Yangon Events News

Yangon Events News One of the most interesting Events & Entertainment News for your information, purchasing & Business Information to you

စစ်မှန်ပြီး အတည်ပြုထားသော Viber အသုံးပြုသူများနှင့် လုံခြုံစိတ်ချစွာ ချိတ်ဆက်နိုင်စေမည့် Rakuten Viber ၏ နောက်ဆုံးပေါ် D...
14/02/2025

စစ်မှန်ပြီး အတည်ပြုထားသော Viber အသုံးပြုသူများနှင့် လုံခြုံစိတ်ချစွာ ချိတ်ဆက်နိုင်စေမည့် Rakuten Viber ၏ နောက်ဆုံးပေါ် Dating ဝန်ဆောင်မှုအား ဦးဆုံးရယူ အသုံးပြုနိုင်ရန် Waitlist စာရင်းပေးသွင်းထားနိုင်တော့မည်...

မြန်မာနိုင်ငံသည် ယခုဝန်ဆောင်မှုအသစ်အား ကမ္ဘာတစ်ဝန်းတွင် ပထမဦးဆုံး စမ်းသပ်အသုံးပြုခွင့် ရရှိသွားမည့် နိုင်ငံများအနက် တစ်ခုအပါအဝင်ဖြစ်...
***********************

ရန်ကုန်၊ မြန်မာ။ ။ ဖေဖော်ဝါရီလ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်

မြန်မာနိုင်ငံမှ Viber အသုံးပြုသူများအနေနှင့် စိတ်လှုပ်ရှားစရာ ဝန်ဆောင်မှုအသစ်တစ်ခု ဖြစ်သည့် Viber Dating အား အစောဆုံးအသုံးပြုနိုင်ရန်အတွက် (ကြိုတင်စောင့်ဆိုင်းမှု) Waitlist စာရင်း ပေးသွင်းထားနိုင်မည် ဖြစ်ကြောင်း Rakuten Viber မှ ယနေ့ကြေညာခဲ့သည်။ Rakuten Viber မှ အသစ် မိတ်ဆက်ခဲ့သည့် Viber Dating ဝန်ဆောင်မှုအား Viber Super App ထဲမှပင် အသုံးပြုသွားနိုင်မည် ဖြစ်ကာ အသုံးပြုသူများ အနေနှင့် လုံခြုံစိတ်ချစွာ ဆက်သွယ်ချိတ်ဆက်သွားနိုင်မည် ဖြစ်သည်။

Viber Dating ဝန်ဆောင်မှု စတင်အသက်ဝင်သည်နှင့် တစ်ပြိုင်နက် အသုံးပြုသူများအနေနှင့် လိုအပ်သည့် အချက်အလက် များအား ဖြည့်သွင်းကာ ၎င်းတို့၏ ပရိုဖိုင်များအား အလွယ်တကူ စတင်ဖန်တီးသွားနိုင်မည် ဖြစ်သည်။ ထို့နောက်တွင် အသုံးပြုသူများအနေနှင့် Viber အက်ပလီကေးရှင်းထဲမှပင် Viber Dating ဝန်ဆောင်မှုသို့ ဝင်ရောက်၍ အခြားသော အသုံးပြုသူ ပရိုဖိုင်များနှင့် လုံခြုံစိတ်ချစွာ ရှာဖွေချိတ်ဆက်သွားနိုင်မည် ဖြစ်သည်။ Viber Dating အားအသုံးပြုသည့် ပရိုဖိုင်သည် ပင်မ Viber ပရိုဖိုင် နှင့် တူညီမှုရှိမည် မဟုတ်ပဲ ဖုန်းနံပါတ်များကိုလည်း Viber Dating အသုံးပြုနေစဉ် တစ်ဦး နှင့် တစ်ဦး ကြည့်ရှုနိုင်မည်မဟုတ်ပေ။

