BVJ News

BVJ News Burma VJ Media School is a place to learn video journalism for the reporters and citizen journalists from Myanmar(Burma).

It's the initiative of the experienced media professionals who got involved in 2007 Saffron Uprising in Burma as video journalists. Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

21/02/2025

Burma VJ အဖွဲ့သား ကိုအောင်ကြီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံ ကရင်နီပြည်ထဲ လူကိုယ်တိုင်သွားရောက် သတင်းယူခဲ့ပါတယ်။ ဒီခရီးဟာ သူ့အတွက် မြန်မာပြည် ကထွက်သွားပြီး ၁၅နှစ်ကြာမှ အမိမြေပေါ် ပထမဆုံး ပြန်ခြေချ ခွင့်ရတဲ့ခရီးဖြစ်ပါတယ်။

ကရင်နီပြည်ခရီးစဥ်အတွင်း ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက် ရေးတပ်ဦး ကလလတရုံးချုပ် ကို ရောက်ခဲ့သလို တိုက်ပွဲတွေကြောင့် တရွာလုံး ပျက်စီးသွားတဲ့ ပန်တိမ်းရွာ အခြေအနေကိုလဲ သွားရောက်လေ့လာခဲ့ပါတယ်။

ပြီးတော့ အရင်က ဘယ်မီဒီယာမှမရောက်သေးတဲ့ စစ်သုံ့ပန်း ၅၀ကျော်ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းစခန်းတစ် ကို ရောက်သွားပြီး စစ်သုံ့ပန်း ဒုတိယဗိုလ်မှူးကြီး ရဲမင်းဌေးနဲ့ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ကိုအောင်ကြီးရဲ့ ကရင်နီပြည်ခရီးစဥ်အကြောင်း အပိုင်းလိုက် ဆက်တိုက်တင် ဆက်ပေးသွား မှာဖြစ်ပါတယ်။

BVJ ယူကျု့က ဗီဒီယိုတွေ ကြည့်ရှုအားပေးပြီး subscribe လုပ်ပေးခဲ့ပါလို့ ပန်ကြားပါရစေ
https://www.youtube.com/watch?v=GF2whEtYyOo

တယ်လီဂရမ်
https://t.me/bvj_news/1475

01/02/2025

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို လိပ်မှုထားတဲ့ ကိုထိန်လင်းရဲ့ အိတ်ဖွင့်ပေးစာ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းက အာဏာ သိမ်းစစ်ခေါ င်းဆောင် မင်းအောင်လှိုင်ကို လိပ်မူထားတဲ့ အိတ်ဖွင့်ပေးစာတစ်စောင်ကို လန်ဒန်က မြန်မာသံရုံးကို မနေ့က သွားပေးခဲ့ပါတယ်။

သူ့အမေလွတ်မြောက်ရေးအတွက် တောင်းဆိုထားတဲ့ စာကို သံရုံးကလက်ခံယူလိုက်လား။ အရင်တစ်ခေါက်တုန်းကလိုပဲ တုန့်ပြန်လိုက်လားဆိုတာ BVJ အဖွဲ့သား ကိုအောင်ကြီးက စုစည်းတင်ပြထားပါတယ်။

ရိုက်ကူး - ဗညား၊Bvj

တိုက်ပွဲတွေကြား သံတွဲထောင်က လွတ်မြောက်လာသူ ပန်းချီဆရာမ ဒေးဒေး (အပိုင်း ၂)■ ခင်ငြိမ်းသစ်“လူတွေမရှိတဲ့  တိတ်ဆိတ်နေတဲ့ မြို...
19/11/2024

တိုက်ပွဲတွေကြား သံတွဲထောင်က လွတ်မြောက်လာသူ ပန်းချီဆရာမ ဒေးဒေး (အပိုင်း ၂)

■ ခင်ငြိမ်းသစ်

“လူတွေမရှိတဲ့ တိတ်ဆိတ်နေတဲ့ မြို့ပျက်ကြီးတစ်ခုလိုပဲ။ သရဲကားတွေ၊ ဇွန်ဘီကားတွေထဲကလို မြင်ကွင်းမျိုး အပြင်မှာ တကယ်တွေ့ရတာ ”

𝐁𝐕𝐉 - ဆက်ပြီးပြောပါဦး။ မနက်မိုးလင်းတော့ ဘာတွေဆက်ဖြစ်လဲ။ အပြင်လောကရဲ့ လက်တွေ့အခြေအနေ ဘယ်လိုမျိုးကြုံရတာလဲ။

မဒေးဒေး - အဓိကကတော့ အိမ်နဲ့ အဆက်အသွယ်ရဖို့ လိုတယ်။ အဲဒါကြောင့် ကိုယ့်ရပ်ကွက် ကိုယ်နေခဲ့တဲ့နေရာ အိမ်နားကိုရောက်အောင်သွားမယ်ဆိုပြီးတော့ ထွက်လာလိုက်တယ်။ ကိုယ့်ရပ်ကွက်ထဲက အိမ်တွေကို လိုက်ရှာတော့လည်း တစ်ရပ်ကွက်လုံးမှာမှ လူနေတဲ့အိမ်က ၂ လုံးပဲ ရှိတော့တယ်။ တိတ်ဆိတ်ပြီး ဘယ်သူမှလည်း မရှိတော့ဘူး။ အသက်ကြီးလို့ ဘယ်မှမသွားနိုင်တော့တဲ့ လူကြီးတွေရှိတဲ့ အိမ်တစ်အိမ်ရှိတယ်။ နောက် မျက်စိမမြင်တော့တဲ့ အဘွားတစ်ယောက်ရှိတယ်။ သူ့သားသမီးတွေလည်း အဘွားက ဘယ်မှမသွားနိုင်တော့ဘူး၊ အသက်လည်း အရမ်းကြီးနေပြီဆိုတော့ သူ့ကိုငဲ့ပြီး ဘယ်မှ မသွားကြဘူး။ အဲဒီအိမ်တွေက ဆန်ပြုတ်တွေ ဘာတွေပြုတ်ပေးပြီး ဆေးတွေဘာတွေ တိုက်တယ်။ သူတို့အိမ်က ဖုန်းနဲ့ပဲ အမေ့ကိုလှမ်းဆက်သွယ်တော့ အဆက်အသွယ်ရတယ် ။ မြို့ကို ပိတ်ထားတော့ အမေက လာလို့မရဘူး။ သမီးလာရင်တော့ရမယ်။ ဘယ်အချိန်ပဲလာလာ အမေ ဒီမှာရှိနေတယ်လို့ အမေက ပြောတယ်။ အဲ့ဒါနဲ့ အမေ့ဆီလိုက်သွားဖို့ ကြိုးစားရတယ်။

