knowledge Sharing by Thae Thae

knowledge Sharing by Thae Thae လူတွေရဲ့စိတ် လက်တွေ့ဘဝတွေကို တစ်ထောင့်တစ်နေရာကနေ ကူညီပေးချင်သောစိတ်ဖြင့်သာ

05/07/2025

Online မှာ စျေးရောင်းကောင်းချင်ရင် အရင်ဆုံး ယုံကြည်မူ့ရရှိစေရန် ခဏခဏ post တင်ပါပုံတငိပါ

04/07/2025

Online ငွေရှာပါ‼

04/07/2025

ခရီးတစ်ခုသွားတယ်ဆိုတာ လူတစ်ယောက်ရဲ့အတွေးတွေကိုပြောင်းလဲစေပါတယ်‼

28/05/2025

🌞 မင်္ဂလာနံနက်ခင်းပါ
နေထွက်သည့်နေ့တိုင်းဟာ သင့်ဘဝစာအုပ်ထဲက စာမျက်နှာအသစ်တစ်မျက်နှာပါပဲ။
ယနေ့ကို မျှော်လင့်မှုနဲ့စ၊ စွမ်းအားနဲ့ဆက်၊ ရည်ရွယ်ချက်နဲ့ဆက်လက်လုပ်ဆောင်ပါ။
✨ အခွင့်အလမ်းကိုစောင့်မနေပါနဲ့ — ကိုယ်တိုင်ဖန်တီးလိုက်ပါ။
သင်ဟာ သင်ထင်သလောက်ထက် ပိုစွမ်းအားရှိပါတယ်။ 💪🌼

25/05/2025

Passport ဆိုတာဘာလဲ

နိုင်ငံခြားကိုသွားတဲ့အခါဘာကြောငိ့အရေးပါတာလဲ

Passport အမျိုးအစားဘယ်နှစ်မျိုးရှိတာလဲ

စာအုပ်အရောင်ဘယ်နှစ်ရောငိရှိတာလဲ

ဒါတွေအားလုံးကို ဒီ video လေးမှာပြောပြပေးထားပါတယ်ရှင့်

လိုအပ်ချက်တွေရှိရင်လည်းပြောပေးခဲ့ပါရှင့်

သိချင်တာရှိခဲ့ရင်လည်းမန့်ခဲ့လို့ရပါတယ်ရှင့်ကျေးဇူးတင်ပါတယ်


13/05/2025

Passport နိုင်ငံကူးလက်မှတ်

အလုပ်နှင့်သွားမယ်သူတွေပြုလုပ်ရတဲ့ PJ စာအုပ်အတွက်

passport qr တင်ပြီး ရုံးဝင်တဲ့ရက်မှာယူဆောင်ရမည့်စာရွက်စာတမ်းများ



နေ့စဉ်ဘဝမှာ ပိုကောင်းတဲ့ ကိုယ့်ကိုယ်ကို တည်ဆောက်ဖို့ နည်းလမ်း (၅) ခုလူတိုင်းဟာ ပိုကောင်းတဲ့ ဘဝကို ပိုင်ဆိုင်ချင်ကြပါတယ်။...
26/04/2025

နေ့စဉ်ဘဝမှာ ပိုကောင်းတဲ့ ကိုယ့်ကိုယ်ကို တည်ဆောက်ဖို့ နည်းလမ်း (၅) ခု

လူတိုင်းဟာ ပိုကောင်းတဲ့ ဘဝကို ပိုင်ဆိုင်ချင်ကြပါတယ်။ ဒါဟာ ချက်ချင်းလက်ငင်း ဖြစ်လာမှာမဟုတ်ပေမယ့် နေ့စဉ်လုပ်ဆောင်သွားတဲ့ အလေ့အထလေးတွေက တဖြည်းဖြည်းနဲ့ သိသာထင်ရှားတဲ့ ပြောင်းလဲမှုကို ယူဆောင်လာပေးနိုင်ပါတယ်။ ဒီမှာ နေ့စဉ်ဘဝမှာ ပိုကောင်းတဲ့ ကိုယ့်ကိုယ်ကို တည်ဆောက်ဖို့ အထောက်အကူဖြစ်စေမယ့် နည်းလမ်း (၅) ခုကို ဖော်ပြပေးလိုက်ပါတယ်။