Viber Dating အတွက် ကြိုတင် Waitlist စာရင်းပေးသွင်းနိုင်ရန် အသုံးပြုသူများအနေနှင့် Viber အက်ပလီကေးရှင်းအား Latest Version သို့ Update ပြုလုပ်ထားရန်လိုအပ်မည်ဖြစ်သည်။ ပြီးနောက်တွင် Viber အက်ပလီကေးရှင်းအတွင်းသို့ ဝင်ရောက်၍ ညာဖက်အောက်ထောင့်မှ အစက် ၃ စက်ဖြင့် ပြထားသော ‘More’ အားမှတဆင့် ၎င်းတို့၏ ပရိုဖိုင် ဓာတ်ပုံအောက်ရှိ ‘Viber Dating Beta’ အားသွားရောက်၍ ‘Join Waitlist’ အား ရွေးချယ်ကာ စာရင်းပေးသွင်းနိုင်မည် ဖြစ်သည်။ ဤကဲ့သို့ လွယ်ကူသော အဆင့်အနည်းငယ်အား လုပ်ဆောင်ပြီးသည်နှင့် တစ်ပြိုင်နက် အသုံးပြုသူများအနေနှင့် မကြာမီ ရက်သတ္တပတ်အနည်းငယ် အတွင်း စတင်မိတ်ဆက်သွားမည့် Viber Dating ဝန်ဆောင်မှုအား ရယူအသုံးပြုသွား နိုင်ရန် အဆင်သင့်ဖြစ်နေတော့မည် ဖြစ်သည်။

Viber Dating နှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များအား ဝန်ဆောင်မှု စတင်အသုံးပြုနိုင်သည့် အချိန်တွင် ထပ်မံအကြောင်းကြားပေးသွားမည် ဖြစ်သည်။

Viber Dating ဝန်ဆောင်မှုအား ပထမဦးဆုံး စတင်အသုံးပြုနိုင်ရန်အတွက် ယခုပဲ Wailist ကို စာရင်းပေးသွင်းလိုက် ကြရအောင်။


07/02/2025

မွန်ပြည်နယ် ​ပေါင်မြို့နယ် ကတိုက်​ကျေးရွာတွင် ကတိုက်ကိုရင်​လေး(ဆရာ​တော်)တည်ထားကိုးကွယ်​တော်မူ​သော ကျိုက်​လောကစိတ္တသုခ ​စေတီ​တော်ကြီး ထီး​တော်တင်ပွဲအခမ်းအနားကို ၂၀၂၅ခုနှစ် ​ဖေ​ဖော်ဝါရီလ ၅ရက် မနက် ၉နာရီတွင် ကတိုက်ကိုရင်​လေး(ဆရာ​တော်)မှ ​ရေး ကိုရင်​လေး(ဆရာ​တော်)အပါအဝင် သံဃာ​တော်အရှင်သူမြတ်များ၊ ဥပါသကာ အလှူရှင် ဒါယိကာ၊ ဒါယိကာမများနှင့်အတူ ​ရွှေထီး​တော်မြတ်ကို ​ရွှေနတ်ရထားပျံဖြင့် ဘုံအဆင့်ဆင့်ကို ပင့်​ဆောင်ပူ​ဇော်တင်လှူခဲ့ကြပါသည်။

ဤ​စေတီ​တော်ကြီး ကျပ်သိန်းတစ်​သောင်းနှစ်​ထောင်​ကျော် အကုန်မကျခံကာ တည်ထားပူ​ဇော်ခဲ့ပြီး ထီး​တော်တင်လှူပွဲအပြီးမှာ ကျပ်သိန်းတစ်ရာ​ကျော် ​ရွှေမိုး ​ငွေမိုး ရွာသွန်းဖြိုးခဲ့ကြပါသည်။ အနုပညာရှင်များဖြစ်သည့် သရုပ်​ဆောင် ညိမ်း​သော်၊ ​တေးသံရှင် ရတနာမိုင်၊ သရုပ်​ဆောင် ​ဝေလာရီတို့နှင့်အတူ မွန်အနုပညာရှင်များကလည်း ညပိုင်တွင် နှစ်ရက်တိုင် ​တေးသီချင်းများဖြင့် မိဘပြည်သူ ပရိသတ်များအား ​​ဖျော်​ဖြေခဲ့ကြ​ကြောင်း သတင်းရရှိပါသည်။

#မွန်ပြည်နယ် #​ပေါင်မြို့နယ် #ကတိုက်​ကျေးရွာ #ထီးတင်ပွဲ #ကတိုက်ကိုရင်​လေး
#ရတနာမိုင် #ညိမ်း​သော် #​ဝေလာရီ

Be Safe with TikTok: ဖုန်းသုံးချိန်စီမံခန့်ခွဲသည့် လုပ်ဆောင်ချက်များဖြင့် ဒစ်ဂျစ်တယ် ကျန်းမာရေးကို အလေးထားဆောင်ရွက်ပါ......
07/02/2025

