BallZay

BallZay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BallZay, Media/News Company, Yangon.

မန်ယူက နောက်ဆုံးနှစ်ပွဲဆက်တိုက် သရေကျထားပြီး ဖိအားများထားပါတယ်။ စပါးကလည်း ကာရာဘတ်ကို တစ်ယောက်လျေ့ာနဲ့ တစ်ပွဲလုံး ကစားပြီ...
29/09/2024

မန်ယူက နောက်ဆုံးနှစ်ပွဲဆက်တိုက် သရေကျထားပြီး ဖိအားများထားပါတယ်။
စပါးကလည်း ကာရာဘတ်ကို တစ်ယောက်လျေ့ာနဲ့ တစ်ပွဲလုံး ကစားပြီးမှ
သုံးဂိုးပြတ်နဲ့ နိုင်ထားလို့ စိတ်ဓာတ်တက်ကြွနေတယ်။

တကယ်ဆိုရင် မန်ယူကလည်း အပိုင်အခွင့်အရေးတွေကိုသာ အသုံးချနိုင်ခဲ့ရင်
ပဲလေ့စ်နဲ့ပွဲမှာ သေချာပေါက် အောင်ပွဲခံနိုင်မှာဖြစ်ပါတယ်။
ဒါပေမယ့် ထင်သလိုမဖြစ်ခဲ့ဘဲ တွမ်တီးနဲ့ပွဲမှာလည်း ရုန်းကန်ခဲ့ရပါတယ်။

ဒါပေမယ့် အသင်းကြီးနှစ်သင်း ထိပ်တိုက်တွေ့တဲ့ ဒီလိုပွဲမျိုးမှာ
တသမတ်တည်း တွေးဆဖို့က ခက်ပါတယ်။

မန်ယူကတော့ အိမ်ကွင်းအိုးထရက်ဖို့ဒ်ဖြစ်နေတာရယ်၊
ထပ်အမှားခံလို့မရတာတွေကြောင့် မန်ယူကို မရဲတရဲနဲ့ပဲ ယုံကြည်ကြရာမှာပါပဲ။

Website -happybzgame.com

စူပါဆန်းဒေးမှာတော့ မန်ချက်စတာယူနိုက်တက်-စပါးပွဲစဉ်နဲ့အတူ ပရီးမီးယားလိဂ်က ဖမ်းစားထားပါသေးတယ်။ အထည်ကြီးပျက်အသင်းအချင်းချင်...
29/09/2024

စူပါဆန်းဒေးမှာတော့ မန်ချက်စတာယူနိုက်တက်-စပါးပွဲစဉ်နဲ့အတူ ပရီးမီးယားလိဂ်က ဖမ်းစားထားပါသေးတယ်။ အထည်ကြီးပျက်အသင်းအချင်းချင်း ရင်ဆိုင်ရတာဖြစ်ပြီး လိဂ်မှာ ရလဒ်တွေဆိုးရွားနေတာလည်း တူနေတဲ့ အသင်းတွေပါ။ ဆိုတော့ နာကျင်နေတဲ့ နှစ်သင်း အားခဲကစားရမယ့်ပွဲဖြစ်နေပါတယ်။ အိုးထရက်ဖို့ဒ်မှာ တန်ဟက်ဂျ်ရဲ့ အသင်း အခြေအနေကောင်းမလား၊ အန်ဂီရဲ့ အသင်းရော ဘာလုပ်ပြနိုင်မလဲ စိတ်ဝင်စားစရာပါ။

အိုးထရက်ဖို့ဒ်မှာ တွေ့ခဲ့တဲ့ နောက်ဆုံး ၇ ကြိမ်မှာ သရေတပွဲကျခဲ့ပြီး ယူနိုက်တက်က ၃ပွဲနိုင်၊ စပါးက ၂ပွဲနိုင်ထားပါတယ်။ ထူးခြားတာကတော့ အဲဒီ ၇ ပွဲမှာ နှစ်သင်းပေါင်းသွင်းဂိုး အနည်းဆုံး ၃ ဂိုးအထိ ရှိခဲ့တာ ၆ ပွဲပါခဲ့တာပါ။ ဒီနှစ်သင်းတွေ့ရင် ဂိုးတွေအပြန်အလှန်သွင်းတဲ့ သဘောပါပဲ။

