PDF Brothers-YGN

PDF Brothers-YGN Revolution is freedom for everyone
(1)

12/06/2026

📣 Singapore မှ ဒိုနာများအတွက်သတင်းကောင်း

📌ဆန်အိတ်ကူရင်းလက်ဆောင်ပြန်ယူပါခင်ဗျာ

Singapore နိုင်ငံရှိ နွေဦးစုဗှုးအဖွဲ့မှ ကျွန်တော်တို့စစ်ကြောင်း
(ရန်ကုန်ဗျူဟာ-၁ စစ်ကြောင်း) တွင်လက်ရှိပြုလုပ်နေတဲ့
"ဆန်အိတ် ၁,၀၀၀"ကမ်ပိန်း တွင်အသုံးပြုနိုင်ရန်ဆိုပြီး
Picaso Design ဖြင့်ပြုလုပ်ထားတဲ့ ကျွန်တော်တို့ရဲ့
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပုံရိုက်နှိပ်ထားတဲ့လက်ဆွဲအိတ် အလုံး(20) ကိုပေးအပ်ထားပါတယ်ခင်ဗျာ
ဒီထုတ်ကုန်လေးတွေကို ပြည်သူလူထုကိုပြန်ပေးအပ်နိုင်ဖို့
အစီအစဉ်လေးတစ်ခု စီစဉ်ထားပါတယ် 💁

အစီအစဉ်ကတော့ ကံစမ်းမဲအစီအစဉ်ဖြစ်ပါတယ်
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏
(81) နှစ်မြောက်မွေးနေ့ကိုဂုဏ်ပြုခြင်းအားဖြင့်
မဲ (81)စောင် စုဆောင်းပြီး ဇွန်လ (19)ရက်နေ့
ည 7:30 pm တွင် ကံစမ်းမဲများဖောက်ပေးပြီး
ဒီထုတ်ကုန်တွေကိုပေးအပ်သွားမှာဖြစ်ပါတယ်ခင်ဗျ
ဒီထုတ်ကုန်တွေပိုင်ဆိုင်နိုင်မယ့် ဒီအစီအစဉ်မှာ
ပါ၀င်နိုင်ဖို့ ကျွန်တော်တို့ရဲ့ "ဆန်အိတ် ၁,၀၀၀" ကမ်ပိန်းမှာ
ဆန်(1)အိတ်စာကူပြီး ကံစမ်းမဲ(1)စောင် ရယူလိုက်ပါခင်ဗျ
မိမိတတ်နိုင်သလောက်ဆန်အိတ်အရေအတွက်လိုက်
ပါ၀င်၍မဲလက်မှတ်များစွာကိုရယူနိုင်ပြီး ရဲဘော်တွေရဲ့
ရိက္ခာလိုအပ်ချက်များကိုဖြည့်တင်းကာ လက်ဆောင်များ
ရယူနိုင်ကြပါစေခင်ဗျာ

June (12) ကနေ June (18) အထိပဲ မဲစုဆောင်းမှာနော် 💁

📌 PDF Brothers Page Chat Box မှာ ဆန်အိတ်အတွက်
ထောက်ပို့ပြီး Suu_81 လို့ရေးပေးခဲ့ပါခင်ဗျ💁

📣 Transportation Cargo Fee အဆမတန်ကြီးတာမို့
အခြားနိုင်ငံများသို့ပို့ဆောင်ရန်ခက်ခဲတာကြောင့်
Singapore နိုင်ငံရှိ ထောက်ပို့ပြည်သူများအတွက်သာ
ရည်ရွယ်လိုက်တာကိုလည်း နားလည်ခွင့်လွှတ်ပေးကြပါဗျ

Singapore နိုင်ငံတွင်မဟုတ်သော်လည်း
အမှတ်တရအနေဖြင့်ပါ၀င်ချင်လည်း ရပြီး၊
လူကြုံသယ်ပေးနိုင်မယ့်သူရှိရင်လည်းအဆင်ပြေတာမို့
Page Messenger မှာသာ စာလေးပို့လိုက်ပါခင်ဗျာ💁

#ဆန်တစ်အိတ်မဲတစ်စောင်
#ရန်ကုန်ဗျူဟာစစ်ကြောင်း၁
#ဆန်အိတ်၁၀၀၀
#ရိက္ခာကမ်ပိန်း

23/05/2026

Campaign Day " 16 "

