
12/08/2025
"အိပ်မက်လိုလို တကယ်လိုလို..….(စ/ဆုံး)..... - စိတ်ကူးယဉ်အချစ်ဇာတ်လမ်း" ” ကိုမြတ်ဆွေ လူစုံပြီလား စုံရင်ထွက်ရအောင် နေပြည်တော်ဝင်တာအရမ်းနောက်ကျနေမယ်”
“ဟုတ်ကဲ့စုံပြီထင်တာပဲဗျ ခဏလေးဗျာ ဟဲ့ ကတုံးမ နင့်ယောက်ကျားကော ”
“လာပြီဦးလေး ကလေးရှူးသွားတည်နေလို့ ”
“အေးအေး မြန်မြန်လာခိုင်းလိုက် ဦးဝင်းတင်တို့ မိသားစုစုံပြီနော် ”
“ဟုတ်ကဲ့ဆရာ စုံပြီ ဟိုမှာဟိုသားအဖလည်းပြေးလာပြီဆရာ”
“ဟုတ်ပြီ ဟုတ်ပြီ ရပြီကိုစည်သူရေ ရှေ့မှာတွေ့တဲ့ဆိုင်ကျရပ်ဦးဗျာ နေ့လည်စာ မစားရသေးဘူး ”
“ဟုတ်ကဲ့ ကိုမြတ်ဆွေ မြကန်သာနားက တောင်ကြီးကဖေးပဲသွားလိုက်မယ်လေ အဲ့ဒီဆိုင်က ပေါက်စီနဲ့ ဝက်သားပေါင်းက တောင်ကြီးမှာတော့ နာမည်ကြီးပဲဗျ ”
“အဆင်ပြေတဲ့ဆိုင်သာမောင်းဗျာ” ကားစထွက်တော့ ညနေ၃နာရီခွဲနေပြီ ဒီတိုင်းဆို နေပြည်တော်ကိုရောက်တာ ညနက်တော့မည်။
ကားပေါ်သို့ရောက်သော် ကိုမြတ်ဆွေမှ “ကိုစည်သူ မသိလို့မေးဦးမယ်ဗျာ ခုနက ကျောက်ခဲလေးတလုံးကို ဘာလို့တင်လာတာလဲ” “ဒီလိုဗျ ဒါကကိုးမြို့ရှင်အပိုင်နယ်တွေလေဗျာ ရှမ်းပြည်နယ်ဆိုတော့ ၉ ဂဏန်းရှောင်ရတယ်လို့ ရှေးအဆက်ဆက်လက်ဆင့်ကမ်းလာတော့ ကျနော်တို့လည်း ရှေးထုံးမပယ်တဲ့သဘောပါဗျာ အတိကျတော့ ကျနော်လည်းမပြောပြတတ်ဘူးဗျ” “ရှင်းရောဗျာ ဟားဟား” “ဟားဟား ကျနော်ကတော့ မသိတာ မသိဘူးပဲပြောတတ်တယ် ကိုမြတ်ဆွေရေ ” “ကောင်းပါတယ်ဗျာ ဟားဟားဟား” ဒီလိုနဲ့ ည၈နာရီကျော်တော့ ယင်းမာပင်မှာ ထမင်းစားနားပြီး ဆက်ထွက်လာလိုက်တာ နေပြည်တော်ကို ည ၁၁ကျော်တော့ရောက်သွားသည်။ ပါလာတဲ့မိသားစုတွေကိုသူတို့အိမ်လိုက်ပို့ပြီး ကိုမြတ်ဆွေက သူ့အိမ်မှာပင်တည်းရန်ခေါ်သောကြောင့် လိုက်လာခဲ့သည်။
