SOG Communications Squad

SOG Communications Squad
ဘုရားခေတ်မှာဆိုရင်
ရဟန္တာဖြစ်တဲ့အထိ လိမ်မာမယ်။

အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်မယ်။

@ဉာတကာနဉ္စ သင်္ဂဟော@         ဒီနေ့ဆရာတော်အရှင်ဇနကာဘိဝံသရဲ့ထူးခြားတဲ့တရားတစ်ပုဒ်နာခွင့်ရသည်။ဒီလိုတရားမျိုးဘယ်ဘုန်းကြီးမှမ...
29/09/2024

@ဉာတကာနဉ္စ သင်္ဂဟော@
ဒီနေ့ဆရာတော်အရှင်ဇနကာဘိဝံသရဲ့ထူးခြားတဲ့တရားတစ်ပုဒ်နာခွင့်ရသည်။ဒီလိုတရားမျိုးဘယ်ဘုန်းကြီးမှမဟောခဲ့သလို တစ်ကြိမ်တစ်ခါမှလည်းမနာကြားဖူးပါ။
"ဒို့ဘုန်းကြီးတွေကလည်းဒါနပတ်သက်
ပြီးဟောကြရင်ဘုရားတည်ဖို့၊ကျောင်းဆောက်ဖို့၊သိမ်ဆောက်ဖို့၊ကထိန်ခင်းဖို့၊ဘုန်း
ကြီးလှူဖို့ဒါတွေဘဲဟောကြပြောကြတယ်။ဒ
ကာ၊ဒကာမတွေကလည်းဒါတွေလှူမှကုသိုလ်ရမယ်လို့ထင်နေကြတယ်။ဘုရားရှင် မင်္ဂလသုတ်မှာဟောထားတဲ့"ဉာတကာနဉ္စ သင်္ဂဟော"ဆိုတာကိုမေ့နေကြတယ်။ကုသိုလ်ဆိုတာဘုရားလှူမှ၊ဘုန်းကြီးလှူမှကုသိုလ်ရတာမဟုတ်ဘူး။တကယ်လိုအပ်နေတဲ့ညီအကိုမောင်နှမ၊ဆွေမျိုးသားချင်း၊မိတ်ဆွေသူငယ်ချင်းတွေကိုကူညီထောက်ပံ့ခြင်းက မင်္ဂလာတရားတော်နဲ့ညီတဲ့ဒါနမို့ကုသိုလ်ရပါတယ်"
ဆွေမျိုးဆိုတာသွေးချင်းတူမှမဟုတ်ပါ
ဘူး။ရည်ရွယ်ချက်၊ခံယူချက်၊ယုံကြည်ချက်
တူရင်လည်းဆွေမျိုးတွေပါ။အကြမ်းဖက်အာ
ဏာရှင်ကိုတော်လှန်နေတဲ့ရဲဘော်များသည် မတရားမှူ့ကိုမုန်းသူများ၊ဓမ္မကိုယုံကြည်သူများ၊
လွတ်လပ်ခွင့်ကိုတန်ဖိုးထားသူများ၊ဖိနှိပ်ခံဘဝမှလွတ်မြောက်လိုသူများ၏ဆွေမျိုးတွေဖြစ်ပါသည်။ဒါကြောင့်လိုအပ်ချက်တွေတကယ်ရှိနေသည့်တော်လှန်ရေးရဲဘော်များကိုလှူဒန်းခြင်းသည်မင်္ဂလာတရားတော်နဲ့ညီ
သည့်အလှူဒါနဖြစ်ပါသည်။သို့ဖြစ်ပါ၍SOG
စစ်ကြောင်း၊ဆက်သွယ်ရေးတပ်စုတွင်လိုအပ်နေသည့်ရိတ္ခာအတွက်ထောက်ပံကူညီရင်း
"ဉာတကာနဉ်စ သင်္ဂဟော"ဟုမြတ်ဘုရားဟော
ကြားခဲ့သည့်မင်္ဂလားတရားနဲ့ညီညွှတ်သော
ဒါနအလှူရှင်များဖြစ်နိုင်ကြပါစေ။

ဆက်သွယ်ရေးတာဝန်ခံ ကိုသီးခြား

SOG Communications Squad အတွက် ယုံယုံကြည်ကြည်နှင့် ကူညီထောက်ပံ့ပေးကြပါသော မိဘပြည်သူ ညီအကို မောင်နှမများတစ်ဦးချင်း တစ်ယော...
28/09/2024

SOG Communications Squad အတွက် ယုံယုံကြည်ကြည်နှင့်
ကူညီထောက်ပံ့ပေးကြပါသော
မိဘပြည်သူ ညီအကို မောင်နှမများ
တစ်ဦးချင်း တစ်ယောက်ချင်းစီတိုင်းကို
ကျွန်တော်တို့ (ဆက်သွယ်ရေးတပ်စု) ရဲဘော်များမှ
အထူးပင် ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့်
စိတ်ရောကိုယ်ပါ ကျန်းမာ ချမ်းသာပါစေကြောင်း
ဂုဏ်ပြု ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်..🙏🙏🙏။



#အထူးစစ်ဆင်ရေးတပ်ဖွဲ့


Address

Yangon

Website

Alerts

Be the first to know and let us send you an email when SOG Communications Squad posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share