FNB Vlogs - TY&SG

FNB Vlogs - TY&SG Vlogs

24/10/2025

ထမင်းကြော်ကို နှစ်သက်မြတ်နိုးချစ်ခင်တွယ်တာ စားသုံးသော အမျိုးတို့အတွက် နောက်တစ်ဆိုင်လာပြန်ပီဗျို့ ...

14/10/2025

အန်တီသိန်း အန်တီသိန်း … အင်းစိန်မှာတော့ လာမလုပ်နဲ့ အန်တီသိန်းပဲ။ အန်တီသိန်းမှာပေါ့ သူ့ဆိုင်ကထမင်းစားကောင်းတာကိုး ကိုယ့်လူတို့ရဲ့။ ဟင်းအနှစ်ကလဲကောင်းသလို ပေးထားတဲ့တစ်ယောက်စာ အရံဟင်းလေးတွေကလဲ (၁၀) မျိုးတောင်ရှိတာဆိုတော့ ထမင်းစားကောင်းတာမဆန်းဘူးပေါ့။ တစ်ဆိုင်လုံးကလဲ သန့်လို့ ပျံ့လို့ဆိုတော့ စားသုံးသူတွေစိတ်ချလက်ချ စိတ်အေးလက်အေးထိုင်စားလို့ရလို့ ထမင်းစားချိန်ဆိုလူကိုမပြတ်တော့ဘူး။ ဟော နေ့လည် (၂) နာရီလောက်ဆို ပုံမှန်အကုန်ပဲ။ သွားစားကြည့်ကြ မစားဘူးသေးတဲ့သူတွေရှိရင်။ F&B က ဘီးကျဲတွေကတော့ ထပ်သွားစားအုံးမှာဗျာ။ ပဲဟင်းနဲ့ အနှစ်နဲ့ သေချာလေးနယ်စားချင်သေးလို့။

တခါတရံ မင်္ဂလာဆောင်တွေမှာလဲ ဒီလိုမျိုး လိုက်စားပါတယ်လို့ 😁
12/10/2025

တခါတရံ မင်္ဂလာဆောင်တွေမှာလဲ ဒီလိုမျိုး လိုက်စားပါတယ်လို့ 😁

07/10/2025

ဂယက်ပေါင်း တစ်သောင်းနဲ့ သွားစားခဲ့ရတဲ့ဆိုင်။

03/10/2025

တစ်မြို့လုံးက လူတွေကိုမေးပီး ဝေါ်ကင်းရိုက်ရင်း သွားစားခဲ့ရတဲ့ ညောင်ရွှေ ဖောင်တော်ပြန်လှေဆိပ်နားက ဖွားဖွားရဲ့ ဟင်း (၄) မျိုးပဲရတဲ့ထမင်းဆိုင်လေး။

30/09/2025

ခေါက်ဆွဲဆိုင်ကောင်းကောင်းလေးရှိရင်တင်ပေးပါအုံးဆိုပီးတောင်းဆိုထားသူများအတွက် ဒီ vlog လေးတင်ဆက်လိုက်ပါတယ်။ ဆိုင်ကတော့ မ/ဥ သုဓမာလမ်းမကြီးပေါ်၊ ဃ စျေးမှတ်တိုင်အနီးမှာရှိပါတယ်၊ အဝိုင်းနဲ့လဲသိပ်မဝေးပါဘူး။

27/09/2025

ရောက်တဲ့နေရာတိုင်းမှာ အစားအသောက်နဲ့ပတ်သတ်လာရင်စပ်စပ်စုစုရှိကြတဲ့ ဘီးကျဲနှစ်ပွေဟာ ဒီတစ်ခါမှာလဲ ညောင်ရွှေရောက်တုန်း ဘရိတ်ဖတ်ဖုတိုးလုပ်ပြီး ဒေသခံတွေ ညွှန်ကြတဲ့ဆိုင်တွေကြီးကိုပဲပတ်စားခဲ့ပါတော့တယ်။

24/09/2025

ဒီဆိုင်ကိုလာစားတဲ့သူတော်တော်များများက အဲ့ဒီတို့စရာဗန်းကြီးကိုတွေ့ပီး မက်မောစွာရောက်လာကြတာ။ ကျွန်တော်တို့လဲအတူတူပဲ 😁။ ငါးပိသုပ်၊ ငါးပိရည်၊ ငါးပိထောင်း နဲ့ဆိုတော့ ထမင်းစားလို့ကတော့ ရှယ်မြိန်ပဲ။ ဆန်ကလဲ ရွှေဘိုပေါ်ဆန်းမွှေးဆိုတော့ပြောမနေနဲ့တော့၊ ကျွန်တော်တို့ အဲ့နေ့က ထိုင်စားတာပဲ တစ်နာရီခွဲလောက်ကြာသွားတယ်။