𝐁𝐕𝐉 - အမေ့ဆီကို ချောချောချူချူ လိုက်သွားလို့ရခဲ့လား။ လမ်းမှာကော ဘယ်လိုအခြေအနေတွေကို ကြုံရလဲ။

မဒေးဒေး - အမေ့ဆီ လိုက်သွားဖို့စုံစမ်းလိုက်တော့ လမ်းတွေပိတ်ထားတယ် သွားလို့မရဘူးတဲ့။ အဲဒီအချိန်မှာ ဖုန်းလိုင်းကလည်း မရတော့ဘူး၊ အမေကတော့ စိတ်ပူနေတော့မှာပဲလို့ တွေးမိတယ်။ အဲ့လို့နဲ့ တစ်ပတ်လောက်ကြာတော့ ဘယ်လိုမှ နေလို့မရတော့ဘူး။ စစ်ရှောင်တွေ လက်ခံထားတဲ့ ဘုန်းကြီး ကို သွားလျှောက်တယ်။ ဒကာမကြီးသွားလို့တော့ရတယ်။ ပြန်လာလို့တော့ မရဘူးနော်တဲ့။ စွန့်စားပြီးသွားမယ်လို့ ဆုံးဖြတ်ပြီး အမေ့နောက်ကို လိုက်တာ။ အဲလိုစွန့်စားလို့လည်း အခုလိုလွတ်မြောက်လာတာပေါ့။ မစွန့်စားဘူးဆိုရင် အဲဒီထဲမှာ ပိတ်မိနေဦးမယ်ထင်တယ်။ သွားစရာ ကားတွေဆိုင်ကယ်တွေလည်း မရှိတော့ ၇ မိုင်လောက်ကို ဒီအတိုင်းမနားတမ်း လမ်းလျောက်ခဲ့ရတာ။ မောနေတာပဲ ၊ ကိုယ့်အသက်ရှုသံတောင် ကိုယ့်ဘာသာပြန်ကြားနေရတာ။ ရင်ကြပ်ပန်းနာသမားတွေရဲ့အသက်ရှူသံလိုမျိုး ကိုယ့်ဘာသာပြန်ကြားနေရတယ်။ ဖိနပ်လည်း မစီးနို င်တော့ဘူး။ ဖိနပ်ချွတ်ပြီးလျှောက်တာ။ လမ်းမှာ ဗုံးကျထားတဲ့နေရာတွေတွေ့ခဲ့တယ်၊ ချိုင့်ခွက်ကြီးတွေ၊ မိုးတွေကလည်း ရွာလိုက်၊ နေက ပူလိုက်နဲ့ ခြေထောက်တွေလဲ ပေါက်ပြဲပြီး နာလွန်းလို့ ဆတ်ဆတ်တုန်နေတာ။ ကိုယ်လက်လျှော့လိုက်ရင် ရှေ့ကိုမရောက်တော့ဘူး။ နောက်ဆုံး သေရမယ်ဆိုရင်တောင် ကိုယ့်အမေနားမှာ သေမယ်လို့ ဆုံးဖြတ်ချက်ချထားတယ်။ အဲဒါနဲ့ ရောက်အောင်သွားတာ။ တစ်လမ်းလုံးလည်း ဘယ်သူမှ မရှိဘူး တိတ်ဆိတ်နေတာ။ အခုအချိန် ဗုံးလာကြဲလိုက်ရင်တော့ ဘယ်လိုဖြစ်မလဲ သူတို့က လူမြင်တာနဲ့ ကြဲချတာကိုး။ အဲဒါကိုလည်း ကြောက်သေးတယ်။ အဲဒီအချိန်က လူက တခြားကမ္ဘာတစ်ခုကိုရောက်နေသလိုပဲ။