Be Safe with TikTok: ဖုန်းသုံးချိန်စီမံခန့်ခွဲသည့် လုပ်ဆောင်ချက်များဖြင့် ဒစ်ဂျစ်တယ် ကျန်းမာရေးကို အလေးထားဆောင်ရွက်ပါ...
****************************

၇၊ ဖေဖော်၀ါရီ၊ ၂၀၂၅. ရန်ကုန်။ ။

အသုံးပြုသူအသိုင်းအဝိုင်း၏ ဒစ်ဂျစ်တယ်ကျန်းမာရေးအတွက် ပံ့ပိုးပေးနေစဉ် ဘေးကင်းပြီး အပြုသဘောဆောင်သော ပလပ်ဖောင်းတစ်ခုကို ဖန်တီးပေးရန်မှာ TikTok ၏ ထိပ်တန်းဦးစားပေးဖြစ်ပါသည်။ ဤကတိကဝတ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် TikTok သည် အသုံးပြုသူများအား အကောင်းဆုံး အက်ပ်အသုံးပြုမှု အတွေ့အကြုံကို ခံစားနိုင်ရန် ကူညီပေးသည့် အက်ပ်အတွင်း Tools များနှင့် ပဏာမခြေလှမ်းများကို မိတ်ဆက်ပေးထားပါသည်။ ယခုအခါတွင် သင်အနေဖြင့် သင်၏ အက်ပ်အသုံးပြုမှုကို စီမံခန့်ခွဲနိုင်ပြီး ကျန်းမာသည့် ဖုန်းသုံးချိန်ရှိနိုင်ရန်အတွက် ဒစ်ဂျစ်တယ်ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်ချက်တစ်ခု ဖြစ်သည့် "ဖုန်းသုံးချိန်" (Screen Time) နှင့် ပတ်သက်ပြီး အသိပေးဝေမျှဖော်ပြသွားမည်ဖြစ်ပါသည်။

Screen Time Management ဆက်တင်များ အသုံးပြုနည်း
TikTok ၏ ဖုန်းသုံးချိန်ဆိုင်ရာ လုပ်ဆောင်ချက်များကို အောက်ပါအတိုင်း အလွယ်တကူ အသုံးပြုနိုင်ပါသည်။

၁။ TikTok အက်ပ်ကို ဖွင့်ပြီး သင့်ပရိုဖိုင်သို့သွားပါ။
၂။ ညာဘက်အပေါ်ထောင့်ရှိ လိုင်းသုံးကြောင်းကို နှိပ်ပြီး ဆက်တင်များနှင့် ကိုယ်ရေးလုံခြုံမှုသို့ သွားပါ။
၃။ အကြောင်းအရာနှင့် ပြသမှု (Display) အောက်ရှိ ဖုန်းသုံးချိန်ကို ရွေးချယ်ပါ။
၄။ ထို့နောက် လိုသလို ဆက်တင်များကို စိတ်ကြိုက်ပြင်ဆင်ပါ။

သင်၏ TikTok အသုံးပြုမှု အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ခြင်း
*******
"ဖုန်းသုံးချိန်" (Screen Time) အောက်တွင် သင်၏ ဒစ်ဂျစ်တယ်အလေ့အထများကို စီမံခန့်ခွဲရန် အထောက်အကူဖြစ်စေသော လုပ်ဆောင်ချက် ၅ ခု ရှိပါသည်။

၁။ နေ့စဥ်ဖုန်းသုံးချိန်

ဤလုပ်ဆောင်ချက်တွင် TikTok အသုံးပြုသည့် နေ့စဥ်ဖုန်းသုံးချိန်ကို သတ်မှတ်နိုင်ပါသည်။ သတ်မှတ်ထားသော အချိန်ပြည့်သွားသည်နှင့် သင့်အသုံးပြုမှုကို သတိရှိစေရန် ကူညီပေးသည့် အကြောင်းကြားချက်တစ်ခု ရရှိမည်ဖြစ်သည်။ ဤဆက်တင်ကို အချိန်မရွေး ဖွင့်နိုင် သို့မဟုတ် ပိတ်နိုင်ပြီး ဖုန်းသုံးချိန်အကျဉ်းချုပ်ကို လုပ်ဆောင်ချက်စင်တာတွင် ကြည့်ရှုနိုင်ပါသည်။

