Hanazakari Japan

ウェブサイト

Hanazakari Japan Hanazakari Japan, Media/News Company, yangon, Shibuya-kuの連絡先、地図と道順、お問い合わせフォーム、営業時間、サービス、評価、写真、動画、お知らせ。
(3)

Buy me a coffee - https://zwemanhiro.netlify.app/
2018 ကာလတည်းက ဂျပန်ဗဟုသုတများ ကို နေ့စဉ်တင်ဆက်နေသော like & follow လုပ်ထားသင့်တဲ့PAGE
*1991 born
Software Engineer
FB PAGE - ZweMan Hiro
FB PAGE - ZweMan One Piece

တားရော့အခမဲ့မေးချင်ရင် FB-Zweman Hiro page မှာ ဖြေဆိုပေးပါတယ်.🤗🤗🤗
18/08/2026

တားရော့အခမဲ့မေးချင်ရင် FB-Zweman Hiro page မှာ ဖြေဆိုပေးပါတယ်.🤗🤗🤗

တချိန်က ကမ္ဘာကျော်ခဲ့တဲ့ အသေခံဂျပန်အထူးတပ်ဖွဲ့ဒီ​နေ့တော့ ဗဟုသုတရရှိစေမဲ့ အကြောင်းအရာကို ဘာသာပြန်ရေးသားပါမယ်.ဂျပန်စစ်တပ်ရ...
18/08/2026

တချိန်က ကမ္ဘာကျော်ခဲ့တဲ့ အသေခံဂျပန်အထူးတပ်ဖွဲ့

ဒီ​နေ့တော့ ဗဟုသုတရရှိစေမဲ့ အကြောင်းအရာကို ဘာသာပြန်ရေးသားပါမယ်.
ဂျပန်စစ်တပ်ရဲ့ “တိုက်ပွဲမှာ အသေခံတိုက်ခိုက်တဲ့ အထူးတပ်ဖွဲ့ ” ကို ၁၉၄၄ ခုနှစ် အောက်တိုဘာလမှာ စတင်အသုံးပြုခဲ့ပါတယ်.
ဒုတိယကမ္ဘာစစ် ပြီးဆုံးချိန်မတိုင်ခင် ၁၀ လခန့်အလိုမှာ စတင်ခဲ့တာပါ.

ပထမဆုံး အထူးတပ်ဖွဲ့တိုက်ခိုက်မှုကို ၁၉၄၄ ခုနှစ် အောက်တိုဘာ ၂၅ ရက်မှာ ဖိလစ်ပိုင်နိုင်ငံအနီး လေတေး (Leyte) ပင်လယ်ပြင်တိုက်ပွဲမှာ ပြုလုပ်ခဲ့ပါတယ်.
နောက်ပိုင်း စစ်ပွဲအခြေအနေ ပိုမိုဆိုးရွားလာတာနဲ့အမျှ အသေခံတိုက်ခိုက်မှုတွေ ပိုမိုများပြားလာပြီး ၁၉၄၅ ခုနှစ် ဩဂုတ် ၁၅ ရက် ဂျပန်လက်နက်ချတဲ့နေ့အထိတောင် ဆက်လက်ပြုလုပ်နေခဲ့ပါတယ်.

အထူးတပ်ဖွဲ့ဝင်တွေထဲမှာ လေယာဉ်တွေကို ဗုံးတပ်ပြီး ရန်သူ့သင်္ဘောတွေကို တိုက်ခိုက်တာအပြင် လှေတွေနဲ့လည်း အသေခံတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်.

မှတ်တမ်းတွေအရ အထူးတပ်ဖွဲ့ကြောင့် သေဆုံးခဲ့သူတွေဟာ
ကြည်းတပ် ၂,၂၂၅ ဦး
ရေတပ် ၄,၁၄၆ ဦး
စုစုပေါင်း ၆,၃၇၁ ဦး
ဖြစ်ပါတယ်.

