ်ကွေးပါ။ တုပ်ကွေး ရာသီဆိုပြီး ရှောင်လွှဲလို့မရတာဖြစ်လို့ ကာကွယ်ဖို့အတွက် နည်းလမ်းအဖြာဖြာကို မျှဝေပါရစေ။

*နေ့စဉ်ပုံမှန်လှုပ်ရှားသွားလာနေသူတွေ
*ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ ရင်ကြပ်ရောဂါ စတဲ့ နာတာရှည်ရောဂါအခံရှိသူ​တွေ
*အသက် (၆၅)နှစ် အထက် လူကြီးတွေ
*ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ
*ကိုယ်ခံအားနည်းသူတွေ
*မကြာခဏ ဖျားနာတတ်သူတွေ
*အသက် ( ၆ ) လအထက် ကလေးငယ်တွေ
*Covid 19 ကာကွယ်ဆေး ထိုးပြီးသူ​တွေလည်း မိုးရာသီမှာ တုပ်ကွေးမဖြစ်ရလေအောင် တတ်နိုင်ပါက တုပ်ကွေး(၄ မျိုး) ကာကွယ်ဆေး ထပ်မံ ထိုးထားသင့်ပါတယ်။

မိုးရာသီမှာ တုပ်ကွေးမဖြစ်ဖို့ ဘာတွေ ကြိုတင် ကာကွယ်ရမလဲ?

1. အ​ပြင်ထွက်တိုင်း မိုးကာအင်္ကျီ ၊ ထီး အဆင်ပြေရာကို အမြဲတမ်းဆောင်သွားပါ။ မိုးရွာရင် နီးစပ်ရာအမိုးအကာအောက် အမြန်
ခိုနားဖို့ ကြိုးစားပါ။ မိုးရေထိတွေ့မှုကို အနည်းဆုံးဖြစ်အောင်နေရင်း အအေးမိခြင်းကို ကာကွယ်ရမှာ ဖြစ်ပါတယ်။

2. မိုးရေတွေစိုပြီး ပြန်ရောက်လာတာနဲ့ ရေချိုး ကိုယ်လက်သန့်စင်ပေးခြင်းကလည်း ပိုးမွှားများ အန္တရာယ်က ကာကွယ်ပေးတယ်လို့ ဆိုထားပါတယ်။

3. ရေချိုးဖို့ အရမ်းချမ်းနေရင်တော့ ချက်ချင်းတန်းမချိုးဘဲ နွေးထွေးအောင် အပူတစ်ခုခု သောက်ပြီးဖြစ်ဖြစ်၊ ရေနွေးနဲ့ ဖြစ်ဖြစ် ချိုးပေးသင့်ပါတယ်။ ရေချိုးပြီးတာနဲ့ သေချာခြောက်သွေ့အောင် ကိုယ်လက်သန့်စင်ပြီးတာနဲ့ အဝတ်အစားများ နွေးနွေးထွေးထွေး ဝတ်ဆင်ပါ။ ပြီးရင်တော့ နွားနို့ပူပူ ဒါမှမဟုတ် စွပ်ပြုတ် ပူပူတစ်ခွက်ကို သောက်ရင်း အနားယူပါ။

4. မိုးရေထိတွေ့မှု နည်းရင်တောင် ကိုယ်ခံအားစနစ် အားနည်းနေပါက တုပ်ကွေးပိုးကို ထိရောက်စွာ ကာကွယ်နိုင်မှာ မဟုတ်ပါ။ ဒါကြောင့် ကိုယ်ခံအား ကောင်းမွန်စေတဲ့ Vitamin C ပါတဲ့ ဆေးသောက်တာဖြစ်ဖြစ် ၊အရည်ရွှမ်းပြီး ချဥ်တဲ့ သစ်သီးဝလံတွေ များများ စားသုံးပေးတာဖြစ်ဖြစ် လုပ်သင့်ပါတယ်။

5. မိုးရာသီမှာ သန့်ရှင်းတာကလဲ အရေးကြီးတဲ့အရာဖြစ်လို့ တုပ်ကွေးမိ​သွားရင်တောင် လက်သေချာဆေးရုံသာမက လက်သန့်စင်ဆေးရည် လဲ သုံးပေးသင့်ပါတယ်။

6. ကိုယ်ခန္ဓာမှာရှိတဲ့ အဆိပ်အတောက်တွေ အမြန် စွန့်ပစ်နိုင်အောင် ရေလဲများများ သောက်ပေးပါ။ အပြင်မှာ ထွက်စားတာထက် မိုးရာသီအတွင်းအိမ်မှာပဲ အာဟာပြည့်ဝပြီးတော့ သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေ ချက်ပြုတ်စားသောက်ဖို့ အချိန်ပေးသင့်ပါတယ်။

ဒီလိုမျိုး အချက်လေးတွေ ဂရုတစိုက် အချိန်ပေးပြီး လိုက်လုပ်ဖို့
အဆင်သင့်ပဲလား? လိုက်လုပ်နိုင်မယ် ဆိုရင်တော့ မိုးရာသီမှာ ကာကွယ်မှုအပြည့်ယူရင်း တုပ်ကွေးနဲ့ ကြင်ကြင်နာနာ အတူယှဥ်တွဲနေထိုင်နိုင်မှာပါနော်။


#ဟက်ပီး

မိုးရာသီမှာ ပိုဆိုးလာတတ်တဲ့ အရေပြား မှိုရောဂါ  😞____________________________________________မုတ်သုံက လှပတယ်ဆိုပေမယ့် အရေ...
29/06/2024

မိုးရာသီမှာ ပိုဆိုးလာတတ်တဲ့ အရေပြား မှိုရောဂါ 😞
____________________________________________

မုတ်သုံက လှပတယ်ဆိုပေမယ့် အရေပြားအတွက်တော့ ကျန်းမာလှတယ် မဟုတ်ပါဘူး။ မုတ်သုံမှာ အရေပြား ကူးစက်မှုပြဿနာတွေ ခံစားရနိုင်ပါတယ်။ လေထုထဲမှာ စိုထိုင်းဆမြင့်လာတာက မှိုတွေကို ပျော်ပျော်ကြီး ပေါက်ဖွားစေပြီး မှိုပိုးကူးစက်ခံရမှုတွေကို အခြားရာသီတွေထက် ပိုဖြစ်စေနိုင်သလို ရှိရင်းစွဲ မှိုရောဂါတွေကိုလည်း ပိုဆိုးလာစေနိုင်ပါတယ်။

မုတ်သုံမှာ စိုထိုင်းဆ များတာ၊ စိုစွတ်ပုနွေးတာတွေက မှိုပိုးတွေကို ရှင်သန်ကြီးထွားဖို့ အကောင်းဆုံး အားဖြည့်ပေးနေပါတယ်။ ဒါကြောင့်လည်း မိုးတွင်းမှာ မှိုပိုးကူးစက်မှုတွေ ပိုဆိုးလာရတာပေါ့။

အရေပြားက တစ်ချိန်လုံး စိုစွတ်နေတာကလည်း မှိုပိုးတွေကို ပိုဆိုးစေနိုင်တာပါ။ မိုးရာသီမှာ ရေဝဲစားတာ၊ သဲဝဲစားတာ၊ ပွေး၊ ညှင်းလိုမျိုး မှိုပိုးကြောင့်ဖြစ်နိုင်တဲ့ အရေပြားကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အရေပြားမှိုပိုး အများစုက အရေပြားအပေါ်ယံလွှာ နဲ့ အရေပြား အတွန့်အခေါက်များတဲ့ နေရာတွေမှာ ရှိတတ်ကြပါတယ်။

