Shar Htet - Forex Consultant

Shar Htet - Forex Consultant Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shar Htet - Forex Consultant, Digital creator, Yangon.

ကယ်ကြပါဦး ရွှေဈေးတွေကျကုန်လို့
05/06/2026

ကယ်ကြပါဦး ရွှေဈေးတွေကျကုန်လို့

Bollinger Bandsက အလုပ်ဖြစ်နေတုန်းပဲ
02/06/2026

Bollinger Bandsက အလုပ်ဖြစ်နေတုန်းပဲ

02/06/2026

I’m back 👋

ချမ်းသာကြွယ်ဝဖို့ ရှောင်ကြဉ်ရမည့် ငွေကြေးဆိုင်ရာ အမှားများငွေက ဘယ်တော့မှ မအိပ်ဘူးဆိုတဲ့ စကားကိုကြားဖူးပါသလား။ ဟုတ်ပါတယ်။...
21/07/2019

ချမ်းသာကြွယ်ဝဖို့ ရှောင်ကြဉ်ရမည့် ငွေကြေးဆိုင်ရာ အမှားများ

ငွေက ဘယ်တော့မှ မအိပ်ဘူးဆိုတဲ့ စကားကိုကြားဖူးပါသလား။ ဟုတ်ပါတယ်။ ငွေကြေးဟာ အချိန်နဲ့အမျှ အလုပ်လုပ်နေတယ်လို့ ယုံကြည်ကြသူတွေသာ ချမ်းသာကြွယ်ဝလာတာဖြစ်ပါတယ်။ လူချမ်းသာတွေဟာ သူတို့ရဲ့ငွေကြေးကို တလေးတစားနဲ့ အာရုံစိုက်တတ်ကြပါတယ်။ ငွေကြေးကို ဂရုမစိုက်ဘူးဆိုတဲ့ စကားဟာ လက်ထဲမှာ ပိုက်ဆံမရှိတဲ့သူတွေရဲ့ လက်သုံးစကားဖြစ်ပါတယ်။ ဒါ့ကြောင့် ငွေကြေးနဲ့ ပတ်သက်ပြီး ဂရုတစိုက် စီမံခန့်ခွဲအသုံးချတတ်ဖို့ လိုပါတယ်။ ဒီအတွက် ရှောင်ရှားသင့်တဲ့ ငွေကြေးဆိုင်ရာ အမှားတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

၁။ အပြီးတိုင်လွတ်မြောက်မှုကို မရှာပဲ ခဏတာသာယာမှုနောက်လိုက်ခြင်း

ဝင်ငွေများလို့ ခဏတာအဆင်ပြေသာယာမှုဟာ ငွေကြေးအပူအပင်မရှိတဲ့အခြေအနေရောက်ဖို့ အဟန့်အတားဖြစ်ပါတယ်။ လူလတ်တန်းစားတွေအားလုံးဟာ ဒီလို သာယာမှုမျိုးကိုပဲ အဟုတ်ကြီးထင်နေကြတတ်ပါတယ်။ လူချမ်းသာတွေကတော့ ငွေကြေးအတွက် ပူပင်စရာမလိုလောက်အောင် အပြီးတိုင်လွတ်မြောက်မှုရရှိသည်အထိ ကြိုးစားတတ်ကြပါတယ်။

၂။ အလုပ်အမျိုးမျိုးမှာ ရင်းနှီးမြုပ်နှံခြင်း

အစပိုင်းမှာ ရင်းနှီးမြုပ်နှံမှုကို ခွဲခြမ်းစိတ်ဖြာခြင်းအားဖြင့် ဘယ်တော့မှာ အမှန်တကယ် ချမ်းသာလာမှာ မဟုတ်ပါဘူး။ သင့်ငွေကြေးကို လုပ်ငန်းမျိုးစုံမှာ ရင်းနှီးမြုပ်နှံတာဟာ ငတုံးတွေရဲ့အလုပ်လို့ ဘီလျံနာလုပ်ငန်းရှင် Mark Cuban က ပြောခဲ့ဖူးပါတယ်။ ဒါ့ကြောင့် လုပ်ငန်းနယ်ပယ်တစ်ခုအကြောင်းကို သေချာလေ့လာပြီး အားလုံးရင်းနှီးမြုပ်နှံတာက အကောင်းဆုံးဖြစ်ပါတယ်။

၃။ ၀င်ငွေလမ်းကြောင်းတစ်ခုတည်အပေါ်တွင် မှီခိုနေခြင်း

ဝင်ငွေဘယ်လောက်ပဲ များများရနေပါစေ၊ ၀င်ငွေလမ်းကြောင်းတစ်ခုတည်းအပေါ်မှာ မှီခိုမနေသင့်ပါဘူး။ အမှန်တကယ်ချမ်းသာကြွယ်ဝလာစေဖို့ အဓိက ၀င်ငွေလမ်းကြောင်းတစ်ခုအပြင် အခြားသီးသန့် ၀င်ငွေရနိုင်ချေရှိတဲ့ ရင်းနှီးမြုပ်နှံမှုတွေကိုလည်း လုပ်ဆောင်ဖို့ လိုပါတယ်။ ဒါက နံပါတ်(၂)မှာ ဖော်ပြခဲ့သလို

