Burmese News

Burmese News Burmese News page brings the latest breaking news and information on the top stories and politics

01/07/2025

Celebrating my 6th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

သစ်ပင်တွေက အရာဝတ္ထုပစ္စည်းတွေကို ဝါးမျိုနိုင်စွမ်းရှိကြောင်း ဓာတ်ပုံတွေနဲ့တကွ သက်သေပြခဲ့ကြသူတွေသစ်ပင်တွေဟာ မြင့်မားပြီးအ...
18/09/2022

သစ်ပင်တွေက အရာဝတ္ထုပစ္စည်းတွေကို ဝါးမျိုနိုင်စွမ်းရှိကြောင်း ဓာတ်ပုံတွေနဲ့တကွ သက်သေပြခဲ့ကြသူတွေ

သစ်ပင်တွေဟာ မြင့်မားပြီးအားကြီးတဲ့အရာတွေဖြစ်ကြတာကြောင့် သူတို့ရဲ့ရှင်သန်ကြီးထွားမှုလမ်းကြောင်းမှာ ရှိနေတဲ့ ဘယ်အရာကိုမဆို သူတို့ဂရုမစိုက်တတ်ကြပါဘူး။ ဆိုင်းဘုတ်တွေ၊ ပန်းပုရုပ်ထုတွေ၊ ချိတ်ဆွဲထားတဲ့ တခြားသောအရာတွေကိုတောင် သစ်ပင်တွေက ဝါးမျိုပစ်လိုက်နိုင်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နေ့စဉ်အသုံးအဆောင်ပစ္စည်းတွေကို ကိုက်စားဝါးမျိုပစ်လိုက်နိုင်တဲ့ “ဆာလောင်မွတ်သိပ်နေတဲ့ သစ်ပင်” တွေကို ဝေမျှခဲ့ကြတဲ့သူတချို့ရဲ့ဓာတ်ပုံတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

သဘာဝတရားကြီးဟာ ဘယ်အရာကမှ လွန်ဆန်နိုင်ခြင်းမရှိတဲ့ စွမ်းအားကြီးမားတဲ့ အရာတစ်ခုဖြစ်ကြောင်းကို ဒီဓာတ်ပုံတွေက သက်သေပြလို့နေတာပါ။ ဒါပေမယ့်လို့ သစ်ပင်တွေဟာ သူတို့ရဲ့ပေါက်ရောက်ရှင်သန်ခြင်းနဲ့ပတ်သက်ပြီး ခြိမ်းခြောက်မှုအချို့ကို ခံနေရတာပါ။ မကြာသေးခင်က အမေရိကန်ပြည်ထောင်စုတွင် ပေါက်ရောက်နေတဲ့ သစ်ပင်တွေကို အကဲဖြတ်လေ့လာမှုတစ်ခုအရ ပေါက်ရောက်နေတဲ့ သစ်ပင်တွေအနက် 11% မှ 16% ခန့်ဟာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရကြောင်းကို တွေ့ရှိခဲ့ကြရပါတယ်။

သုတေသနပြုလုပ်မှုကို လွန်ခဲ့တဲ့ငါးနှစ်အတွင်း အမေရိကန်ပြည်ထောင်စုအောက်ပိုင်း 48 ပြည်နယ်တွင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး နိုင်ငံတစ်ဝှမ်းရှိ မတူညီတဲ့အဖွဲ့အစည်းများစွာရဲ့ ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါတယ်။ ရလဒ်အနေနဲ့ ဒေသခံအပင်တွေရဲ့ လက်ရှိအခြေအနေကို ပိုမိုနားလည်သဘောပေါက်စေပြီး သစ်ပင်တွေကို ကာကွယ်ရန်အတွက် စတင်လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။

“ကျွန်မတို့မသိတဲ့အရာတွေကို ကာကွယ်လို့မရပါဘူး” ဟု United States Botanic Garden ရဲ့ အမှုဆောင်ဒါရိုက်တာ Susan Pell က ‌ဆိုပါတယ်။ “ဒါကြောင့် ဘယ်အရာတွေက အန္တရာယ်ရှိတယ်ဆိုတာကို နားလည်ဖို့ အခြေခံကျတဲ့အချက်ကနေ စတင်ဖို့လိုအပ်ပါတယ်” ဟု Susan Pell က ပြောကြားခဲ့ပါတယ်။

photos from reddit

U.A.E နိုင်ငံ ၊ ဒူဘိုင်းမြို့တွင်  သဲမုန်တိုင်း တိုက်ခတ်ပြီးနောက် ရိုက်ကူးထားသော ဓါတ်ပုံ
17/09/2022