၂။ ဖုန်းသုံးစွဲမှု နားချိန်များ

ဖုန်းသုံးချိန်မများအောင် အနားယူရန် သတိပေးချက်များ လိုအပ်ပါသလား။ ဖုန်းသုံးစွဲမှုနားချိန်များ လုပ်ဆောင်ချက်ဖြင့် ဆက်တိုက် ဖုန်းအသုံးပြုချိန်တစ်ခုပြီးနောက် အနားယူရန် သတိပေးမည့် အချိန်ဇယားတစ်ခု စိတ်ကြိုက်သတ်မှတ်နိုင်ပါသည်။ သတ်မှတ်ထားသော နားချိန်သို့ ရောက်ရှိသောအခါ အနားယူချိန်ရောက်ပြီဟု TikTok က အက်ပ်တွင်းသတိပေးချက်ကို ပေးပို့မည်ဖြစ်ပါသည်။

၃။ အိပ်ရန်သတိပေးချက်များ

လုံလောက်စွာ အိပ်စက်အနားယူခြင်းသည် ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်ပါသည်။ TikTok ၏ အိပ်စက်ရန်သတိပေးချက်လုပ်ဆောင်ချက်ဖြင့် အိပ်ရာဝင်ချိန်ကို သတ်မှတ်နိုင်ပြီး အိပ်ချိန်စတင်ပါက TikTok၏ Push Notification များမ၀င်လာအောင် ပိတ်ပေးကာ ညအချိန် အနှောင့်အယှက်များကို လျှော့ချပေးမည်ဖြစ်ပါသည်။ ထို့အပြင် အသက်အရွယ်နှင့် ကျွမ်းကျင်သူများ၏ လမ်းညွှန်ချက်များအပေါ် မူတည်၍ အကြံပြုထားသော အိပ်စက်ချိန်ပမာဏကိုပါ တွက်ချက်ပြီး အနားယူရန်သတိပေးသွားမည်ဖြစ်ပါသည်။ ဥပမာအားဖြင့်
- အသက် ၁၃ မှ ၁၇ နှစ်ကြား အသုံးပြုသူများသည် အနည်းဆုံး ၈ နာရီ အိပ်ရန် အကြံပြုထားပါသည်။
- အသက် ၁၈ နှစ်နှင့်အထက် အသုံးပြုသူများသည် ၇ နာရီ သို့မဟုတ် ထို့ထက်ပို၍ အိပ်စက်ရန် အကြံပြုထားပါသည်။
အနားယူချိန်ရောက်သည့်အခါ TikTok က သင့်အတွက် အက်ပ်အတွင်း အကြောင်းကြားစာ ပို့သွားမည်ဖြစ်ပါသည်။

၄။ အပတ်စဥ်ဖုန်းသုံးချိန်အပ်ဒိတ်များ

အပတ်စဉ် သင်၏ ဖုန်းသုံးချိန် ပုံစံများအကြောင်း သိရှိထားရန် လိုအပ်ပါသည်။ ဤလုပ်ဆောင်ချက်တွင် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ယခုအပတ်အတွင်း အသုံးပြုခဲ့သည့် ဖုန်းသုံးချိန် အကျဉ်းချုပ်ဆိုင်ရာ အသိပေးချက်ကို လက်ခံရရှိမည်ဖြစ်ပါသည်။ မိမိ၏ ဖုန်းသုံးချိန်ပုံစံများကို နှိုင်းယှဥ် ချင့်ချိန်ပြီး စိတ်ကြိုက် ချိန်ညှိနိုင်ရန် ရိုးရှင်းသော နည်းလမ်းတစ်ခုဖြစ်ပါသည်။

