30/06/2025
ဒီအပတ် ပြန်လည်ဖော်ပြလိုတာကတော့ မေဥဿာရဲ့ " သစ်ပင်ပမာ လူ့အသက်တာ" ဘဲဖြစ်ပါတယ်။ ဒီဆောင်းပါးလေးထဲကလိုဘဲ ချစ်သော မြင့်မြတ်အမျိူးသမီး များအားလုံးလဲ ဝိဥာဥ်အသီးကိ့ သီးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
သစ်ပင်ပမာ လူ့အသက်တာ
ဘုရားသခင်သည် ဖန်ဆင်းခြင်းလုပ်ငန်းတော်ကြီး၌ လူသားကိုဖန်ဆင်းခြင်းမပြုမှီကပင် ဖန်ဆင်းခဲ့သည့်အရာများတွင် သစ်ပင်များလည်းပါဝင်ပါသည်။
တဖန်ဘုရားသခင်က မြေသည် မြက်ပင်ကိုလည်းကောင်း စပါးမျိူးသီးကိုဖြစ်စေသော စပါးပင်ကိုလည်းကောင်း မိမိ၌မျိူးစေ့ပါလျက် သစ်သီးမျိူးကိုဖြစ်စေသောသစ်ပင်ကိုလည်းကောင်း ပေါက်စေ၏ ဟုမိန့်တော်မူ၏။သစ်ပင်မျိူးများစွာ ဖြစ်စေခဲ့ပါသည်။ (ကမ္ဘာ ၁း၁၁)
သစ်ပင်များကို လှပရုံသာ ဖန်ဆင်းခဲ့ခြင်းမဟုတ်ပါ။ သစ်ပင်များသည် ကမ္ဘာကြီးနှင့် လူသားအားလုံးအတွက် အထောက်အပံ့ အကူအညီပေးနိုင်သည့် အကျိူးတရားကိုပါ ထည့်သွင်းပေးခဲ့ပါသည်။
သစ်ပင်ကြီးငယ်များရှိနေခြင်းကြောင့် ကမ္ဘာလောကကြီးနှင့် ကျမတို့ ပတ်ဝန်းကျင်ကို သာယာလှ၌အေးမြစေပါသည်။ ရာသီဥတုကို ကောင်းမွန်စေသည်။ ရာသီဥတုကောင်းမွန်ပါက လူတို့၏ ရိက္ခာအတွက် စိုက်ပျိူးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းစေသည်။
လူသားများ အသက်ရှင်ရေးအတွက် လိုအပ်သော အောက်ဆီဂျင်ဓါတ်ကို သစ်ပင်များက ထုတ်ပေးကာ မလိုအပ်သည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ကို စုတ်ယူထားပေးသည်။ ကျန်းမာရေးအတွက် သန်းစင်သောလေကို သစ်ပင်များအားဖြင့် ရရှိသည်။ လူတို့၏ စီးပွားရေးအတွက်လည်း ထင်း၊မီးသွေး၊အဆောက်အဉီဆောက်သည့်သစ်၊ဝါးများ ကိုလည်း သစ်၌င်များက ရရှိသည်။ မြေအောက်ရေသိုလှောင်မှု့များကိုလည်း သစ်ပင်များက ထိန်းညှိပေးသည့်အတွက် သောက်သုံးရေကို လူသားတို့အတွက် ရရှိစေပါသည်။ (အခြားအသုံးဝင်၍ အကျိူးပြုနိုင်သည့် အရာများလည်း များစွာရှိပါသည်)
ကျမတို့ မြန်မာနိုင်ငံ၌ သစ်တောဌာန၏ ဆောင်ပုဒ်တတစ်ခုမှာ “သစ်တောနှင့်သစ်ပင် ချစ်ခင်သည့်လူမျိူး သစ်ပင်နှစ်စဉ်စိုက်ငွေတိုက်ကိုစိုး” ဟူ၍ဖြစ်ပါသည်။ သစ်ပင်များ ပန်းပင်များကို ချစ်ခင်မြတ်နိုးကြသည့် ကျမတို့ မြန်မာနိုင်ငံသူ/သာ/များသည် သစ်ပင်၏ တန်ဘိုးကို သိနားလည်ကြကာ ထိန်းသိမ်းရန်လည်း ဘုရားသခင်က တာဝန်ပေးခဲ့သည်ကို (ကမ္ဘာ ၁း၂၉)၌ ဖော်ပြထားပါသည်။
