Cartomancer Ko Pega

Cartomancer Ko Pega May all be peaceful and wealthy

FYI
21/06/2025

FYI

ခုကတော့ june ပဲရှိသေး​ပေမဲ့ အခုတည်းက ပေါ့ပေါ့ပါးပါးမေးလို့ရမယ့် package လေးတွေပါ။ ( အကြီးကြီးတွေလုပ်ချင်ပေမဲ့ အလုပ်ရှုပ်နေလို့😆😆)

အဟောတွေ​ကို viber နဲ့ telegram ကနေပဲ နောက်ပိုင်းလုပ်ဖြစ်ပါမယ်နော်။ page ဝင်မကြည့်မိရင် အဟောတွေကျန်ခဲ့မှာစိုးလို့ပါ။ 😄😄

viber: +959787011140
telegram: မှာ အဟောနဲ့ ပတ်သက်ပြီး စာပို့ထားလို့ရပါတယ်။


17/04/2025

2025 April predictions for Aries
မိဿရာသီခွင်များအတွက် 2025 ခုနှစ် ဧပြီလ ဟောစာတမ်း။

( အကြမ်းဖျင်းမလို့ ဒီထက်ပိုပြီး တိတိကျကျ သိချင်ရင် mini-package ယူလို့ရပါတယ်နော်✌)

အလုပ်အကိုင် နဲ့ ငွေကြေးကိစ္စ
=====================
ကဆုန်လဆန်း 27ရက် ကနေစပြီးတော့ အလုပ်အကိုင်နဲ့ ငွေကြေးကိစ္စတွေမှာ သိသိသာသာ ပြောင်းလဲလာမယ်။ လစာပိုကောင်းတဲ့ အလုပ်အကိုင် အခွင့်အလမ်းအသစ်တွေ ရှာတွေ့တာ သို့မဟုတ် လစာပိုကောင်းတဲ့ အလုပ်တခုက ကမ်းလှမ်းလာတာမျိုးတွေ ကြုံရနိုင်တယ်။

အချစ်ရေး နဲ့ လူမှုဆက်ဆံရေး
=====================
Mercury retrograde ပြီးသွားပေမဲ့ shadow နည်းနည်းကျန်သေးတာမလို့ တန်ခူးလကွယ် 26 ရက်နေ့ မတိုင်ခင်အထိ ပြောဆိုဆက်ဆံရေးတွေမှာ နားလည်မှုလွဲတာတွေရှိနိုင်ပါသေးတယ်။ တဖက်သူဘက်က မျှတွေးပေးတာထက် ကိုယ့်ကိုကိုယ် ရှေ့တန်းအရမ်းတင်မိလို့ ပြဿနာတက်နိုင်ပါတယ်။ တခုခု မပြောခင် ပြန်စဥ်စားပါ။ လွှတ်ကနဲ ပြောထွက်မိလို့ တချို့ ဆက်ဆံရေးတွေ ​ပျက်စီးသွားနိုင်ပါတယ်။

ကျန်းမာရေး နှင့် တကိုယ်ရည်တိုးတက်မှု
===========================
ကျန်းမာရေး ကြီးကြီးမားမားမဖြစ်နိုင်သေးပေမဲ့ ကြိုတင်ကာကွယ်တာမျိုးတွေလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပါ။ အစားအသောက် အနေအထိုင် ဆင်ခြင်ပါ။ ကိုယ့်ကိုကိုယ် ပြန်လည် တည်ဆောက်ဖို့အတွက် လေးလေးနက်နက် တွေးတောသင့်တဲ့ အချိန်ပါ။ ဘယ်အရာမဆို အလောတကြီးမဆုံးဖြတ်ပါနဲ့။

31/03/2025

မနေ့က ငလျင်အတွက်
သီးသန့်လာလှူထားတဲ့ 10,000
​ဗေဒင်မေးတာ 15,000
စုစုပေါင်း 25,000 ထဲက ဖုန်းဘေ ၂ထောင်နှုတ်ထားတာကလွဲပြီး ကျန်တာကို ယုံကြည်ရတဲ့ source တခုကနေ လှူတဲ့ထဲ ထည့်လိုက်ပါပြီ

၄လပိုင်းအကုန်ထိ ဖဲဗေဒင်ကို ဘာမေးမေး စေတနာကြေးပါ အဲ့ထဲကမှ ဘေဖိုးလောက်ပဲ နှုတ်ပြီး ကျန်တာကို ခုလိုပဲ ရရင် ရသလို လှူတဲ့ထဲ ထည့်ပေးသွားမှာပါ။