လုပ်ငန်းမျိုးစုံကို လျှောက်ပြီးရင်းနှီးမြုပ်နှံတာနဲ့ မတူပါဘူး။ အဓိက ၀င်ငွေလမ်းကြောင်းအပြင် အခြားလမ်းကြောင်းတွေ တည်ဆောက်ပြီး ဓနအင်အားကို တောင့်တင်ခိုင်မာစေတာဖြစ်ပါတယ်။

၎။ အခြားသူများနှင့် နှိုင်းယှဉ်ခြင်း

သင့်ရဲ့ပိုင်ဆိုင်မှု ဓနအင်အားကို အခြားသူတွေနဲ့ နှိုင်းယှဉ်နေသ၍ ဘယ်တော့မှချမ်းသာလာမှာ မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ လူတွေက ကိုယ့်ထက်ဆင်းရဲနွမ်းပါသူတွေနဲ့ နှိုင်းယှဉ်ပြီး တော်တော်ဟုတ်နေပြီလို့ ထင်တတ်ကြပါတယ်။ အခြားသူတွေရဲ့ ငွေကြေးအခြေအနေက သင်နဲ့မဆိုင်ပါဘူး။ ဒါ့ကြောင့် မနှိုင်းယှဉ်ပါနဲ့။

၅။ အခွင့်အလမ်းကို လိုက်ပြီးရင်းနှီးမြုပ်နှံခြင်း

နောက်ဆုံးပေါ်နည်းပညာတွေ အပေါ်ရင်းနှီးမြုပ်နှံတာကို ရှောင်ကြဉ်ပါ။ နောက်ထပ်နည်းပညာသစ်တွေ ထွက်ပေါ်လာပြီး အစားထိုးနေရာယူသွားမှာဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံမှုကျွမ်းကျင်သူ ဘီလျံနာတစ်ဦးဖြစ်တဲ့ Warren Buffett က လျှပ်စစ်စွမ်းအင်၊ မီးရထားလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဖျော်ရည်လုပ်ငန်းနဲ့ အစားအသောက်ကုမ္ပဏီတွေမှာ ရင်းနှီးမြုပ်နှံလေ့ရှိပါတယ်။ ဖြည်းဖြည်းမှန်မှန်အောင်ပွဲခံဆိုတဲ့အတိုင်း သေချာတဲ့ရင်းနှီးမြုပ်နှံမှုတွေကို လုပ်ဆောင်ပါ။

၆။ သက်သေမရှိပဲ ယုံကြည်ခြင်း

လူတွေကို သဘောကျတာ၊ အားနာတာတွေကြောင့် ခိုင်လုံတဲ့သက်သေအထာက်အထားမရှိပဲ ရင်းနှီးမြုပ်နှံမှုတွေ လုပ်မိရင် မှားဖို့များပါတယ်။ လူတွေနဲ့ပတ်သက်တဲ့ ခံစားချက်တွေကို ဘေးချိတ်ထားပြီး ခိုင်လုံတဲ့သက်သေကိုရှာဖွေပါ။ သက်သေပြဖို့ မပြောနိုင်ရလောက်အောင် မျက်နှာနာတဲ့လူတွေဆိုရင်လည်း သူတို့နဲ့ စီးပွားရေးမလုပ်ဖို့ပဲ ဆုံးဖြတ်လိုက်ပါ။

၇။ စုဆောင်းခြင်း

ငွေစုပြီး ငွေကြေးလွတ်မြောက်မှုရသည်အထိ ချမ်းသာလာဖို့က ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် စုဆောင်းမယ်ဆိုရင်လည်း ရင်းနှီးမြုပ်နှံမှုတစ်ခုခုအတွက် ရည်ရွယ်ပြီးစုဆောင်းပါ။ တစ်ဖက်ကလည်း လိုအပ်တဲ့ ပညာဗဟုသုတနဲ့ သတ္တိကို လေ့လာစုဆောင်း ပြင်ဆင်ပါ။

