01/12/2025
❄️❄️❄️⛄️⛄️⛄️ဘာလိုလိုနဲ့ တစ်နှစ်တာရဲ့ နောက်ဆုံးလလေးဖြစ်တဲ့ ဒီဇင်ဘာလလေးကို ရောက်လာခဲ့ပြီနော်... လိုတိုရှင်းရဲ့ ချစ်ရသောလေးများ အားလုံးကို ☃️☃️☃️Sweet December ☃️☃️☃️လို့ အရင်ဆုံးပြောချင်ပါတယ်။ တစ်နှစ်တာမှာ အောင်မြင်ခဲ့တာလေးတွေ ရှိသလို မှန်းထားသလို မဖြစ်ခဲ့တာတွေလည်း ကြုံတွေ့ခဲ့ရတာတွေ ရှိနေမှာပေါ့၊ ဒါပေမယ့် အခုချိန်မှာ ကောင်းကောင်းရပ်တည်နေနိင်တယ်ဆိုရင်ပဲ ကိုယ့်ရဲ့ အကောင်းဆုံးသော စွမ်းဆောင်မှုတွေကို ဂုဏ်ယူပြီး ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းချစ်ခင်လိုက်ဖို့ ပြောချင်ပါတယ်။ 😍😍😍
🥰🥰🥰ပြီးခဲ့တဲ့ နှစ်ရဲ့ ဒီဇင်ဘာ ဒါမှမဟုတ် ယခုနှစ်ရဲ့ ဇန်နဝါရီလတုန်းက ချမှတ်ခဲ့တဲ့ 🗓️🗓️🗓️New Year Resolution တွေထဲက ဘယ်အရာတွေကို အောင်မြင်စွာ အကောင်အထည်ဖော်နိင်ခဲ့ပြီး ဘာတွေကတော့ ကျန်နေသေးလဲ ပြန်ဆန်းစစ်ပါ။ 🗓️🗓️🗓️တစ်လ အချိန်ရသေးတာမို့ ဒီနေ့ကစလို့ စနစ်တကျလေး ဖော်ဆောင်ဖို့လည်း တိုက်တွန်းချင်ပါတယ်။ တစ်နှစ်တာကို ကောင်းမွန်စွာနဲ့ အဆုံးသတ်ပြီး ပိုကောင်းတဲ့ နှစ်သစ်ကို ကိုယ်တိုင်ဖန်တီးရှေ့ဆက်ကြဖို့လည်း အကြံပြုလိုက်ပါရစေ..... 🥰🥰🥰ပိုကောင်းတဲ့နေ့ရက်တွေကို ကျန်းမာပျော်ရွှင်စွာ ဖန်တီးနိုင်ဖို့လည်း ကျန်းမာရေးဗဟုသုတတွေကို မျှဝေရေး Lotoshinn - လိုတိုရှင်း က စာဖတ်သူတို့နဲ့ အနီးဆုံးမှာ အမြဲရှိနေမှာပါရှင့် 🥰🥰🥰