𝐁𝐕𝐉 - လမ်းမှာ စစ်ဆေးရေးဂိတ်တွေ စစ်သားတွေကိုရော မတွေ့ရဘူးလား။

မဒေးဒေး - ဘဝမှာ ဒီလိုမျိုး လူတွေမရှိဘဲ တိတ်ဆိတ်နေတဲ့မြို့ပျက်ကြီးပေါ့၊ သရဲကားတွေ၊ ဇွန်ဘီကားတွေထဲကလို မြင်ကွင်းမျိုးကို တကယ်တွေ့ရတာ။ သွားရင်းသွားရင်းက ၅ မိုင်လောက်ဆိုတော့ မြို့အပြင်ကိုရောက်လာတယ်။ အပြင်မရောက်ခင် မြို့အထွက်ဂိတ်မှာ ပြဿနာတက်ရော၊ AA က ရဲဘော်တွေနဲ့တွေ့တယ်။ သူတို့က အမဘယ် သွားမှာလဲလို့ မေးတယ်။ အဲဒီအချိန်မှာ ဘယ်သူ့ကိုမှ ဖြတ်သန်းခွင့်မပေးသေးဘူး။ ကိုယ်က သူတို့ကိုလည်း မဖြေနိုင်ဘူး အဲဒီနားမှာတင် ဘုန်းကနဲ လဲသွားတယ်။သူတို့ဂိတ်ရုံလေးနားမှာ မောပြီးတော့ လဲသွားတာ၊ သူတို့က သွားလို့ မရဘူး ဘယ်သူလွှတ်လိုက်တာလဲလို့မေးတော့၊ ဘယ်သူမှ မလွှတ်ပါဘူး။ နေမကောင်းလို့ အမေနောက်ကို လိုက်ချင် လို့ သွားတာလို့ပြောလိုက်တယ်။ ကိုယ့်အခြေအနေကိုလည်း သူတို့မြင်တယ်လေ၊ တစ်ကိုယ်လုံးလည်း အနာတွေနဲ့ နေမကောင်းကလည်း တကယ်ဖြစ်နေတာ။ ကိုယ့်အခြေအနေ သူတို့တွေ့ရတော့ စကားပြောစက်တွေနဲ့ သတင်းတွေပို့ကြတယ်၊လွှတ်ပေးဖို့ ၄ ခါ၊ ၅ ခါလောက်ပြောရတယ် ဒီကောင်တွေ (စကစတပ်) က ရှိနေသေးတော့ အစ်မအတွက် အရမ်းအန္တရာယ်များလို့ပါလို့ သူတို့က ပြောတယ်။ ကျွန်မကလည်း လုံးဝမပြန်ဘူး။ မသွားရဘူးဆိုရင် ဒီမှာပဲနေမယ်ပေါ့။ သူတို့လည်း စိတ်ညစ်လာတော့ အဆင့်ဆင့် အကြောင်းကြားပြီးတော့ နာရီဝက်လောက်အကြာမှာ သွားသွားဆိုပြီး လွှတ်ပေးလိုက်တယ်။

𝐁𝐕𝐉 - အဲလိုလွှတ်ပေးလိုက်တော့ အမေ့ဆီကို ဘယ်လိုဆက်သွားလဲ။ ဘယ်သူတွေက အကူအညီပေးလဲ။

မဒေးဒေး - အဲဒီနေရာကနေ မိုင်ဝက်လောက်သွားပြီးတော့မှ လူတွေကို စပြီးတွေ့လာတယ်။ ဈေးဆိုင်တွေလဲတွေ့တော့ အဲဒီမှာ အားတက်သွားတယ်။ ‌စျေးဆိုင်ကိုတွေ့တော့ ‌စျေးဆိုင်ရှေ့မှာထိုင်ပြီး ပြန်မထနိုင်တော့ဘူး။ သူတို့က ရေတွေဘာတွေတိုက်ပြီး ဘယ်သွားမလို့လဲလို့မေးတယ်။ အမေ့ဆီသွားမယ် နေမကောင်းလဲ ဖြစ်လာတယ်လို့ ကျွန်မက ဖြေလိုက်တယ်။ ဆိုင်ကယ်နဲ့ လိုက်ပို့ပေးမယ့်သူရှိရင်လည်း ကူညီပေးပါလို့ အကူအညီတောင်းလိုက်တယ်။ ဒီလိုအချိန်မှာတော့ ဘယ်သူကမှ မလိုက်ပေမဲ့ တကယ်နေမကောင်းတာတွေ့တော့ ကူညီပေးမယ်ဆိုပြီး ဆိုင်ကယ်နဲ့ ပို့ပေးမဲ့သူကိုပတ်ရှာပေးတယ်။ ဆိုင်ကယ်တစ်စီးရလာတယ်။ အရှေ့ကို ဘယ်လောက်မှ မသွားရဘူး၊ ၁ မိုင်လောက် ပဲသွားရမှာ ကို ၂ သောင်းခွဲပေးရတယ်။

𝐁𝐕𝐉 - အမေနဲ့ ပြန်ဆုံစည်းရပုံလေး ပြန်ပြောပြပေးပါလား။

မဒေးဒေး - အမေကလည်း မျှော်နေတာ၊ ဘာမှသတင်းလည်းမကြားရတော့ သူလည်း တတ်နိုင်သမျှ အကုန်လုပ်ပြီးပြီ။ လူပျောက်လည်း တိုင်ပြီးပြီ၊ ဓါတ်ပုံလေးတွေပြပြီး ကျွန်မသမီးကို ရှာပေးပါလို့လည်း သွားပြောပြီးပြီ။ ဘယ်သူမှ မကူညီရင် တောထဲကနေဖြတ်ပြီး လာရှာမယ်လို့လည်း အမေက ဆုံးဖြတ်ထားပြီးပြီ။ အသက် ၇၀ ကျော်အရွယ်နဲ့ တောလမ်းကဖြတ်ဖို့ဆိုတာ ဘယ်လွယ်မလဲ။ AA စခန်းအထိ သွားပြီး ကျွန်မ ဓာတ်ပုံလေးပြပြီး ကျွန်မသမီးက ဒီပုံစံပေါ့။ ဖုန်းတစ် call ရပြီး အခုထိ ရောက်မလာဘူး။ ဘယ်တွေရောက်နေလဲမသိဘူး။ အရီးကိုယ်တိုင်လည်း သွားလို့မရဘူးဆိုတော့ ရှာပေးပါ၊ တအားစိတ်ပူနေပြီဆိုတော့ ရှာပေးမယ် ခဏလေးတော့ စောင့်ပေးပါလို့ပြော လိုက်တယ်တဲ့။ မြို့ကိုလည်း မသိမ်းရသေးဘူး။ နယ်မြေရှင်းလင်းရေးလည်း လုပ်နေတုန်းမို့ အရီးသွားရင်လည်း အန္တရာယ်ရှိသလို၊ အရီးသမီးလည်း အန္တရာယ်ရှိတယ်။ နောက် ၂ ရက်လောက်နေရင် အကြောင်းပြန်ပေးမယ်လို့ ပြောတယ်တဲ့။ အမေ AA အဖွဲ့ဆီ အကူအညီသွားတောင်းပြီး ၂ ရက်နေတော့ ကျွန်မ အဲ့ဒီကိုရောက်သွားတာ။ အမေက သူတို့တည်းနေတဲ့ အိမ်ရဲ့ ပြတင်းပေါက်ကနေ အပြင်ကိုငေးနေတာ။ ဆိုင်ကယ်ဝင်လာတာလည်း မသိဘူး။ ကျွန်မကိုလည်း မမှတ်မိဘူး။ သူ့ရှေ့မှာ ဆိုင်ကယ်ရပ်တဲ့အထိ သူမသိဘူး။ အမေလို့ခေါ်လိုက်တော့မှ လန့်ဖြန့်ပြီး ငါ့သမီးပါလား အဲလိုဖြစ်ပြီး အမေနဲ့ ကျွန်မ ဖက်ပြီး ငိုရတယ်။ လိုက်ပို့တဲ့ဆိုက်ကယ်သမားတောင် သနားလို့ ၁ သောင်းခွဲပဲယူသွားတယ်။