မိုးရာသီမှာ အရေပြားမှိုရောဂါတွေ ပိုဆိုးမလာစေဖို့ဆိုရင် 👇

· အရေပြားကို သေချာလေး သန့်စင်ပါ။

· အရေပြားသန့်စင်တာကို ပုံမှန်လုပ်ပါ။

· အရေပြားကို ခြောက်သွေ့အောင် ထားပါ။

· အကျိုးပြု ဘက်တီးရီးယား ကြွယ်ဝတဲ့ အစားအစာတွေ စားပေးပါ။ ဥပမာ - ဒိန်ချဉ်လိုမျိုးပေါ့။

· ပိုးသတ်ပေးနိုင်တဲ့ ဆေးတစ်မျိုးမျိုး လိမ်းပါ။

· အရေပြားကို လေဝင်လေထွက်ကောင်းအောင် ထားပါ။

· နေရောင်ခြည်နဲ့ ထိတွေ့စေပါ။

· မှိုသတ်ဆေး လိမ်းပေးပါ။

အရမ်းပြင်းထန်လာတာမျိုး မဖြစ်စေဖို့ ဆရာဝန်နဲ့ ပြသကြည့်ဖို့ အကြံပြုပါရစေ။

အရေပြားမှိုရောဂါတွေကို ထိထိရောက်ရောက်ကာကွယ်ချင်တယ်ဆိုရင်တော့ 👇

· တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ

· တစ်ကိုယ်ရေသုံးပစ္စည်းတွေကို မျှဝေသုံးစွဲတာမျိုး မလုပ်ပါနဲ့

· သန့်ရှင်းတဲ့ အဝတ်အစားတွေကိုပဲ ဝတ်ပါ

· ဖိနပ်ကိုလည်း လေဝင်လေထွက်ကောင်းတာမျိုး ရွေးချယ်ပါ

· ရေချိုးပြီးတိုင်း ခြောက်သွေ့အောင် သုတ်ပါ

· ခြေထောက်ဗလာနဲ့ လမ်းမလျှောက်ပါနဲ့

· မှိုပိုးရှိတဲ့ တိရစ္ဆာန်တွေနဲ့ အနီးကပ်ထိတွေ့တာမျိုး မလုပ်ပါနဲ့။


#ဟက်ပီး

အသည်းရောင်စီပိုးက ကုလို့ပျောက်သလား 🤷‍♀️_________________________________________လူတိုင်းနီးပါး ကြားဖူးနေတဲ့ အသည်းရောင်စီ...
29/06/2024

အသည်းရောင်စီပိုးက ကုလို့ပျောက်သလား 🤷‍♀️
_________________________________________

လူတိုင်းနီးပါး ကြားဖူးနေတဲ့ အသည်းရောင်စီပိုးဟာ ပြင်းထန်အသည်းရောင်ရောဂါ ဖြစ်နိုင်သလို နာတာရှည်အသည်းရောင်ရောဂါလည်း ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ် တစ်မျိုးပါ။
UK တစ်နိုင်ငံတည်းမှာ တစ်နှစ်ကို တစ်သိန်းနှစ်သောင်းလောက် ကူးစက်ခံနေရတဲ့ ရောဂါဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ မှတ်တမ်းတွေအရ ကမ္ဘာပေါ်မှာ စီပိုးကူးစက်ခံရပြီးသူ ၅၄ သန်းကျော် ရှိပါတယ်။

ကူးစက်နိုင်တဲ့ နည်းလမ်းတွေ....👇

-ရောဂါပိုးရှိတဲ့သူရဲ့ သွေးနဲ့ ထိတွေ့တာ
-ရောဂါပိုးရှိသူရဲ့ သွေးသွင်းမိတာ
-ဆေးထိုးအပ်တွေ မျှဝေသုံးစွဲတာ
-သွားတိုက်တံ၊ မုတ်ဆိတ်ရိတ်ဓားတွေ မျှဝေသုံးစွဲတာ
-ရောဂါပိုးရှိသူနဲ့ အကာကွယ်မဲ့ လိင်ဆက်ဆံတာ
-ရောဂါပိုးရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်ကနေ ရင်သွေးကိုကူးတာ စတာတွေက တဆင့် ကူးစက်နိုင်ပါတယ်။

ရောဂါလက္ခဏာတွေ....👇
-ကိုယ်ပူတာ၊ ကြွက်သားတွေနာကျင် ကိုက်ခဲပြီး ရာသီတုပ်ကွေးလက္ခဏာတွေလို ဖြစ်တာ
-ဝမ်းဗိုက်အပေါ်ပိုင်း အောင့်တာ
-အသားဝါ၊မျက်စိဝါတာ
-ဆီးအရောင်ရင့်တာ
-မစားချင်မသောက်ချင် မောပန်းပြီး နုံးနေတာ စတဲ့ လက္ခဏာတွေပြနိုင်သလို ဘာရောဂါလက္ခဏာမှ မပြဘဲလည်း ဖြစ်နိုင်ပါတယ်။

အသည်းရောင် စီပိုးရှိမရှိ သိနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက သွေးစစ်တာပါ။

စီပိုးရှိနေရင် ကုလို့ပျောက်သလား?
ပျောက်နိုင်ပါတယ်။
ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်တွေ ပွားလာတာကို တားဆီးပေးတဲ့ ဆေးတွေနဲ့ ၈ပတ်ကနေ ၁၂ ပတ်လောက်ထိ ကုသမှုခံယူရင် ၉၀% ခန့်သောလူနာတွေဟာ ရောဂါအရှင်းပျောက်နိုင်ပါတယ်။
ထိုးဆေးအနေနဲ့ရော သောက်ဆေးအနေနဲ့ရော ရှိတာမို့ ကိုယ်နဲ့အဆင်အပြေဆုံး၊ အသင့်တော်ဆုံး ကုသမှုကို အသည်းအထူးကုဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှု ခံယူနိုင်ပါတယ်။

မကုဘဲထားရင် ဘာဖြစ်မလဲ?
-အသည်းတစ်ရှူးတွေ အမာရွတ်ဖြစ်လာပြီး အသည်းခြောက်တာ
-အသည်းကင်ဆာ ဖြစ်တာ
-အသည်းအလုပ်မလုပ်နိုင်တော့လို့ ခန္ဓာကိုယ်မှာ အဆိပ်အတောက်တွေစုပုံလာပြီး အသက်အန္တာရာယ် စိုးရိမ်ရတာတွေ ဖြစ်နိုင်ပါတယ်။

ကာကွယ်လို့ရလား?
စီပိုးအတွက် ကာကွယ်ဆေးရယ်လို့ မရှိသေးပါဘူး။
-ရောဂါပိုးရှိသူရဲ့ သွေးနဲ့မထိမိအောင် သတိထားတာ
-မလိုအပ်ဘဲ သွေးမသွင်းတာ
-တခြားသူတွေနဲ့ ဆေးထိုးအပ်၊ သွားတိုက်တံ၊ မုတ်ဆိတ်ရိတ်ဓား စတာတွေ မျှဝေသုံးစွဲမှုမလုပ်တာ
-လိင်ဆက်ဆံရင် အကာအကွယ်သုံးတာ
-ရောဂါပိုးရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်ကနေ ကလေးကို မကူးအောင် ကာကွယ်တာ (ရိုးရိုးမွေးတဲ့အချိန် မွေးလမ်းကြောင်းက ကူးစက်နိုင်ခြေများလို့ ခွဲမွေးတာ၊ မွေးပြီးပြီးချင်း ကာကွယ်ဆေးထိုးပေးတာ) စတာတွေက အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