နွယ်၊မြက်၊သစ်ပင် ဆေးဘက်ဝင်ဟူသော စကားလည်းရှိပါသည်။ မိုးထီမြင့်မားကြံ့ခိုင်သော အပင်ကြီးများမှစ၍ နွယ်ပင်၊မြက်ပင်၊ဆူးပင်၊ခြုံပင် ကစ၍ ကျန်းမာရေးအတွက် ဆေးဘက်ဝင်သော အရည်အသွေးရှိကြောင်း ထိုစကားလေးက သက်သေခံနေပါသည်။
သမ္မာကျမ်းစာ၌ ဘုရားသခင်ထံမှ ဥာဏ်ပညာကိုတောင်းခံ၍ ဘုရားကိုယ်တိုင်ဥာဏ်ပညာကို ပေးထားသည့် ရှောလမုန်မင်းသည် သုတ္တံစကားသုံးထောင်နှင့် သီချင်းပေါင်းတစ်ထောင်းငါးခုကို ရေးသားဖွဲ့နွဲ့စပ်ဆိုခဲ့ရာ၌ သူ့စာပေများတွင် သစ်ပင်ကြီးငယ်အားလုံး၏ တန်ဘိုးကို ထည့်သွင်းရေးဖွဲ့စပ်ဆိုသည်။ တောင်ပေါ်၌ပေါက်သော လေဗနုန်အာရဇ်ပင်ကြီးများမှစ၍ မြို့ရိုး၊အုတ်တံတိုင်း၊ခြံစည်းရိုး စသည်တို့၌ ပေါက်လေ့ရှိသော အပင်ငယ်များဖြစ်သည့် ဟုဿုပ်ပင်ငယ်လေးများမှအစ ထည့်သွင်းရေးသားစပ်ဆိုတတ်သည်ဟု (၃ရာ ၄း၃၂-၃၃) ၌ ဖော်ပြထားသည်ကို ထောက်ရှု့ပါက သေးငယ်သောအပင်များပင်လျှင် သူ့အရည်အသွေးနှင့် သူရှိနေကြောင်းသိရှိရပါသည်။ သူ၏စာ၌ပါသော ဟုဿုပ်ပင်ဟုဆိုရာ၌လည်း ထိုအပင်သည် သေးငယ်၍ မထင်ရှားသောနေရာ၌ ပေါက်ရောက်သော်လည်း ထိုအပင်အညွှန့်များကို စုစည်း၍ ဂျူးတို့၏ ဘာသာရေးဆိုင်ရာ အခန်းအနားများတွင် အသွေးစွတ်ဖျန်းခြင်းတို့၌ အသုံးပြုသည်။(ထွက် ၁၂း၂၂) နူနာစွဲသူများကို သန့်ရှင်းစေခြင်းနှင့် စပ်ဆိုင်သော ထုံးနည်းတို့၌လည်း ဟုဿုပ်ပင်ကို သုံးသည်။(ဝတ် ၁၄း၄-၇)(ထွက် ၁၉း၆)
ထို့အတူ မြန်မာပြည်၌လည်း သစ်ပင်ကြီးမှစ၍ ခြုံနွယ်,ဆူးပင်များတိုင်အောင် လူသားတို့အကျိူးကို ပေးနိုင်စွမ်းကြပါသည်။
ဥပမာအားဖြင့် မြေ၌ကပ်ပေါက်နေသည့် ထီကရုံးဆူးပင်သည် ဆီးရောဂါအတွက် ပြုတ်သောက်လျှင်ပျောက်၏။ လူတု့ရှောင်၇ှားလေ့ရှိသည့် ခွေးလှေးယားသီးအနက်ပင်နွယ်သည် ထ်လျှင်ယားတတ်သော်လည်း သူ၏အစေ့မှာ ဆေးဘက်ဝင်လှ၏။ ဈေးကွက်ဝင်အစေ့ဖြစ်လာသည်။