𝐁𝐕𝐉 - အမေ့ဆီရောက်ပြီးတော့ ဘာတွေဆက်လုပ်ဖြစ်ခဲ့လဲ။

မဒေးဒေး - တစ်ရွာပြီးတစ်ရွာကိုဖြတ်ပြီးမှ ရန်ကုန်ကို ခက်ခက်ခဲခဲရောက်လာတယ်။ အဲ့ဒီကနေ အဆင့်ဆင့်ဖြတ်ပြီး ဒီဘက် ကိုထွက်လာတာ။ လမ်းခရီးမှာလည်း ပြန်အဖမ်းခံရမှာကြောက်ရ‌သေးတယ်။ ကျွန်မတို့ ထွက်လာတာလည်းမှန်သွားတယ်။ ကျွန်မတို့ထွက်လာပြီးနောက်မှာ တစ်ရွာပြီးတစ်ရွာ တိုက်ပွဲတွေဆက်တိုက်ဖြစ်လာတာ။ တိုက်ပွဲတွေက ဂွဘက်ကို ရွေ့လာတာကိုး။ ပုံမှန်ဆိုရင်တော့ ကျွန်မက အရမ်းအားငယ်တတ်၊ ဝမ်းနည်းတတ်တဲ့ပုံမျိုးမဟုတ်ဘူး။ အခုကတော့ ကျွန်မတောင်မသိတဲ့ ကျွန်မရဲ့ စိတ်ထဲကဟာတွေ ကြောင့်ဖြစ်မယ်ထင်ပါတယ်။

အခုလိုဖြေပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။

တိုက်ပွဲတွေကြားက သံတွဲထောင်က လွတ်မြောက်လာသူ ပန်းချီဆရာမ ဒေးဒေး (အပိုင်း ၁) ■ ခင်ငြိမ်းသစ်“ရုတ်တရက်ကြီး ညဘက် ထောင်ပြင်ရော...
18/11/2024

တိုက်ပွဲတွေကြားက သံတွဲထောင်က လွတ်မြောက်လာသူ ပန်းချီဆရာမ ဒေးဒေး (အပိုင်း ၁)

■ ခင်ငြိမ်းသစ်

“ရုတ်တရက်ကြီး ညဘက် ထောင်ပြင်ရောက်သွားတော့ ဘယ်သွားလို့ သွားရမှန်းမသိဘူး။ တိုက်ပွဲတွေကလည်း အပြင်မှာ ဖြစ်နေတယ်။ မိသားစုတွေက စစ်ရှောင်သွားကြပြီ။ မြို့မှာကလည်း ဘယ်သူမှ မရှိတော့ဘူး”
........................................................................................

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာမသိမ်းခင်အချိန်မှာ မဒေးဒေးဟာ သံတွဲမြို့မှာ ပန်းချီပြခန်းဖွင့်ပြီး သူကိုယ်တိုင်ရေးဆွဲတဲ့ ပန်းချီကားတွေကို ရောင်းချနေတဲ့ ပန်းချီဆရာမတစ်ဦးဖြစ်ပါတယ်။ အာဏာမသိမ်းခင်က နိုင်ငံရေးနဲ့ ထိစပ်မှုမရှိပေမဲ့ အာဏာသိမ်းတာကို ဆန့်ကျင်ရမယ်ဆိုတဲ့ အသိစိတ်နဲ့ ဆန္ဒပြပွဲတွေမှာ ဝင်ပါခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာတော့ PDF တပ်ဖွဲ့ကို ထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မဒေးဒေးကို ၅၀(ည) ပုဒ်မနဲ့ မဒေးဒေး သံတွဲထောင်မှာ ထောင် ၁၀ နှစ်ကျခံခဲ့ရပါတယ်။ ၂၀၂၄ ဇွန်လလကုန်ပိုင်းလောက်ကစပြီး သံတွဲမြို့မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဇူလိုင် ၁၁ ရက် ညပိုင်းမှာ မဒေးဒေးအပါအဝင် သံတွဲထောင်ထဲက အကျဉ်းသူတချို့ကို စစ်ကောင်စီတပ်ဖွဲ့တွေက လွှတ်ပေးလိုက်ပါတယ်။

𝐁𝐕𝐉 - သံတွဲမှာ တိုက်ပွဲတွေပြင်းထန်နေချိန်မှာ သံတွဲထောင်ထဲမှာ ဘာတွေဖြစ်လာလဲ၊ ထူးထူးခြားခြားပြောင်းလဲလာတာမျိုး ကို ကြုံခဲ့ရလား။