၁၉၄၅ ခုနှစ် မတ်လမှာ စတင်ခဲ့တဲ့ အိုကီနာဝါတိုက်ပွဲမှာလည်း အထူးတပ်ဖွဲ့တိုက်ခိုက်မှုတွေ အများအပြား ပြုလုပ်ခဲ့ပါတယ်.
တိုက်လေယာဉ်တွေမှာ ၂၅၀ ကီလိုဂရမ်ခန့်ရှိတဲ့ ဗုံးတွေ တပ်ဆင်ပြီး ဂျပန်နိုင်ငံ ကာဂိုရှီးမား၊ ဖူကူအိုကာ စတဲ့နေရာတွေရှိ လေယာဉ်ကွင်းတွေကနေ ထွက်ခွာတိုက်ခိုက်ခဲ့ကြပါတယ်.
ထိုအချိန်က ဂျပန်အုပ်ချုပ်မှုအောက်မှာရှိခဲ့တဲ့ ထိုင်ဝမ်ကနေ ထွက်ခွာတိုက်ခိုက်ခဲ့တဲ့ အထူးတပ်ဖွဲ့ဝင်တွေလည်း ရှိခဲ့ပြီး ၁၀လအတွင်း လူ ၆ထောင်ကျော်ထိ အသေခံတိုက်ခိုက်ပြီး ကမ္ဘာကျော်တဲ့ထိ နာမည်ကြီးခဲ့ပါတယ်.
#ဂျပန်အထူးတပ်ဖွဲ့ #ကာမီကာဇေ #ဂျပန်ရေတပ် #ဂျပန်လေတပ်

မြန်မာနိုင်ငံမြောက်ပိုင်း စစ်ကိုင်းတိုင်းမှာ ၂၀၂၅ ခုနှစ် မတ်လက ဖြစ်ပွားခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးသွားတဲ့ စေတီ (ဂျပန်စစ်...
17/08/2026

မြန်မာနိုင်ငံမြောက်ပိုင်း စစ်ကိုင်းတိုင်းမှာ ၂၀၂၅ ခုနှစ် မတ်လက ဖြစ်ပွားခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးသွားတဲ့ စေတီ (ဂျပန်စစ်သားတွေကို အောက်မေ့ဂုဏ်ပြုထားတဲ့ စေတီ) နဲ့ ကျောက်စာတွေကို ပြန်လည်တည်ဆောက်၊ ပြုပြင်ဖို့ စတင်နေတယ်လို့သိရပါတယ်.

ဩဂုတ် ၁၅ ရက်မှာ ပြန်လည်တည်ဆောက်ရေးအတွက် အုတ်မြစ်ချအခမ်းအနား ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံရှိ ဂျပန်လူမှုစီးပွားဖွံ့ဖြိုးရေးအဖွဲ့နဲ့ ဂျပန်သံရုံးတာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်.

အဆိုပါစေတီကို ၁၉၇၆ ခုနှစ်ဝန်းကျင်က တည်ဆောက်ခဲ့တာဖြစ်ပြီး ငလျင်ကြောင့် ထိပ်ပိုင်းအပါအဝင် အစိတ်အပိုင်းတွေ အကြီးအကျယ်ပျက်စီးခဲ့တာကြောင့် စေတီတစ်ခုလုံးကို ပြန်လည်တည်ဆောက်သွားမှာ ဖြစ်ပါတယ်.

ဂျပန်စစ်သားတွေရဲ့ အမည်တွေ ရေးထိုးထားတဲ့ ကျောက်စာတချို့လည်း ငလျင်ကြောင့် ပျက်စီးပြီး စာတွေ ဖတ်မရတော့တဲ့အတွက် ပြန်လည်ပြုပြင်ပြီး နေရာရွှေ့ပြောင်းထားရှိသွားမယ်လို့ သိရပါတယ်.
ပြန်လည်တည်ဆောက်ရေးကို ၂၀၂၇ ခုနှစ် မတ်လအတွင်း အပြီးသတ်ဖို့ ရည်ရွယ်ထားတယ်လို့ဆိုပါတယ်.
#ဂျပန်ဘုရား #ဂျပန်စေတီ #ဂျပန်မြန်မာ

မိုးကြီးလို့ ကားပေါ်မှာတင်ဆုံးပါးရတဲ့ဖြစ်စဉ်တွေဖြစ်ပေါ်နေဂျပန်နိုင်ငံ ချီဘာခရိုင်မှာ ဩဂုတ် ၁၃ ရက်ညကနေ ၁၄ ရက်မနက်အထိ မိုး...
14/08/2026