၈။ ငွေသုံးနိုင်သူအဖြစ် ဟန်ဆောင်ခြင်း

အရေးကြီးတဲ့နောက်ဆုံးအချက်ကတော့ ငွေသုံးနိုင်သူအဖြစ် ဟန်ဆောင်တတ်တာပဲဖြစ်ပါတယ်။ တစ်ချို့တွေက အများအထင်ကြီးစေဖို့ ငွေတွေသုံးပြတတ်ပါတယ်။ တကယ်တော့ ဒီလိုသုံးပြနေသူတွေက သူတို့ကိုယ်ပိုင်ငွေကြေးမဟုတ်ပါဘူး။ အခြားတစ်ယောက်ယောက်ရဲ့ငွေကို သုံးပြနေကြတာဖြစ်ပါတယ်။ အမှန်တကယ်ချမ်းသာကြွယ်ဝသူတွေကတော့ လူအထင်ကြီးခံရဖို့ထက် ငွေကြေးလွတ်မြောက်မှုရရှိဖို့ကိုသာ အာရုံစိုက်တတ်ကြပါတယ်။ ငွေကြေးလွတ်မြောက်မှုရပြီဆိုရင်တော့ ကားတွေ၊ လှေတွေ၊ လေယာဉ်တွေ၊ အပန်းဖြေအိမ်တွေ စသဖြင့် လျှောက်သုံးပစ်တတ်ကြပါတယ်။ ဒီလိုလျှောက်သုံးလို့ လက်ဖွာတယ်ထင်ရပေမယ့် သူတို့ရှာနိုင်တာနဲ့ နှိုင်းယှဉ်ရင် သုံးတဲ့ပမာဏက ပြောပလောက်စရာမရှိပါဘူး။

crd

လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀-ဝန်းကျင်လောက်ကဆိုနီ ကုမ္ပဏီကထုတ်လုပ်တဲ့ ဝေါ့မင်း ( Walkman )ဆိုတဲ့ကက်ဆက်အသေးစားလေး တော်တော် ခေတ်စ...
16/07/2019

လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀-ဝန်းကျင်လောက်က
ဆိုနီ ကုမ္ပဏီကထုတ်လုပ်တဲ့ ဝေါ့မင်း ( Walkman )ဆိုတဲ့
ကက်ဆက်အသေးစားလေး တော်တော် ခေတ်စားခဲ့ဖူးတယ်...။
ဆိုနီကုမ္ပဏီဆိုတာ ဂျပန်နိုင်ငံက လျှပ်စစ်ပစ္စည်းတွေ
ထုတ်လုပ်တဲ့ နာမည်ကြီးကုမ္ပဏီ တစ်ခုပါ...။
-
-
-
-
ဝေါ့မင်း ( Walkman )ဆိုတာက လမ်းလျှောက်ရင်း
သီချင်းနားထောင်လို့ ရတဲ့ ကက်ဆက်အသေးစားလေး
တစ်ခုလို့ ပြောနိုင်ပါတယ်...။
-
ကားစီးရင်း၊ ရထားစီးရင်း သွားလာရင်း သီချင်းနားထောင်
နိုင်တဲ့အတွက် လူတိုင်းက သဘောကျနှစ်သက်ခဲ့တဲ့
လျှပ်စစ်ပစ္စည်းတစ်ခုလို့ ပြောနိုင်တယ်...။

X###x

ဒီဝေါ့မင်း ပေါ်လာတော့
လူတွေရဲ့ သီချင်းနားထောင်တဲ့ပုံစံတွေ ပြောင်းသွားတယ်...။
ဒီလိုပဲ သီချင်းသီဆိုသူတွေရဲ့ ဈေးကွက်လည်း သိသိသာသာ
တိုးတက်ပြောင်းလဲသွားတယ်...။
-
ဘယ်လောက်အထိ ရောင်းရသလဲဆိုရင်
တစ်ကမ္ဘာလုံးမှာ ဝေါ့မင်း ( Walkman )အလုံးပေါင်း
သန်းပေါင်း ( ၄၀၀ )ကျော် ရောင်းရခဲ့တယ်...။
-
ဈေးကွက်ဝင် ဝေါ့မင်း ( Walkman ) ကြောင့်
ဆိုနီကုမ္ပဏီလည်း ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီ တစ်ခု
ဖြစ်လာခဲ့တယ်...။

X###x

ဒါပေမယ့်... အမေရိကန်နိုင်ငံက
အိုင်ပေါ့ ( iPod )၊ အိုင်ဖုံး ( iPhone ) တွေ ပေါ်လာတဲ့အခါ
ဝေါ့မင်း ( Walkman ) တွေ တစ်ဖြည်းဖြည်း
အရောင်းကျသွားလိုက်တာ အခုဆိုရင်
ဝေါ့မင်း ( Walkman )ဟာ သမိုင်းပြတိုက်ထဲကို
ရောက်သွားပါပြီ...။

X###x

တစ်ချိန်တုန်းက သျှမ်းသျှမ်းတောက် အောင်မြင်ခဲ့တဲ့
ဝေါ့မင်း ( Walkman )ဟာ အခုဆိုရင်
ဈေးကွက်ထဲမှာ လုံးလုံး မရှိတော့ပါဘူး...။