မဒေးဒေး - ၆ လပိုင်း ၂၃ ရက်က ဗျူဟာမှူးတို့ တခြားလူကြီးတွေ မိန်းကလေးအဆောင်ကိုဝင်လာတယ်။ မိန်းကလေးဆောင် အပေါ်ထပ်က လူတွေ မကြာသေးခင်က အများကြီးလွတ်သွားကြတယ်။ တစ်လပိုင်းမှာ အများကြီးလွတ် သွားတယ်။ အပေါ် ထပ်မှာက လူမရှိတော့ဘူး အောက်မှာ မိန်းကလေး ၄၇ ယောက်ပဲ ရှိတယ်။ သူတို့က အပေါ်ထပ်ကို တန်းပြီးတက်သွားတယ်။ သူတို့ ဘာတွေပြောကြလဲဆိုတာ ဒေးဒေးတို့အောက်ထပ်က လူတွေက စပ်စုကြတာပေါ့။ အောက်က ကလေးတွေက ယူနီဖောင်းတွေ သေနတ်တွေနဲ့တွေ့တော့ ကြောက်လို့တုန်နေကြပြီ။ သူတို့က အပေါ်ကိုလာကြည့်ပြီး ရှင်းလင်းပြီး ပစ်ကွင်းလာလုပ်တာ။ တပ်ရင်း ၄ ခု လောက်ရှိတယ်။ တော်တော်လည်း အင်အားများတယ်။

𝐁𝐕𝐉 - ဘာလို့ မိန်းကလေးဆောင်အပေါ်မှာ အခုလို ပစ်ကွင်းလာလုပ်တာလဲ။ အဲလို လုပ်နေတာ ဘယ်လိုထင်လဲ။

မဒေးဒေး-- မိန်းကလေးဆောင်တံခါးကိုဖွင့်လိုက်ရင် ထောင်ရဲ့ အလည်က တန်းစီတဲ့ကွင်းကို မြင်ရတယ်။ အဲဒီမှာ အမြှောက် ကြီးတွေ ဆင်ထားတယ်။ မျက်နှာချင်းဆိုင်အဆောင်တွေမှာ သဲအိတ်တွေကို ခေါင်မိုးတွေအပေါ်မှာ တင်ထားတယ်။ အဲဒီလိုပြင်ဆင်နေတာတွေ့တော့ ဪ တကယ်လုပ်တော့မှာပေါ့လို့ တွေးလိုက်တယ်။ ကြောက်တာပေါ့၊ တုန်လှုပ်တာပေါ့။ မလွတ်ခင် သေသွားနိုင်တဲ့အနေအထားကြီးကိုး။

𝐁𝐕𝐉 - လွတ်မယ့်နေ့ မနက်ပိုင်း ဘာတွေဖြစ်ခဲ့လဲ၊ ဘယ်လိုတွေတွေ့ကြုံခဲ့ရတာလဲ။

မဒေးဒေး-- ကျမတို့လွတ်တာ ၁၁ ရက်နေ့၊ ဇူလိုင် ၁၁ ရက် မနက်မှာ စစ်ကောင်စီဘက်က ပစ်တယ်။ ဟိုဘက်ကလည်း ပြန်ပစ်တယ်။ နှစ်ဘက် ပစ်နေတယ်ဆိုပေမဲ့ ဟိုဘက်က မနားတမ်းပစ်နေတယ်။ တစ်နေရာထဲကိုပစ်နေတာ၊ သူတို့ပစ်တဲ့နေရာက ထောင်ရဲ့ လက်နက်တိုက်ပေါ့နော်။ ဗဟိုကင်းအမှတ် ၁ ကိုပစ်နေတာ။ ဗဟိုကင်းအမှတ် ၁ က ဒေးဒေးတို့ အဆောင်နဲ့ကပ်နေတာ ၅ ပေလောက်ပဲကွာတယ်။ အမျိုးသမီးဆောင်က ဗဟိုကင်းကို ကျောခိုင်းထားတယ်။ အဲဒီနေရာကိုပဲ တောက်လျောက်ကျနေ တာ။ RPG ဆိုတာလေ၊ ငှက်ပျောဖူးပုံစံ ဟိုကနေပစ်လိုက်ရင် ရွှီဆိုပြီး အသံကြားတယ်။ အဲဒါက တစ်လုံးနဲ့ တစ်လုံး စက္ကန့်ပိုင်းပဲ ခြားတယ်။ ၅ စက္ကန့် ၁၀ စက္ကန့်အတွင်းကို တစ်လုံးပြီး တစ်လုံး။ ခန့်မှန်းခြေဆိုရင် အလုံး ၁၀၀ လောက်ရှိမယ်။ ဆက်တိုက်ကျတာ။ လက်လည်းတော်တော်ဖြောင့်ပုံရတယ်။ ဒီနေရာကိုပဲ ကွက်တိရောက်နေတော့လေ။ အဲဒီမတိုင်ခင်က ညဖက်ဆိုရင် ဒရုန်းတွေဝင်လာတယ်။ အထဲမှာ ဘယ်သူတွေရှိလဲ၊ ဘယ်လိုအနေအထားမျိုးလဲဆိုတာကို သူတို့ သိလိမ့်မယ်ပေါ့။ အတတ်နိုင်ဆုံး တော့ လူတွေကို အထိခိုက်နည်းအောင်တော့ သူတို့ လုပ်မှာပဲပေါ့နော်။ လေ့လာပြီးကာမှ ပစ်တယ်လို့ ယူဆတယ်။ ဒါပေမဲ့ အမျိုးသမီးဆောင်ရှေ့မှာ လက်နက်ကြီး ကျည်တစ်လုံးပေါက်သွားတယ်။

𝐁𝐕𝐉 - အဲဒီလို လက်နက်ကြီးကျည်ကျပြီး ပေါက်သွားတော့ ဘာတွေဆက်ဖြစ်ကြလဲ၊ တံခါးတွေက ပိတ်ထားတာလား။