ဒီတော့ အသည်းရောင်စီပိုးကို ကြောက်မနေဘဲ မဖြစ်ခင်ကာကွယ်ပြီး ဖြစ်လာရင်လည်း ကုသမှုသေချာခံယူပြီး အသည်းကို ကာကွယ်ကြပါစို့။


#ဟက်ပီး

ပန်းနာရင်ကြပ်သမားများ မိုးရာသီမှာ သတိထားစရာ ✅____________________________________________________ရာသီဥတု အပြောင်းအလဲကြော...
28/06/2024

ပန်းနာရင်ကြပ်သမားများ မိုးရာသီမှာ သတိထားစရာ ✅
____________________________________________________

ရာသီဥတု အပြောင်းအလဲကြောင့် ခေါင်းခဲရတဲ့ သူတွေထဲမှာ ဘယ်သူတွေ ပါကြမယ်လို့ ထင်ပါသလဲ?

ထိပ်ဆုံးမှာတော့ ပန်းနာရင်ကြပ် ရောဂါ ရှိသူတွေ ပါဝင်ကြမှာပါ ။
ပန်းနာရင်ကြပ် ရောဂါသမားတွေဟာ နာတာရှည် ရောဂါဖြစ်လို့ အစားအသောက်၊ အနေအထိုင်ကအစ အရာရာ ဂရုစိုက်ကာ ဆေးသောက်ရတဲ့သူတွေ၊ ဆေး ရှူရတဲ့သူတွေကလဲ ဆရာဝန်ညွှန်ကြားချက်အတိုင်း စနစ်တကျ လိုက်နာသင့်ပါတယ်။

ဒီလိုမျိုး ဂရုစိုက်ရမယ့် အထဲကမှ ရာသီဥတု အပြောင်းအလဲပေါ်
မူတည်ပြီးတော့ ရင်ကြပ်ရောဂါ ပြန်မထအောင်၊ ရင်ကြပ်အောင် လှုံ့ဆော်စေတဲ့ အသက်ရှူလမ်းကြောင်းကို ဆွစေတဲ့ အရာတွေကို မဖြစ်ခင်ထဲက ဦးစွာ ကြိုတင်ပြင်ဆင်ပြီး ရှောင်ရှားရမှာ ဖြစ်ပါတယ်။

ရောဂါသက် ကြာလာတာနဲ့အမျှ မိမိနဲ့ ဓာတ်မတည့်တာတွေကို သေချာသိရှိနေကြပြီးလဲ ဖြစ်ပါလိမ့်မယ်။ ဒီဆောင်းပါးမှာတော့ မိုးရာသီနဲ့ ပတ်သက်ပြီး အထူးဂရုပြု နေထိုင်ရမှာတွေကို အလေးပေး မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

🤔မိုးရာသီမှာ ဘယ်အရာတွေက အသက်ရှူလမ်းကြောင်း လှုံ့ဆော်မှု၊
ဓာတ်မတည့်မှုတွေ ဖြစ်စေတာလဲ?
1. မှို
မိုးရာသီဟာ အဓိက စိုထိုင်းမှုကို ဖြစ်စေ​ပြီးတော့ မိုးသည်းတဲ့နေ့တွေဆို
စိုထိုင်းဆက ပိုများလာပါတယ်။ စိုထိုင်းမှုဟာ အရာဝတ္ထုပစ္စည်း၊ အသုံးအဆောင်တွေမှာ မှိုစွဲတာကို ပိုအားပေးပါတယ်။

2. ဝတ်မှုန်
လေရောမိုးပါ ရောလာရင် ပန်းပင်တွေက ဝတ်မှုန်တွေ လွင့်လာနိုင်ပါတယ်။ ဒါပေမယ့် မိုးရာသီရဲ့ စိုထိုင်းစများတာက ဝတ်မှုန်တွေကို ပျံ့လွင့်မနေစေဘဲ မြေကြီးပေါ်ကိုသာ ကျရောက်စေတာကြောင့် ဝတ်မှုန်ကြောင့် ဓာတ်မတည့်တာ လျော့နည်းစေမှာ ဖြစ်ပါတယ်။

3. ဖုန် နဲ့ အိမ်တွင်း ပိုးမွှားကောင်
မိုးရာသီမှာ မိုးရွာလို့ အပြင်မထွက်တော့ဘဲ အိမ်ထဲမှာပဲ ကွေးနေတဲ့နေ့တွေဆို အိမ်ထဲက ဖုန်တွေ၊ အိမ်ရာခင်း အသုံးအ​ဆောင်တွေမှာ ကပ်တွယ်နေတတတ်တဲ့ အိမ်တွင်း ပိုးမွှားကောင်တွေကလဲ ဓာတ်မတည့်တာကို ဖြစ်စေပါတယ်။

🤔အသက်ရှူလမ်းကြောင်း လှုံ့​ဆော်မှုတွေ၊ ဓာတ်မတည့်တာတွေ နည်းသွားအောင် ဘယ်လိုလုပ်ကြမလဲ?

အိမ်အပြင်ဘက် မိုးရွာတာ မရွာတာက ပြုပြင်ပြောင်းလဲ ထိန်းချုပ်လို့မရပေမယ့် အိမ်ထဲမှာ ဖုန်တွေ၊ ပိုးမွှားတွေ မကပ်နိုင်အောင် ၊ မှိုမစွဲနိုင်အောင်
ပတ်ဝန်းကျင်က အသုံးအဆောင် ပစ္စည်း၊ အိပ်ရာခင်း ၊ စောင် ၊ ခေါင်းအုံးက အစ သေချာ နေ့စဥ် သန့်ရှင်းရေး လုပ်ပေးရပါ့မယ်။

သန့်ရှင်းရေး လုပ်တဲ့ အခါမှာလဲ ဖုန်၊ပိုးမွှား၊ မှိုတွေ ရှိ​နေပြီးဖြစ်ပါက
လွင့်ပျံမလာစေရန် နှာခေါင်းစည်းတပ်၊ လက်အိတ်ဝတ်ပြီး ခန္ဓာကိုယ်နဲ့
မထိတွေ့အောင် တတ်နိုင်သမျှ တားထားရပါမယ်။ သန့်ရှင်းရေးလုပ်ပြီးတိုင်း ကိုယ်လက် သန့်စင်ပေးပါက ပိုကောင်းပါတယ်။

အိမ်အပြင်က ဝတ်မှုန်တွေ မဝင်နိုင်အောင် တံခါးတွေပိတ်ပြီး air conditioner ဖွင့်ထားပါ။ စိုထိုင်းတာကို စိုးရိမ်တဲ့သူ ဖြစ်ပါက de-humidifier ဖွင့်ထားလို့လဲ ရပါတယ်။