မိုးကြီးလို့ ကားပေါ်မှာတင်ဆုံးပါးရတဲ့ဖြစ်စဉ်တွေဖြစ်ပေါ်နေ

ဂျပန်နိုင်ငံ ချီဘာခရိုင်မှာ ဩဂုတ် ၁၃ ရက်ညကနေ ၁၄ ရက်မနက်အထိ မိုးသည်းထန်စွာရွာသွန်းပြီး လမ်းတွေ ရေလွှမ်းခဲ့တာကြောင့် လူ ၄ ဦး ဆုံးပါးခဲ့ပါတယ်.
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချီဘာမြို့နဲ့ အခြားဒေသတွေမှာ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ Level 5 မိုးသည်းထန်ရေကြီးမှုနဲ့ မြေပြိုမှုဆိုင်ရာ အထူးသတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်.

ရေကြီးမှုကြောင့် Ichikawa မြို့မှာ အသက် ၆၀ ကျော် ၇၀ ဝန်းကျင် အမျိုးသားတစ်ဦး ဆုံးပါးခဲ့ပြီး၊ Sakura မြို့မှာ ကားထဲရေဝင်ပြီး ပိတ်မိနေတဲ့ အသက် ၆၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ လမ်းပေါ်မှာ လဲကျနေတဲ့ အမျိုးသားတစ်ဦး၊ Yachiyo မြို့မှာ အမျိုးသားတစ်ဦးတို့ ဆုံးပါးခဲ့ပါတယ်.
Kashiwa မြို့မှာလည်း အသက် ၇၀ ကျော် အမျိုးသမီးတစ်ဦး ကားထဲပိတ်မိပြီး နှလုံးနဲ့အသက်ရှူရပ်တဲ့အခြေအနေဖြင့် ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်.

ရေကြီးမှုနဲ့ သယ်ယူပို့ဆောင်ရေးပြတ်တောက်မှုတွေကြောင့် Narita လေဆိပ်မှာ ခရီးသည် ၇,၀၀၀ ခန့် အပြင်ထွက်လို့မရဘဲ တစ်ညလုံး လေဆိပ်မှာ နေခဲ့ရပါတယ်.
ချီဘာခရိုင်အတွင်း ရထားလိုင်းအများအပြားလည်း ပြေးဆွဲမှုရပ်နားခဲ့တာကြောင့် အိမ်မပြန်နိုင်သူတွေ များပြားခဲ့ပါတယ်.

ချီဘာခရိုင်အစိုးရက အိမ်ပြန်မရတဲ့သူတွေကို သယ်ယူပို့ဆောင်ပေးဖို့ ကိုယ့်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (SDF) ရဲ့ သဘာဝဘေးကယ်ဆယ်ရေးအကူအညီကို တောင်းခံခဲ့ပါတယ်.
တခြားနိုင်ငံနဲ့မတူတာက မိုးလေကြီးနေချိန်မှာ ဖြစ်ပြီးမှလာတာမဟုတ်ပဲ ဖြစ်နေချိန် အိမ်ပြန်ခက်နေသူတွေအတွက် ဂျပန်စစ်တပ်ကိုအကူအညီတောင်းတာပါ.
မိုးကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပြီး ရထားနဲ့ လမ်းပန်းဆက်သွယ်ရေးတွေ ဆက်လက်ထိခိုက်နေပါတယ်.
မြန်မာနိုင်ငံသားတွေလည်း ချီဘာမှာအများအပြားနေထိုင်တာမို့ မိသားစုဝင်တွေဆက်သွယ်မေးမြန်းသင့်ပါတယ်.
#ဂျပန်ရေကြီး #ဂျပန်မိုး #ဂျပန်မုန်တိုင်း #ဂျပန်ကပ်ဘေး

ဂျပန်နိုင်ငံမှာနေထိုင်တဲ့ မြန်မာလူမျိုးအဖွဲ့ YFJ က Kumamoto ငလျင်ဘေးသင့်သူတွေအတွက် တိုကျိုမြို့ JR အိုဆူဂါဘူတာရှေ့မှာ အလ...
13/08/2026

ဂျပန်နိုင်ငံမှာနေထိုင်တဲ့ မြန်မာလူမျိုးအဖွဲ့ YFJ က Kumamoto ငလျင်ဘေးသင့်သူတွေအတွက် တိုကျိုမြို့ JR အိုဆူဂါဘူတာရှေ့မှာ အလှူငွေကောက်ခံခဲ့ပါတယ်.

