Mratt’s Daily Life

Mratt’s Daily Life All is well...

17/10/2025
17/10/2025

Everyone who loves their father
will feel something.💛

16/10/2025

My Dream Kitchen 🏡🥣

ဘဝမှာ အများကြီးမလိုအပ်ပါဘူး။ခြံဝန်းလေးမှာ တစ်ထပ်အိမ်အဖြူရောင်လေးရယ်၊ရောင်စုံပန်းတွေ သီးပင်စားပင်လေးတွေ စိုက်မယ်၊ ခြံစည်း...
15/10/2025

ဘဝမှာ အများကြီးမလိုအပ်ပါဘူး။
ခြံဝန်းလေးမှာ တစ်ထပ်အိမ်အဖြူရောင်လေးရယ်၊
ရောင်စုံပန်းတွေ သီးပင်စားပင်လေးတွေ စိုက်မယ်၊ ခြံစည်းရိုးအဖြူရောင်လေး ကာရံမယ်။
ချစ်ရသူတွေနဲ့ အေးချမ်းတဲ့ ဘဝလေး ဖန်တီးချင်တယ်။

ဒီနေ့ (10.10.2025)ရက်နေ့ဟာ 𝗪𝗼𝗿𝗹𝗱 𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 𝗗𝗮𝘆 နေ့ဖြစ်ပါတယ်။ 🍀𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 ဟာ ခက်ခဲတဲ့နေ့ရက်တွေမှာသာချည်း ကိုယ့်ကို...
10/10/2025

ဒီနေ့ (10.10.2025)ရက်နေ့ဟာ
𝗪𝗼𝗿𝗹𝗱 𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 𝗗𝗮𝘆 နေ့ဖြစ်ပါတယ်။ 🍀

𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 ဟာ ခက်ခဲတဲ့နေ့ရက်တွေမှာသာချည်း ကိုယ့်ကိုယ်ကို ဂရုစိုက်စောင့်ရှောက်ခြင်းမျိုးမဟုတ်ပဲ နေ့စဉ်ဘဝမှာလည်း ကိုယ့်ကိုယ်ကို ဂရုစိုက်စောင့်ရှောက်ပေးနိုင်တာ၊ လိုအပ်ရင် အနားယူနိုင်အောင် စီမံခွင့်ပြုပေးနိုင်တာ၊ ခံစားမှုတွေကို ကျေလည်အောင် နားလည်အလုပ်လုပ်ပေးနိုင်တာ၊ နောက် လိုအပ်မှုအလိုက် အကူအညီရယူနိုင်ဖို့ရာ ကိုယ့်ကိုယ်ကို ခွင့်ပြုစောင့်ရှောက် ပေးနိုင်တာမျိုးပဲ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုဂရုစိုက် စောင့်ရှောက်ခြင်းလို့ ပြောရင် ကိုယ့်စိတ်ရော၊ ခန္ဓာရောက ကိုယ့်ကို ဘာလေးတွေ သတင်းပေးနေလဲ၊ ဘာလေးတွေပြောပြနေလဲဆိုတာကို သေချာလေး နေရာပေး ဂရုစိုက်နားထောင်ပေးခြင်းမျိုး၊ လိုအပ်မှုလေးတွေကို ကျန်းမာညီညွတ်မှုရှိစွာ ဖြည့်ဆည်းခြင်းမျိုးလို့ ဆိုနိုင်ပါတယ်။

ကျွန်မတို့အားလုံးဟာ ကိုယ့်ရဲ့နေ့ရက်တွေမှာ အလုပ်မှာသော်လည်းကောင်း၊ မိသားစုရေးရာ မှာသော်လည်းကောင်း အဆင်မပြေတာလေးတွေရှိပေမယ့် “ Ok ငါရှင်သန်ရဦးမယ်” ဆိုတဲ့ စိတ်လေးရှိနေဖို့လိုပါတယ်။ မပျော်ဘူး မပျော်တာကို နာတာရှည်ရောဂါတစ်ခုလို စွဲကိုင်ထားလို့ မရပါဘူး။ ဖြတ်ကျော်ရမယ်။ လှလှပပရှင်သန်ရမယ်။ အဲ့လိုလှလှပပရှင်သန်နိုင်ဖို့အတွက် 𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 သိပ်အရေးကြီးပါတယ်။ ဒီနေ့မှာ-
🍀 ချစ်ခင်ရသူတွေဆီ အဆက်အသွယ်လုပ်ကြည့်ပါ။
🍀 သဘာဝနှင့်ထိတွေ့ကြည့်ပါ။
🍀ဝါသနာပါတာလေးတွေ စလုပ်ကြည့်ပါ။

အားလုံးပဲ Physically Health/ 𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 (၂)ခုလုံး ကျန်းမာပျော်ရွှင်ကြပါစေရှင်။🪴

Address

Yangon

Telephone

+959421320095

Website

Alerts

Be the first to know and let us send you an email when Mratt’s Daily Life posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mratt’s Daily Life:

Share