U.A.E နိုင်ငံ ၊ ဒူဘိုင်းမြို့တွင် သဲမုန်တိုင်း တိုက်ခတ်ပြီးနောက် ရိုက်ကူးထားသော ဓါတ်ပုံ

တရုတ်နိုင်ငံ ချန်းရှမြို့ရှိ တယ်လီကွန်းကုမ္ပဏီတွင်မီးလောင်မှုဖြစ်ပွား===============================တရုတ်နိုင်ငံ၊ ဟူနန်ပ...
17/09/2022

တရုတ်နိုင်ငံ ချန်းရှမြို့ရှိ တယ်လီကွန်းကုမ္ပဏီတွင်မီးလောင်မှုဖြစ်ပွား
===============================
တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်ရဲ့မြို့တော် ချန်းရှမြို့မှာ စက်တင်ဘာ(၁၆)ရက် နေ့လည်ပိုင်းက အစိုးရပိုင်ချိုင်းနားတယ်လီကွန်းကုမ္ပဏီ အထပ်မြင့်အဆောက် အဦမှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ CCTVသတင်းမှာ ဖော်ပြထားပါတယ်။

အထပ်ပေါင်း၄၂ထပ်မြင့်တဲ့ အဲ့ဒီအဆောက်အဦမှာ မီးလောင်မှုကြောင့် အထပ်ပေါင်းဒါဇင်နဲ့ချီပြီး မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဟူနန်ပြည်နယ် မီးသတ်တပ်ဖွဲ့က မီးသတ်ကား ၃၆စီး၊ မီးသတ်သမား ၂၈၀နဲ့ငြှိမ်းသတ်ခဲ့ရပြီး လူထိခိုက်ဒဏ်ရာရတာတော့မရှိဘူးလို့ ပြည်နယ်မီးသတ်တပ်ဖွဲ့ရဲ့ ပြောကြားမှုကို ကိုးကားပြီး CCTVသတင်းမှာ ဖော်ပြထားတာပါ။

ချိုင်းနားတယ်လီကွန်းကုမ္ပဏီဘက်ကတော့ အဲ့ဒီမီးဟာ ညနေ၄နာရီခွဲမှာ ငြိမ်းသွားကြောင်း သူတို့ရဲ့ တရားဝင်ကြေညာချက်ထဲကနေတစ်ဆင့် ပြောကြားထားတယ်လို့ ဆိုပါတယ်။

"မေးခွန်း သတ်ပြီ"ကာတွန်း - နာနတ်သီး  # ကာတွန်း  # နာနတ်သီး
17/09/2022

"မေးခွန်း သတ်ပြီ"

ကာတွန်း - နာနတ်သီး

# ကာတွန်း # နာနတ်သီး

မင်္ဂလာဒုံမြို့နယ်ရဲ့ သမိုင်းကြောင်းနှင့် စီးပွားရေးလုပ်ငန်း အချက်အလက်များ==============================မင်္ဂလာဒုံမြို့န...
16/09/2022

မင်္ဂလာဒုံမြို့နယ်ရဲ့ သမိုင်းကြောင်းနှင့် စီးပွားရေးလုပ်ငန်း အချက်အလက်များ
==============================
မင်္ဂလာဒုံမြို့နယ်၏ မင်္ဂလာဒုံဟူသောအမည်သည် သိကြားမင်း၊ မယ်လမုနှင့် ဥက္ကလာမင်းတို့၏ ရာဇဝင်လာဇာတ်လမ်းမှ သမင်၏ အမည် မင်္ဂလာနှင့် တောအရပ်ဟု ဆိုလိုသည့် ဒုံ တို့ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာသည်ဟု ဆိုကြသည်။

မြောက်ပိုင်းခရိုင်တွင် အကျုံးဝင်သော မင်္ဂလာဒုံမြို့နယ် ပတ်ပတ်လည်တွင် လှည်းကူးမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ အင်းစိန်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ မှော်ဘီမြို့နယ်တို့ ဝန်းရံထားသည်။ ဧရိယာ အကျယ်အဝန်းမှာ ၈ ဒသမ ၁၅ စတုရန်းမိုင် ရှိသည်။