အိမ်ပြင်ကို မိုးရွာထဲ မဖြစ်မနေ ထွက်ရမယ်ဆိုပါက အအေးမမိအောင် ဂရုစိုက်ကာကွယ်ပါ။ အအေးမိရာကနေ အသက်ရှူလမ်းကြောင်း ကူးစက်ခံရပါက ဓာတ်မတည့်တာ ဖြစ်နိုင်သေးတဲ့ အတွက် ဖြစ်ပါတယ်။ မိုးရွာထဲက ပြန်ရောက်ပြီဆိုပါက အဝတ်ခြောက်များ လဲလှယ်ဝတ်ဆင်ပြီးတာနဲ့ နွေးနွေးထွေးထွေးနေပြီး ပူပူနွေးနွေး အာဟာရရှိအောင် စားသုံးပါ။

အသက်ရှူလမ်းကြောင်း လှုံ့​ဆော်မှုတွေ၊ ဓာတ်မတည့်တာတွေ မလွှဲမရှောင်သာ ဖြစ်လာပါက အရေးပေါ် ဆေးများ အလွယ်တကူ သောက်သုံးနိုင်ရန်၊ ရှူနိုင်ရန် ဆရာဝန်နဲ့တိုင်ပင်ပြီး ပြင်ဆင်ထားပါ။ သို့သော် ဆေးဝါးတွေ သုံးစွဲပြီးပေမယ့် သက်သာမလာဘဲ ပိုဆိုးလာတယ် ထင်ရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး သွားသင့်ပါတယ်။ သွားဖို့ကိုလဲ မိသားစုဝင်များနဲ့ ကြိုတင်တိုင်ပင် ပြင်ဆင်ထားသင့်ပါတယ်။

မိတ်ဆွေရော ပန်းနာရင်ကြပ်ရောဂါနဲ့ ပတ်သက်ပြီးတော့ ကိုယ်တိုင်မဟုတ်တောင် အနီးအနားမှာ ဝေဒနာခံစားနေရသူတွေကို ကြုံခဲ့ဖူးပါသလား ?
ဒီဆောင်းပါးနဲ့ ပတ်သက်ပြီး သိရှိလိုသမျှ ၊ ဝေဖန်အကြံပြုလိုသမျှကိုလဲ စာဖတ်သူမိတ်ဆွေများက မျှဝေပေး​စေလိုပါတယ်။ Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦးနော်။


#ဟက်ပီး

ထိပ်ပြောင်ရတဲ့ အကြောင်းရင်း 👨🏻‍🦲-------------------------------ထိပ်ပြောင်တာဟာ စဥ်းစားရလွန်းလို့၊ ဥာဏ်ပညာနဲ့ ပြည့်စုံသူတွ...
28/06/2024

ထိပ်ပြောင်ရတဲ့ အကြောင်းရင်း 👨🏻‍🦲
-------------------------------

ထိပ်ပြောင်တာဟာ စဥ်းစားရလွန်းလို့၊ ဥာဏ်ပညာနဲ့ ပြည့်စုံသူတွေမှာဖြစ်တာလို့ ဘယ်လိုပဲ မြှောက်ပင့်လို့၊ ဖြေသိမ့်လို့ ပြောပေမယ့် ထိပ်ပြောင်ဆံပင်ကျွတ်တာကို ကျေနပ်ပီတိ ဖြစ်နေတဲ့သူတော့ ရှိမယ်မထင်ပါဘူး။

ထိပ်ပြောင်တာဖြစ်ဖြစ်၊ နောက်ပြောင်တာဖြစ်ဖြစ် ဆံပင်အကွက်လိုက် ကျွတ်ကုန်တဲ့အခါ ရှိရင်းစွဲ အသက်ထက် ကြီးရင့်တဲ့ပုံပေါက်သလို မိမိကိုယ်ကို ယုံကြည်မှုလည်း ပျောက်စေပါတယ်။

ခေါင်းအုံးပေါ်မှာ၊ အခန်းထဲက ကြမ်းပြင်မှာ၊ ရေချိုးခန်းမှာ ဆံပင်တွေအများကြီး တွေ့ရတဲ့အခါ အနည်းနဲ့အများတော့ စိတ်ဆင်းရဲရမှာပါ။

အကြောင်းရင်းပေါ် မူတည်ပြီး ထိပ်ပြောင်ရာက ဆံပင်ပြန်ပေါက်တာမျိုး ရှိတတ်ပေမယ့် ပြန်မပေါက်နိုင်တော့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အမျိုးသားတွေမှာ hairline တစ်လျှောက် အကျွတ်များပြီး နဖူးပြောင်ထိပ်ပြောင်တဲ့ ပုံစံက အဖြစ်များကာ အမျိုးသမီးတွေမှာတော့ ဆံပင်ပါးလာတာ၊ ဆံပင်အကွက်လိုက် ကျွတ်တာမျိုးက အဖြစ်များပါတယ်။

ဘာလို့ ထိပ်ပြောင်ဆံပင်ကျွတ်တာလဲ ဆိုရင်....
1) မျိုးရိုးဗီဇ
Alopecia areata လို့ ခေါ်တဲ့ မျိုးရိုးဗီဇကြောင့် ထိပ်ပြောင်ခြင်းမှာ ခန္ဓာကိုယ်ရဲ့ ခုခံအားက hair follicles လို့ခေါ်တဲ့ ဆံပင်ရဲ့အရင်းကို တိုက်ခိုက်ပြီး အားနည်းစေတဲ့အတွက် ဆံပင်ကျွတ်တာပါ။

2) ဟော်မုန်း
Testosterone ဟော်မုန်းကနေ dihydrotestorone (DHT) လို့ခေါ်တဲ့ ဟော်မုန်းကို ထုတ်ပေးပါတယ်။ DHT က ဆံပင်အရင်းကို အားနည်းစေပြီး ဆံပင်ကျွတ်စေပါတယ်။ Testosterone ဟာ အမျိုးသားတွေမှာ ပိုများတဲ့ ဟော်မုန်းဖြစ်ပေမယ့် အမျိုးသမီးတွေမှာလည်း ရှိပါတယ်။ အမျိုးသမီးတွေ သွေးဆုံးခါနီးမှာ estrogen ဟော်မုန်းက နည်းလာပြီး testosterone များလာတဲ့အခါ ဆံပင်စကျွတ်လာပါတယ်။
အမျိုးသမီးတွေမှာ ဖြစ်တဲ့ Polycystic ovarian syndrome လို့ခေါ်တဲ့ သားဥအိမ်အရည်အိတ်အများကြီးတည်တဲ့ ရောဂါမှာလည်း testosterone တွေများလာတဲ့အတွက် ဆံပင်ပိုကျွတ်နိုင်ပါတယ်။

3) စိတ်ဖိစီးမှု
စိတ်ဖိစီးမှုဖြစ်တဲ့အခါ ကိုယ်ခံအားကျလာတာ ဓမ္မတာပါပဲ။ ကိုယ်ခံအားကျရင် hair follicles တွေ အားနည်းလာပြီး ဆံပင်ကျွတ်စေပါတယ်။
ဒါကြောင့် covid ရောဂါဖြစ်တဲ့အခါ၊ တခြားရောဂါတွေ ခံစားရတဲ့အခါ ၊ ထိခိုက်ဒဏ်ရာရတဲ့အခါ၊ လူမှုရေးစီးပွားရေးတွေ အဆင်မပြေတဲ့အခါ ဆံပင်ပိုကျွတ်လာတာပါပဲ။