ယူနိုက်တက်ကတော့ အိမ်ကွင်းခြေစွမ်းရော၊ အဝေးကွင်းခြေစွမ်းရော မှန်းဆရခက်ပါတယ်။ အိမ်ကွင်းလည်း ရှုံးချင်ရင် ရှုံးနေတဲ့အသင်းပါ။ စပါးကတော့ အဝေးကွင်းဆိုရင် ညံ့ဖျင်းလေ့ရှိပြီး ၂ပွဲကစားထားချိန် နိုင်ပွဲမရသေးဘဲ အဲဒီနှစ်ပွဲစလုံး ဂိုးတွေအပြန်အလှန်သွင်းခဲ့တာတော့ ရှိပါတယ်။

ဒီနေ့ပွဲမှာလည်း ဂိုးအပြန်အလှန်သွင်းဖို့များပြီး ဂိုးတွေများများမြင်ရမယ်လို့ထင်ပါတယ်။ ၁-၁၊ ၂-၂ ဆိုတဲ့ ရလဒ်တွေထွက်လာပြီးတော့ သရေပွဲဖြစ်နိုင်ချေ ပိုများတယ်လို့လည်း ယူဆမိပါတယ်။

ချယ်လ်ဆီးအတွက် ၃ ပွဲကစားပြီးချိန်မှာ ဆန်ချိုက ၃ ကြိမ်ဖန်တီးပေးပြီးပါပြီ။ တပွဲကို တကြိမ်နှုန်းဖြစ်ပြီး ချယ်လ်ဆီးကစားသမားဘ...
29/09/2024

ချယ်လ်ဆီးအတွက် ၃ ပွဲကစားပြီးချိန်မှာ ဆန်ချိုက ၃ ကြိမ်ဖန်တီးပေးပြီးပါပြီ။ တပွဲကို တကြိမ်နှုန်းဖြစ်ပြီး ချယ်လ်ဆီးကစားသမားဘ၀အစက ပျော်ရွှင်စရာတွေပါပဲ။ ခြေစွမ်းပိုင်းအရ ဒေါင်ဒေါင်မြည်အဆင့်မဟုတ်ပေမယ့် ကစားခွင့်ရတိုင်း ဂိုးဖန်တီးပေးထားတာမို့ သူ့ကိုယ်သူ ယုံကြည်ချက် ပြည့်၀သွားမှာပါ။

မာရီစကာအတွက် ဆန်ချိုကို သူ့အသင်းလူစာရင်းမှာ ပေါင်းထည့်နိုင်ခဲ့တာက ဘာပဲဖြစ်ဖြစ် မှန်ကန်တယ်လို့ ပြောနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ အနည်းဆုံးတော့ အရန်အင်အားတောင့်တင်းပြီး ဂိုးရအောင် လုပ်ပေးနိုင်တဲ့ ကစားသမားတဦးကို သူတို့ဆီမှာ ရှိနေစေခဲ့မှာပါ။

ယူနိုက်တက်မှာတောင် ဆန်ချိုက ဒါမျိုးမလုပ်ပြနိုင်ခဲ့ပါဘူး။ ချယ်လ်ဆီးမှာတော့ သူ အဆငပြေနေပြီး ဒီပုံစံကိုထိန်းထားနိုင်မယ်၊ ယုံကြည်မှုလည်းပြည့်၀သွားမယ်ဆိုရင် အရင်တုန်းက ဆန်ချိုကို ပြန်မြင်ရမလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစရာပါပဲ။

လက်စတာနဲ့ ၂-၂ သရေကျနေပြီး အမှတ်ခွဲပေး၇တော့မလို ဖြစ်ခဲ့တဲ့ အာဆင်နယ်ဟာ နောက်ဆုံးမိနစ်တွေမှာ ၂ဂိုးထပ်သွင်ပြီး အနိုင်ရခဲ့ပါတ...
29/09/2024