19/05/2026

Campaign "Day 12"

18/05/2026

ဝေမျှခြင်းလက်များ၊ ဖေးမခြင်းအာဟာရ

17/05/2026

Campagin Day 10

17/05/2026

Campagin Testing

17/05/2026

Campagin Live Testing

09/05/2026

"ဆန်အိတ် ၁,၀၀၀" ရိက္ခာကမ်ပိန်းဖွင့်ပွဲ

08/05/2026

TESTING

08/05/2026

ဆန်ရိက္ခာဆိုတာကျွန်တော်တို့တပ်ရင်းတပ်ဖွဲ့တွေ
ဒီတော်လှန်ရေးခရီးကြမ်းထဲမားမားမတ်မတ်
ရပ်တည်နိုင်ဖို့နဲ့ ရှေ့ကိုဆက်လှမ်းသွားနိုင်ဖို့
အဓိကလိုအပ်တဲ့စွမ်းအင်အရင်းအမြစ်တစ်ခုပါ။
ဆန်ဆိုတာစားနပ်ရိက္ခာတင်မကပဲ စစ်ပွဲတစ်ခုရဲ့
မဟာဗျူဟာမြောက်အရင်းအမြစ်တစ်ခုလို့လည်း
ဆိုနိုင်ပါတယ်။
ရိက္ခာလုံလောက်မှုရှိခြင်းမရှိခြင်းကရဲဘော်
တစ်ယောက်ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာကို
အကျိုးသက်ရောက်မှုဖြစ်စေပါတယ်။
စစ်ပွဲတစ်ခုမှာလက်နက်ခဲယမ်းမီးကျောက်တွေ
လိုအပ်သလို စားနပ်ရိက္ခာဆန်လုံလောက်မှုရှိနေဖို့
လည်းအရေးကြီးတာမို့ "ဆန်အိတ် ၁,၀၀၀"
Campaign ကိုလုပ်ဖို့ရည်ရွယ်ဖြစ်ခဲ့တာပါ။
ကမ်ပိန်းနံမည်ကတော့ "ဆန်အိတ် ၁,၀၀၀"
ဖြစ်ပါတယ်။Target ကတော့ သိန်း (၁,၀၀၀)
ဖြစ်ပြီး မေလ (၈) ရက်ကနေ ဇွန်လ (၈) ရက်နေ့
အထိ (တစ်လ)ပြုလုပ်သွားမှာပဲဖြစ်ပါတယ်။

📣အကြမ်းဖျင်းအားဖြင့်
ဆန်တစ်အိတ်ကို (100,000 MMK) ကျသင့်ပြီး
နိုင်ငံအလိုက်ငွေကြေးဖြင့် ကျသင့်နှုန်းကို
Comment တွင် ချထားပေးပါမယ်ခင်ဗျာ🙋🏽

ထောက်ပို့ရမည့်ပမာဏသတ်မှတ်ထားခြင်း
မရှိတာကြောင့် ကိုယ်တတ်နိုင်သလောက်ပါ၀င်
ထောက်ပို့ရင်း Campaign 100% ပြည့်သည်အထိ
အတူကြိုးစားကြရအောင် ✊🏼

📣ထောက်ပို့နိုင်သည့်‌နေရာများ

စစ်ကြောင်း၏တရား၀င် page 👈🏼
PDF Brothers

The Hero's Savior Page 👈🏼
The Hero's Savior

ဂေါ်ရခါးဒီမိုကရေစီလှုပ်ရှားမှုကွန်ယက် 👈🏼
Gurkha Movement for Democracy

အမျိုးသမီးနှင့်ကလေး
ကာကွယ်စောင့်ရှောက်ရေးကွန်ယက် 👈🏼
MBG women and children protection network

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊
ရန်ကုန်တိုင်းစစ်ဌာန၊
ရန်ကုန်ဗျူဟာစစ်ကြောင်း(၁)

#ရန်ကုန်ဗျူဟာစစ်ကြောင်း၁
#ဆန်အိတ်၁၀၀၀
#ရိက္ခာကမ်ပိန်း

Address

Yangon

Website

Alerts

Be the first to know and let us send you an email when PDF Brothers-YGN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share