“ဂျပန်က အရင်က ကျွန်တော်တို့ကို ကူညီပေးခဲ့တာကြောင့် အခု သူတို့အခက်အခဲကြုံတဲ့အချိန်မှာ ပြန်ကူညီချင်ပါတယ်” လို့ အဖွဲ့ဝင်တွေက ပြောပါတယ်.

အဲဒီနေ့မှာ ယန်း ၁၁၀,၀၀၀ ကျော် ရရှိခဲ့ပြီး Kumamoto ငလျင်ဘေးသင့်သူတွေအတွက် လှူဒါန်းခဲ့ပါတယ်.
#ဂျပန်ငလျင် #ဂျပန်ရေဘေး #သဘာဝဘေး #ကပ်ဘေး

12/08/2026

မြန်မာဘက်က တင်းကျပ်တဲ့စည်းကမ်းများကြောင့် လိုအပ်တဲ့လုပ်သားမရရှိတဲ့ ဂျပန် က အစားထိုးအနေနဲ့ အင်ဒိုနီးရှား ကနေ ခေါ်ယူနေပါတယ်.
အင်ဒိုကတော့ နေရင်းထိုင်ရင်း အမြတ်ထွက်တာပါ.
သတင်းပြောပြထားတာကတော့ Zweman Hiro မှာပါ

12/08/2026

ဂျပန်ထက်တောင် တစ်နာရီလုပ်ခပိုရပေမဲ့ အလုပ်ထွက်ကြတဲ့ မြန်မာဆိုတဲ့ ဒီအကြောင်းအရာကို Zweman Hiro Page မှာ မကြာခင် ပြောပြသွားပါမယ် 🤗

ဂျပန်ရဲ့ HondaJet က ကမ္ဘာတစ်ဝန်းကို လေယာဉ် ၂၇၅ စီးကျော် ပို့ဆောင်ပြီး Honda Aircraft Company တည်ထောင်ခဲ့တာ အနှစ် ၂၀ ပြည့...
11/08/2026

ဂျပန်ရဲ့ HondaJet က ကမ္ဘာတစ်ဝန်းကို လေယာဉ် ၂၇၅ စီးကျော် ပို့ဆောင်ပြီး Honda Aircraft Company တည်ထောင်ခဲ့တာ အနှစ် ၂၀ ပြည့်မြောက်လာပါပြီ.

Honda Aircraft Company ကို ၂၀၀၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး အဲ့ဒီအချိန်ကတည်းက အသေးစား Business Jet လေယာဉ်ဖြစ်တဲ့ HondaJet ကို ဒီဇိုင်းဆွဲ၊ ထုတ်လုပ်လာခဲ့တာပါ. လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်းမှာ HondaJet လေယာဉ် ၂၇၅ စီးကျော် ပို့ဆောင်ပြီးဖြစ်ပါတယ်.

HondaJet ကို အမေရိကန်နိုင်ငံ North Carolina ပြည်နယ်မှာ ၂၀၁၂ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့ပါတယ်.
၂၀၁၄ ခုနှစ်မှာ ပထမဆုံး ထုတ်လုပ်တဲ့ လေယာဉ်က ပထမဆုံးအကြိမ် ပျံသန်းခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ အမေရိကန် Federal Aviation Administration (FAA) ဆီက လေယာဉ်အမျိုးအစား အသိအမှတ်ပြုလက်မှတ် ရရှိခဲ့ပါတယ်.
အဲ့ဒီနောက် ဖောက်သည်တွေဆီကို စတင်ပို့ဆောင်ခဲ့တာပါ.

၂၀၁၇ ခုနှစ်မှာတော့ အမျိုးအစားတူ Business Jet တွေအကြား တစ်နှစ်အတွင်း အရေအတွက်အများဆုံး ပို့ဆောင်နိုင်တဲ့ လေယာဉ်အဖြစ် ကမ္ဘာ့နံပါတ် ၁ ဖြစ်လာခဲ့ပါတယ်.
၂၀၁၇ ကနေ ၂၀၁၉ ခုနှစ်အထိ ၃ နှစ်ဆက်တိုက် အများဆုံးရောင်းချနိုင်ခဲ့ပါတယ်.