လက်စတာနဲ့ ၂-၂ သရေကျနေပြီး အမှတ်ခွဲပေး၇တော့မလို ဖြစ်ခဲ့တဲ့ အာဆင်နယ်ဟာ နောက်ဆုံးမိနစ်တွေမှာ ၂ဂိုးထပ်သွင်ပြီး အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ အချီးကျူးသင့်ဆုံးကတော့ အနိုင်ရဖို့အတွက် အားထည့်ကစားခဲ့တဲ့ အသင်းသားတွေရဲ့ စိတ်ဓာတ်ပိုင်းပါပဲ။

ဂိုးရဖို့အတွက် တသင်းလုံး အားကြိုးမာန်တက်ကစားခဲပြီး ဂိုးမရမချင်းကို ကစားအားမလျှော့ခဲ့ပါဘူး။ လက်စတာရဲ့ အမှားက ဘာဖြစ်သွားလဲဆိုရင် ထောင့်ကန်ဘောတွေနေ ဂိုးရအောင်ယူတတ်တဲ့ အာဆင်နယ်ကို ထောင့်ကန်ဘောတွေ ပေးမိတာပါပဲ။

ထရိုဆာ့ဒ်က အဲဒီကတဆင့် ဂိုးသွင်းနိုင်ခဲပြီး နောက်ထပ်တဂိုးပါ ရသွားပါသေးတယ်။ အာဆင်နယ်စိတ်ဓာတ်ပိုင်းအားကောင်းလာတာ၊ နိုင်လိုစိတ်ပြင်းပြလာတာတွေကို အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ အဲဒီအပိုင်းမှာ အမြဲတမ်းအားနည်းနေခဲ့တဲ့ အာဆင်နယ်က အခု အဲဒီအချက်ကို ပြင်ဆင်နိုင်ခဲ့ပါပြီ။

လာလီဂါမှာ ပွဲတိုင်းနိုင်ပြီး ဇယားထိပ်ဆုံးကိုရောက်နေတဲ့ ဘာစီလိုနာတို့ အိုဆာဆူနာကွင်းမှာ ၄-၂ နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ အံ...
29/09/2024

လာလီဂါမှာ ပွဲတိုင်းနိုင်ပြီး ဇယားထိပ်ဆုံးကိုရောက်နေတဲ့ ဘာစီလိုနာတို့ အိုဆာဆူနာကွင်းမှာ ၄-၂ နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ အံ့အားသင့်ဖွယ်ရာရလဒ်ဖြစ်ပြီး ကစားပုံရော၊ ရလဒ်ပါ အကောင်းဆုံးဖြစ်နေတဲ့ ဘာကာတို့ စိတ်ပျက်ဖွယ်ရာ အရှုံးကို ရင်ဆိုင်လိုက်ရပါတယ်။

လာမိုင်းယာာမယ်လ်သာ နောက်ဆုံးမိနစ်ချေပဂိုးကို မသွင်းရင် ၄-၁ နဲ့ ပိုပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်မှာပါ။ ဟန်ဆီဖလစ်တယောက် မျက်စိမျက်နှာကို ပျက်နေခဲ့ပြီး သူ့အသင်းဘာဖြစ်သွားလဲဆိုတာကို အဖြေရှာနေလောက်ပါပြီ။

အိုဆာဆူနာကိုတော့ ချိးကျူးရပါမယ်။ ပွဲချိန်အစောပိုင်းမှာပဲ ၂ ဂိုးထည့်ထားပြီးတော့ ၂-၁ ဖြစ်သွားတဲ့နောက် ၂ ဂိုးထပ်သွင်းကာ ၄-၁ နဲ့ ပွဲကို အပြတဖြတ်ထားနိုင်ခဲ့တာပါ။ ဘာကာတို့ ဒီရှုံးပွဲနေ အမြန်ဆုံးရုန်းထွက်ပြနိုင်ဖို့ လိုအပ်သွားပါပြီ။

