စိတ်မော်တော် - 𝓢𝓮𝓲𝓴 𝓜𝓪𝔀𝓽𝓪𝔀

  • Home
  • Myanmar
  • Yangon
  • စိတ်မော်တော် - 𝓢𝓮𝓲𝓴 𝓜𝓪𝔀𝓽𝓪𝔀

စိတ်မော်တော် - 𝓢𝓮𝓲𝓴 𝓜𝓪𝔀𝓽𝓪𝔀 The road to success is not straight.

"ဧပရယ်၏ အသက်သစ်"ကြေမွနေတဲ့ အသည်းရယ်၊ဝေဝါးနေတဲ့ အိပ်မက်ရယ်၊မှီခဲ့ရတဲ့ အခန်းထောင့်ရယ်၊ငိုကြွေးခဲ့ရတဲ့ နေ့ရက်တွေကို —ပြန်အသ...
08/08/2025

"ဧပရယ်၏ အသက်သစ်"

ကြေမွနေတဲ့ အသည်းရယ်၊
ဝေဝါးနေတဲ့ အိပ်မက်ရယ်၊
မှီခဲ့ရတဲ့ အခန်းထောင့်ရယ်၊
ငိုကြွေးခဲ့ရတဲ့ နေ့ရက်တွေကို —

ပြန်အသက်ဝင်လာအောင်
ဖန်တီးပေးခဲ့တာ… ဧပရယ်ပါ။

စံပယ်ဖြူရဲ့ မယှဉ်နိုင်တဲ့
အလှတွေမှာ စီးမျှောရင်း…
ရောင်ခြည်သစ်တွေ ဝေဆာနေတဲ့
နွေဦးဆီကို ခေါ်သွားခဲ့တာဟာ —
မင်းပါပဲ့… ဧပရယ်။

#စိတ်မော်တော်
(8.8.2025)

အဆင်မပြေတဲ့ ညနေခင်းနေခြည်တွေ ပျောက်လို့ အမှောင်တွေ တသီတသန့် စတင်စွဲလမ်းလာတဲ့နေဝင်တော့မယ့်အချိန်မှာတစ်ယောက်တည်းသောသူကိုနာ...
05/07/2025

အဆင်မပြေတဲ့ ညနေခင်း

နေခြည်တွေ ပျောက်လို့
အမှောင်တွေ တသီတသန့်
စတင်စွဲလမ်းလာတဲ့

နေဝင်တော့မယ့်အချိန်မှာ
တစ်ယောက်တည်းသောသူကို
နာကျင်မှုနဲ့အတူ
တိတ်တခိုက်
မျှော်လင့်နေမိတယ်...

လေရူးလေမွဲထဲမှာ
အကြွင်းမဲ့ဖြတ်ကျလာတဲ့ ဒဏ်တွေကို
အံကြိတ်ခံနေရင်းနဲ့
တကယ်တမ်းခံနိုင်မလားဆိုတာ မသိပါဘူး

ရွှေဝါရောင် နေမင်းကြီးတောင်
တိတ်တိတ်လေး
ပျောက်ကွယ်သွားတော့မယ့် အချိန်မှာ…

ပြန်မလာနိုင်တော့တဲ့ သူတစ်ယောက်ကို
မျှော်နေမိတဲ့
ငါ့စိတ်ထဲမှာတော့

ဒီကံကြမ္မာဟာ
ဝဋ်ကြွေးတစ်ခုလိုပဲ
ငါ့ဘဝကို
ချမှတ်သွားခဲ့တယ်...

တစ်နေ့မဟုတ်၊ တစ်နေ့မှာတော့မျှော်လင့်ထားတဲ့အရာတစ်ခုကတိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲဖြစ်စေ...နူးညံ့တဲ့လေညှင်းတစ်စင်းလိုတကယ်ပဲ ရောက်လ...
04/07/2025

တစ်နေ့မဟုတ်၊ တစ်နေ့မှာတော့
မျှော်လင့်ထားတဲ့အရာတစ်ခုက
တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲဖြစ်စေ...
နူးညံ့တဲ့လေညှင်းတစ်စင်းလို
တကယ်ပဲ ရောက်လာမှာပါ။
အချစ်ဟာ မျှော်လင့်သူအတွက်
ချမ်းသာစွာ ရောက်လာတတ်တာပဲ...🤍🖤

အလှတရားကို တစ်ချက်မြင်တာနဲ့အသဲတစ်စင်း ပြောင်းလဲသွားနိုင်သလိုပဲပန်းတစ်ပွင့်ကြောင့်သူ့ရဲ့ဖွယ်ဝင်လှတဲ့ဥယျာဉ်မှာအသက်ဝင်သံကို...
03/07/2025