ဒင်ဆမ်းဘာ ဘယ်လို … ခင်ဗျား ဒီဆိုင်ကိုမသိသေးဘူး ဟုတ်လား? အေး အဲ့ဒါဆို ခင်ဗျားတော်တော်ခေတ်နောက်ကျနေပြီလို့သာမှတ်လိုက်တော့။...
23/09/2025

ဒင်ဆမ်း

ဘာ ဘယ်လို … ခင်ဗျား ဒီဆိုင်ကိုမသိသေးဘူး ဟုတ်လား? အေး အဲ့ဒါဆို ခင်ဗျားတော်တော်ခေတ်နောက်ကျနေပြီလို့သာမှတ်လိုက်တော့။ ဘယ့်နှယ်ဗျာ မနက်ဆို အလှူပေးနေသလိုပဲ ဒီ ဒင်ဆမ်းဆိုင်က။ ဆိုင်စဖွင့်ကတည်းက လူကတန်းစီစောင့်နေကျတာ။ မကောင်းပဲနေမလားဗျာ စျေးသက်သက်သာသာနဲ့ Homemade ဒင်ဆမ်းကောင်းကောင်းကို ဆိုဒ်ကြီးကြီးစားရမှာ။ လာစားကျရုံတင်မဟုတ်ပဲ အပြန်ပါဆယ်ကလဲဆွဲကျတာဆိုတော့ သူ့ဒင်ဆမ်းက ပေါင်းမလောက်ပဲ။ တစ်ခါတစ်လေဆို မနက်စောစောကတည်းက ပစ္စည်းပါပြတ်တဲ့အထိပဲ။ နောက်တစ်ခုက တွဲဖက်စားရမဲ့အချဉ်ရည်ပေါ့ - အချို နဲ့ ချဉ်စပ် (၂) မျိုးရှိတာဆိုတော့ ကလေးလေးတွေပါရှယ်ကြိုက်ကြတာ မျက်မြင်ကိုယ်တွေ့ပဲ။ အစားအသောက်ဆိုတာ သန့်ရှင်းရမယ်ဗျာ၊ အရသာကောင်းရမယ်၊ တန်ကိုတန်နေရမယ်ဗျာ၊ အေး အဲ့ဒါဒီဆိုင်ပဲ။ ဒင်ဆမ်းဆိုတာ စျေးကြီးတယ်လို့ထင်နေတဲ့သူတွေ ဒီဆိုင်သာသွားဗျာ၊ ခင်ဗျားတို့သဘောတွေ့သွားစေရမယ်။

ဆိုင်လိပ်စာကတော့ လှည်းတန်းစျေးထိပ် - စိန်ဂေဟာရှေ့တည့်တည့်မှာပါ။

20/09/2025

တော်တော်လှတဲ့နေရာပါဗျာ၊ ကျွန်တော်တို့ဖြင့် အခုထိတောင် လွမ်းနေရတုန်း။

ဒီတစ်ခါတော့ ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေကိုရောက်တုန်း မြန်မာပြည်ရဲ့ တစ်ခုတည်းသော Premium “ဝိုင်” တွေကိုထုတ်လုပ်နေတဲ့ Red Mountain Estate ကိုအလည်ရောက်ရှိခဲ့ပါတော့တယ်။ ကျန်တာကတော့ ဆက်သာကြည့်ကြတော့ဗျာ၊ ဆက်ပြောပြရင် ဖီးလ်ငုပ်သွားမှာစိုးလို့ 😁😁။

16/09/2025

ကျွန်တော်တို့ပြောခဲ့တယ်မလား ဒီနားမှာတင် နောက်တစ်ဆိုင်ရိုက်ထားတာရှိသေးတယ်ဆိုတာ၊ အဲ့ဒါဒီဆိုင်လေးကိုပြောတာ။ မနက်စာဘာစားရင်ကောင်းမလဲ အာရုံနောက်နေရင် တစ်ခါတစ်လေ ဒီလိုဆိုင်လေးတွေက စားကောင်းစျေးတန်လို့ အဆင်ပြေတယ်။ အခုဆိုင်လေးကတော့ နာမည်မရှိဘူး၊ ဘောက်ထော်ဘူတာရုံလမ်းထဲမှာ။

Vlog အသစ်တွေထပ်လာအုံးမယ်ဗျို့၊ ကြည့်ဖို့သာပြင်ထား။
14/09/2025

Vlog အသစ်တွေထပ်လာအုံးမယ်ဗျို့၊ ကြည့်ဖို့သာပြင်ထား။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when FNB Vlogs - TY&SG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share