ကိုးလ်ပယ်လ်မာကတော့ ပရီးမီးယားလိဂ်သမိုင်းမှာ စံချိန်သစ်ပါ ယူခဲ့ပါပြီ။ ညကပွဲမှာ ပထမပိုင်း မိနစ် ၄၀ အတွင်း တဦးတည်း ၄ ဂိုးသွ...
29/09/2024

ကိုးလ်ပယ်လ်မာကတော့ ပရီးမီးယားလိဂ်သမိုင်းမှာ စံချိန်သစ်ပါ ယူခဲ့ပါပြီ။ ညကပွဲမှာ ပထမပိုင်း မိနစ် ၄၀ အတွင်း တဦးတည်း ၄ ဂိုးသွင်းခဲ့တာပါ။ ဒါမျိုးကို ပရီးမီးယားလိဂ်မှာ ဘယ်ကစားသမားမှ မလုပ်နိုင်ခဲ့ဖူးပါဘူး။ တပွဲတည်း ၅ ဂိုးအထိ သွင်းခဲ့တဲ့သူတွေရှိပေမယ့် ပထမပိုင်းတပိုင်းတည်းမှာပဲ ၄ ဂိုးသွင်းခဲ့သူက ပယ်လ်မာ ပထမဆုံးဖြစ်လာပါတယ်။

သူ့ရဲ့ နေ့၊ သူ့ရဲ့ ညကို ဖန်တီးရယူသွားခဲ့ပြီး ဟက်ထရစ်ဘောလုံးတွေလည်း သူ့အိမ်မှာ တော်တော်လေးစုမိနေလောက်ပါပြီ။ ဒီကောင်လေါ်က မန်စီးတီးကနေ ချယ်လ်ဆီးကို ရောက်ကတည်းက ပုံမှန်ခြေစွမ်းပြနေတာ အခုချိန်ထိပါပဲ။ ပိုပြီးတိုးတက်လာတဲ့ အပိုင်းတွေလည်း ရှိပါတယ်။

ဂိုးတွေသွင်းတယ်၊ ဖန်တီးပေးတယ်၊ ကစားကွက်မှာ အဓိကကျတဲ့နေရာက ပါဝင်တယ်။ ချယ်လ်ဆီးတို့ သူ့ကို ခေါ်ယူလိုက်နိုင်တာ အများကြီးကို မှန်ကန်ပြီး အကျိုးရှိခဲ့ပါတယ်။

အဲဗာတန်က ဒီရာသီ ပရီးမီးယားလိဂ်မှာ တစ်ပွဲမှမနိုင်သေးပါဘူး။ ပဲလေ့စ်ကတော့ အကောင်းကြီးမဟုတ်တောင်မဆိုးဘူးလို့ ပြောလို့ရတဲ့ ခြ...
28/09/2024

အဲဗာတန်က ဒီရာသီ ပရီးမီးယားလိဂ်မှာ
တစ်ပွဲမှမနိုင်သေးပါဘူး။
ပဲလေ့စ်ကတော့ အကောင်းကြီးမဟုတ်တောင်
မဆိုးဘူးလို့ ပြောလို့ရတဲ့ ခြေစွမ်းမျိုးကို ပြသထားပါတယ်။

ချဲလ်ဆီး၊ မန်ယူတို့ကို သရေကစားထားနိုင်တာက
သူတို့ ဘယ်လောက်အထိ လုပ်ပြနိုင်လဲဆိုတဲ့ သက်သေပါပဲ။

ဒါပေမယ့် အဲဗာတန်ကွင်းမှာတော့ ပဲလေ့စ်တို့ မလွယ်ပါဘူး။
အဲဗာတန်က ဒီရာသီ ပထမဆုံးနိုင်ပွဲကို အရယူဖို့
သေချာပေါက် ရုန်းကန်လာမှာဖြစ်ပြီး
ဂွတ်ဒ်ဆင်ပါ့ခ်မှာတော့ အဲဗာတန်ကိုပဲ ရွေးချယ်ချင်ပါတယ်။