မဒေးဒေး--- ကျည်ဆန်က ပစ်လိုက်တဲ့နေရာမှာမပေါက်ဘဲ လွင့်စဥ်ပြီးတော့ အဆောင်ထဲကို ရောက်လာပြီး ပေါက်ကွဲတာ။ လက်နက်ကြီးကျည် ထိသွားတဲ့သူ ၂ ဦး ရှိတယ်။ တစ်ယောက်က ခေါင်းကိုထိတယ်၊ နောက်တစ်ယောက်က ခြေထောက်ကို ထိတယ်။ သူတို့ကိုထိသွားတဲ့အချိန်မှာ ကုန်းပြီးတော့ အော်ကြတာ၊ ဒီမှာထိထားတယ်လို့ ၊ ဒါပေမဲ့ လည်း ဘယ်သူကမှ လာမကြည့်တော့ဘူး။ ဘယ်သူမှ မရှိဘူးလို့ထင်တယ်။ လူအရိပ်အယောင်တောင်မမြင်ရတော့ဘူး။ ဆက်တိုက်ပစ်လာတော့ အဆောင်ရဲ့ အုတ်နံရံက အက်ရာပေါ်လာတယ်။ ကိုယ်တွေက အစုလိုက်လေး ထောင့်မှာ ကပ်နေနေတာ။ တခြားနေရာကို မသွားနဲ့လို့ပြောထားပေမဲ့ ကြောက်တော့ ထပြေးတာမှာ ထိသွားတာ၊ ကိုယ့်ကိုယ်ကိုစောင်တွေနဲ့ ပတ်ထားတာ။ တစ်လုံးကလည်း ကိုယ့်အပေါ်ကနေကျော်ပြီး မှန်တွေကိုထိပြီး ကွဲတာ။ လက်နက်ကြီးကျတဲ့နေရာက ထောင်ရဲ့ အလယ်ပေါက်ပေါ့။ အဲဒီနားမှာ အင်္ဂတေနဲ့လုပ်ထားတဲ့ အုတ်ခုံရှိတယ်။ အဲဒီမှာ သွားပြီး ဝပ်မလို့ထသွားတဲ့အချိန်မှာပဲ နောက်တစ်လုံးက ပေါက်တာ။ အဲဒီအကြောင်းတွေကို တကယ်တော့ မပြောချင်ဘူး။ မှတ်တမ်းကျန်ခဲ့အောင်တော့ အားတင်းပြီးပြောရတယ်။ လူ ၂ ယောက်က မသေသင့်ဘဲ သေတာကို ကြည့်နေရတဲ့ ခံစားချက်က တကယ် တအားခံစားရတယ်။ ဘာမှလည်း မလုပ်ပေးနိုင်ခဲ့ဘူး။

𝐁𝐕𝐉 - လူထိသွားတဲ့အကြောင်းလှမ်းပြောတဲ့အချိန်မှာ ဘယ်သူမှလာမကြည့်ဘူးဆိုတော့ အော်နေတာကို ဘာမှ မပြောတာ လား။ တပ်စွဲထားတဲ့ စစ်သားတွေက ဘယ်ကိုရောက်သွားလို့လဲ။

မဒေးဒေး-- ကိုယ်တွေက အသံကုန်အော်ကြတယ်။ ဒီမှာ လူတွေထိထားတယ်၊ လာကြည့်ပါဆိုပြီး၊ အဲလိုအော်လို့ဆိုပြီး စစ်တပ်က သေနတ်နဲ့ လှမ်းပစ်တယ်။ အဲဒီအချိန်မှာ။ အသံမထွက်နဲ့ တိတ်တိတ်နေပေါ့။ ကျမက ပိုပြီးခံစားရတယ်ဆိုတာက သေသွားတဲ့ ၂ ယောက်က ဒေးဒေးအနားမှာ အိပ်ကြတယ်။ ကျွန်မ အနာတွေဖြစ်တော့ သူတို့ပဲ ဆေးထည့်ပေးတယ်။ ဂရုစိုက် ပေးတယ်။ နိုင်ငံရေးမှုတွေမဟုတ်ပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နေကြတဲ့ သူမျိုးတွေပေါ့။ အသက်က ငယ်ငယ်လေးတွေ၊ တစ်ယောက်ဆိုရင် ၂၄ နှစ်ပဲရှိသေးတယ်။ တစ်ယောက်က ၃၃ နှစ်။ ကိုယ်နဲ့ အဲလိုသံယောဇဉ်ရှိပြီးနေလာကြတော့ တခြားလူတွေထက်ပိုပြီးခံစားရတာပေါ့။

𝐁𝐕𝐉 - အဲဒီလိုဖြစ်နေတာကနေ ဘယ်အချိန်မှာ တံခါးလာဖွင့်ပေးသွားလဲ၊ ဘယ်သူက လာဖွင့်ပေးတာလဲ။