4) ဆေးတွေကြောင့် ဆံပင်ကျွတ်ခြင်း
ကင်ဆာကုသတဲ့ဆေးတွေ၊ NSAIDs အုပ်စုဝင် အကိုက်အခဲပျောက်ဆေးတွေ၊ သိုင်းရွိုက်ဆေးတွေ၊ စိတ်ကျရောဂါမှာ သောက်ရတဲ့ တချို့ဆေးတွေ၊ levodopa လို့ခေါ်တဲ့ ကိုယ်ဝန်ဆိပ်တက်ရင် သောက်ရတဲ့ဆေးတွေကြောင့်လည်း ထိပ်ပြောင်ဆံပင်ကျွတ်နိုင်ပါသေးတယ်။

5) အာဟာရချို့တဲ့ခြင်း
အာဟာရချို့တဲ့ရင်လည်း ဆံပင်ကျွတ်တာ၊ ထိပ်ပြောင်တာ ဖြစ်နိုင်တာပါပဲ။ အထူးသဖြင့် သံဓာတ်နဲ့ vitamin D ချို့တဲ့ရင် ဆံပင်ပိုကျွတ်ပါတယ်။
ဆံပင်သန်စွမ်းစေတဲ့ စူပါအစားအစာတွေဖြစ်တဲ့ ကန်စွန်းဥ၊ ဘယ်ရီသီးတွေ၊ အစေ့အဆံတွေ၊ ဟင်းနုနွယ်၊ မုန်လာဥနီ၊ ငရုတ်ပွ၊ ပဲအမျိုးမျိုး၊ ထောပတ်သီး၊ ပင်လယ်ငါး စတာတွေ စားပေးရပါမယ်။ ဆံပင်ကို အားဖြည့်ပေးတဲ့ ဗိုက်တာမင်အီး၊ သံလွင်ဆီ၊ အုန်းဆီ၊ လက်ဖက်ဆီ စတာတွေလည်း လိမ်းပေးနိုင်ပါတယ်။

ဘာကြောင့်ထိပ်ပြောင်ရသလဲဆိုတဲ့ အကြောင်းရင်းကို သေချာသိရင် ဆံပင်ပြန်ပေါက်နိုင်ပါတယ်။
အာဟာရဖြစ်အောင်စားတဲ့အခါ၊ ဆံပင်ကျွတ်စေတဲ့ဆေးတွေ ရပ်လိုက်တဲ့အခါ၊ စိတ်ဖိစီးမှုတွေ လျှော့ချနိုင်တဲ့အခါ၊ ဟော်မုန်းအစားထိုးကုသမှုတွေကြောင့် ဟော်မုန်းတွေ ညီမျှသွားတဲ့အခါ ဆံပင်ပြန်ပေါက်ဖို့ အခွင့်အရေးရှိပါတယ်။
စတီးရွိုက်သောက်ဆေးတွေ၊ လိမ်းဆေးတွေကလည်း ကိုယ်ခံအားကြောင့်ဖြစ်တဲ့ ဆံပင်ကျွတ်ခြင်းကို ကုသပေးနိုင်တာမို့ အချိန်မလွန်ခင် အကြောင်းရင်းသေချာရှာပြီး ထိပ်ပြောင်ဘဝမှ လွတ်နိုင်ကြပါစေ။


#ဟက်ပီး

မိုး​ဒေဝါ နှင့် ချမ်းတုန်​​စေသောနမိုးနီးယား 🦠________________________________မစို့မပို့က​နေ သဲသဲမဲမဲ ရွာတဲ့ မိုးရာသီမှာ ...
27/06/2024

မိုး​ဒေဝါ နှင့် ချမ်းတုန်​​စေသောနမိုးနီးယား 🦠
________________________________

မစို့မပို့က​နေ သဲသဲမဲမဲ ရွာတဲ့ မိုးရာသီမှာ နမိုးနီးယားလို့ လူသိများတဲ့ အဆုတ်ရောင်ရောဂါဟာလဲ မေ့ပျောက်ထားလို့မရတဲ့ အရာပါနော်။ မိုးဒေဝါရဲ့ တုပ်ကွေးရာသီမှာ နမိုးနီးယားရောဂါဟာ ရိုးရိုးဖျားတုပ်ကွေးနဲ့ ဖြစ်စကနဦး အချိန်တွေမှာ အတော်ဆင်တူတာဖြစ်ပါတယ်။ သတိမမူမိဘဲ ပေါ့ပေါ့ဆဆ နေလိုက်မိမယ် ဆိုရင်တော့ ပြင်းထန်အဆုတ်ရောင် ရောဂါအထိရောက်ရှိသွားပြီး အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တာ ဖြစ်လို့ အရာရာ ​ကြပ်တည်းလာတဲ့ကာလမှာ မကုန်သင့်တာမကုန်ရလေအောင် သတိထားနိုင်ဖို့ မျှဝေပေးပါရစေ မိတ်ဆွေ။

နမိုးနီးယားရောဂါဟာ ဘယ်လိုတွေကြောင့် ဖြစ်ပွားလေ့ရှိလဲ?
ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး ( ဥပမာ ကိုရိုနာ ဗိုင်းရပ်စ်)၊ ပြင်ပမှ အရာဝတ္ထု တစ်ခုခု အသက်ရှူလမ်းကြောင်း အတွင်းသို့ နေရာမှား မတော်တဆ ရောက်ရှိလာခြင်း၊ ခုခံအားကျဆင်းသူတွေမှာ အဖြစ်များတဲ့ မှိုပိုး၊ ဆေးရုံမှာ ကုသမှုခံယူရင်း ကူးစက်ခံရခြင်း စတာတွေကြောင့် နမိုးနီးယား ရောဂါ ဖြစ်ပွားလေ့ရှိပါတယ်။

နမိုးနီးယားဝင်ရင် ဘယ်လိုမျိုးတွေ ခံစားရမလဲ?
ချောင်းဆိုး၊ သလိပ်ထွက်မယ်။ သလိပ်အရောင်ပြောင်းလာမယ် ( နို့ဆီရောင်၊ သံချေးရောင်) ။ အသက်ရှူရတာ ခက်လာမယ်၊ မောလာမယ်။ ချမ်းတုန်၊ သလိပ်ထွက်၊ ချွေးထွက်၊ ရင်တုန်၊ ရင်ဘတ်​အောင့်၊ အပူကြီး၊ အစားအသောက်ပျက်တာတွေ ဖြစ်လာမယ်။
တစ်ခြား အတွေ့ရ နည်းတာတွေ ကတော့ ခေါင်းကိုက်၊နုန်းခွေ၊ ကိုက်ခဲ၊ သွေးအန်၊ အသက်ရှူကြပ်၊ အသက်ကြီးတဲ့သူတွေမှာ သတိကောင်းကောင်း မလည်တော့တာ တွေ အထိ ဖြစ်နိုင်ပါတယ်။

ဘယ်လိုလူတွေမှာ ဖြစ်ရင် ပို အန္တရာယ်ကြီးလဲ?
ကလေးငယ်တွေ၊ ၆၅ နှစ်အထက် လူကြီးတွေ၊ ဆေးလိပ်သောက်တဲ့သူတွေ၊ ကိုယ်ခံအားနည်းသူတွေ၊ တခြားသော နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ အသည်းတို့မှာ နာတာရှည်ရောဂါ ရှိသူတွေမှာ ဖြစ်ရင် ပို အန္တရာယ်ကြီးပါတယ်။

နောက်ဆက်တွဲ အသက်အန္တရာယ် ခြိမ်း​ခြောက်နိုင်တဲ့ ဆိုးကျိုးတွေက ဘာတွေ ဖြစ်နိုင်လဲ?