X###x

ဒီမှာ တစ်ချက်တွေးမိတာက
ပညာခေတ်မှာ ပြိုင်ဆိုင်မှုက ပြင်းထန်လွန်းလှတယ်...။
ကိုယ့်ရှိတာလေးတွေကို တစ်မေ့တစ်မော ဂုဏ်ယူနေမယ်ဆိုရင်တော့
မကြာခင်မှာ သမိုင်းပြတိုက်ထဲ ရောက်သွားဖို့ ရှိနေတယ်
ဆိုတာကို ဝေါ့မင်း ( Walkman)က သင်ခန်းစာပေးသွားပါတယ်...။

X###x

အိုင်တီခေတ်မှာ ပညာကိုတန်ဖိုးထားပြီး
ပညာနဲ့ ပြိုင်နိုင်ပါမှ
ကိုယ်ရော ၊ ကိုယ့်ကုမ္ပဏီရော၊
ကိုယ့်တိုင်းပြည် ရော နောက်ကျ ကျန်ရစ်ပျောက်ကွယ်သွားမယ့်
ဘေးဆိုးက ကာကွယ်နိုင်လိမ့်မယ်လို့
ပြောချင်ပါတယ်...။

X###x

Credit ; စိုင်းအောင်ဝင်းဟိန်း

နေရောင်ကိုရောင်းစားသူများအိုဆာကာမြို့  ကြီးနားက စနို ဆိုတဲ့ရွာလေးရှိတယ်။ဒီရွာလေးမှာ နေတဲ့ မိသားစုက ၂၄ စုပဲရှိတယ်။ ...
06/07/2019

နေရောင်ကိုရောင်းစားသူများ

အိုဆာကာမြို့  ကြီးနားက စနို ဆိုတဲ့ရွာလေးရှိတယ်။
ဒီရွာလေးမှာ နေတဲ့ မိသားစုက ၂၄ စုပဲရှိတယ်။ လူဦးရေနည်းပြီး စိတ်ဝင်စားစရာဘာမှမရှိခဲ့ပါဘူး။ ဒါပေမဲ့ နေရောင်က ခံ ဆိုလာပြားတွေကတဆင့် လျပ်စစ်ထုတ်ပြီးရောင်းစား လိုက်တဲ့အတွက် တပြည်လုံးစိတ်ဝင်စားလာကြရာက
ဒီရွာလေးဟာ လာရောက်လေ့လာကြတဲ့စီးပွားရေးသမားတွေကြောင့် စည်ကားလာတယ်။
ဒီသတင်းကို နိင်ငံတကာကုမဏီကြီးတွေကပါစိတ်ဝင်စားလ
ာကြတဲ့အတွက်ဘဏ်တွေက ငွေချေးဖို့ ကမ်းလှမ်းလာကြရာက အုံးအုံးကျွတ်ကျွတ်ဖြစ်လာတော့တယ်။
ဂျပန် လျှပ်စစ်ကုမဏီက တကီလိုဝပ် နာရီ ( 1 KW/hr) ကို ယန်းငွေ ၄၂ ယန်းနဲ့ လယ်သမားတွေဆီက ပြန်ဝယ်ကြတယ်။ လျပ်စစ် ကုမဏီတွေက နေရောင်ရောင်းတဲ့လယ်သမားစီက အနှစ် ၂၀ စာချုပ် ချုပ်ထားပြီးပါပြီ။

အရင်ခေတ်က လယ်သမားတွေလို ဆန်စိုက်ပြီး ဆန်ကုန်သည်ဆီကိုရောင်းတာမျိုးဖြစ်ပါတယ်။
ဒီနေရာမှာ အရင်ခေတ်နဲ့ ကွာသွားတာကတော့ ရာသီလိုက် မြေကိုထွန်ရယက်ရ တဲ့အလုပ်ကြီးကို လေယောငို ရွာက လယ်သမားတွေက တော်လှန်လိုက်ခြင်းဖြစ်ပါတယ်။ လောင်စာ တောင်းဆိုမှုမြင့်တက်နေတဲ့ခေတ်မှာ
နေရောင်ကိုရောင်းတဲ့အလုပ်က ပို ကိုက်နေပါတယ်။ ဒီလို မြေကို မရောင်းတော့ပဲ နေကိုရောင်းနေတဲ့ ဈေးကွက်မှာ နည်းပညာက နဲ့  အရင်းအနှီးဖြစ်လာတယ်။
နည်းပညာကမြင့်သလို အရင်းအနှီးကလဲမြင့်လာတယ်။