အလှတရားကို တစ်ချက်မြင်တာနဲ့
အသဲတစ်စင်း ပြောင်းလဲသွားနိုင်သလိုပဲ
ပန်းတစ်ပွင့်ကြောင့်
သူ့ရဲ့ဖွယ်ဝင်လှတဲ့ဥယျာဉ်မှာ
အသက်ဝင်သံကို ပြန်တွေ့ခဲ့တဲ့
ဥယျာဉ်မှူးတစ်ယောက်ပါပဲ့... 🌸

လှောင်အိမ်ထဲက ငှက်ကလေး…မင်းဘယ်လောက်​တောင် ပင်ပန်းနေမလည်းမင်းရဲ့ဘဝဟာ အနံ့သာအနက်ကောင်းကင်မှာလွတ်လပ်စွာ ပျံသန်းဖို့ပါပဲ့လှေ...
01/07/2025

လှောင်အိမ်ထဲက ငှက်ကလေး…
မင်းဘယ်လောက်​တောင် ပင်ပန်းနေမလည်း
မင်းရဲ့ဘဝဟာ အနံ့သာအနက်ကောင်းကင်မှာ
လွတ်လပ်စွာ ပျံသန်းဖို့ပါပဲ့
လှောင်အိမ်ဆိုတာ မင်းနေရဖို့မဟုတ်ဘူး…

တကယ်လို့ ဆွဲထားမှ ပိုင်နိုင်မယ်ဆိုရင်
သူမအပေါ် ချစ်ခြင်းမဟုတ်ပဲ
ကိုယ်ကျိုးရှာတဲ့ လက်သာဖြစ်သွားမှာစိုးတယ်
သူမ မပျော်ရွှင်တော့တာဟာ
ကိုယ့်ကြောင့်ဆိုတာ သိလာရင်…
အချစ်ထက် ပိုမိုစိတ်မချရတဲ့
အပြစ်တစ်ခုအဖြစ် ကျန်ရှိနေမှာပါ


1.7.25

ကဗျာဆန်လွန်းလှတဲ့ လိပ်ပြာလေးရေ...နောက်ဆုံးမှာတော့ ပြန်ရောက်လာခဲ့တယ်နော်...ဘယ်လမ်းမှန်းမသိဘဲ လှည့်လာတာလားလို့ ထင်လိုက်ပေမ...
29/06/2025

ကဗျာဆန်လွန်းလှတဲ့ လိပ်ပြာလေးရေ...
နောက်ဆုံးမှာတော့ ပြန်ရောက်လာခဲ့တယ်နော်...

ဘယ်လမ်းမှန်းမသိဘဲ
လှည့်လာတာလားလို့ ထင်လိုက်ပေမယ့်
အမှန်တော့
မင်းရဲ့အတောင်လေး ညောင်းနေလို့
ခဏတာ နားခိုရာရဖို့ပဲ့ပါ...

နားခိုရာဆိုတာမို့
အမြဲမနေနိုင်ဘူးဆိုတာ ကိုယ်သိတယ်
ဆက်ပြီး မဆွဲထားချင်တော့ဘူး..
ဒီနေရာလေးဟာ မင်းအတွက်
လသာတဲ့အရိပ် တစ်စင်းလောက်ပဲ
ဖြစ်စေချင်တယ်...

မင်းပြန်ပျံသွားရင်တောင်...
ငါ့စိတ်ထဲမှာ
မင်းနားခိုခဲ့တဲ့အရိပ်က
တိတ်တိတ်လှဲနေဆဲပါ...


29.6.25

ပွင့်ဖတ်တွေနဲ့ သိပ်ကိုလှပပြီး အဆင်းရောအနံ့ပါ ပြည့်စုံနေတဲ့ ပန်းကလေးရေ...နောက်ဆုံးတော့မင်းကိုပန်ဆင်ခွင့်ရခဲ့ပြီဒါပေမယ့်လည...
28/06/2025

