05/09/2019
သေမိန့်စောင့်နေတဲ့ အဖေ့ကို
ဘာမှကျွေးပိုင်ခွင့်မရှိသောအခါ သမီးတစ်ယောက်ရဲ့
ကျေးဇူးဆပ်ခြင်းဟာ ကမ္ဘာကျော်သွားစေခဲ့တယ်
💫💫💫💫💫💫💫💫💫💫💫💫💫
ရုတ်တရက်တော့ ဒီပုံကို ကြည့်လိုက်ရင် မကောင်းတဲ့အမြင်နဲ့ မကောင်းတဲ့သဘောထား၊ အတွေးတွေ ဖြစ်လာပါလိမ့်မယ်။ ဘာအကြောင်းအရင်းပါလိမ့် ဆိုတာ သိပ်ကိုစဉ်းစားစရာပါပဲ။ ဒါပေမယ့် ဓာတ်ပုံထဲက အဖြစ်အပျက် အကြောင်းအရင်းမှန်ကို သိရတဲ့ အချိန်မှာတော့ သင့်ဆီမှာ မပြောပြ နိုင်လောက်တဲ့ စိတ်ခံစားမှုက ပြင်းထန်သွားမှာပါ။ တကယ့်အကြောင်းအရင်းအမှန်က သင့်နှလုံးသားကို ဆွဲခါရမ်း ပစ်လိုက်သလို နာကျင်ဝမ်းနည်းမှုတစ်ဝက်၊ ပိုမိုခံစားမိလေ… အဓိပ္ပါယ်နက်ရှိုင်းလေ ဆိုတာကို သိရပါလိမ့်မယ်။
ပန်းချီကားတစ်ချပ်ထဲ ထည့်ဆွဲထားတဲ့ ပုံထဲက ဇာတ်လမ်းက ဥရောပနိုင်ငံလေးတစ်ခုက အဖြစ်အပျက် တစ်ခုကို အခြေခံထားတာပါ။ အစာရေစာငတ်ပျက်ပြီး သေမိန့်ချခံထားရတဲ့ လူအိုတစ်ဦးကို သေဒဏ်နဲ့ အကျဉ်းချခံထားရတာပါ။ သူ့ကို အစာငတ်ခံပြီး သေရမယ့် အမိန့်ကြောင့် သူဟာဆာလောင်မှု ပြင်းပြင်းထန်ထန် ခံစားနေရတာပါ။
လူအိုကို နို့တိုက်ကျွေးနေတဲ့ မိန်းကလေးငယ်ကတော့ သမီးဖြစ်သူပါတဲ့။ ရုတ်တရက်ဆို ကလေးချီ ထားတဲ့ မိန်းကလေးတစ်ယောက် လူအိုအမျိုးသားတစ်ဦးကို နို့တိုက်နေတာက တကယ့်ကို အမြင်မသင့်တော်တဲ့အပြင် စိတ်ထဲမသတီ ရွံချင်စရာကောင်းတယ်လို့ ထင်ကြမှာပါ။ ဒါပေမယ့် ဒါဟာ နက်နဲ တဲ့ အကြောင်းအရင်း ရှိပါတယ်။
အစာရေစာ ငတ်ပြတ်ခံရပြီး သေဒဏ်ကျခံရမယ်လို့ အမိန့်ချမှတ်ထားခြင်း ခံရတဲ့ ဖခင်ဖြစ်သူကို နေ့စဉ် လာရောက်တွေ့ဆုံဖို့ သမီးဖြစ်သူက တရားရုံးတော်မှာ အသနားခံ လျှောက်ထားခဲ့ပါတယ်။ သူမရဲ့ ဒီလို လျှောက်ထားချက်က အောင်မြင်ခဲ့ပါတယ်။ ဖခင်ဖြစ်သူကို နေ့တိုင်း ထောင်ဝင်စာ ဝင်တွေ့ခွင့်ရခဲ့ တယ်။
ဒါပေမယ့် ထောင်ဝင်စာတွေ့ပေမယ့် ဖခင်က တခြားညှင်းပန်းနှိပ်စက်မှုတွေနဲ့ နာကျင်မှုမရှိပေမယ့် လည်း မစားမသောက်ရဘူးဆိုတဲ့ အခြေအနေကတော့ သိပ်ကို ဆိုးရွားလွန်းပါတယ်။ နေ့စဉ်တွေ့ ခွင့်ရတဲ့ သူမကို ထောင်က အစောင့်တွေက ဘာပစ္စည်းဘာမှ ယူဆောင်သွားဖို့ ခွင့်မပြုပေးပါဘူး။ ဒါ့ ကြောင့်မို့လို့ ဖခင်ကို ကူညီဖို့၊ အစားအစာ ကျွေးမွေးဖို့မှာ သူမအတွက် အခက်အခဲဖြစ်ရပါတယ်။ ဒီ အတွက်ကြောင့်မို့လို့ ဖြတ်ထိုးဥာဏ် ကောင်းလွန်းတဲ့ မိန်းကလေးဟာ သူမထောင်ဝင်စာ သွားတွေ့တိုင်း မှာ နို့စို့ကလေးငယ် တစ်ဦးကို ခေါ်ဆောင်သွားလေ့ ရှိပါတယ်။
အဲ့ဒီမှာ ကလေးငယ်ချီပိုးရင်းဖခင်ကိုလည်း သံတိုင်ကြားက နို့တိုက်ရင်း အစောင့်တွေကိုလည်း မမြင် ရလေအောင် လုံလုံခြုံခြုံနဲ့ ပုန်းကွယ်ပြီး ဖခင်ကို နို့တိုက်ကျွေးမွေးလေ့ ရှိပါတယ်။ ပန်းချီကားထဲမှာ မြင် ရသလိုပါပဲ အရမ်းကို နက်ရှိုင်းတဲ့ ခံစားမှုတစ်ခုရမှာပါ။ နောက်ပိုင်း ရက်တော်တော် ကြာကြာမှာတော့ သူမရဲ့ လုပ်ရပ် ဖြစ်ရပ်မှန်ကို သိရှိသွားခဲ့ပြီး သူမကို ဖမ်းဆီး ထိန်းသိမ်း ထားခဲ့ပေမယ့် သူမရဲ့ စိတ်နှလုံး သားကြီးမြတ်မှုနဲ့ မေတ္တတရားက အကျဉ်းထောင်က လူတွေရဲ့ နှလုံးသားကို ရိုက်ခတ်စေခဲ့ပြီးတော့ ဖခင်ကိုရော၊ သမီးဖြစ်သူကိုရော ထောင်ကနေ လွှတ်ပေးခဲ့လိုက်ပါတယ်။
ပုံထဲက အကြောင်းအရာနဲ့ သင်ခန်းစာပေးချင်တဲ့ အဓိပ္ပါယ်က ချစ်ခြင်းမေတ္တာတရားတွေနဲ့ ပြည့်နှက် နေတဲ့ အမျိုးသမီးယောက်ရဲ့ ဘဝဟာ တစ်ခါတစ်ရံမှာ မိခင်တစ်ယောက်၊ တစ်ခါတစ်ရံမှာ သမီး တစ် ယောက်၊ တစ်ခါတစ်ရံမှာ ညီအစ်မ၊ တစ်ခါတစ်ရံမှာ ဇနီးသည်တစ်ယောက်နဲ့ ပုံစံကွဲတွေအများကြီးနဲ့ ကြင်နာစောင့်ရှောက်တတ်တဲ့ နှလုံးသားပိုင်ရှင် ဖြစ်ပါတယ်။
ဗဟုသုတ စွယ်စုံ