တကယ်က နေရောင်ကို ရောင်းစားမယ်ဆိုတဲ့ စဉ်းစားချက်ဟာ ဂျပန်တွေစလိုက်တာတော့မဟုတ်ဘူး။ စပိန် နဲ့ ဂျမဏီတွေစတင် စဉ်းစားလုပ်ဆောင်ခဲ့ကြတာပါ။ ဒါပေမဲ့ စိပိန် နဲ ဂျာမဏီမှာတော့ အလုပ်မဖြစ်ခဲ့ဘူး။
ဒါပေမဲ့ အခုတော့ ဂျမဏီမှာလဲ နေစွမ်းအင်ကထုတ်လုပ်မှုကို ပြန်စဉ်းစားလာရမဲ့အနေထားဖြစ်လာနေပါတယ်။ ဒါကတော့ ရုရှားနိင်ငံချာနိဘိုင်း ပေါက်ကွဲမှုကတည်းက နယူကလီးယားဓါတ်ပေါင်းဖိုတွေကို ရပ်ဆိုင်းဖို့ အလေးအနက်စဉ်းစားလာခဲ့တယ်။
တလောက ဂျပန်နိင်ငံဆန်ဒိုင်းနယူးကလီးဓါတ်ပေါင်းဖို့ ပြသနာတက်လာတဲ့အခါမှာတော့
ဓါတ်ပေါင်းဖိုတွေကို ရပ်ဆိုင်းပြစ်ဖို့  လုံးဝဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

ဂျပန်မှာ တော့ အောင်မြင်ခဲ့တယ်။
ဂျပန် က လျပ်စစ်စားသုံးမှု ကြောက်ခမန်းလိလိကြီးမားတဲ့နိင်ငံတခုဖြစ်နေပါတယ်။
လျပ်စစ်သုံးစွဲမှုမှာ အနုမြူကနေ ထုတ်ယူမှုက ၃၀ ရာခိုင်နှုန်းရှိတယ်။ သဘ၀ဓါတ်ငွေက ၂၇.၂ ရာခိုင်နှုန်း၊ ကျောက်မီးသွေးက ၂၃.၈ ရာခိုင်နှုန်း ။ ရေနံ ၈.၃ရာခိုင်နှုန်း။ ရေအားက ၈.၇ ရာခိုင်နှုန်း၊ နေရောင်အပါအ၀င် တခြားနည်းပညာတွေ ( Alternative Energy)နဲ့ ထုတ်လုပ်တဲ့ လျပ်စစ်အားက ၁.၂ ရာခိုင်နှုန်းရှိပါတယ်။ ဒီနေရာမှာ နေရောင်ကထုတ်လုပ်မှုဟာ ၀.၂ ရာခိုင်နှုန်းမျှသာရှိနေသေးတယ်။
ဒီတော့ နေစွမ်းအင်သုံးလျပ်စစ်ထုတ်လှုပ်မှုဟာဈေးကွက်ထဲမှာ အလားအလာရှိနေသေးတဲ့သဘောဖြစ်လာတယ်။ ဒါအပြင် ၂၀၃၀-၄၀ ခုနစ်များမှာ ဂျပန် နိင်ငံဟာ အနုမြူဓါတ်ပေါင်းဖိုတွေကို ရပ်ဆိုင်းပြစ်ဖို့  သံဓိဌာန်ချမှတ်ထားပြီဖြစ်တဲ့အတွက်
နေရောင်ကနေ လောင်စာထုတ်လုပ်မှုလုပ်ငန်း အလားအလားဟာ ဖွင့်ဖြိုးတိုးတက်စရာရှိနေတယ်။ နည်းပညာတွေပိုမိုတိုးတက်လာဖို့ ရှိနေတယ်။

အိုဆာကာလယ်သမား ၂၄ ဦး ရဲ့  စွန့် ဦးတည်ထွင်လုပ်ငန်း အောင်မြင်မှုသတင်းကြောင့်
ဂျပန် ကမ်းခြေဆားလျက်လုပ်ငန်း ကိုအကြီးအကျယ်လုပ်ခဲ့တဲ့ဒေသကလဲ နေရောင်ကနေလျပ်စစ်ထုတ်လုပ်ဖို့  စိတ်ဝင်စားလာကြတယ်။ သူတို့ ဆားချက်လုပ်ငန်းက လဲ
ပင်ပန်း၊ အမြတ်နည်း သဘာဝပတ်ဝန်ကျင်တွေပျက်ဆီးမှုကြောင့် လ ၁၉ ၆၀ ခုနစ်မှာစတင်ခဲ့တဲ့ လုပ်ငန်းဟာ ၁၉ ၈၀ လောက်ကတည်းက ရပ်ဆိုင်းလုနီးပါးဖြစ်နေရတာပါ။

အခုဆိုရင် ဂျပန် မှာ စိုက်ပျိုးရခက်တဲ့မြေလွတ်မြေရိုင်းတွေမှာ ဆိုလာပြားတွေကို တပ်ဆင်ပြီး လျပ်စစ်ထုတ်လုပ်ဖို့  ကို စီးပွားရေးလောက စဉ်းစား လာနေကြပြီဖြစ်ပါတယ်။

လောင်စာဆိုးဆိုးဝါးဝါးပြတ်တောက်နေတဲ့ မြန်မာ ပြည်မှာဆိုရင်ရော နေရောင်ကနေ လောင်စာထုတ်ပြီး စွမ်းအင်အဖြစ် စီးပွားဖြစ် မထုတ်လုပ်သင့်ပေဘူးလား။
crd