ရွေးချယ်မှု - အဲဗာတန်

Website - happybzgame.com

နယူးကာဆယ် နဲ့ မန်စီးတီးစနေညရဲ့ ပထမဆုံးပွဲကတော့ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေပါတယ်။ မန်စီးတီးက ရိုဒရီမပါဘဲ နယူးကာဆယ်ကို...
28/09/2024

နယူးကာဆယ် နဲ့ မန်စီးတီး

စနေညရဲ့ ပထမဆုံးပွဲကတော့ စိတ်ဝင်စားစရာတွေနဲ့
ပြည့်နှက်နေပါတယ်။
မန်စီးတီးက ရိုဒရီမပါဘဲ နယူးကာဆယ်ကို ရင်ဆိုင်ရမှာဖြစ်ပြီး
တော်တော်လေးကို ခက်ခဲပါလိမ့်မယ်။

နယူးကာဆယ်ကလည်း အဆိပ်ရှိတဲ့ အသင်းတစ်သင်းဆိုတာကို
သက်သေပြထားပြီး အိမ်ကွင်းမှာ မန်စီးတီးကို ဒုက္ခပေးပါလိမ့်မယ်။

ဇယားထိပ်ဆုံးက မန်စီးတီးတို့ အမှားခံလို့မရပေမယ့်
ရိုဒရီမပါတဲ့ မန်စီးတီးကို အငိုက်မိအောင် နယူးကာဆယ်တို့
ဘယ်လောက်စွမ်းဆောင်ပြနိုင်မလဲ စိတ်ဝင်စားပါတယ်။

နယူးကာဆယ်ဘက်ကပဲ အရဲစွန့်နေချင်ပါတယ်။

ရွေးချယ်မှု - နယူးကာဆယ်
-

အာဆင်နယ် နဲ့ လက်စတာ

အာဆင်နယ်က ဘယ်လောက်အထိ ကောင်းလာလဲဆိုတာကို
မန်စီးတီးနဲ့ပွဲမှာ သက်သေပြခဲ့ပါတယ်။

ကြားရက်မှာလည်း လူငယ်တွေနဲ့ ဘော်လ်တန်ကို အနိုင်ကစားပြထားပါတယ်။
လက်စတာက တန်းတက်အသင်းတစ်သင်းဆိုပေမယ့်
ပရီးမီးယားလိဂ်ဖလားရဖူးပြီး အတွေ့အကြုံကောင်းကောင်းရှိပြီးသားပါ။

အာဆင်နယ်ကလည်း မန်စီးတီးနဲ့ပွဲမှာ အနိုင် (၃) မှတ်ရသင့်ရဲ့သားနဲ့
သရေနဲ့ ကျေနပ်ခဲ့ရတာကို ဒီပွဲမှာ ပြန်ပေါက်ကွဲပြပါလိမ့်မယ်။

အမ်းမရိတ်စ်မှာတော့ အာဆင်နယ်ကိုပဲ သေချာပေါက် ရွေးချယ်ရမှာပါ။

ရွေးချယ်မှု - အာဆင်နယ်
-

အူဒီးနီးစ် နဲ့ အင်တာမီလန်

ဒီရာသီမှာ အူဒီးနီးစ်က အင်တာမီလန်ထက်တောင်
ပိုခြေစွမ်းပြထားတယ် ပြောရပါမယ်။

လက်ရှိချန်ပီယံအင်တာမီလန်က နောက်ဆုံးပွဲမှာလည်း
မြို့ခံပြိုင်ဘက် အေစီမီလန်ကို ရှုံးခဲ့ပါသေးတယ်။

အူဒီးနီးစ်က တောက်လျှောက်ရလဒ်တွေကောင်းနေပမယ့်
အင်တာမီလန်က နောက်ဆုံးပြိုင်ပွဲ (၃) ပွဲဆက်
နိုင်ပွဲပျောက်ထားပါတယ်။