မဒေးဒေး--- သူတို့ စစ်တပ် တပ်စွဲကတည်းက ထောင်ဝင်စာပိတ်လိုက်ပြီဆိုတော့ တစ်လလောက်နီးပါးအထဲမှာ ပိတ်မိနေတယ်။ အိမ်ကလည်း ထောင်ဝင်စာ မတွေ့ရ၊ ပစ္စည်းလည်းမပို့ရ၊ သူတို့ကလည်း ကျွေးတစ်လှည့် မကျွေးတစ်လှည့် မြို့ကလည်း ပျက်နေတော့ ပိုက်ဆံရှိရင်တောင် ဝယ်စားလို့ရတဲ့ အခြေအနေမဟုတ်တော့ဘူး။ အဲဒီနေ့က ကျန်နေသေးတဲ့ ခေါက်ဆွဲထုတ်လေး ကို သေးသေးလေးတွေပိုင်းပြီး ပါးစပ်ထဲ တစ်ယောက်တစ်လုပ်လိုက်ခွံ့၊ ၂ ပြန်ကြော်က ပဲစေ့လေးတွေကို တစ်ယောက်တစ်စေ့ ၂ စေ့လိုက်ခွံ့၊ ရေတွေသောက်၊ ဗိုက်တွေပွ၊ ဘာမှလည်း မစားရဘူး။ ရေငတ်တော့ အိမ်သာရေတွေပဲ သောက်ရတယ်။အဲလိုပဲနေနေရတာ။ သူတို့ဆီက စကားပြောသံကြားတော့ ကောင်မလေး တစ်ယောက်က လှမ်းအော် ပြောတယ်။ ဒီမှာ ၂ ယောက်ထိထားတယ်၊ ကယ်ပေးပါပေါ့။ သူတို့က အော်မနေနဲ့ နင်တို့ကိုလွှတ်ပေးမယ်လို့လှမ်းပြောတယ်။ ည ၁၀ နာရီခွဲလောက်မှ စစ်သားတွေဝင်လာတယ်။ စစ်သားဆိုတာကလည်း အများကြီး မရှိတော့ဘူး။ ၄ ယောက်လား ကျန်တော့တယ်၊ အဲဒါက အကုန်ပဲ။ အဲဒီထဲမှာ ဗိုလ်ကြီး အဆင့်တစ်ယောက်ပါတယ်။ ကျန်တာအငယ်တွေချည်းပဲ။ သူတို့တံခါးလာဖွင့်တော့ သော့မရှိဘူး။ သော့ပျောက်နေတယ်။ နောက်ဆုံး သော့ကိုဖျက်တယ်။

𝐁𝐕𝐉 - သော့ဖျက်လိုက်တော့ ချက်ချင်းထွက်လို့ရလားပေါ့၊ ဘယ်လို ထွက်လာကြတာလဲ။

မဒေးဒေး---၁၁ နာရီလောက်ကျတော့ အပြင်ကိုထွက်ခိုင်းတယ်၊ ဆုံးနေတဲ့ ကောင်မလေးတွေကိုလည်း သယ်သွားခိုင်းတယ်။ နင်တို့လူတွေ နင်တို့ခေါ်သွား၊ ငါတို့မှာ အဲဒါတွေလုပ်ဖို့အချိန်မရှိဘူး။ ပြောတယ်။ သူတို့မပြောလည်း ကိုယ်ကတော့ ယူသွားမှာပါ။ သူတို့ကိုစောင်တွေနဲ့ ထုတ်ပြီးသယ်လာတယ်။ ညဖက်ကြီး ထောင်ဘူးဝကိုရောက်တယ်။ လူကလည်း ဖောယေင်ပြီး လမ်းတောင်ကောင်းကောင်းမလျောက်နိုင်တော့ဘူး။ ခြေလှမ်းကြဲကြဲတောင် မလျှောက်နိုင်ဘူး။ မောတာရော၊ အာဟာရပြတ်တာ ရောပေါင်းပြီး နေမကောင်းဖြစ်နေကြတာ။ အပြင်ရောက်ပြီး ခြေလှမ်း ၁၅၀ လောက်ပဲလှမ်းရသေးတယ် သေနတ်သံကြားတာပဲ။ အဲဒီမှာတင် သယ်လာတဲ့ အလောင်းတွေလည်း လွတ်ကျ၊ မပစ်ပါနဲ့ ကျမတို့ထောင်ကနေ လွှတ်ပေးလိုက်တာပါလို့ ပြောတော့ သွားသွားဆိုလို့ သွားရတယ်။ ဒေသခံလို့ ဘယ်လောက်ပဲပြောပြော ထောင်ထဲမှာ နေတာ ၂ နှစ်လောက်ရှိသွားပြီ ရုတ်တရက် အပြင်ရောက်လာတယ်၊ စစ်တွေကလည်းဖြစ်နေတယ်။ မိသားစုတွေလည်း စစ်ရှောင်သွား ကြပြီ၊ မြို့မှာလည်း ဘယ်သူမှ မရှိတော့ဘူး။ မဲမှောင်ပြီး တကယ်ကို လမ်းပျောက်သွားတယ်။ ကိုယ့်နောက်ကပါလာတဲ့သူတွေက အားကိုးတာ။ ဘာပဲပြောပြော ဒေးဒေးက ဒေသခံဆိုတော့ သူ့နောက်ကိုလိုက်ရင်တော့ ငါတို့တော့ ပြန်လို့ရမှာပဲထင်ပြီး ကိုယ့်နောက်ကိုလိုက်လာကြတာ။ ကိုယ်ကလည်း တကယ် သူတို့ကို မနက်လင်းမှ အခြေအနေကြည့်ပြီး ကိုယ်သွားချင်တဲ့ နေရာဆက်သွားကြပေါ့ဆိုပြီး ပြောခဲ့တာ။အဲလိုပြောတဲ့သူကိုယ်တိုင်တောင် ဘယ်သွားရမလဲမသိဘူး ဖြစ်နေတာ။ အဲဒါနဲ့ စစ်သားကို လှမ်းပြီးအော်မေးတာပဲ။ ကျမတို့ ဘယ်သွားရမလဲဆိုပြီးတော့ သွားလို့မရဘူး။ ကင်းပုန်းတွေချထားတယ်၊ နင်တို့ကို လှမ်းပစ်လိမ့်မယ်။ ဒီညတော့ ဒီနားမှာပဲ ခိုနေလိုက်တဲ့။ ဒါပေမဲ့ လမ်းလည်ကောင်ကြီးမှာ၊ လမ်းလေးဂွဆုံကြီးဆိုတော့ ဘယ်နားသွားခိုရမှာတုန်း၊ မြို့ရဲ့အနေအထားကလည်း ကြောက်စရာကြီး။