၂၀၂၄ ခုနှစ်မှာတော့ HondaJet စုစုပေါင်း ၂၅၀ စီး ပို့ဆောင်နိုင်တဲ့ မှတ်တိုင်ကို ရောက်ရှိခဲ့ပါတယ်.

Honda က လေယာဉ်ရဲ့ နည်းပညာနဲ့ စွမ်းဆောင်ရည်တွေကိုလည်း ဆက်လက်မြှင့်တင်နေပါတယ်.
၂၀၂၁ ခုနှစ်မှာ HondaJet Elite S ကို ထုတ်ဖော်ပြသခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ HondaJet Elite II ကို မိတ်ဆက်ခဲ့ပါတယ်.

၂၀၂၆ ခုနှစ်မှာတော့ HondaJet ဟာ အရေးပေါ်အခြေအနေမှာ လေယာဉ်ကို အလိုအလျောက် ဆင်းသက်နိုင်စေမယ့် Emergency Autoland (EAL) စနစ်ကို တပ်ဆင်အသုံးပြုခွင့် အသိအမှတ်ပြုလက်မှတ် ရရှိခဲ့ပါတယ်.
ဒါဟာ အစုလိုက်အပြုံလိုက် ထုတ်လုပ်နေတဲ့ အင်ဂျင် ၂ လုံးပါ Ultra-Light Business Jet အမျိုးအစားတွေထဲမှာ ပထမဆုံးအကြိမ် EAL စနစ် အသိအမှတ်ပြုခံရတာ ဖြစ်ပါတယ်.

အခုလက်ရှိမှာတော့ Honda Aircraft Company က HondaJet Echelon ဆိုတဲ့ ပိုကြီးမားတဲ့ မော်ဒယ်အသစ်ကို ဆက်လက်တီထွင်နေပါတယ်.

HondaJet Echelon က လူ ၁၁ ယောက်အထိ လိုက်ပါနိုင်မယ့် Business Jet ဖြစ်ပြီး Pilot တစ်ယောက်တည်းနဲ့ မောင်းနှင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်.
ဒါ့အပြင် အမေရိကန်တိုက်ကြီးကိုဟိုဘက်ကမ်းရိုးတန်းကနေ ဒီဘက်ကမ်းရိုးတန်းအထိ တိုက်ကြီးရဲ့ ဘေးဆန့်ကျင်ဖက် တစ်ဖက်ကနေတစ်ဖက်အထိ မရပ်မနား ပျံသန်းနိုင်တဲ့ အကွာအဝေးစွမ်းရည် ရရှိအောင် တီထွင်နေပြီး ကမ္ဘာ့ပထမဆုံး ဒီလိုစွမ်းဆောင်ရည်ရှိတဲ့ Light Jet ဖြစ်လာဖို့ ရည်မှန်းထားပါတယ်.
မူရင်းဘာသာပြန်ကိုအားပေးပါ.
#ဟွန်ဒါ #ဂျက်လေယာဉ် #ဂျပန်

နိုင်ငံခြားသားတွေရဲ့ ဂျပန်အမြဲတမ်းနေထိုင်ခွင့်ကို ပိုမိုတင်းကျပ်မယ့် အစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြဂျပန်နိုင်ငံ တိုကျိုမြို့ ...
10/08/2026

နိုင်ငံခြားသားတွေရဲ့ ဂျပန်အမြဲတမ်းနေထိုင်ခွင့်ကို ပိုမိုတင်းကျပ်မယ့် အစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြ

ဂျပန်နိုင်ငံ တိုကျိုမြို့ Takadanobaba ဘူတာရှေ့မှာ သြဂုတ် ၉ ရက်နေ့က နိုင်ငံခြားသားတွေနဲ့ ဂျပန်နိုင်ငံသားတွေ အပါအဝင် လူပေါင်း ၈၀ ခန့် စုဝေးပြီး နိုင်ငံခြားသားတွေရဲ့ အမြဲတမ်းနေထိုင်ခွင့်ကို ပိုမိုတင်းကျပ်မယ့် လူဝင်မှုကြီးကြပ်ရေးအေဂျင်စီရဲ့ အစီအစဉ်ကို ဆန့်ကျင်ခဲ့ကြပါတယ်.