1. အဆုတ်အမြှေးပါး ရောင်ယမ်းပြီး အသက်ရှူဖို့ရာ မစွမ်းဆောင်နိုင်တော့အထိ ဖြစ်ခြင်း၊
ရှားပေမယ့် ဖြစ်နိုင်သော ဆိုးကျိုးတွေက​တော့...
2. နဂိုက ပြင်းထန်သော ရောဂါအခံ (သို့) အရက်အလွန်အကျွံ သောက်သုံးသူတွေမှာ တွေ့ရတတ်တဲ့ အဆုတ်ပြည်တည်ခြင်း ၊
3. သွေးကြောထဲအထိ ပိုးဆိပ်ပျံ့နှံ့သွားခြင်း တို့ပဲ ဖြစ်ပါတယ်။

နမိုးနီးယားရောဂါ မဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲ?

1. တစ်ကိုယ်ရည် သန့်ရှင်းအောင် ဂရုစိုက်ပြီး လက်များကို အမြဲ သန့်စင်အောင် စက္ကန့် (30) အထိ အချိန်ပေး ဆေးကြောပေးပါ။
2. ချောင်းဆိုးတာဖြစ်ဖြစ်၊ နှာချေတာဖြစ်ဖြစ် ပါးစပ်နဲ့နှာခေါင်းကို
လက်ကိုင်ပဝါ (သို့) တစ်ရှူးနဲ့ အုပ်ထားပါ။
3. လက်ကိုင်ပဝါ (သို့) တစ်ရှူးကို အသုံးပြုပြီးပြီးချင်း စွန့်ပစ်ပါ စတဲ့ အဓိကအချက်တွေကို လိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်။

နမိုးနီးယားရောဂါဟာ အပျော့ကနေ အပြင်းပေါ်မူတည်ပြီး အိမ်မှာနေ
ဆေးသောက်ရတဲ့ အဆင့်မှသည် ဆေးရုံတက်ပြီး ပိုသတ်ဆေးထိုး၊ အထူးကြပ်မတ်ဆောင်မှာ အသက်ရှူစက် အကူအညီယူရတဲ့ အဆင့်အထိ ဆိုးရွားပြင်းထန်နိုင်တဲ့အတွက် နမိုးနီးယားရောဂါ သံသယရှိပါက နီးစပ်ရာ ဆေးရုံ၊ဆေးခန်းမှာ နားလည်တတ်ကျွမ်းသော ဆရာဝန်များနဲ့ ထိရောက်စွာ ကုသမှုခံယူသင့်ပါတယ်။

မိတ်ဆွေတို့ကော နမိုးနီးယားရောဂါ ဘယ်အဆင့်အထိ ခံစားဖူးကြလဲ?
ဒီဆောင်းပါးနဲ့ ပတ်သက်ပြီး သိရှိလိုသမျှ ၊ ဝေဖန်အကြံပြုလိုသမျှကို စာဖတ်သူမိတ်ဆွေများက မျှဝေပေး​စေလိုပါတယ်။ Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦးနော်။


#ဟက်ပီး

နေ့တိုင်းရေချိုးဖို့လိုသလား 🧼----------------------------ရေချိုးလို့သေတဲ့ မသာပဲရှိတယ်၊ ရေမချိုးလို့သေတဲ့ မသာမရှိဘူးလို့ ...
27/06/2024

နေ့တိုင်းရေချိုးဖို့လိုသလား 🧼
----------------------------

ရေချိုးလို့သေတဲ့ မသာပဲရှိတယ်၊ ရေမချိုးလို့သေတဲ့ မသာမရှိဘူးလို့ ကိုယ်တိုင် ပြောဖူးတဲ့သူ၊ သူများပြောတာကို ကြားဖူးတဲ့သူတွေ များမယ်ထင်ပါတယ်နော်။
တကယ်ရော နေ့တိုင်းရေချိုးဖို့ လိုသလား၊ ရေမချိုးရင် ဘာဖြစ်မလဲ၊ ရေချိုးရင် ဘာဖြစ်မလဲကို သိချင်ကြတယ်မလား။
ဒါဆိုရင် အဆုံးထိ ဖတ်ကြည့်လိုက်ရအောင်ပါ။

ဘာကြောင့် ရေချိုးဖို့ လိုအပ်သလဲ?

ရေချိုးတာက ခန္ဓာကိုယ်သန့်ရှင်းဖို့ ဆိုတာ လူတိုင်းသိကြမှာပါ။
ရေချိုးခြင်းဖြင့် ခန္ဓာကိုယ်ပေါ်က ဆဲလ်သေတွေ၊ ဘက်တီးရီးယားတွေ၊ ဖုန်နဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။
ရေချိုးတာ၊ ချွေးထုတ်ခန်းသွားတာ၊ ရေနွေးငွေ့ခံတာတွေက သန်ရှင်းဖို့အပြင် တခြားကောင်းကျိုးတွေလည်း ရှိပါသေးတယ်။

👉-ကိုယ်ခံအားစနစ်ကို ကောင်းစေတာ
👉-နာကျင်ကိုက်ခဲခြင်းတွေ သက်သာတာ
👉-အကြောပြေစေတာ
👉-သွေးလှည့်ပတ်မှုကောင်းစေတာ
👉-မောပန်းနွမ်းနယ်မှုတွေ ပျောက်ပြီး လန်းဆန်းစေတာ
👉-အာရုံစူးစိုက်မှုကောင်းစေတာ
👉-အသက်ရှူလို့ ပိုကောင်းစေတာတွေက ရေချိုးခြင်းရဲ့ ကောင်းကျိုးတွေပေါ့။

ဒါဆို ဆိုးကျိုးတွေရော ရှိသလား ဆိုရင် ရှိပါတယ်။
နေပူထဲက ပြန်လာပြီးရေချိုးလို့ ဦးနှောက်သွေးကြောပြတ်တာတို့၊ အရမ်းအေးတဲ့အချိန် ရေချိုးလို့ လေဖြတ်တာ၊ အဆုတ်အအေးပတ်တာတို့လို အရပ်ထဲမှာ ကြားဖူးနေကျ ဆိုးကျိုးတွေကြောင့် ရေချိုးရမှာ ကြောက်နေတဲ့သူတွေ ရှိလို့ ရေချိုးလို့ သေတဲ့မသာပဲ ရှိတယ်လို့ ပြောကြတာပါ။

ရေချိုးများရင် ဘာဖြစ်မလဲ?