K pay ကလည်း အကုန်မပြရဲ အရင်တခါ ရေဘေးအတွက်လှူတုန်းက page ထိဖူးလို့ ဖုံးထားရတယ်။

အရင်တခါ ရေဘေးလှူပြီးပြီ ဒီတခါ ငလျင်ဘေးအတွက် နိုင်ရာထမ်း
29/03/2025

အရင်တခါ ရေဘေးလှူပြီးပြီ ဒီတခါ ငလျင်ဘေးအတွက် နိုင်ရာထမ်း

ဒီညကနေစပြီးတော့ နောက်လ ၄ရက်နေ့ အထိ မေးခွန်းတခုကို စေတနာကြေးပါ။ ငလျင်အတွက် လှူမယ့်အထဲထည့်မှာပါ။

တိလေးတွေပျောက်တာ လူပျောက် အဆက်အသွယ်မရသေးတာတွေက အခမဲ့ပါ။ ကျန်တဲ့ စီးပွားရေး လူမှုရေး အချစ်ရေး အိမ်ထောင်ရေး စသည့်ခေါင်းစဥ်များကတော့ ဘာမေးမေး စေတနာကြေးပါ။

တနေ့လုံးမီးမလာလို့ ခုမှ လမ်းထိပ်မှာ ဖုန်းအားသွားသွင်းရ😪 အားရှိတာနဲ့ အဟောတွေတန်းလုပ်ပေးနိုင်ဖို့​ အတတ်နိုင်ဆုံး​ကြိုးစားနေပါတယ်😺

Don't forget to follow my new page 😉
26/03/2025

Don't forget to follow my new page 😉

Page နီနေလို့ အသစ်မှာ ဆက်တင်ပေးနေပါတယ်နော် 😊
22/03/2025

Page နီနေလို့ အသစ်မှာ ဆက်တင်ပေးနေပါတယ်နော် 😊

Don't forget to follow my new page 😉😉
21/03/2025

Don't forget to follow my new page 😉😉

22 ရက် မှ 28ရက်နေ့အထိ ဒေဝီတွေပြောတဲ့ တပတ်စာ ကံကြမ္မာ

General reading မလို့ ကိုယ်နဲ့ energy ကိုက်တာပဲယူပါ။ Personal reading အတွက် ဒေဝီ package နဲ့ ​မေးမြန်းနိုင်ပါတယ်✌

နေရာပြောင်းရွေ့ခြင်း အလုပ်ပြောင်းရွေ့ခြင်း ရာထူးတိုးကိစ္စရပ်များ အဆင်ပြေလိမ့်မည်။

အနုပညာလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေ ကြီးမားတဲ့အောင်မြင်မှုမှတ်တိုင်တစ်ခု စိုက်ထူလိမ့်မယ်။

ကိုယ်အလုပ်လုပ်နေတဲ့ လုပ်ငန်းခွင်တွင် နေတတ်ထိုင်တတ်သောကြောင့် မိမိထက်ရာထူးကြီးသောသူများ ဆရာသမားများရဲ့ မြှောက်စားခြင်းခံရမယ်။

အခွင့်အလမ်းကောင်းတွေရမယ်။ ကောင်းတာတွေဖြစ်နေလို့ဆိုပြီး ဘဝင်မြင့်ခြင်း တကိုယ်ကောင်းဆန်ခြင်းများ မပြုလုပ်မိပါစေနဲ့ လာဘ်လာဘများ ယုတ်လျော့သွားတတ်သည်။

လူချစ်လူခင်ပေါများလိမ့်မယ်။ သို့သော် လူမှုရေးကိစ္စအရှုပ်အရှင်းရှိတတ်သည်။ မိန်းကလေးများသည် ယောက်ျားလေးတွေနဲ့ ယောကျာ်းလေးများသည်လည်း မိန်းကလေးတွေနဲ့ လိုတာထက်ပိုပြီး မပတ်သက်မိပါစေနဲ့။

ကိုယ်နဲ့ရင်းနှီးနေသော သူငယ်ချင်း မိတ်ဆွေများထဲတွင် ကိုယ့်အပေါ် မနာလိုသောသူ အကောက်ကြံနေသောသူရှိတတ်သည်။ သတိထားပါ။

သဘောထားချင်း မတိုက်ဆိုင်၍ မိမိရဲ့ သူငယ်ချင်း မိသားစု ဆွေမျိုးများနဲ့ စကားများရတတ်သည်။ ကိုယ့်ဘက်က သဘောထားကြီး၍ ပြိုင်မပြောပဲ အလျော့ပေးလိုက်လျှင် စိတ်ချမ်းသာရပါလိမ့်မယ်။