ဂျပန် လူဝင်မှုကြီးကြပ်ရေးအေဂျင်စီက အမြဲတမ်းနေထိုင်ခွင့်ရရှိဖို့ လိုအပ်ချက်တွေကို ပိုမိုတင်းကျပ်ဖို့ လမ်းညွှန်ချက်အသစ် ပြင်ဆင်မယ့် အစီအစဉ်ကို ထုတ်ပြန်ထားပါတယ်.
အဆိုပါအစီအစဉ်အရ ဝင်ငွေလိုအပ်ချက်ကို လက်ရှိထက် မြှင့်တင်ပြီး ဂျပန်အိမ်ထောင်စုတွေရဲ့ ပျမ်းမျှနှစ်စဉ်ဝင်ငွေထက် မနည်းတဲ့ဝင်ငွေကို ဆက်တိုက်ရရှိထားဖို့ လိုအပ်လာနိုင်ပါတယ်.
ဒါ့အပြင် ပင်စင်ကနေ ရရှိတဲ့ငွေပမာဏကိုလည်း အရည်အချင်းသတ်မှတ်ရာမှာ ထည့်သွင်းစဉ်းစားမယ့် အစီအစဉ်ရှိတာကြောင့် အမြဲတမ်းနေထိုင်ခွင့်ရဖို့ စီးပွားရေးဆိုင်ရာ အခက်အခဲ ပိုများလာနိုင်တယ်လို့ ဆန့်ကျင်သူတွေက ပြောပါတယ်.
အမြဲတမ်းနေထိုင်ခွင့် ရပြီးသား နိုင်ငံခြားသားတွေရဲ့ အမြဲတမ်းနေထိုင်ခွင့်ကို ပြန်လည်ရုပ်သိမ်းနိုင်မယ့် စည်းမျဉ်းအသစ်ကိုလည်း လာမယ့် ဧပြီလမှာ စတင်အသက်ဝင်ဖို့ စီစဉ်ထားပါတယ်.

ဆန္ဒပြသူတွေက ဒီလိုစည်းမျဉ်းတွေကို တင်းကျပ်လိုက်တာဟာ ဂျပန်လူ့အဖွဲ့အစည်းကို နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး ထောက်ပံ့ပေးနေတဲ့ နိုင်ငံခြားသားတွေအတွက် အမြဲတမ်းနေထိုင်ခွင့်ရနိုင်မယ့် အခွင့်အရေးကို ပိတ်ပင်သလို ဖြစ်လာနိုင်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်.

ဆန္ဒပြပွဲမှာ ပါဝင်သူတွေက “လူတစ်ယောက်ရဲ့ ဘဝအနာဂတ်ကို မတရားမှုဖြစ်စေတယ်”၊ “ဘယ်သူက ဂျပန်လူ့အဖွဲ့အစည်းထဲမှာ နေထိုင်ခွင့်ရှိသလဲဆိုတာ ရွေးချယ်ခွဲခြားတဲ့ ပုံစံဖြစ်နေတယ်” ဆိုပြီး ဝေဖန်ပြောဆိုခဲ့ကြပါတယ်.
အဆိုပါ အမြဲတမ်းနေထိုင်ခွင့် စည်းမျဉ်းအသစ်နဲ့ အမြဲတမ်းနေထိုင်ခွင့် ပြန်ရုပ်သိမ်းနိုင်မယ့် လမ်းညွှန်ချက်မူကြမ်းနှစ်ခုကို စက်တင်ဘာ ၃ ရက်အထိ အများပြည်သူရဲ့ သဘောထားတွေကို တောင်းခံနေပါတယ်.
ဂျပန်မှာ အမြဲတမ်းနေထိုင်ခွင့်ရပြီးသားသူကော လျှောက်မဲ့သူအပေါ်မှာပါ သက်ရောက်မှုတွေဖြစ်မှာပါ.
ဘယ်လိုအခြေအနေမှာ ပြန်ပယ်ဖျက်နိုင်တယ်ဆိုတာ ရှင်းပြပြီးသားမို့ ထပ်မရေးတော့ပါဘူး.
#ဂျပန်ဗီဇာ #ဂျပန်အလုပ် #ဂျပန်pr #ဂျပန်ဗီဇာ

ဂျပန်နားမှာ မြူးနေတဲ့ မုန်တိုင်းကြီး၃လုံးတိုင်ဖွန်း အမှတ် ၁၆ (Peilou) ဖြစ်ပေါ်လာ၊ အိုဂါဆာဝါရာကျွန်းအနီးရှိ အပူပိုင်းလေဖိ...
09/08/2026