ချွင်းချက်အနေဖြင့် လူကိုသေစေနိုင်သောအပင် အဆိပ်ရှိသောအပင်များ မှိူပွင့်များ၊ နွယ်ရှင်များလည်း ရှိနေသော်လည်း လူသားများသည် မြွေကဲ့သို့သော အဆိပ်ကိုထုတ်ယူကာ မြွေဆိပ်ဖြေဆေးကို ထုတ်လုပ်လျှက် လူသားအကျိူးကို ပြုနိုင်သော အရည်အသွေးကို ဘုရားက ပေးထားပြီးဖြစ်ရာ အဆိပ်ရှိသော၊ အပွင့်အပင်များမှပင် လူသားတို့အတွက် အသုံးဝင်သော ဆေးနှင့် ပစ္စည်းများကို ထုတ်လုပ်နိုင်လာကြသည်လည်းရှိပါသည်။
၄ရာ ၄း၃၈-၄၁ တွင် တောဘူးသီးကို ချက်ရာ၌ အဆိပ်(သေဘေး)ဖြစ်သွားရာ
စားမရအောင်ရှိနေခဲ့သည်ကို ပရောဖက်ဧလိရှဲက မုန့်ညက်ကို ဟင်းအိုးထဲသို့ ထည့်စေရာ အဆိပ်ပျယ်၍ အားလုံးစားသုံးနိုင်သော ဟင်းလျာဖြစ်ခဲ့ကြောင်းတွေ့ရပါသည်။
သစ်ပင်များအားလုံးသည် တိုက်ရိုက်ဖြစ်စေ ပြုပြင်စီမံဖော်စပ်၍ဖြစ်စေ လူသားများနှင့် ကမ္ဘာကြီးကို တနည်းနည်းအားဖြင့် အကျိုးးကျေးဇူးပေးစွမ်းကြသည်။သို့သော် သစ်ပင်များဖြစ်ပါလျက်နှင့် မိမိတာဝန်ကျု မကျေသော သစ်ပင်တစ်ပင်ကို ခရစ်တော်က ကျိန်ဆိုခဲ့သည်ကို (မာ ၁၁း၁၂) ၌ဖော်ပြထားပါသည်။
သခင်ယေရှုကြွလာရာ လမ်းတလျှောက်တွင် သေဘႅာသဖန်းပင်တပင်မှ အရွက်များ ဝေဆာနေသည်ကို သခင်ယေရှုခပ်လှမ်းလှမ်းကပင် မြင်တွေ့ခဲ့သည်။ သခင်သည် ဆာလောင်နေသဖြင့် ထိုအပင်ကိုတွေ့သည့်အခါ သေဘႅာသဖန်းသီး ဆွတ်ခူးရာ အချိန်မဟုတ်သေးသောကြောင့် အပင်၌ အသီးကို တွေ့ရမည်ဟု မျှော်လင့်လျှက် အပင်ခြေရင်းသို့ ရောက်လာသောအခါ အသီးလုံးဝမရှိသည်ကိုတွေ့ရလေသည်။
သေဘႅာသဖန်းပင်သည် သံလွင်သီးနှင့် စပျစ်သီးများကဲ့သို့ ဣသရေလပြည်နှင့် အိမ်နီးချင်းနိုင်ငံများတွင် ပေါများကြသည်။သဖန်းသီးများကို အစိမ်းဖြစ်စေ၊ အခြောက်လှန်းပြီးဖြစ်စေ၊ မုန့်လုပ်၍ဖြစ်စေ စားသုံးကြသည်။ သန်စွမ်းသော သေဘႅာသဖန်းပင်သည် တနှစ်တာအတွင်း (၁၀)လခန့် အသီးသီးသော အပင်ဖြစ်သည်။ အသီးသည် ဆေးဘက်ဝင်သည်။ (ဟေဇကိမင်းကြီး၏ အနာကို ထိုအသီးနှင့် အုံပေးခဲ့သည်)ထိုသို့ အဖိုးတန်အကျိုးပြုသော သေဘႅာသဖန်းပင်များအနက်မှ ယေရှုမျှော်လင့်ခဲ့သော သဖန်းပင်သည် အကျိုးမပြုသောအပင် အသုံးမဝင်သောအပင်အဖြစ်တွေ့ခဲ့ရ၍ ယေရှုသည် စိတ်ပျက်ခဲ့ရသည်။ ထိုအပင်အား ဣသရေလပြည်နှင့် ပုံဆောင်ကာ ဘုရားသခင်အတွက် အသုံးမဝင်သော နိုင်ငံဟု မြင်မိသည်။ ဝိဥာဥ်ရေးရာ အသီးမသီးသော အပင်အဖြစ် ကျိန်ခြင်းခံရမည်ဖြစ်ကြောင်း ထိုဖြစ်စဉ်အားဖြင့် ယေရှုသခင်က