၅။ Screen Time Dashboard

ဖုန်းသုံးချိန်ဆိုင်ရာ လုပ်ဆောင်ချက် အကျဉ်းချုပ်နှင့် အသေးစိတ်အချက်အလက်များကို Screen Time Dashboard တွင် ကြည့်ရှုနိုင်ပါသည်။ သင်၏ အလေ့အထများကို ပိုမိုကောင်းမွန်စွာ နားလည်ရန် အသုံးပြုနိုင်သည့် အဆိုပါ Screen Time Dashboardကို လုပ်ဆောင်ချက်စင်တာမှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ထို့ကြောင့် TikTok ၏ ဖုန်းသုံးချိန်ဆိုင်ရာ လုပ်ဆောင်ချက်များကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်ပြီး သင့် လိုအပ်ချက်များနှင့် ကိုက်ညီစေရန် အက်ပ်အတွင်း ရှာဖွေပြီး စိတ်ကြိုက်ပြင်ဆင်သင့်ပြီဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ အသုံးပြုသူ အသိုင်းအဝိုင်းအတွက် အထူးဖန်တီးထားသည့် TikTok ၏ Be Safe With Soe စီးရီးတွင် ဤလုပ်ဆောင်ချက်များကို ဖန်တီးပြုလုပ်ထားပါသည်။ အဆိုပါ ဗီဒီယိုစီးရီးသည် ဖုန်းအသုံးပြုချိန်ကို ထိန်းချုပ်ကာ ဒစ်ဂျစ်တယ်ကျန်းမာရေးကို မြှင့်တင်ရန်နှင့် ပိုမိုကျန်းမာပြီး ဟန်ချက်ညီကာ ဖန်တီးမှုအားကောင်းသည့် အချင်းချင်းအပြန်အလှန် ဆက်သွယ်မှုများကို ခံစားနိုင်ရန် ကူညီပေးမည်ဖြစ်ပါသည်။
ပျော်ရွှင်စရာကောင်းသည့် ပညာပေးအစီအစဉ်တစ်ခုအနေဖြင့် နေ့စဉ်ဘ၀တွင် ကြုံတွေ့ရလေ့ရှိသော အဖြစ်အပျက်များနှင့် ဖန်တီးထားသည့် Be Safe with Soe ဗီဒီယိုများကို TikTok ၏ Myanmar Digital Literacy Hub တွင် ကြည့်ရှုနိုင်ပါသည်။

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်  "ကုသိုလ်ဖြစ် ဆေးခန်း" အား အဆောင် ( ၂) အောက်ထပ်၌ နေ့စဥ်  နေ့လယ် ( ၂:၀၀ ) နာရီ မ...
06/02/2025

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် "ကုသိုလ်ဖြစ် ဆေးခန်း" အား အဆောင် ( ၂) အောက်ထပ်၌ နေ့စဥ် နေ့လယ် ( ၂:၀၀ ) နာရီ မှ ညနေ ( ၄:၀၀) နာရီအထိ ဖွင့်လှစ်ထားရှိပြီးမည်သူမဆို အခမဲ့ လာရောက်ကုသနိုင်ပါကြောင်းနှင့် ကုသိုလ်ဖြစ်ဆေးခန်းအား ဆေးဝါးအလှူ ဒါနများကုသိုလ်ပြု လှူဒါန်းနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်ဟု ဗိုလ်တ​ထောင်ဘုရား လူမှု့ကွန်ယက်စာမျက်နှာမှ သိရှိရပါသည်။


#ကုသိုလ်ဖြစ်​ဆေးခန်း

MPT က “ကံထူးပျော်ရွှင် ဆုများစုံလင်” အစီအစဉ်၏ ဇန်နဝါရီလအတွက် ကျပ်သိန်း (၁၀၀) ကံထူးရှင် (၁၀)ဦးကို ထပ်မံကြေညာ...**********...
06/02/2025

MPT က “ကံထူးပျော်ရွှင် ဆုများစုံလင်” အစီအစဉ်၏ ဇန်နဝါရီလအတွက် ကျပ်သိန်း (၁၀၀) ကံထူးရှင် (၁၀)ဦးကို ထပ်မံကြေညာ...
********************************************************

ရန်ကုန်။ ။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်

MPT သည် သုံးစွဲသူများအတွက် စိတ်လှုပ်ရှားဖွယ်ရာကောင်းသည့် အတွေ့အကြုံများကို ယူဆောင်ပေးသည့် “ကံထူးပျော်ရွှင် ဆုများစုံလင်” အစီအစဉ်၏ ဒုတိယအကြိမ်မြောက် (ဇန်နဝါရီလ) ကံထူးရှင်ရွေးချယ်မှုကို MPT ၏ လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ကံထူးရှင်များကို ရွေးချယ်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။ ယခု ဒုတိယအကြိမ်မြောက် (ဇန်နဝါရီလ) ကံထူးရှင်ရွေးချယ်ပွဲတွင် စုစုပေါင်း ငွေသားကျပ်သိန်း (၁,၀၀၀) တန်ဖိုးရှိသည့် ငွေသားဆု ကျပ်သိန်း (၁၀၀) ဆုရှင် (၁၀)ဦးနှင့်အတူ တယ်လီကွန်းဆု ကံထူးရှင်(၄၀)ဦးကို ရွေးချယ်ခဲ့ပြီး ဖြစ်ပါသည်။