အုပ်ချုပ်ရေးနယ်မြေ ဖွဲ့စည်းပုံအရ ရပ်ကွက် (၂၇)ခု၊ ကျေးရွာအုပ်စု (၅)ခု ရှိသည့်အနက် ရပ်ကွက်အမည်များမှာ အနန်းပင်ရပ်ကွက်၊ ချစ်တီးကုန်းရပ်ကွက်၊ ကြံခင်းစုရပ်ကွက်၊ မင်္ဂလာဒုံဈေးရပ်ကွက်၊ အမှတ် (၂)(က) ရပ်ကွက်၊ အမှတ် (၂)(ခ) ရပ်ကွက်၊ အမှတ် (၃)(က) ရပ်ကွက်၊ အမှတ် (၃)(ခ) ရပ်ကွက်၊ ပေါက်ကုန်းရပ်ကွက်၊ ပြန်လည်နေရာချထားရေးရပ်ကွက်၊ ပြည်တော်သာရပ်ကွက်၊ စမ်းကြီးဝ ရပ်ကွက်၊ တပ်မတော်စံပြ ရပ်ကွက်၊ တောတိုက်ရပ်ကွက်၊ ပုလဲရပ်ကွက်၊ တိုးချဲ့ရပ်ကွက်၊ ထောက်ကြန့်တောင်ပိုင်းရပ်ကွက်၊ ထောက်ကြန့်မြောက်ပိုင်းရပ်ကွက်၊ ထိလောကရုံရပ်ကွက်၊ ပထမစံပြရပ်ကွက်၊ ဒုတိယစံပြရပ်ကွက်၊ ဘောလုံးကွင်းရပ်ကွက်၊ ရဲစုတောင်ရပ်ကွက်၊ ဧကရာဇ်ရပ်ကွက်၊ ပဲခူးလမ်းရပ်ကွက်၊ ရွာမရပ်ကွက်တို့ ဖြစ်သည်။

ကျေးရွာအုပ်စုများမှာ နွယ်ခွေကျေးရွာအုပ်စု၊ ကုန်းတလပေါင် ကျေးရွာအုပ်စု၊ ပျဉ်းမပင် ကျေးရွာအုပ်စု၊ ရွှေနံ့သာ ကျေးရွာအုပ်စု၊ သင်္ဃန်းကျွန်းကြီး ကျေးရွာအုပ်စုတို့ ဖြစ်သည်။

မင်္ဂလာဒုံမြို့နယ်တွင် စက်မှုလုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်းတို့ကို အဓိကအားဖြင့် လုပ်ကိုင်ကြပြီး စီးပွားရေး လုပ်ငန်း (၃ ၄၀၀)ကျော် ရှိပြီး လုပ်သားအင်အားစု (၉၀ ၃၀၀)ဦး လုပ်ကိုင်လျက်ရှိသည်ဟု Business Collection Group (BCG) ၏ အချက်အလက်များအရ သိရသည်။

စိုက်ပျိုးရေးကဏ္ဍတွင် စပါးစိုက်ဧက (၃ ၂၀၀)ဝန်းကျင် ရှိသည်။စက်မှုဇုန်များ ထူထောင်ထားသည်မှာ ရန်ကုန်စက်မှုဇုန်နှင့် မင်္ဂလာဒုံစက်မှုဇုန် ၊ ပျဉ်းမပင်စက်မှုဇုန်တို့ ဖြစ်သည်။ ရန်ကုန်စက်မှုဇုန်တွင် လုပ်ကိုင်သူဦးရေ (၂၁ ၀၀၀)ဦးကျော်ရှိပြီး မင်္ဂလာဒုံစက်မှုဇုန်တွင် (၂၆ ၀၀၀)ဦးကျော် ရှိသည်။ ပျဉ်းမစက်မှုဇုန်တွင် (၁၂ ၀၀၀)ဦးဝန်းကျင် ရှိသည်။

ဆိုးဆိုးရွားရွား မုန်တိုင်းမဝင်ခင်မှာ အမိအရရိုက်ကူးထားမိလိုက်တဲ့ ဓာတ်ပုံများ===========================‘Photography’ ဆို...
16/09/2022

