31/03/2025
ကမ္ဘာမှာ Nokia ကျရှုံးသွားတာ
လူတိုင်းသိပြီးသား ဖြစ်မှာပါ။
...သူ့ရဲ့ CEO နောက်ဆုံး ပြောသွားတဲ့
စကားလေးက သိပ်ကောင်းတယ် ။
...တွေးစရာ ကောင်းတယ် ။
We did't do anything wrong ,
but somehow we fall.
"ငါတို့ အမှားမလုပ်ခဲ့ဘူး
ဒါပေမယ့် ငါတို့ ကျရှုံးခဲ့တယ်" ။
Rajeev Suri (CEO Nokia)
...တစ်ခါတစ်လေ လောကမှာ ကျွန်တော်တို့
ဘာအမှားမှ မလုပ်ဘူး ....။
...ကိုယ့် Skill တွေလည်း မလျော့သွားဘူး ။
...ဒါပေမယ့် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့
ယနေ့ခေတ်ကြီးမှာ ....,
" အမှားမလုပ်ရုံနဲ့ ၊ အောင်မြင်မှုမရနိုင်ဘူးဆိုတာကို
Nokia က သက်သေပြလိုက်တာပဲ
အသစ်အဆန်းတွေ့ဖို့၊ စဉ်ဆက်မပြတ် သင်ယူကြဖို့
ကိုယ့် Skill ကို ဒိထက်တိုးအောင် လုပ်ဖို့
လိုလာပါပြီ ။
...ဘဝဆိုတာ စက်ဘီးစီးသလိုပါပဲ အောင်မြင်မှု
မှတ်တိုင်လေးတွေ တစ်တိုင်ပြီးတစ်တိုင်
ဖြတ်ကျော်နိုင်ဖို့ အားထုတ်ပြီး နင်းနေရမှာပဲ ။
...မနင်းပဲ ဆက်မလေ့လာတော့ဘဲ ကိုယ့် Skill
တိုးလာအောင် ဆက်မလုပ်တော့ရင်တော့ စက်ဘီး
မှောက်သွားမှာပေါ့ ။
....ဒါကြောင့်ဘဝမှာ အပြောင်းအလဲတွေက ရှိနေ
ကြုံနေရမှာပါပဲ ။
....ကောင်းသောပြောင်းလဲခြင်း ဖြစ်ဖို့ကတော့
ကိုယ့်ရွေးချယ်မှုအပေါ်ပဲ မူတည်ပါတယ်။
That's why , want to be a pro in one realm, we need to try to improve our skill as well as not to stop our Learning .
...နယ်ပယ်တစ်ခုမှာ Pro တစ်ယောက်
ဆရာတစ်ဆူလိုဖြစ်ချင်ရင်တော့ သင်ယူခြင်းကို
မရပ်ပြစ်ဖို့ လိုတဲ့အပြင် ကိုယ့်ကျွမ်းကျင်မှုကိုလည်း
တိုးအောင် ကြိုးစားဖို့ လိုပါတယ်။
ခင်ဗျားအနေနဲ့ အကုန်သိ အကုန်တတ်နေပြီဆိုရင် သေချာတာကတော့ ကျန်ခဲ့မှာဘဲ
ခင်ဗျားမသိတာတွေ အများကြီး ရှိနေပါတယ်
Credit