ရောက်တော့ ခြေလက်ဆေးကြောပြီး စကားထိုင်ပြောကြပြီးအိပ်ဖို့ပြင်တော့ ကျနော် တခုသတိရပြီး “ကိုမြတ်ဆွေ ဒီမှာသူခိုးတွေဘာတွေများရှိနေမလားဗျ” “ရှိတယ် အကိုကြီးရေ အရင်နေ့ကပဲ ဟိုဘက်လမ်းကအိမ်ဖောက်သွားတယ်တဲ့ ” ကိုမြတ်ဆွေသားကဝင်ပြောသည်။ ဟုတ်မှာဒီရပ်ကွက်က လူပြတ်သည်။ အိမ်တော်တော်များများကလည်းလူမနေကြ။ တအိမ်နှင့်တအိမ်လည်း အလှမ်းဝေးလှသည်။ “ဒါဆိုမဖြစ်ဘူးဗျ ကျနော့ကားဘက္ကထရီကအပြင်မှာ တော်ကြာ မ သွားလို့ တိုင်ပတ်နေမယ် ” ပြောရင်း ဖျာရယ် ခေါင်းအုံးရယ် စောင်ပါးလေးတထည်ဆွဲပြီး ခြံပြင်ထွက်ခဲ့သည်။ “အာစိ အထဲသွားပါ ကျနော်အိပ်လိုက်မယ် ကားပေါ်မှာ” “ရတယ် မင်းအထဲမှာပဲအိပ် ငါဒီမှာ အေးအေးဆေးဆေးအိပ်ချင်လို့ အထဲမှာဆို စကားပြောနေရတာနဲ့ အိပ်ရမှာမဟုတ်ဘူး သွားသွား အိပ်တော့” “ဟုတ် ဟုတ်” ကားပေါ်ဖျာလေးခင်း ခေါင်းအုံးလေးချပြီး စောင်ခြုံကာအိပ်မယ်လုပ်လိုက်တော့ ညနေကတင်လာတဲ့ ကျောက်ခဲလေး ကားထောင့်မှာတွေ့လိုက်သည်။
ကဲ မင်းလည်းဒီည ကားပေါ်မှာပဲအိပ်တော့ မနက်မှအောက်ချတော့မယ် ဟုတွေးပြီး ပင်ပန်းလာသဖြင့် နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်သွားသည်။ “အကို အကို ညီမကိုစောင်နဲနဲလောက်ပေးခြုံပါလား မိုးကျလာတော့ အေးလို့ပါ” အိပ်မက်လိုလို တကယ်လိုလိုနှင့် ဘေးကလှုပ်နှိုးနေသောကောင်မလေးအသံကြောင့် စည်သူနိုးလာသည်။ မိုးကလည်းဖွဲဖွဲလေးကျပြီး လေအဝှေ့မှာ မိုးစက်လေးတွေ ကားထဲဖျန်းပက်လိုက်သလို အေးစိမ့်စိမ့်နှင့်။ စည်သူလည်းဘေးက မိုးကာတွေကို ချလိုက်ပြီး “မင်းက ဘယ်လိုလုပ်ပြီး ကားပေါ်ရောက်နေတာလဲ” “အကိုတို့ပဲ ညနေက ခေါ်လာတာလေ” စည်သူခေါင်းတွေကြီးသွားသည်။ “ဒါ..ဒါဆို မင်းက မကျောက်ခဲ….” “မကျောက်ခဲတော့မဟုတ်ပါဘူး နန်းယွန်းပါ ကျောက်ခဲလေးနဲ့ပါလာတာပါ အကို့ကို ဒုက္ခမပေးပါဘူး ခုလည်းအရမ်းအေးနေလို့ပါရှင်” စည်သူလည်း လန့်လန့်နှင့် ဖုန်းမီးဖွင့်ပြီး နန်းယွန်းမျက်နှာကို ကြည့်လိုက်တော့ အသားဖွေးဖွေးနှင့်ကောင်မလေး ချမ်းနေလို့ နှုတ်ခမ်းလေးတွေ တဆတ်ဆတ်တုန်နေသည်။ လေကလည်းကြမ်းတာကိုး။…........
စိတ်ကူးယဉ် အချစ်ဇာတ်လမ်း_ကွန်မန့်တွင်ဆက်ဖတ်ပါ 👇👇👇
゚viralシ ゚