ဒီပွဲက အင်တာမီလန်တို့ ပြန်လည်ရုန်းကန်ရမယ့်ပွဲဖြစ်ပြီး
အဝေးကွင်းမှာ အနိုင်မျှော်မှန်းပြီး ကစားမယ့်
အင်တာမီလန်ကိုပဲ ရွေးချယ်ချင်ပါတယ်။

ရွေးချယ်မှု - အင်တာမီလန်

Website - happybzgame.com

ဒီနေ့တော့ မန်စီးတီးတို့ နယူးကာဆယ်ကွင်းမှာ သွားကစားရမှာပါ။ ဒီပွဲမှာ ဒီဘရိုင်းမပါနိုင်သေးသလို ရိုဒရီလည်း ဒဏ်ရာကြောင့် ရာသီ...
28/09/2024

ဒီနေ့တော့ မန်စီးတီးတို့ နယူးကာဆယ်ကွင်းမှာ သွားကစားရမှာပါ။ ဒီပွဲမှာ ဒီဘရိုင်းမပါနိုင်သေးသလို ရိုဒရီလည်း ဒဏ်ရာကြောင့် ရာသီကုန်အထိ နားရမှာမို့ အဓိကကွင်းလယ်လူနှစ်ဦး မပါဝင်နိုင်ပါဘူး။ ဒါက နယူးကာဆယ်အတွက် အခွင့်အရေးဖြစ်လာမားပါပဲ။

စိန့်ဂျိမ်းပါ့ခ်မှာ တွေ့ခဲ့တဲ့ နောက်ဆုံး ၈ ကြိမ်မှာ မန်စီးတီးက တပွဲသာ ရှုံးထားပြီး ၄ ပွဲနိုင်ကာ ၃ ပွဲသရေကျထားပါတယ်။ ထူးခြားတာကတော့ နောက်ဆုံး ၆ ပွဲဆက်တိုက် နှစ်သင်းပေါင်းသွင်းဂိုးက အနည်းဆုံး ၃ဂိုးနဲ့အထက် ရှိနေတာပါ။ ဂိုးမြူးတဲ့ပွဲလို့ ဆိုရပါမယ်။

ကာဆယ်က နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာ ဖူလ်ဟမ်ကိုရှုံးထားပြီး မန်စီးတီးက အာဆင်နယ်နဲ့ သရေကျထားပါတယ်။ နယူးကာဆယ်က ဒီရာသီကစားထားတဲ့ အိမ်ကွင်း ၂ပွဲလုံး နိင်ထားပြီး မန်စီးတီးကတော့ ပရီးမီးယားလိဂ်အဝေးကွင်း နောက်ဆုံး ၆ ပွဲဆက်နိုင်ထားပါတယ်။

အစဉ်အလာအရ၊ အချက်အလက်အရ မန်စီးတီးသာနေပေမယ့် အဓိကကစားသမားတွေ မပါဝင်တာက အားနည်းချက်ဖြစ်နေလို့ သူတို့အတွက် မလွယ်လောက်မယ့်ပွဲပါ။ နယူးကာဆယ်ကလည်း အိမ်ကွင်းဆို ကစားပုံပိုကောင်းလို့ မန်စီးတီးရုန်းကန်ရနိုင်ပါတယ်။ နိုင်ရင်တောင်မှ ဂိုးပြတ်ဖို့ မလွယ်ပါဘူး။

ညက ဒေါ့မွန်ရဲ့ come back က ခပ်ကြမ်းကြမ်းပါပဲ။ အိမ်ကွင်းမှာ ၂-၀ နဲ့ အရေးနိမ့်နေရာကနေ ဘိုချမ်ကို ၄ ဂိုးပြန်သွင်းပြီး အနိုင...
28/09/2024