ဂျပန်နားမှာ မြူးနေတဲ့ မုန်တိုင်းကြီး၃လုံး

တိုင်ဖွန်း အမှတ် ၁၆ (Peilou) ဖြစ်ပေါ်လာ၊ အိုဂါဆာဝါရာကျွန်းအနီးရှိ အပူပိုင်းလေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာ

ဂျပန် မိုးလေဝသဌာန (JMA) က သြဂုတ် ၉ ရက် တနင်္ဂနွေနေ့ ညနေ ၄ နာရီခွဲကျော်မှာ အိုဂါဆာဝါရာကျွန်းစုအနီးရှိ အပူပိုင်းလေဖိအားနည်းရပ်ဝန်း အားကောင်းလာပြီး တိုင်ဖွန်း အမှတ် ၁၆ (Peilou) အဖြစ် ပြောင်းလဲဖြစ်ပေါ်လာပြီလို့ ထုတ်ပြန်ခဲ့ပါတယ်.

လက်ရှိ တိုင်ဖွန်း အမှတ် ၁၆ ဟာ တစ်နာရီကို ကီလိုမီတာ ၂၀ ခန့်နှုန်းနဲ့ အရှေ့ဘက်ကို ရွေ့လျားနေပါတယ်.

တိုင်ဖွန်းရဲ့ ဗဟိုလေဖိအားက ၉၉၈ ဟက်တိုပါစကယ် ဖြစ်ပြီး ဗဟိုအနီးမှာ အမြင့်ဆုံးလေတိုက်နှုန်း တစ်စက္ကန့်ကို ၁၈ မီတာခန့်၊ အမြင့်ဆုံး လေပြင်းတိုက်နှုန်းက တစ်စက္ကန့်ကို ၂၅ မီတာခန့် ရှိနေပါတယ်.

ဗဟိုရဲ့ တောင်ဘက် ၂၂၀ ကီလိုမီတာအတွင်းနဲ့ မြောက်ဘက် ၁၁၀ ကီလိုမီတာအတွင်းမှာလည်း တစ်စက္ကန့်ကို ၁၅ မီတာကျော်အထိ လေပြင်းတွေ တိုက်ခတ်နေပါတယ်.

ခန့်မှန်းချက်အရ တိုင်ဖွန်း အမှတ် ၁၆ ဟာ လာမယ့်ရက်တွေမှာ ဆက်လက်ရွေ့လျားပြီး မီနမီတိုရီကျွန်း အနီးကို ဦးတည်သွားဖို့ မျှော်မှန်းထားပါတယ်.

ဒီတိုင်ဖွန်းကြောင့် ဩဂုတ် ၉ ရက်ကနေ ၁၇ ရက်အထိ မိုးရွာသွန်းမှုနဲ့ လေတိုက်ခတ်မှုအခြေအနေတွေကို ဆက်လက်စောင့်ကြည့်ဖို့ လိုအပ်နေပါတယ်.

လက်ရှိအခြေအနေအရ ဂျပန်အနီးတစ်ဝိုက်မှာ တိုင်ဖွန်းတွေ တပြိုင်နက်တည်း ဖြစ်ပေါ်နေတဲ့ “မုန်တိုင်းကြီး၃လုံး” အခြေအနေ ဖြစ်လာနေပြီး လာမယ့်ရက်တွေမှာ တိုင်ဖွန်းတွေရဲ့ လမ်းကြောင်းနဲ့ အင်အားပြောင်းလဲမှုတွေကို မိုးလေဝသဌာနက ဆက်လက်စောင့်ကြည့်သွားမယ်လို့ သိရပါတယ်.

မြန်မာတွေလည်းဘေးကင်းပါစေကြောင်း..
#မုန်တိုင်းကြီး၃လုံး #ဂျပန်မုန်တိုင်း #တိုင်ဖုန်း #တိုင်ဖွန်း

住所

Yangon
Shibuya-ku, Tokyo

アラート

Hanazakari Japanが新しいニュースやキャンペーンを投稿したら、いち早くメールでお知らせします。メールアドレスが他の目的に使われることはなく、いつでも配信を停止できます。

ショートカット

共有する

カテゴリー