အချိန်နှင့်ဒီရေက လူကိုမစောင့်ဘူးမိတ်ဆွေသင့်အချိန်တွေကို အခုပဲလက်တွေ့အသုံးချလိုက်ပါphoto crd
12/06/2019

အချိန်နှင့်ဒီရေက လူကိုမစောင့်ဘူးမိတ်ဆွေ
သင့်အချိန်တွေကို အခုပဲလက်တွေ့အသုံးချလိုက်ပါ
photo crd

👥လူ ၂ ယောက်​ရှိသည်​။အသက်​အရွယ်​တူသည်​။ဘွဲ့ယူချိန်​တူသည်​။လုပ်​ငန်းခွင်​ထဲ စ၀င်​သည့်​ချိန်​လဲ တူသည်​။သို့သော်၅ နှစ်​ကြာ...
09/06/2019

👥လူ ၂ ယောက်​ရှိသည်​။

အသက်​အရွယ်​တူသည်​။
ဘွဲ့ယူချိန်​တူသည်​။
လုပ်​ငန်းခွင်​ထဲ စ၀င်​သည့်​ချိန်​လဲ တူသည်​။

သို့သော်
၅ နှစ်​ကြာပြီးနောက်
ဒီလူ ၂ ယောက်​ဟာ
ကွာခြားမှုတွေ ရှိသွားသည်​။

ကွာခြားသွားသည့်​အရာဟာ
ငွေကြေးရေးကိစ္စဖြစ်​သည်​။

ပထမ တစ်​ယောက်​က
ငွေကြေးရေးအမြဲ အခက်​အခဲရှိပြီး။

ဒုတိယတစ်​ယောက်​က
ငွေကြေးရေးအဆင်​ပြေနေခြင်းဖြစ်​သည်​။

ဘယ်​အရာတွေက သူတို့ကို
ကွာခြားသွားစေပါသလဲ။

👤
(ပထမတစ်​ယောက်​)
အလုပ်​လုပ်​သည်​။
ငွေရလာသည်​။
ငွေရပြီးရင်​ ဘာဆက်​လုပ်​မှာလဲ??

ငွေရပြီးရင်​ ငွေသုံးရမယ်​လေ။
ဘာအတွက်​သုံးတာလဲ

(၁)လလုံး အလုပ်​ကြောင့်
စိတ်​ပင်​ပန်း၊ လူပင်​ပန်းခဲ့သမျှအတွက်
ကိုယ့်​ကို လက်​ဆောင်​ပြန်​ပေးရမယ်​။
ကိုယ့်​ဘ၀ကို အကျိုးရှိအောင်​လုပ်​ရမယ်​။
လူကြားထဲ တန်​ဖိုးရှိအောင်​လုပ်​ရမယ်​။

✊️၀ယ်​မယ်​လေ။
ကြော်​ညာထဲက တွေ့ထားတဲ့ဖုန်း။
ခေတ်​စားနေတဲ့ အသုံးအဆောင်​။
ခေတ်​စားနေတဲ့ အစားအစာ။

✊️သွားမယ်​လေ။
facebook ထဲက လူအများ
သွားလည်​ပြီး တင်​ထားတဲ့
နေရာတွေက လှနေတာပဲ။
ကိုယ်​ဒေလဲ
အဲ့လိုအမိုက်​စား
အလန်းစားဝတ်​ဖူးရမှ။
အဲ့ဒီနေရာကို သွားဖူးရမှ။
ဓာတ်​ပုံသွားရိုက်​လိုက်​ရမှ။

ပျော်​ရွင်​မှု
စိတ်​ချမ်းသာမှုတွေဟာ
တန်​ဖိုးကြီးပစ္စည်းတွေရှိမှ
သူများရှိသလို ရှိနိုင်​မှ
သူများလုပ်​သလို လိုက်​လုပ်​နိုင်​မှ
ပျော်​ရွင်​မှုရှိမယ်​လို့ သူထင်​ခဲ့သည်​။

ဒီအရာတွေက
စိတ်​ချမ်းသာမှုတွေ ပေးနေတယ်​လို့
သူထင်​ခဲ့မိသည်​။

လစာထုတ်​တိုင်း သူလိုချင်​တဲ့
ပစ္စည်းတွေကိုသူ ၀ယ်​သည်​။

သူဝယ်​လိုက်​သည့်​အရာက။
သူ့အတွက်
တကယ်​ရော အသုံးဝင်​ရဲ့လား။
တကယ်​ရော အသုံးလိုရဲ့လားဆိုတာ သူမတွေးတော။

ဥပမာ
(သူ့မှာလဲ အတန်​အသင့်
ဖုန်း ၁ လုံးရှိပြီးသား။
အသစ်​ထွက်​တဲ့ အလန်းစား
ဖုန်းကိုတွေ့တော့
ငွေစုပြီး ၀ယ်​လိုက်​တယ်​။