ညက ဒေါ့မွန်ရဲ့ come back က ခပ်ကြမ်းကြမ်းပါပဲ။ အိမ်ကွင်းမှာ ၂-၀ နဲ့ အရေးနိမ့်နေရာကနေ ဘိုချမ်ကို ၄ ဂိုးပြန်သွင်းပြီး အနိုင်ရခဲ့ပါတယ်။ နူရီဆာဟင်ရဲ့ အသင်းဟာ စတုဂတ်ကို ၅-၁ နဲ့ အရေးနိမ့်ခဲ့ရာကနေ အကောင်းဆုံးရုန်းထွက်ပြခဲ့ပါတယ်။

သူတို့ရဲ့ ထုံးစံအတိုင်း လူငယ်တွေကို မွေးထုတ်ထားပြီး အသစ်ခေါ်ယူထားတဲ့ ဂူယာဆီကလည်း ခြေစွမ်းပြလာပါပြီ။ ဘိုင်ယန်နဲ့ လေဗာကူဆင်ကိုပဲ အားလုံးက အာရုံစိုက်နေချိန်မှာ ဒေါ့မွန်က ဇယားဒုတိယနေရာအထိကို ရောက်လာပါပြီ။

စတုဂတ်နဲ့ပွဲကိုသာ သူတို့ အဲဒီလောက်ရုပ်ပျက်ဆင်းပျက်မဖြစ်ခဲ့ရင် ဆာဟင်ရဲ့ စွမ်းဆောင်ရည်က အခုထက်ပိုပြီး အသိအမှတ်ပြုခံရမှာပါ။ ဒေါ့မွန်တိုက်စစ်ပိုင်းကလည်း ဘွန်ဒက်လီဂါမှာ ထိပ်ဆုံး ၅ သင်းစာရင်းဝင်နေဆဲဖြစ်ပါတယ်။

ရော်နယ်ဒိုတယောက် ညကဂိုးသွင်းပြီးတော့ အသင်းဖော်တွေကို လှည့်စားသွားခဲ့ပါတယ်။ ပင်နယ်တီကနေ သွင်းယူခဲ့တာဖြစ်ပြီး ဂိုးသွင်းပြီ...
28/09/2024

ရော်နယ်ဒိုတယောက် ညကဂိုးသွင်းပြီးတော့ အသင်းဖော်တွေကို လှည့်စားသွားခဲ့ပါတယ်။ ပင်နယ်တီကနေ သွင်းယူခဲ့တာဖြစ်ပြီး ဂိုးသွင်းပြီးနောက် သူက အောင်ပွဲခံဖို့အတွက် ပြေးထွက်လာခဲ့တာပါ။

ပြေးထွက်လာတဲ့ပုံစံက သူ စူးဝီးလုပ်မယ့်ဟန်ပါ။ ဒါမို့လည်း နောက်ကလိုက်လာတဲ့ အသင်းဖော်တွေက စူးဝီးကိုယ်စီလုပ်ခဲ့ကြပြီး ရော်နယ်ဒိုကတော့ ခုန်ပြီးပြန်ကျလာချိန်မှာ ရင်ဘတ်ပေါ်လက်တင် အောင်ပွဲခံဟန်ကို ပြောင်းသွားခဲ့တာပါ။ အသင်းဖော်တွေ အငိုက်မိသွားခဲ့ပါတယ်။

ဒီပွဲမှာ ၂-၀ နဲ့ အယ်လ်နာဆာတို့အနိုင်ရခဲ့တာပါ။ ရော်နယ်ဒိုကတော့ ဂိုး ၁၀၀၀ ပြည့်ရည်မှန်းချက်အတွက် နောက်ထပ်တဂိုး ထပ်ရခဲ့ပါပြီ။ ၉၇ ဂိုးသာ သူ လိုပါတော့တယ်။

မနေ့ညက ONE Championship မှာ ထိုးသတ်ခဲ့တဲ့ မြန်မာဖိုက်တာ နှစ်ဦးစလုံး အရေးနိမ့်ခဲ့ပါတယ်။ ပြိုင်ဘက်တွေကို ဘယ်လိုမှမယှဉ်နိုင...
28/09/2024