အရေပြားပေါ်မှာရှိတဲ့ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ဘက်တီးရီးယားတွေကိုပါ သေစေတဲ့အတွက် အရေပြား ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

ဆပ်ပြာတွေ၊ ရေချိုးဆပ်ပြာရည်တွေက အသားကို ခြောက်သွေ့စေလို့ အသားခြောက်၊ အသားပက်တာ၊ အရေပြားရောင်ရမ်းတာတွေ ဖြစ်တတ်ပါတယ်။ ရေချိုးပြီးလို့ အသားအရေလေးတင်းနေတာက သန့်ရှင်းသွားလို့ မဟုတ်ဘဲ အရေပြားအရမ်းခြောက်သွေ့တာကြောင့်ပါ။ ရေချိုးပြီးရင် အစိုဓာတ်ထိန်းတဲ့ creamတွေ၊ lotion တွေ လိမ်းဖို့ မမေ့ပါနဲ့။

နေ့တိုင်းရေချိုးဖို့လိုသလား ဆိုရင် လူတိုင်းအတွက် မလိုပါဘူးလို့ပဲ ဖြေရပါမယ်။

အေးတဲ့ ရာသီတွေမှာ တစ်ပတ်ကို ၂ရက်ကနေ ၄ရက်လောက်ထိပဲ ချိုးရင် လုံလောက်ပါတယ်။ ရေချိုးတဲ့အခါမှာလည်း ၅မိနစ်ကနေ ၁၀မိနစ်အတွင်း ချိုးတာ၊ ရေနွေးနွေးလေးနဲ့ ချိုးတာက အအေးပတ်တာကို ကာကွယ်နိုင်မှာပါ။

ကလေးငယ်ငယ်လေးတွေကို နေ့တိုင်းရေချိုးရင် ရပေမယ့် ရက်ခြားပြီးချိုးတာနဲ့ မထူးခြားလှပါဘူး။ ဒီလိုပဲ ကြီးကောင်မဝင်ခင် အသက် ၁၁ နှစ်လောက်အထိ ကလေးတွေကို ပေတူးနေအောင် ဆော့တာမဟုတ်ရင် နေ့တိုင်းရေချိုးပေးဖို့ မလိုပါဘူး။

လူပျိုဖော်၊ အပျိုဖော်ဝင်တဲ့ အချိန်ဆိုရင် ကိုယ်လက်လှုပ်ရှားတာ၊ ကိုယ်နံ့ရှိတာပေါ် မူတည်ပြီး နေ့တိုင်း ဒါမှမဟုတ် တစ်ရက်ကို တစ်ကြိမ်ထက်ပိုပြီး ချိုးသင့်ပါတယ်။

အသက်အရွယ်ကြီးရင့်တဲ့ လူကြီးတွေကတော့ နေ့တိုင်းချိုးဖို့ မလိုပါဘူး။ တစ်ပတ်မှာ ၃ ရက်လောက်ချိုးပြီး ကျန်တဲ့ရက်တွေမှာ ရေပတ်တိုက်တာမျိုးလောက် လုပ်ရင် လုံလောက်ပါတယ်။

ပင်ပင်ပန်းပန်းအလုပ်လုပ်ရတဲ့သူတွေ၊ ချွေးထွက်များတဲ့သူတွေက တစ်ရက်ကို တစ်ကြိမ်ထက် ပိုပြီးချိုးနိုင်ပါတယ်။

ရေဒီယိုသတ္တုကြွပစ္စည်းတွေ၊ ဓာတုပစ္စည်းတွေ၊ အက်ဆစ်လိုမျိုး စားတတ်လောင်တတ်တဲ့ပစ္စည်းတွေ၊ ရောဂါပိုးတွေနဲ့ အလုပ်လုပ်ရတဲ့သူတွေကတော့ လုပ်ငန်းခွင်ပြီးဆုံးချိန်တိုင်းမှာ ရေမပျက်မကွက် ချိုးသင့်ပါတယ်။

ရေချိုးဖို့ လိုအပ်နိုင်တဲ့ အခြေအနေတွေ မတူပေမယ့် ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်နဲ့ ဆေးပညာအရတော့ တစ်ပတ်ကို တစ်ကြိမ်၊ နှစ်ကြိမ်လောက်ပဲ ရေချိုးရင်တောင် လုံလောက်တယ်လို့ ဆိုပါတယ်။

ရေချိုးများရင် အသားအရေနဲ့ ဆံပင်ခြောက်တာ၊ အကျိုးပြုဘက်တီးရီးယားတွေ ပါသွားနိုင်တာအပြင် ရေအရင်းအမြစ်တွေ ကုန်ဆုံးတာ၊ ရေညစ်ညမ်းမှုတွေလည်း ဖြစ်နိုင်တာမို့ ကိုယ့်ရဲ့အလုပ်၊ ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေ၊ ရာသီဥတုအခြေအနေနဲ့ ရေအရင်းအမြစ် ရရှိမှုအပေါ်မူတည်ပြီး နေ့တိုင်းချိုးမလား၊ ရက်ခြားချိုးမလား၊ တစ်ပတ်ကို ၂ ခါ၊၃ခါပဲ ချိုးမလားဆိုတာ ချင့်ချိန်ဆုံးဖြတ်လိုက်ပါ မိတ်ဆွေ။


#ဟက်ပီး

ကျောက်ကပ်အားနည်းရင် ဘာအစားအစာတွေ ရှောင်သင့်သလဲ 🫁________________________________________________ ကျောက်ကပ်ရောဂါတွေရဲ့ အဆ...
26/06/2024

ကျောက်ကပ်အားနည်းရင် ဘာအစားအစာတွေ ရှောင်သင့်သလဲ 🫁
________________________________________________

ကျောက်ကပ်ရောဂါတွေရဲ့ အဆင့်အခြေအနေအလိုက် အစားအသောက် ချင့်ချိန်ကန့်သတ်ချက်တွေ ကွဲပြားပါတယ်။ နာတာရှည်ကျောက်ကပ်ရောဂါရဲ့ အစပိုင်းအခြေအနေနဲ့ ကျောက်ကပ် ပျက်စီးလုနီးပါးဖြစ်တဲ့ နောက်ဆုံးအဆင့် အစားအသောက် ရွေးချယ်စားသုံးပုံ မတူပါဘူး။

အကြမ်းအားဖြင့် ကျောက်ကပ်အတွက် ကောင်းမွန်တဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံမှာ ဆိုဒီယမ်ဓာတ်၊ ပိုတက်ဆီယမ်ဓာတ်နဲ့ ဖော့စ်ဖောရစ်ဓာတ်တွေဟာ တစ်နေ့မှာ ၂၃၀၀မီလီဂရမ်အောက်ပဲ ရှိသင့်ပါတယ်။

ကျောက်ကပ်အားနည်းတဲ့သူတွေ ဒါတွေ ရှောင်ကြမယ်။

1. အမည်းရောင်ရှိသော ဆိုဒါ
သဘာဝ အသားနဲ့ အရွက်ကရတဲ့ ဖော့စ်ဖောရစ်ထက် ဆိုဒါတွေမှာ အရသာကောင်းအောင် နဲ့ တာရှည်ခံ​အောင် ပမာဏ ပိုများများ ထည့်လေ့ရှိကြပါတယ်။ သဘာဝကရတဲ့ ဖော့စ်ဖောရစ်နဲ့ မတူတာက ဆိုဒါမှ ဖော့စ်ဖောရစ်ဟာ ဆားအနေနဲ့ တွေ့ရပြီး အစာအိမ်မှ အများအပြား စုပ်ယူနိုင်ပါတယ်။ ကိုကာကိုလာ 200 ml တစ်ပုလင်းမှာ ဖော့စ်ဖောရစ် 50-100 mg ပါဝင်တဲ့အတွက် ကျောက်ကပ်အတွက် မသင့်တော်ပါဘူး။

2. ထောပတ်သီး
နှလုံးကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမျှင်ဓာတ်နဲ့ anti-oxidants ကြွယ်ဝတဲ့ ထောပတ်သီးဟာ ပိုတက်ဆီယမ် ပမာဏများစွာပါဝင်နေပါတယ်။ ပုံမှန်အရွယ်အစားရှိတဲ့ ထောပတ်သီးဟာ ပိုတက်ဆီယမ် 690 mg ခန့် ပါဝင်တာကြောင့် ကျောက်ကပ်အားနည်းသူတွေ စားမယ်ဆိုရင် တစ်လုံးရဲ့ လေးပုံတစ်ပုံသာ စားလို့ရပါမယ်။