အလန်းစားဖုန်း တန်​ဖိုးကြီးဖုန်းက
သူ့အတွက်
ဘာအကြိုးပြုစေသလဲ
ဘာကို ပြောင်းလဲစေသလဲဆိုတာ
သူမစဉ်း နားမလည်​။

လူကြားသူကြားထဲ
အထင်​ကြီးခံမယ်​လို့တာ
သိတယ်​။

အလန်းစားဖုန်းကို ကိုင်​ပြီး
ကိုယ့်​ကို ဂုဏ်​ယူမဆုံး။

ဒီလိုသာ ဘ၀ကိုအူလည်​လည်​နဲ့တာ
ဖြတ်​သန်း။)

သုံးတာနှင့်​ ဖြုန်းတာကို
သူမခွဲခြားတတ်​။

🔜🔜🔜
၅ နှစ်​ကြာပြီးနောက်​ပိုင်း
အရင်​လို လခစားအလုပ်​သမားဖြစ်​နေဆဲ။
လစာက တိုးလာပေမဲ့လည်း
လတိုင်းမှာ ငွေသုံးလို့မလောက်​။

👤
(ဒုတိယတစ်​ယောက်​)

အလုပ်​လုပ်​သည်​။
ငွေရလာသည်​။
ငွေရပြီးရင်​ ဘာဆက်​လုပ်​မှာလဲ??

ငွေရပြီးရင်​ ငွေသုံးရမယ်​လေ။
ဘာအတွက်​သုံးတာလဲ

သူကတော့
သုံးတာနှင့်​ဖြုန်းတာကို
ခွဲခြားတတ်​သည်​။

မရှိမဖြစ်​သည့်​အရာ
တကယ်​လိုအပ်​သည့်​အရာတွေကို
ဝယ်​သည်​။
ငွေအနည်းစုသာ သုံးစွဲပြီး
ငွေအများစုကို စုဆောင်းသည်​။

မီးခ၊ ရေခ
တစ်​လစာ စားစရိတ်​တွေ
တကယ်​လိုအပ်​သည့်
အသုံးအဆောင်​တွေ ၀ယ်​ပြီး
ကျန်​သည့်​ငွေတွေ စုထားသည်​။

📲
သူလိုချင်​တဲ့
တန်​ဖိုးကြီး ၆ သိန်းတန်
ဖုန်းအတွက်​လဲ
ငွေတွေစုနေသည်​။

(၁)လကို (၆)သောင်းစုသည်​။
(၁၀)လပြည့်​ရင်​ ၀ယ်​လို့ရမည်​။

(၁၀)လကြာတော့
ဖုန်းဝယ်​ဖို့ ငွေပြည့်​သွားသော်
ဖုန်းကိုမ၀ယ်​ရပ်​သေး၊
ငွေစုရတာကို သူပျော်​လာသည်​။
ငွေဆက်​စုဖို့ သူဆုံးဖြတ်​လိုက်​သည်​။

လစာတိုးလာသည်​နှင့်​အမျှ
(၁)လကို (၆)သောင်းစုရာကနေ
(၁)သိန်းရအောင်​ စုလာလေသည်​။

စုထားသည့်​ငွေ
အနည်းငယ်​များလာသော်
သူဌေးအတွေးလဲ ပေါ်လာသည်​။

ငွေစုရုံတင်​မကပဲ
ရှိပြီးသား ငွေကို
ထက်​တိုးအောင်​ ဘယ်​လိုလုပ်​ရမလဲဆိုတာ
သူစဉ်းစားသည်​။

မနက်​ ၈ နာရီအလုပ်​သွားသည်​။
ညနေ ၄ နာရီ အိမ်​ပြန်​သည်​။

ညနေပိုင်းကနေ ညအချိန်​အထိ
အချိန်​အနည်းငယ်​ သူအားနေသည်​။
အနည်းငယ်​အားနေသည့်​ အချိန်​ကို
ငွေထက်​ရှာဖို့ ဆုံးဖြတ်​လိုက်​သည်​။

သူအသားကင်​နည်းကို
သေသေချာချာလေ့လာပြီးမှ။
ဆိုင်​ဖွင့်​လိုက်​သည်​။
ရပ်​ကွက်​ထဲက လူငယ်​ ၂ ယောက်
အကူခေါ်လိုက်​သည်​။

ညနေပို​င်းကနေ ၅ နာရီကနေ
ညပိုင်း ၉ ၃၀ အထိ။
ဆိုင်​ဖွင့်​သည်​။

အစပိုင်းမှ ထင်​သလောက်
်​ရောင်းမကောင်း။
အခြားဆိုင်​ကို သူလိုက်​လေ့လာသည်​။
သူ့ဆိုင်​ရဲ့ လိုအပ်​ချက်​တွေကို
့တစ်​ခုပြီးတစ်​ခု ပြင်​သွားသည်​။