မနေ့ညက ONE Championship မှာ ထိုးသတ်ခဲ့တဲ့ မြန်မာဖိုက်တာ နှစ်ဦးစလုံး အရေးနိမ့်ခဲ့ပါတယ်။ ပြိုင်ဘက်တွေကို ဘယ်လိုမှမယှဉ်နိုင်ခဲ့ဘဲ ရှုံးနိမ့်ခဲ့တာပါ။

သန့်ဇင်ကတော့ ကစ်ဘောက်ဆင်ပွဲအဖြစ် တာခဲရုလို ဖိုက်တာကို ရင်ဆိုင်ခဲ့ရတာမို့ သူ့အတွက် မလွယ်ဘူးဆိုတာ အားလုံးက ခန့်မှန်းထားပြီးသားပါ။ ဒါပေမယ့် ကစားသမားရဲ့ မာကျောမှု၊ စိတ်အားထက်သန်မှုကြောင့် အားလုံးက မျှော်လင့်ခဲ့ကြပြီး တကယ်ထိုးသတ်ချိန် ပထမအချီမှာ တာခဲရုကို ပစ်လဲကျအောင်ကို သူ ထိုးခဲ့လို့ အားတက်ခဲ့ရပါသေးတယ်။

တာခဲရုက သူ့အမှားကို သူသိပြီး ဒုတိယအချီမှာ ပြင်ဆင်လာတယ်။ သန့်ဇင်က အားတက်ပြီး တိုက်စစ်ဖွင့်ထိုးဖို့ကို ရွေးချယ်ခဲ့တာာ မှားသွားပါတယ်။ ပွဲချဉ်းကပ်ပုံ မှားသွားချိန်မှာ သူ တာခဲရုရဲ့ ဖိအားပေးတာကို ခံလိုက်ရပြီး အလဲထိုးခံလိုက်ရပါတော့တယ်။ ရှုံးပေမယ့် သူ့အတွက် သိပ်ဝမ်းနည်းစရာမရှိပါဘူး။ ဘက်မတူတဲ့ ပြိုင်ဘက်ဖြစ်နေပြီး သူ ကျွမ်းကျင်တဲ့ထိုးသတ်ကစားနည်းမဟုတ်လို့ပါ။ မွေထိုင်းမှာ ပြန်ထိုးချင်သေးတယ်လို့ သန့်ဇင်က စိန်ခေါ်ထားပါတယ်။

နာဘီလ်နဲ့ စိုးလင်းဦးပွဲကတော့ အားလုံးထင်သမျှနဲ့ လွဲတာပါပဲ။ စိုးလင်းဦး မာကျောလွန်းလို့ အလဲထိုးနဲ့မရှုံးတာပါ။ ၃ ချီစလုံးမှာ နာဘီလ်က အသာစီးကနေ ထိုးသွားခဲ့ပါတယ်။ အရပ်အမောင်း အားသာချက်ရှိနေတဲ့ နာဘီလ်ကို စိုးလင်းဦး အနားတောင်မကပ်နိုင်ခဲ့ဘဲ ထိချက်ကောင်းကောင်းလည်း မလုပ်နိုင်ခဲ့ဘူး။

နာဘီလ်က ဖြောင့်လက်သီးတွေ၊ ဒူးတိုက်ချက်၊ တံတောင်တွေကို ဆက်တိုက်သုံးပြီး စိုးလင်းဦးကို အထိနာစေခဲ့တာပါ။ တော်တန်ရုံဖိုက်တာဆိုရင် အလဲထိုးပါပဲ။ ၃ချီစလုံး နာဘီလ်က ပိုသာခဲ့တာ အသိသာကြီးပါ။ ဒုတိယအချီမှာကတည်းက စိုးလင်းဦးရှုံးမယ်လို့ အားလုံးတွက်ဆမိမှာပါ။ မြန်မာဖိုက်တာတွေအတွက် ပရိသတ်တွေ စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ညပါပဲ။

Address

Yangon
11121

Alerts

Be the first to know and let us send you an email when BallZay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share