𝐁𝐕𝐉 - အဲဒီညက အဲဒီလမ်းဆုံမှာ ဘယ်လိုနေကြရသလဲ။

မဒေးဒေး-- ဘယ်သွားရမလဲဆိုပြီး တစ်ယောက်တစ်ပေါက်ဖြစ်နေတယ်။ ထောင်က လွတ်လို့ပျော်ရမှာလား၊ လတ်တလော အခြေအနေက ကြောက်ရမှာလား။ ပုံမှန်အနေအထားတဲ့သာ လွတ်လာရင် ဘယ်လောက်တောင်ပျော်မလဲပေါ့နော်။ မကြာသေးခင်ကမှ ထောင်ကျထားသူလည်းရှိတယ်။ ကိုယ့်ကိုလည်း ၁၀ နှစ်ချထားပေမဲ့ ၂ နှစ်ပဲရှိသေးတယ်ဆိုတော့ ဘာပဲပြောပြော လွတ်လာတာ ပျော်ဖို့ကောင်းမှာလေ။ ဒါပေမဲ့အပြင်မှာ ရင်ဆိုင်ရတဲ့အခါကျတော့ ပျော်ဖို့တောင် မေ့နေတယ်။ ဘယ်သွားရ မှန်းမသိတဲ့ ရိုဟင်ဂျာကောင်မလေးတွေလည်း ပါလာတယ်။ သူတို့ဆိုရင် မြန်မာစကားတောင် မပြောတတ်ဘူး။ ကိုယ်က အထဲမှာတုန်းက သူတို့နဲ့ နွေးနွေးထွေးထွေးနေခဲ့တော့ အခု သူတို့ကိုထားခဲ့မှာကြောက်လို့ အင်္ကျီစကို လိုက်ဆွဲထားတယ်။ အဲဒီအနီးအနားက လူရှိတဲ့အိမ်မှာ တစ်ည ဝင်အိပ်ရတာပေါ့။ ဒေးဒေးနဲ့လိုက်လာတာက ၁၅ ယောက်ရှိတယ်။ အိပ်စရာနေရာတော့မရှိဘူးပေါ့။ ဒီလိုပဲ ငုတ်တုတ်ကလေးတွေ နေရတာ။ အိမ်က လူတွေနဲ့ အဆက်အသွယ်ရဖို့ မနက်မှ စီစဉ်မယ်ပေါ့။ ဆုံးသွားတဲ့ ကောင်မ လေး ၂ ယောက်ကိုတော့ ဖုံးနံပါတ်ရအောင်ရှာပြီး စုံစမ်းပြီးတော့ သူတို့အိမ်တွေကို အကြောင်းကြားပေးလိုက်တယ်။ စိတ်မကောင်းဘူး အဲဒီညဘက်ကဆို ထားခဲ့ရတာကို ပြောခဲ့သေးတယ်။ မကြားနိုင်တော့ပေမဲ့ ဒီလိုမျိုးတော့ မထားခဲ့နိုင်ဘူး။ ငါတို့ဘာမှ မတတ်နိုင်လို့ ထားခဲ့ရတယ်လို့ပြောခဲ့တယ်။ မနက်အစောကြီး အလင်းရောင်ရတာနဲ့ ထွက်ကြည့်လိုက်သေးတယ်။ အဲဒီအတိုင်းပဲ ရှိသေးတယ်။ ဘယ်သူမှလည်း လာမသယ်ကြသေးဘူး။ လမ်းဘေးလေးမှာ စောင်လေးနဲ့ သေချာပတ်ပြီး ဟိုဘက်တစ်ယောက်၊ ဒီဘက်တစ်ယောက် ထားခဲ့သေးတယ်။ အမြင်မတော်တဲ့သူတွေကတော့ ကောင်းကောင်းမွန်မွန်သဂြိုလ် ပေးမှာပါပေါ့။ အထဲမှာထားခဲ့ရင် သေသွားတာတောင် ဒီလိုမျိုး နောက်ဆုံးခရီးမှာ မဖြတ်သန်းရမှာစိုးလို့ ဒီလိုမျိုး သေချာလေး ထားခဲ့တာပါ။ မနက်လင်းတော့ ရိုဟင်ဂျာကောင်မလေး ၂ ယောက်ကို မူဆလင်အသင်းက လာခေါ်သွားတယ်။ အဂိကကတော့ အိမ်နဲ့ အဆက်အသွယ်ရရင် ဘယ်ကိုသွားရမလဲ ဘာဆက်လုပ်ရမလဲ၊ မသိတဲ့အတွက် ကိုယ်နေခဲ့တဲ့ရပ်ကွက် ကိုယ့်အိမ်နားကို ရောက်အောင်သွားမယ်ဆိုပြီး ထွက်လာလိုက်တယ်။

(ထောင်ထဲကနေ သူတို့သယ်လာပြီး လမ်းဘေးမှာချထားခဲ့တဲ့ အကျဥ်းသူ၂ ဦးရဲ့ ရုပ်အလောင်းကို မူဆလင်အသင်းတစ်သင်းက လာသယ်ပြီး အနီးမှာ ရှိတဲ့ ဘုန်းကြီး ကျောင်းမှာ ဗုဒ္ဓဘာသာထုံးစံအတိုင်း သဂြိုလ်ပေးခဲ့တယ်လို့ နောက်ဆက်တွဲ သိရကြောင်းကိုလည်း မဒေးဒေးက ပြောပြခဲ့ပါတယ်)

ပန်းချီဆရာမ မဒေးဒေး သံတွဲထောင်က ထွက်ပြေးလွတ်မြောက်လာတဲ့ အတွေ့အကြုံ ဒုတိယပိုင်းကို ဆက်လက် တင်ဆက်ပေးသွားပါမယ်။

ဓာတ်ပုံခရက်ဒစ်- ပန်းချီဆရာမ ဒေးဒေး

Burma VJ

Address

Yangon

Alerts

Be the first to know and let us send you an email when BVJ News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BVJ News:

Share