ကံထူးရှင်များစာရင်းကို MPT ၏ လူမှုကွန်ရက်စာမျက်နှာများတွင် ကြေညာပေးသွားမည်ဖြစ်ပြီး ၎င်းတို့၏ ငွေသားဆုလက်ဆောင်များ ထုတ်ယူနိုင်ရန်အတွက် MPT က ကံထူးရှင်များကို တိုက်ရိုက်ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။ တယ်လီကွန်းဆုများအတွက်လည်း ဆုရရှိသူများကို MPT က တိုက်ရိုက် ထည့်သွင်းပေးမည် ဖြစ်ပါသည်။ ကံထူးရှင်များနှင့် ပတ်သက်သည့်အသေးစိတ်အချက်အလက်ကို https://mpt.com.mm/mm/lucky-happy-with-variety-of-prizes/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

“ကံထူးပျော်ရွှင် ဆုများစုံလင်” အစီအစဉ်ဆောင်ရွက်ရန် တစ်လသာ ကျန်ရှိသည့်အတွက် MPT အနေဖြင့် သုံးစွဲသူများအား ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလအတွက် ကျန်ရှိသောဆုများဖြစ်သည့် အထူးဆု ကျပ်သိန်း (၁,၀၀၀)ဆု (၁) ဆု၊ ငွေသားကျပ်သိန်း (၁၀၀) ဆု (၁၀)ဆု နှင့် တယ်လီကွန်းဆု (၄၀)တို့ကို ရရှိနိုင်ရန်အတွက် “ကံထူးပျော်ရွှင် ဆုများစုံလင်” အစီအစဉ်တွင် ပါဝင်ပြီး ဆုလက်ဆောင်များရရှိနိုင်သည့် ကံစမ်းမဲလက်မှတ်များကို စုဆောင်းကြရန် တိုက်တွန်းလိုက်ရပါသည်။

အဆိုပါအစီအစဉ်တွင်ပါဝင်ရန် MPT သုံးစွဲသူများအနေဖြင့် ကံစမ်းမဲလက်မှတ်များကို အောက်ပါနည်းလမ်းများဖြင့် စုဆောင်းရရှိနိုင်မည်ဖြစ်ပါသည်။
• မိမိ ကြိုက်နှစ်သက်ရာ ချန်နယ်လ်မှ တစ်ဆင့် ကြိုက်နှစ်သက်ရာ ပက်ကေ့ချ်များကို (စာတို၊ အသံ၊ ဒေတာ၊ ထပ်ဆောင်း ဝန်ဆောင်မှု စသည်ဖြင့်) ဝယ်ယူပါ။ (https://mpt.com.mm/mm/lucky-happy-with-variety-of-prizes/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
• မိမိ ကြိုက်နှစ်သက်ရာ ချန်နယ်လ်မှ တစ်ဆင့် “Lucky Packs” ကို ဝယ်ယူပါ။ (https://mpt.com.mm/mm/mpt-lucky-pack/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
• Special Flash ပရိုမိုးရှင်းအစီအစဉ်တွင် စာရင်းသွင်းပြီး ပါဝင်ပါ။ (https://mpt.com.mm/mm/special-flash-mm/?utm_source=viber&utm_medium=click&utm_campaign=special-flash-promotion တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT ၏ “ကံထူးပျော်ရွှင် ဆုများစုံလင်” အစီအစဉ်အကြောင်းကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော https://mpt.com.mm/mm/lucky-happy-with-variety-of-prizes/ သို့ ဝင်ရောက်လေ့လာနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် တူတူ Chatbot၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

#ကျပ်သိန်းတစ်ရာ
#ကံထူးရှင် #​ရွေးချယ်

ရေပန်းစားလူကြိုက်များနေတဲ့ OPPO Reno13 Series ကို ဖေဖော်ဝါရီလအတွင်း ဝယ်ယူအားပေးမဲ့ အားပေးသူတွေအတွက် အထူး “February Surpr...
03/02/2025

ရေပန်းစားလူကြိုက်များနေတဲ့ OPPO Reno13 Series ကို ဖေဖော်ဝါရီလအတွင်း ဝယ်ယူအားပေးမဲ့ အားပေးသူတွေအတွက် အထူး “February Surprise” အစီအစဉ်