3. စည်သွပ် အစားအစာများ
စည်သွပ်ဘူးအများစုဟာ တာရှည်ခံအောင် ဆိုဒီယမ်ဓာတ်များစွာ ထည့်ထားတတ်ပါတယ်။ ဒါကြောင့် ရွေးချယ်တဲ့အခါမှာ "no salt added" (ဆားမထည့်ထားတဲ့ အမျိုးအစား) ကို ဝယ်ပါ။ ဒါမှမဟုတ် ဆိုဒီယမ်ပမာဏ ၃၃-၈၀% ခန့်လျော့သွားအောင် အရည်စစ်တာ ဖြစ်စေ၊ တစ်ရေဆေးပြီး ဖြစ်စေ စားပါ။

4. ဂျုံစေ့ပေါင်မုန့်
ကျန်းမာရေး ပေါင်မုန့်လို့ တင်စားကြတဲ့ ဂျုံစေ့ပေါင်မုန့်ဟာ အမျှင်ဓာတ် ပါဝင်မှုများတဲ့ အချက်က ကောင်းပေမဲ့ ကျောက်ကပ်ရောဂါရှိသူတွေ အတွက်တော့ ဖော့စ်ဖောရစ်နဲ့ ပိုတက်ဆီယမ်ဓာတ် များစွာ ပါဝင်နေလို့ များများ မစားသင့်တဲ့အစာထဲ ပါဝင်နေပါတယ်။
5. ဆန်လုံးညို
ချက်ထားသော ဆန်လုံးညိုထမင်း တစ်ခွက်မှာ ဖော့စ်ဖောရစ် 150 mg နဲ့ ပိုတက်ဆီယမ် 154 mg ပါဝင်ပြီး ချက်ထားသော ထမင်းဖြူတစ်ခွက်မှာတော့ ဖော့စ်ဖောရစ် 69mg နဲ့ ပိုတက်ဆီယမ် 54mg သာပါဝင်ပါတယ်။ အကယ်၍ ဆန်လုံးညိုစားမယ်ဆိုရင် ပမာဏ ကန့်သတ်စားသုံးမှ အဆင်ပြေပါလိမ့်မယ်။

6. ငှက်ပျောသီး
ငှက်ပျောသီး အရွယ်အနေတော် တစ်လုံးမှာ ပိုတက်ဆီယမ် 422 mg ခန့်ပါဝင်တဲ့အတွက် ကျောက်ကပ်အားနည်းသူတွေ အနေနဲ့ လျှော့စားသင့်ပါတယ်။

7. နို့နဲ့ နို့ထွက်ပစ္စည်းများ
ဖော့စ်ဖောရစ်၊ ပိုတက်ဆီယမ်နဲ့ ပရိုတင်းဓာတ်တို့ များစွာ ပါဝင်တဲ့အတွက် ကျောက်ကပ်ရောဂါရှိသူတွေရဲ့ အရိုးကို အားနည်းစေနိုင်တဲ့အတွက် မသင့်တော်ပါ။

8. လိမ္မော်သီးနဲ့ လိမ္မော်ရည်
လိမ္မော်သီးနဲ့ လိမ္မော်ရည်တွေမှာ ပိုတက်ဆီယမ်ဓာတ် များစွာပါပါတယ်။ ပိုတက်ဆီယမ် ပမာဏ နည်းတဲ့ စပျစ်သီး၊ ပန်းသီး၊ cranberry တွေကို အစားထိုး စားနိုင်ပါတယ်။

9. တာရှည်ခံ အသားများနဲ့ ချဉ်ဖတ်များ
ဆားစိမ်၊ အခြောက်ခံ၊ စည်သွပ်၊ ပြုပြင်ထားတဲ့ ဘယ်အသားမဆိုနဲ့ အချဉ်စိမ်ထားတဲ့ ဘယ်အရွက်မဆို နာတာရှည်ရောဂါရှိသူတွေအတွက် လုံးဝ မသင့်တော်ပါ။ ဝက်/ကြက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ သနပ်စတဲ့ အသားနဲ့ အရွက်တွေမှာ ဆိုဒီယမ် အမြောက်အမြား ပါရှိလို့ ကျောက်ကပ်အတွက် ပိုဆိုးစေပါတယ်။

10. တရုတ်ဆီးသီး
Vitamin C, A နဲ့ အမျှင်ဓာတ်များပေမဲ့ ပိုတက်ဆီယမ်ဓာတ် များပါတယ်။ တရုတ်ဆီးသီးအစို တစ်ခွက်မှာ ပိုတက်ဆီယမ် 427mg ပါပါတယ်။ ဆီးသီးအခြောက်မှာ ပိုများပါတယ်။ ဒါကြောင့် ကျောက်ကပ်အတွက် စားစရာထဲမှာ မထည့်သင့်ပါ။

11. အာလူး၊ ကန်စွန်းဥ
အာလူးနဲ့ ကန်စွမ်းဥတို့မှာလည်း ပိုတက်ဆီယမ်ဓာတ် များပါတယ်။ ပြုတ်တာ (သို့) နှစ်ပြန်ချက်ထားတဲ့အခါမှာတော ပိုတက်ဆီယမ်ဓာတ်ဟာ 50% လျော့နည်းသွားတယ်လို့ ဆိုပါတယ်။

12. ခရမ်းချဉ်သီး
ပိုတက်ဆီယမ်များတဲ့ ခရမ်းချဉ်သီးနဲ့ ခရမ်းချဉ်အနှစ်ဆော့စ်တွေဟာလည်း ကျောက်ကပ်အားနည်းသူတို့ စားရမယ့် စာရင်းထဲမှာ မပါသင့်တဲ့ အသီးဖြစ်ပါတယ်။

13. အသင့်စား ထုပ်ပိုးထားသော အစာများ
ခေါက်ဆွဲခြောက်၊ အေးခဲထားတဲ့ စားစရာတွေ၊ microwave နဲ့ လှည့်ရုံသာ ချက်စရာလိုတဲ့ ready made အစာတွေဟာ ဆိုဒီယမ်ဓာတ်များတဲ့အပြင် အာဟာရရယ်လို့ မယ်မယ်ရရ မရှိတဲ့အတွက် မသင့်တော်ပါ။

14. အသီးခြောက်များ
တည်သီးခြောက်၊ စပျစ်သီးခြောက်၊ မက်မန်းနဲ့တူတဲ့ ဆီးသီးခြောက်တွေမှာ ပိုတက်ဆီယမ် ပါဝင်မှု များစွာ မြင့်ပါတယ်။ ကျောက်ကပ်အတွက် ရှောင်ရှားသင့်ပါတယ်။


#ဟက်ပီး

Address

No. 38, Setthmu 4 Street, South Okkalapa Township
Yangon
11091

Opening Hours

Monday 07:00 - 23:00
Tuesday 07:00 - 23:00
Wednesday 07:00 - 23:00
Thursday 07:00 - 23:00
Friday 07:00 - 23:00
Saturday 07:00 - 23:00
Sunday 07:00 - 23:00

Telephone

+959759757001

Alerts

Be the first to know and let us send you an email when Healtppy - ဟက်ပီး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Healtppy - ဟက်ပီး:

Share

Digital Healthcare Service

Offers web and mobile healthcare communication across healthcare providers and patients.