KanJaMr

KanJaMr " Welcome to KanJaMr "

24/06/2021

ကလေးမြို့ မိသားစု ၄ ယောက်အသတ်ခံရတဲ့
CCTV မှတ်တမ်း

အတော်ရက်စက်တဲ့ လူမဆန်တဲ့ ကောင်တေဗျာ

12/06/2021

" လျို့ဝှက်ချက်ပေါ်ပြီ "

28/05/2021

ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်သင်တန်းဆင်းပွဲ အခမ်းအနား

credit video

19/05/2021

ဆေးထိုးအပ်တွေ မြေဖြူတွေကိုင်တဲ့ လက်က
ယခုတော့ မောင်းပြန်သေနတ်‌တွေကို ကိုင်နေရပြီ။

21/03/2021

အားလုံးညီကြစို့

21-3-2021

Source:BBC

21/03/2021

#ထိုင်းမှာလည်း
ထိုင်းပြည်သူတွေ ဆန္ဒပြနေကြပြီ
20.3.2021 ညက 23:35 မိနစ် ဖြစ်ခဲ့တာပါ။

အင်တာနက် ဖြတ်ပြီး သတ်ခံရတယ်။စစ်အင်အား ၁၂၀၀ ကျော်သုံးတယ်။သေနတ်သံ နေတိုင်းကြားရတယ်။လူ ၂ သိန်းကျော် ထွက်ပြေးရတယ်။၁၃ ~ ၂၀ မတ...
20/03/2021

အင်တာနက် ဖြတ်ပြီး သတ်ခံရတယ်။
စစ်အင်အား ၁၂၀၀ ကျော်သုံးတယ်။
သေနတ်သံ နေတိုင်းကြားရတယ်။
လူ ၂ သိန်းကျော် ထွက်ပြေးရတယ်။

၁၃ ~ ၂၀ မတ်လ ၂၀၂၁ လှိုင်သာယာ

သေဆုံးမှု - ၂၄၂
ဖမ်းဆီး ၊ ပျောက်ဆုံး- ၆၀
အလောင်းပျောက်ဆုံး - ၂၇

BREAKING : 13~20/03/2021 list
Hlaingtharyar, Myanmar

242 fatalities
60 arrested & missing
27 dead bodies missing

Source : Medical Cover Team
credit: Milk Tea Alliance Myanmar

ကရင်နယ်စပ် သံလွင်မြစ်ကို ဖြတ်သယ်သည့် ရိက္ခာများမှာ ထိုင်းစစ်တပ်က ပေးပို့ခြင်း မဟုတ်ကြောင်း  ငြင်းဆိုhttps://www.tachilei...
20/03/2021

ကရင်နယ်စပ် သံလွင်မြစ်ကို ဖြတ်သယ်သည့် ရိက္ခာများမှာ ထိုင်းစစ်တပ်က ပေးပို့ခြင်း မဟုတ်ကြောင်း ငြင်းဆို
https://www.tachileik.net/mm/news/26269
************

မြန်မာ - ထိုင်းနယ်စပ် ကရင်ပြည်နယ်တွင်းမှ မြန်မာစစ်တပ်အတွက် ထိုင်းစစ်တပ်အနေဖြင့် ရိက္ခာကူညီပေးခြင်းမရှိကြောင်းနှင့် ထိုင်းစစ်တပ်မှ ထောက်ပံ့သည်ဟု သတင်းထွက်နေသည့် ဆန်အိတ်များမှာ တရားမဝင် ရောင်းဝယ်ကြခြင်းသာဖြစ်နိုင်သည်ဟု ထိုင်းစစ်တပ်တာဝန်ရှိသူက ပြန်လည်တုန့်ပြန်လိုက်သည်။

ကရင်ပြည်နယ်နှင့်နယ်စပ် ထိုင်းဘက်တွင် ထိုင်းလုံခြုံရေးတာဝန်ရှိသူများထံမှ ဆန်အိတ်များအပါအဝင် ရိက္ခာများ သံလွင်မြစ်ကမ်းဖြတ်၍ သယ်ဆောင်နေသည်ကို တွေ့ရပြီး အဆိုပါ ရိက္ခာများမှာ KNU က ရိက္ခာလမ်းကြောင်း ဖြတ်တောက်ခံထားရသည့် ကရင်ပြည်နယ်တွင်းမှ မြန်မာစစ်တပ်အတွက် ထိုင်းစစ်တပ်က ပံ့ပိုးခြင်းဖြစ်သည်ဟု ထိုင်းသတင်းဌာနအချို့တွင် ၂၀၂၁ ခုနှစ် မတ်လ (၂၀) ရက်နေ့က ဖေါ်ပြလာပြီးနောက် ထိုင်းစစ်တပ်တာဝန်ရှိသူက တုန့်ပြန်ဖြေရှင်းလာခြင်းဖြစ်သည်။