ဆိုးဆိုးရွားရွား မုန်တိုင်းမဝင်ခင်မှာ အမိအရရိုက်ကူးထားမိလိုက်တဲ့ ဓာတ်ပုံများ

===========================

‘Photography’ ဆိုတဲ့စကားလုံးဟာ ရှေးဂရိစကားလုံးမှဆင်းသက်လာတာဖြစ်ပြီး သူ့ရဲ့အဓိပ္ပါယ်က “အလင်းဖြင့် ပုံဆွဲခြင်း” ဟုဆိုလိုတာဖြစ်ပြီး ‘camera’ ဆိုတဲ့စကားလုံးကတော့ “အမှောင်ခန်း” ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဓာတ်ပုံပညာကို တီထွင်လိုက်မှုကြောင့် လူသားတွေဟာ သူတို့ရဲ့ဘဝအဖြစ်အပျက်အမျိုးမျိုးကို တမင်တကာဖြစ်စေ အလိုအလျောက်ဖြစ်စေ မှတ်တမ်းတင်ထားနိုင်တာပါ။

လူတိုင်းလိုလိုက မှန်ကန်တဲ့အချိန်မှာ အမိအရဖမ်းယူရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို သဘောကျနှစ်သက်ကြပါတယ်။ ဒါကြောင့် အင်တာနက်ပေါ်တွင် ပြီးပြည့်စုံတဲ့အခိုက်အတန့်ကိုမျှဝေထားကြတဲ့ ဓာတ်ပုံတွေထဲက တချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဒီဓာတ်ပုံတွေက ဆိုးရွားတဲ့အခိုက်အတန့်တစ်ခုနဲ့ မကြုံတွေ့ရခင် စက္ကန့်ပိုင်းလေးတွင် အမိအရရိုက်ကူးထားမိလိုက်တဲ့ ဓာတ်ပုံတွေဖြစ်ပြီး နောက်ဆက်တွဲဖြစ်ရပ်တွေကတော့ တကယ့်ကိုမတွေးရဲစရာပါပဲ။

photos from reddit

စက်သုံးဆီဈေးများ ဆက်လက်ကျဆင်း--------------ပြည်တွင်းစက်သုံးဆီဈေးကွက်မှာတော့ စက်တင်ဘာ(၁၆)ရက် ဈေးနှုန်းတွေအရ စက်သုံးဆီဈေးတ...
16/09/2022

စက်သုံးဆီဈေးများ ဆက်လက်ကျဆင်း
--------------
ပြည်တွင်းစက်သုံးဆီဈေးကွက်မှာတော့ စက်တင်ဘာ(၁၆)ရက် ဈေးနှုန်းတွေအရ စက်သုံးဆီဈေးတွေ ဆက်လက် ကျဆင်းနေပါတယ်။ စက်တင်ဘာ (၁၆)ရက်ပေါက်ဈေးအရ ရန်ကုန်မှာ အောက်တိန်း 92 တစ်လီတာကို ၂၃၆၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၂၄၅၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာကို ၂၆၁၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီ တာကို ၂၇၀၀ ကျပ်ရှိပါတယ်။

ဒီဈေးနှုန်းတွေဟာ မနေ့ကဈေးတွေနဲ့ယှဉ်ရင် အောက်တိန်း 92 တစ်လီတာကို ၅၅ကျပ်၊ အောက်တိန်း 95 တစ်လီ တာကို ၆၀၊ ရိုးရိုးဒီဇယ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာစီကို ၂၁၅ ကျပ်စီ ဈေးထပ်ကျသွားတာဖြစ်ပါတယ်။ နေပြည် တော်၊ မန္တလေးနဲ့ တခြားမြို့ကြီးတွေမှာလည်း စက်သုံးဆီဈေးတွေ ဆက်လက်ကျဆင်းနေပြီး အခုရက်ပိုင်းမှာ စက်သုံးဆီဈေးတွေ ဆက်ကျနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ထူးခြားထင်ရှား ကိန်း ဂဏန်းများ===============================📌ထုတ်ဝေခွင့် ပိတ်ခံရသည့် သတင်းဌ...
16/09/2022

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ထူးခြားထင်ရှား ကိန်း ဂဏန်းများ
===============================