ပွင့်ဖတ်တွေနဲ့ သိပ်ကိုလှပပြီး
အဆင်းရောအနံ့ပါ ပြည့်စုံနေတဲ့
ပန်းကလေးရေ...
နောက်ဆုံးတော့
မင်းကိုပန်ဆင်ခွင့်ရခဲ့ပြီ
ဒါပေမယ့်လည်း ပန်းတို့ရဲ့ သဘာဝအရ
ဘယ်လောက်မှမကြာပါဘူး သူညှိုးနွမ်းသွားရှာတယ်
မင်းက ပန်ဆင်ခဲ့တဲ့သူကို
တစ်ခဏပဲ့ တန်ဖိုးထားတာတော့ အမှန်ပါပဲ့
ဒါပေမယ့် ကိုယ်ကသာ
မြင်မြင်ချင်းမှသည် မင်းဘယ်လောက်ထိ
ညှိုးနွမ်းသွားပါစေ တန်ဖိုးထားပြီး
သိမ်းထားဆဲပါ...
ပန်းကလေးရေ...
တစ်ဖန်ပြန်ပြီး ပန်ဆင်ခွင့်သာရခဲ့မယ်ဆိုရင်
ဘယ်လိုအခက်အခဲပဲ့ရှိရှိ
ပန်းတို့ရဲ့ သဘာဝကိုလွန်ဆန်၍
မင်းမညှိုးနွမ်းသွားအောင် ကိုယ်တတ်စွမ်းသမျှ
သိမ်းထားပါ့မယ်...


28.6.25

14/06/2025

မြေမှာခတဲ့ ခရေ ရေ....
ပန်ဆင်ချင်ပေမယ့်လည်း
အချိန်နှောင်းပြီမို့
မပန်ဆင်ခဲ့ရတာပါ
မင်းရဲ့အဆင်းကိုတော့
သတိရနေပါတယ်နော်
တစ်ယူဇနာလောက်ထိ
သင်းပျံ့နေမှတော့
ပျားပိတုန်းတွေတောင်
လာကြပြီပေါ့
ဟောဗျာ ခရေမှ ခရေဖြစ်နေတဲ့သူတွေ များလှချည်လား
ကိုယ်ကဘယ်လိုလုပ်ပြီး
မင့်ကို ပိုင်ဆိုင်ခွင့် ရတော့မှာလည်း
ခရေရယ်....🥺💔


14.6.25

14/06/2025

ကမ္ဘာကြီးမှာ ဘယ်အရာမှမတည်မြဲဘူး
တည်မြဲလှပြီဆိုတဲ့ အရာတောင်
တစ်နေ့ ယိုယွင်းပျက်စီးကြတာပဲ့

အချစ်ကလည်း ဒီလိုပဲ့ပေါ့
သိပ်ချစ်ပါပြီဆိုတဲ့ သူတွေတောင်
အချစ်ရဲ့ လှည့်စားမှုကို ခံရတာပဲ့

ကံပါလာလို့ပဲ့ ခဏတာ ဆုံဆည်းခွင့်ရတာ
ကံကုန်ရင်တော့ ဝေးရမာပဲ့လေ
အချစ်ကြောင့် မပျက်စီးပါစေနဲ့😞

Sy
(14.6.25)

08/05/2025

မင်းကိုချစ်တာတော့ အမှန်ပါကွာ🤍🖤
ဒါပေမယ့် မင်းရဲ့ အေးစက်လှတဲ့
အပြောအဆိုတွေ အပြုအမူတွေကိုတော့
တကယ်မခံစားနိုင်တော့ဘူးကွာ💔💔💔


8.5.2025

27/04/2025

ပေးဆပ်ခြင်းသာ အချစ်ဖြစ်ခဲ့မယ်ဆိုရင်
မင်းနဲ့ငါ ဝေးကွာနေရဦးမှာပဲ့🥺

သြော်...လူတိုင်းက အချိန်တန်ရင် တစ်ယောက်တစ်နေရာစီမှာရှင်သန်နေထိုင်ဖို့ လိုအပ်လာလိမ့်မယ်..အဲဒီအချိန်ကျလာရင် မခွဲချင်ပေမယ့်...
16/03/2025

သြော်...
လူတိုင်းက အချိန်တန်ရင် တစ်ယောက်တစ်နေရာစီမှာ
ရှင်သန်နေထိုင်ဖို့ လိုအပ်လာလိမ့်မယ်..
အဲဒီအချိန်ကျလာရင် မခွဲချင်ပေမယ့်လည်း
ခွဲခွာကြရဦးမှာပဲ့...
ဒါပေမယ့်လည်း ကိုယ်ချစ်ရတဲ့သူတွေကို
အနားမှာ အမြဲရှိစေချင်တာကတော့ သဘာဝပါပဲ့လေ...
လူချင်းဝေးကွာနေတာဟာ အဓိကမဟုတ်ပါဘူး
အဓိကက နှလုံးသားချင်းနီးနေဖို့ကသာ
အရေးကြီးတာပါ...
တစ်နေ့တော့ ဆုံဆည်းရမှာပါလေ.....🤍🖤


16.3.2025

Address

Yangon

Website

Alerts

Be the first to know and let us send you an email when စိတ်မော်တော် - 𝓢𝓮𝓲𝓴 𝓜𝓪𝔀𝓽𝓪𝔀 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share