ကျမတို့ကို သွန်သင်နေသည်။ ထိုသဖန်းပင်သည် အများနည်းတူ မြေဆီမြေနှစ်ရှိသော မြေ၌ရှင်သန်နေပါလျက် အသီးကို မပေးနိုင်ခြင်းသည် ကျမတို့ ယုံကြည်သူများ၏ အသက်တာကို ဆင်ခြင်နိုင်ရန် မီးမောင်းထိုးပြနေ၏။ ခရစ်တော်ကို ယုံကြည်သူများ ဖြစ်သော်လည်း ခရစ်တော်အလိုရှိသော အချိန်၌ မည်သည့်အရာကိုမျှ မဆက်ကပ်နိုင် မပေးနိုင်သော အသက်တာမျိုးဖြစ်လျှင် ကျိန်ခြင်းခံရပါလိမ့်မည်။
ထိုသို့ဆိုလျှင် သခင်အလိုရှိသောအချိန်၌ အသီးကိုပေးနိုင်သော အပင်လူသားများအတွက် ဘုရားသခင်ဖြစ်စေလိုသည့် အကျိူးပြုအပင်အဖြစ် ရှင်သန်ကြီးထွားကြရန် မည်သို့အသက်ရှင်ကြရပါမည်နည်း။
ဆာလံ(၁း၃)၌ ဖော်ပြထားသော သစ်ပင်ကဲ့သို့ ဖြစ်ရပါမည်။ မြစ်နားမှာစိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍ အရွက်မညှိုးနွမ်းသော အပင်ကဲ့သို့ ဖြစ်ရန်လိုအပ်သည်။ ထိုအပင်ကဲ့သို့သော အသက်တာရရှိရန် လုပ်ဆောင်ရမည်မှာ (ဆာလံ ၁း၂) ၌ လမ်းညွှန်ထားပါသည်။ “ထာဝရဘုရား၏ တရားတော်၌ မွေ့လျှော်ရန် တရားတော်ကို နေ့ညမပြတ် ဆင်ခြင်နှလုံးသွင်း လိုက်လျှောက်ဖြစ်ပါသည်။”
ယေရမိအနာဂတ္တိကျမ်း ၁ရး၇-၈ ၌လည်း ရေရှိသော အရပ်၌စိုက်လျက် မြစ်နားမှာ အမြစ်ဖြာသဖြင့် ပူလောင်သော အချိန်ရောက်ကြောင်းကိုမသိ အရွက်မညှိုးနွမ်း မိုးခေါင်သောကာလ၌ပင် စိုးရိမ်စရာမရှိပဲ အစဉ်အမြဲ အသီးကို သီးတတ်သော အပင်ကဲ့သို့သော အသက်တာမျိုး၌ ရှင်သန်ကြစေရန်အတွက် လိုအပ်သော လိုက်လျှောက်ရမည့် အချက်ကို ဖော်ပြထားပါသည်။ ထာဝရဘုရားကို ကိုးစားသူ ထာဝရဘုရားကို မိမိကိုးစားရာအကြောင်း ဖြစ်စေသောသူသည် ထိုအပင်ကဲ့သို့သော ကောင်းချီးမင်္ဂလာကို ခံအပ်သောသူ ဖြစ်ပါသည်။
သို့ပါ၍ ကျမတို့၏ ရှင်သန်ရာ အသက်တာများ၌ ကမ္ဘာကြီးနှင့် လူသားများကို အကျိုးပြု အထောက်အကူဖြစ်စေသာ ဖန်ဆင်းခံသစ်ပင်များကဲ့သို့ ရှင်သန်ကြီးပွား အကျိုးပြုနိုင်ရန် နှုတ်ကပတ်တော်၌ ဖော်ပြထားသော တရားတော်များကို ဂရုပြုလိုက်လျောက်နိုင်ကြပါစေ။
ကျိန်ခြင်းခံရသော သစ်ပင်ကဲ့သို့ ဝိဥာဥ်ဆုကျေးဇူးများ သင်ဆုံးရှုံးနေသော ဝိဥာဥ်အသီးများ မသီးနိုင်သော အပင်မျိုးမဖြစ်စေရန် အစဥ်ဂရုပြုရှင်သန် နိုင်ကြပါစေသတည်း။
မေဥဿာ
ပဲခူးမြို့မ