📌ထုတ်ဝေခွင့် ပိတ်ခံရသည့် သတင်းဌာန ၁၂ ခု
-----------------------------------------------------
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် ထုတ်ဝေခွင့်လိုင်စင်ပိတ်ခံရသည့် သတင်းဌာန ၁၂ ခုထိ ရှိလာပြီဖြစ်သည်။

အဆိုပါသတင်းဌာနများမှာ Myanmar Now၊ Democratic Voice of Burma, Khit Thit၊ 7 Days News, Mizzima၊ မြစ်ကြီးနားဂျာနယ်၊ The 74 Media၊ တာချီလိတ် သတင်းအေဂျင်စီ၊ Delta News Agency၊ Zayar Times၊ Kamayut Media နှင့် ကန္တာရဝတီတိုင်း(မ်)တို့ဖြစ် သည်။

📌စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် UN အေဂျင်စီ ၄ ခု
------------------------------------------------------
ကုလသမဂ္ဂအထွေထွေညီလာခံမှ ကိုယ်စားပြုခွင့်မပေးထားသည့် စစ်ကောင်စီထံ ကုလသမဂ္ဂအေဂျင်စီလေးခုက မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် ခန့်အပ်လွှာများ ပေးအပ်ပြီး တရားဝင်အသိအမှတ်ပြု ပူးပေါင်းလျက်ရှိသည်။

အဆိုပါအဖွဲ့များမှာ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွား လာရေးအဖွဲ့ (IOM)၊ ကုသသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက် ပျိုးရေးအဖွဲ့ (FAO)၊ ကုသလသမဂ္ဂ လူသားချင်းစာနာထောက် ထားမှုပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (OCHA)နှင့် ကုလသမဂ္ဂကလေး ရန်ပုံ ငွေအဖွဲ့ UNICEF စသည့်အဖွဲ့များဖြစ်သည်။

📌စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀,၀၀၀ ကျော်သေဆုံး
-------------------------------------------------
၂၀၂၁ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၂ခုနှစ်၊ သြဂုတ်လအထိ ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်တာကာလအတွင်း စစ်ကောင်စီတပ်သား (၂၀,၅၈၉) ဦးသေဆုံးကာ (၇၃၁၃) ဦး ဒဏ်ရာရရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က စက်တင်ဘာ ၁၂ ရက်နေ့တွင် ထုတ်ပြန်သည်။

ထို့ပြင် PDF များနှင့်မဟာမိတ်တိုင်းရင်းသားလက်နက် ကိုင်များ ၁,၅၀၀ ကျော်ကျဆုံးခဲ့သည်ဟု ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့် နေ့တွင် NUG ၏ယာယီသမ္မ တ ဒူးဝါလရှီလက ပြောသည်။

📌စစ်ကောင်စီထိန်းချုပ်ထားနိုင်သည့် ၇၂ မြို့
-----------------------------------------------------
စစ်ကောင်စီသည် မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ ခုအနက် ၇၂ မြို့နယ်ကိုသာ တည်တည်ငြိမ်ငြိမ် ထိန်းချုပ်ထားနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ် စားလှယ်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က စက် တင်ဘာ ၅ ရက်တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံရှိ နယ်မြေ ၁၇ ရာခိုင်နှုန်းကိုသာ စစ်ကောင်စီဘက်က အပြည့်အဝထိန်းချုပ်နိုင်သည့် သဘောဖြစ် သည်။

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် EAOs များ သည် နိုင်ငံ၏ နယ်မြေ ၅၂ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီသည် မြန်မာနိုင်ငံကို အပြည့်အဝ နယ်မြေစိုးမိုးနိုင်မှု မရှိကြောင်း SAC-M ၏ စာတမ်းတွင်ဖော်ပြထားသည်။

📌နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်‌ဒေါ်လာ ၁ ဒသမ ၆ ဘီလျံကျော်
-------------------------------------------------------------
၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်‌ဒေါ်လာ ၁ ဒသမ ၆ ဘီလျံကျော် ဝင်ရောက်ခဲ့သည်။

ထိုရင်းနှီးမြှုပ်နှံမှုတွင် စင်ကာပူနိုင်ငံမှ အမေရိကန်ဒေါ် လာ သန်း ၁,၀၀၀ ကျော်နှင့် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ပါဝင်ခဲ့သည်။

Credit - Burma Associated Press

Address

Yangon

Alerts

Be the first to know and let us send you an email when Burmese News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share