မိမိရဲ့ ချစ်သူ အိမ်ထောင်ဖက်များက မိမိကို မျက်စိဒေါက်ထောက်ကြည့်ပြီး ဂရုတစိုက် ချစ်ပေးခြင်းများ ကြုံရနိိုင်ပါသည်။

21/03/2025

page cb မှာ #ဒေဝီ လို့ ပို့ပြီး မေးမြန်းနိုင်ပါသည်။

page နီနေလို့ အသစ်မှာ ဆက်တင်ပေးနေပါတယ်နော်🤗🤗
14/03/2025

page နီနေလို့ အသစ်မှာ ဆက်တင်ပေးနေပါတယ်နော်🤗🤗

10/03/2025

၁၁ရက် ၃လ ၂၀၂၅ မှ ၁၇ရက် ၃လ ၂၀၂၅အထိ တစ်ပတ်စာ ယတြာ

ယတြာမလုပ်ခင် ကိုယ်ခန္ဓာအရင်သန့်စင်တာ ရေချိုးတာ အမွေးအကြိုင် သုံးတာ လိမ်းတာမျိုးတွေ လုပ်ပေးပါ။ ကိုယ့်မှာရှိနေတဲ့ မကောင်းတဲ့ energyတွေကို အရင်ခွာချတဲ့သဘောပါပဲ။ ငါးပါးသီလ ခံစရာမလိုပါ။ ( လုပ်လိုက လုပ်န်ိုင်ပါတယ် ) ယတြာလုပ်ဖို့ ပြောထားတဲ့အဆင့်ဆင့်လုပ်သွားရင် ရပါပြီ။

ယတြာများကို တပတ်အတွင်း မိမိတို့ နှစ်သက်သလို ရွေးချယ်၍ ဆောင်ရွက်နိုင်ပါသည်။

ငွေကြေး စီးပွားရေး ကိစ္စများ တိုးတက်စေရန် မနက်ပိုင်း ဘုရားတစ်ဆူဆူ ( အိမ်ကဘုရားလည်းရ ) တွင် ဆီမီးအလင်းတိုင် အနီ ၁ တိုင် ပူဇော်ပါ။ မေတ္တသုတ် ၁ ခေါက် (သို့မဟုတ်) မိမိနှစ်သက်သလိုမေတ္တာ ၁ ခေါက် ပို့ပါ။ " အရဟံ " ပုတီးတပတ် စိတ်ပါ။ ပြီးလျှင် မိမိကို စောင့်ရှောက်နေတဲ့ မြင်အပ် မမြင်အပ် ပုဂ္ဂိုလ်တွေကို အမျှဝေပါ။

အချစ်ရေး မေ​တ္တာရေး ( 528 / 1500 ) အဆင်ပြေစေဖို့ မနက်ပိုင်း ဘုရားတစ်ဆူဆူ ( အိမ်ကဘုရားလည်းရ ) တွင် ဆီမီးအလင်းတိုင် အနီ ၁၀တိုင် ပူဇော်ပါ။ မေတ္တသုတ် ၅ ခေါက် (သို့မဟုတ်) မိမိနှစ်သက်သလိုမေတ္တာ ၅ခေါက် ပို့ပါ။ " အနုတ္တရောပုရိသ ဓမ္မသာရတ္ထိ " သက်စေ့ရွတ်ပါ။

လမ်းခရီးသွားလာရေး ဘေးကင်းစေရန် မနက်ပိုင်း ဘုရားတစ်ဆူဆူ ( အိမ်ကဘုရားလည်းရ ) တွင် ဆီမီးအလင်းတိုင် အနီ ၂ တိုင် ပူဇော်ပါ။ မေတ္တသုတ် ၃ ခေါက် (သို့မဟုတ်) မိမိနှစ်သက်သလိုမေတ္တာ ၃ ခေါက် ပို့ပါ။ " ဗုဒ္ဓေါ " သက်စေ့ရွတ်ပါ။

#ယတြာ

10/03/2025

နှစ်သက်ရာ တစ်ကဒ်ရွေးထားပါ။🍀 (အဖြေ edit ပြီး commentမှာ ဖတ်ပါ)

Address

Yangon

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Telephone

+959787011140

Alerts

Be the first to know and let us send you an email when Cartomancer Ko Pega posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Cartomancer Ko Pega:

Share