သူပန်​ပင်းသည်​။
သို့သော်​ သူကြိုးစားသည်​။

🔜🔜🔜
၃ နှစ်​ကြာသော်
သူငွေ သိန်း ၅၀ စုနိုင်​နေပြီ။

သူ့လုပ်​ငန်းတွေ
အောင်​မြင်​လာသည်​နှင့်​အမျှ
လမ်းဘေးဆိုင်​ကနေ
ဆိုင်​ခန်းဖြစ်​လာသည်​။

အလုပ်​သမား ၂ ယောက်​ကနေ
၎ ယောက်​အထိဖြစ်​လာသည်​။

🔜🔜🔜
၂ နှစ်​ထက်​ကြာသော်
စုထားသည့်​ငွေ သိန်း ၁၀၀ ပြည့်​သွားသည်​။

🏡
သိန်း ၁၀၀ ကို
အိမ်​ခြံကလေးဝယ်​ထားပြီး
ပြန်​ဌားရမ်းလိုက်​သည်​။

ဌားရမ်းခ
(၁) လကို (၁)သိန်းခွဲရသည်​။

ယခု သူရဲ့ဝင်​ငွေက
၃ လိုင်းလောက်​ရှိနေပြီ။
လခစားအလုပ်​ ဆက်​မလုပ်​ချင်​လဲ
သူ ဘာမှမဖြစ်​။

ငွေကြေးရေးအဆင်​ပြေသော်
အပူအပြင်​ကင်းသည်​။
စိတ်​ချမ်းသာသည်​။
ဘ၀မှာ ရွေးချယ်​စရာလမ်းပိုများလာသည်​။

ဒီလူ ၂ ယောက်​ဇာလမ်းကို ဒီလောက်​နဲ့ပဲ အဆုံးသတ်​လိုက်​ပါတော့မယ်​။

🚫
သုံးနှင့်​ဖြုန်းကို
ခွဲခြားတတ်​ပါစေ။
ငွေစုခြင်းဟာ ကပ်​စေးနဲခြင်းမဟုတ်​။

ငွေစုထားခြင်း။
ငွေရှိထားခြင်းသည်​။
အနာဂတ်​ ကိုယ့်​ဘ၀လမ်းကြောင်းမှာ
ပြသာနာကြုံတွေ့ရသော်
ရွေးချယ်​စရာလမ်း ပိုများမည်​ဖြစ်​သည်​။

ကိုယ်​၀ယ်​လိုက်​တဲ့အရာက
ကိုယ့်​အတွက်
ဘာအကြိုး ပြန်​ပြုစေတာလဲ ဆိုတာကို
သေသေချာချာ တွေးစေချင်​တယ်​။

သူများရှိလို့
ကိုယ်​လဲ ရှိသင့်​တယ်​ဆိုတာမျိုးတော့
မဖြစ်​စေချင်​။

🎉🎉
ကိုယ့်​ကို လက်​ဆောင်​ပြန်​ပေးနည်း။

ဥပမာ
၅ လမှာ ၅ သိန်းစုနိုင်​ရင်
၂ သိန်းလောက်​ ကိုယ့်​ကို ဆုပြန်​ချပေးပါ။
ဆုပြန်​ချပေးခြင်းဖြင့်
ကိုယ့်​ကို ပျော်​ရွင်​မှု
ယုံကြည့်​မှု
ဘ၀မှာ အဓိပ္ပါယ်​ရှိခြင်းကို
ယူဆောင်​လာပေးတာနှင့်​ တူသည်​။

😂😂
ခဏခဏတော့ ဆု မချရ။

သူများပျော်​သလို
သူများရှိသလို
သူများလုပ်​သလိုကို
လုပ်​သင့်​ မလုပ်​သင့်
တွေးတောဆင်​ခြင်​ပါ။

အားခဲထားပါ။
လက်​တလော
စိတ်​ချမ်းသာမှု၊
ပျော်​ရွင်​မှုကို မကြည့်​ပဲ။

အနာဂတ်​အတွက်
တစ်​ဘ၀လုံးအတွက်
စိတ်​ချမ်းသာဖို့အတွက်
ပျော်​ရွင်​ဖို့အတွက်
အားခဲထားပါ။

ဒီစာက သင့်​အတွက်​ အကျိုးရှိစေတယ်​ဆိုရင်
Like & Sheard လုပ်​ပေးသွားကြပါ။

သင်​ချစ်​ရတဲ့လူတွေကို ပြန်​လည်​မျှဝေပါ။
အားလုံး ငွေကြေးရေးအဆင်​ပြေကြပါစေ။
crd

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959978664607

Website

Alerts

Be the first to know and let us send you an email when Shar Htet - Forex Consultant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shar Htet - Forex Consultant:

Shortcuts

Share