ထိုင်းစစ်တပ်အနေဖြင့် မြန်မာစစ်တပ်အား ရိက္ခာထောက်ပံ့ရန် တာဝန်မရှိကြောင်းနှင့် မြန်မာစစ်တပ်အနေဖြင့် ဆက်သွယ်အကူအညီတောင်းလာခြင်းလည်းမရှိကြောင်း ထိုင်းစစ်တပ်မှအရာရှိက ပြောကြားထားသည်။ အဆိုပါ ရိက္ခာများမှာ အကောက်ခွန်ဥပဒေကိုချိုးဖေါက်၍ တရားမဝင်ကူးသန်းရောင်းဝယ်ခြင်းဖြစ်နိုင်ပြီး အခြေအနေအား စုံစမ်းမည်ဟု ဆိုထားသည်။

သို့သော် အဆိုပါရိက္ခာများသည် မြဝတီ-မဲဆောက်မှ တစ်ဆင့် ထိုင်းနိုင်ငံအတွင်းမှ ဖြတ်ပြီး မဲစရီးယန်းမြို့အနီး (ကရင်အခေါ်) သော်လဲထကျေးရွာအနီး သံလွင်မြစ်ကမ်းဘေးသို့ ရောက်လာခြင်းဖြစ်ပြီး မြစ်ကြောင်းတလျှောက် စစ်တပ်စခန်းများသို့ ပို့မည့်ရိက္ခာများဖြစ်သည်ဟု ဒေသခံများက ပြောသည်။


Source: matichon

ကလေးမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး လူမဲ့ ညသပိတ်ဧရာဝတီ၊ မတ် ၂၀၊ ၂၀၂၁နိုင်ငံတဝှမ်း အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတွေက ...
20/03/2021

ကလေးမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး လူမဲ့ ညသပိတ်

ဧရာဝတီ၊ မတ် ၂၀၊ ၂၀၂၁

နိုင်ငံတဝှမ်း အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ မလုပ်နိုင်အောင် နေ့ရောညပါ လိုက်လံပိတ်ဆို့၊ အကြမ်းဖက်တားဆီးနေပေမယ့် စစ်ကိုင်းတိုင်း၊ ကလေးမြို့က ပြည်သူတွေဟာ ဒီကနေ့ညမှာ လူမဲ့ ညသပိတ် ပြုလုပ်ရင်း စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ - CJ


မြန်မာစစ်တပ်ကို KNU , RCSS တို့မှ ထိုးစစ်ဆင်နေ၍ ရိက္ခာလမ်းကြောင်းဖြတ်တောက်ထားပြီးထိုင်းစစ်တပ်မှ မြန်မာစစ်တပ်အား ရိက္ခာထေ...
20/03/2021

မြန်မာစစ်တပ်ကို KNU , RCSS တို့မှ ထိုးစစ်ဆင်နေ၍ ရိက္ခာလမ်းကြောင်းဖြတ်တောက်ထားပြီး
ထိုင်းစစ်တပ်မှ မြန်မာစစ်တပ်အား ရိက္ခာထောက်ပံ့နေကြောင်းကို
The Reporters သတင်းဌာနမှာ တင်ထားပါတယ်။

မူရင်း link :

https://m.facebook.com/story.php?story_fbid=2938642136386167&id=2287975534786167

20/03/2021

ကိုကိုယ်တိုင်ပဲ့ဝင်ကြည့်လိုက်ကြပါ 🧐 ဘာလုပ်နေကြလဲဆိုတာ👇👇
လှိုင်မြို့နယ် ဘူတာရုံလမ်းမှာဖြစ်ပါတယ်။

#ဘီယာ #အရက် #သူခိုး

Address


11143

Website

Alerts

Be the first to know and let us send you an email when KanJaMr posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KanJaMr:

  • Want your business to be the top-listed Media Company?

Share