
18/10/2024
အချိုပွဲတွေတ၀ကြီးစားရင်း ရေကူးနိုင်ပြီး လူသိပ်မများတဲ့နေရာလေး✨💕
ရန်ကုန်မြို့ရဲ့ 5stars hotel တွေထဲက Sedona hotel မှာ ပိတ်ရက်လေးကို high tea setလေးစားရင်းရေကူးဖြစ်ခဲ့ပါတယ်💦
မုန့်လေးတွေကတော့ပုံပါ အကုန်လုံးပါပါတယ် (၂ယောက်စာပါ) သူကတော့ရွေးလို့မရပါဘူး hotelကစီစဉ်ပေးတဲ့အတိုင်းစားရတာပါ Rating⭐⭐⭐ပါ
အစားသောက်တွေရဲ့အရသာက အရမ်းကြီးကောင်းတာမျိုးတော့မဟုတ်ပေမယ့် စားလို့ရတဲ့အနေထားတော့ရှိပါတယ် Rating ကတော့ ⭐⭐⭐ပေးပါတယ်
Drinksအနေနဲ့ကတော့ Tea or coffee ရွေးချယ်လို့ရပါတယ် အရသာကတော့ သူ့ကိုလဲ ⭐⭐⭐ပါ
p.s dessert တွေချည်းဖြစ်လို့အရမ်းတော့ချိုပါတယ် ချိုတာမကြိုက်ရင် သူတို့ဆီမှာ Yum cha setယူလို့လဲရပါတယ်
လာပါပြီ...အရမ်းကြိုက်တာကတော့ရေကူးကန်ပါ💦
သူကလေပိတ်ရက်မို့လူနည်းနည်းများပေမယ့်အရမ်းပြည့်ကျပ်နေတာမျိုးမဟုတ်ပဲ အရမ်းကူးလို့ကောင်းပါတယ် ivyဆို ၄ထဲကကူးတာ ၆လောက်မှရေပေါ်တက်တာပါ ဒါတောင်မတက်ချင်သေးဘူး-,-
Locker မထားပေးတာတော့ အဆင်မပြေပေမယ့် towel ,shower, life jacket, swimming board အကုန်လုံးကို ယူပြီးသုံးလို့ရပါတယ်(ဒါတွေအတွက် chargesပေးစရာမလိုပါဘူး)
စားသံုးချိန်က -၂ကနေ ၄ပါ
ရေကူးချိန်ကတော့ ၄လောက်ကစပြီး၇လောက်အထိရပါတယ်(high tea only)
ဈေးနှုန်းကတော့ ၂ယောက်စာကို ၆၀၀၀၀ကျပ်ပါ ဒါပေမဲ့ payment ကြိုရှင်းရင်တော့ ၅၀၀၀၀နဲ့ရပါတယ်
Ivyတို့ကတော့ကြိုရှင်းခဲ့ပါတယ်
နောက်တခေါက်ထပ်သွားမယ့်အထဲမှာပါပါတယ် ရေကူးကန်ကိုအရမ်းကြိုက်လို့ပါ 💦
နောက်ထပ်reviewမှာပြန်တွေ့ကြမယ်နော်💕