1.ပန်းတိုင်သေးသေးလေးတွေ သတ်မှတ်ပါ:
ကြီးမားတဲ့ ပန်းတိုင်တစ်ခုကို ချက်ချင်းရောက်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် လက်တွေ့ကျပြီး တဖြည်းဖြည်းချင်း လုပ်ဆောင်နိုင်မယ့် ပန်းတိုင်သေးသေးလေးတွေကို အရင်သတ်မှတ်ပါ။

2.အပြုသဘောဆောင်တဲ့ အတွေးတွေကို မွေးမြူပါ: လူတိုင်းမှာ အခက်အခဲနဲ့ စိန်ခေါ်မှုတွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ ဒီအခြေအနေတွေကို ဘယ်လိုမြင်လဲဆိုတာက အရေးကြီးပါတယ်။ ဥပမာ - "ငါဒါကို လုပ်နိုင်မှာ မဟုတ်ဘူး" လို့ တွေးမယ့်အစား "ဒါဟာ စိန်ခေါ်မှုတစ်ခုပဲ၊ ငါကြိုးစားကြည့်မယ်တွေးပါ။

3.အသစ်အဆန်းတွေကို လေ့လာသင်ယူပါ: ဦးနှောက်ကို အမြဲတက်ကြွနေအောင် ထိန်းသိမ်းဖို့ အသစ်အဆန်းတွေကို လေ့လာသင်ယူတာဟာ အရေးကြီးပါတယ်။ ဝါသနာအသစ်တစ်ခုကို စမ်းကြည့်ပါ၊ ဘာသာစကားအသစ်တစ်ခုကို လေ့လာပါ၊ ဒီလိုလုပ်ခြင်းအားဖြင့် သင်ဟာ ပိုပြီး ကျွမ်းကျင်လာသလို ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း တိုးလာစေပါတယ်။

4.ကျေးဇူးတင်တတ်တဲ့ စိတ်ကို မွေးမြူပါ:
သင့်မှာရှိတဲ့ အရာတွေအတွက် ကျေးဇူးတင်တတ်တဲ့ စိတ်ကို မွေးမြူခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အင်မတန်အရေးပါပါတယ်။ ဒါဟာ သင့်ရဲ့ အာရုံကို အပြုသဘောဆောင်တဲ့ အရာတွေဆီ ရောက်ရှိစေပြီး ပျော်ရွှင်မှုကို ခံစားရစေပါတယ်။

5.ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ပါ:
စိတ်ရောကိုယ်ပါ ကျန်းမာမှ အရာရာကို ကောင်းကောင်း လုပ်ဆောင်နိုင်မှာပါ။ ဒါကြောင့် လုံလောက်တဲ့ အိပ်စက်ချိန်ထားပါ၊ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားသုံးပါ၊

ဒီလိုနည်းလမ်းသေးသေးလေးတွေကနေကိုယ့်ဘဝကို စတင်ကြည့်ပါ 5ရက် /10ရက်/ 1လ /1နှစ် စသည်ဖြင့် ပြောင်းလဲကြည့်ပါ

အသက်တစ်ရာပြည့်အောင်လူတိုင်းမနေရပေမယ့် ပြသနာတွေကတော့ တစ်ရာမကအောင်ဖြေရှင်းပေးနေရတာ လူတိုင်းပါပဲ ဘယ်အရာကိုမှခက်ခဲလိုက်တာမ​​...
20/04/2025

အသက်တစ်ရာပြည့်အောင်လူတိုင်းမနေရပေမယ့် ပြသနာတွေကတော့ တစ်ရာမကအောင်ဖြေရှင်းပေးနေရတာ လူတိုင်းပါပဲ

ဘယ်အရာကိုမှခက်ခဲလိုက်တာမ​​ ဖြေရှင်းနိုင်ဘူးမတွေးပါနဲ့ အခုချိန်ထိ အခက်ခဲမျိုးစုံကိုဖြေရှင်းလာတဲ့ကိုယ့်ကိုယ်ကိုပြန်ကြည့်လိုက်ပါ

ဘယ်အရာဖြစ်ဖြစ် အချိန်တစ်ခုမျှသာပါပဲ



#ဒီpageပြန်သုံးတော့မှာပါ

Address

Satetathukha
Yangon

Website

Alerts

Be the first to know and let us send you an email when knowledge Sharing by Thae Thae posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share