OPPO Reno13 Series ဝယ်ယူသူတိုင်းအတွက် ကျေးဇူးတင်ရှိတဲ့အနေနဲ့ အထူးလက်ဆောင်တွေ စီစဉ်ထားတဲ့ “February Surprise” အစီအစဉ် ကို ဖေဖော်ဝါရီ ၁ ရက်နေ့ မှ ဖေဖော်ဝါရီ ၁၀ ရက်နေ့ အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်တဲ့ OPPO က ဇန်နဝါရီလ ၂၂ ရက်နေ့က Full-scene AI Imagine Master လို့ အမည်တွင်တဲ့ OPPO Reno13 Series မှ OPPO Reno13 5G ကို ၂,၂၉၉,၉၀၀ ကျပ်ဖြင့် သော်လည်းကောင်း ၊ OPPO Reno13 F ကို ၁,၃၉၉,၉၀၀ ကျပ်ဖြင့်သော်လည်းကောင်း မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ တရားဝင်စတင်မိတ်ဆက်ခဲ့ပါတယ်။ IP69 Dust and Water Resistance ပါဝင်မှုကြောင့် ရေစိုရေစိမ်ခံနိုင်တဲ့ အပြင် ဈေးနှုန်းတူ စမတ်ဖုန်းများအကြား ပထမဦးဆုံး Underwater Photography Mode ပါရှိလာတဲ့ OPPO Reno13 Series ဟာ လက်ရှိမှာ ဝယ်ယူသူတွေအကြား ရေပန်းစားနေသလို ဝယ်ယူမှုအားကောင်းတဲ့ စမတ်ဖုန်းထုတ်ကုန် Series အဖြစ် တည်ရှိနေပြီဖြစ်ပါတယ်။ အားပေးသူတွေနဲ့ စိတ်ဝင်စားသူတွေ များပြားလာတဲ့ OPPO Reno13 Series ကို ဝယ်ယူဖို့ စိတ်ဝင်စားနေသူတွေနဲ့ ဝယ်ယူအားပေးမဲ့သူတွေအတွက် ကျေးဇူးတင်တဲ့အနေနဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိ OPPO Reno13 Series ကို ဝယ်ယူမယ်ဆိုပါက “February Surprise” ဆိုတဲ့ အစီအစဉ်အဖြစ် After Sales Service (VIP Card)၊ Karaoke Set အစရှိတဲ့ အထူးလက်ဆောင်တွေအပြင် OPPO ထုတ်ကုန်တွေကို ဝယ်ယူထားဖူးသူ Customer အဟောင်းများအနေနဲ့ OPPO Reno13 Series ကို ထပ်မံဝယ်ယူပါက သီးသန့်ခံစားခွင့် အနေနဲ့ မှန်ကွဲ လဲလှယ်နိုင်ခွင့် ၂ ဆ နဲ့အတူ အခြားသောအခွင့်အရေးများကို အထူးလက်ဆောင်တွေအနေနဲ့ ပေးအပ် သွားမှာဖြစ်ပါတယ်။

02/02/2025

တရုတ်နှစ်သစ်ကူးပွဲ​တော်ကို ရန်ကုန်မြို့ လသာမြို့နယ်ရှိ တရုတ်တန်း၌ အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးသွားပြီဖြစ်​သော်လည်း လသာမြို့နယ်(တရုတ်တန်း) ၁၉လမ်းတွင် လူအများ စည်ကားလျက် သွားလာလှုပ်ရှားစား​သောက်​နေကြသည်ကို ​ဖေ​ဖော်ဝါရီ ၁ ရက်​နေ့ညက ​တွေ့ရှိခဲ့ရပါသည်။

#တရုတ်နှစ်သစ်ကူး #ပွဲ​တော်
#တရုတ်တန်း #ရန်ကုန်မြို့

Amazing Auto နှင့်  KL7 Auto ရဲ့ပိုင်ရှင် ဦးကြည်သာဟန်က သိန်း​ပေါင်း ၃၅၅၀၀ တန်ဖိုးရှိ​သော Mercedes Benz   G 63 AMG (သံပု...
02/02/2025

Amazing Auto နှင့် KL7 Auto ရဲ့ပိုင်ရှင် ဦးကြည်သာဟန်က သိန်း​ပေါင်း ၃၅၅၀၀ တန်ဖိုးရှိ​သော Mercedes Benz G 63 AMG (သံပုံး ပုံပြောင်း) 2020 model ကားကို သူ၏လူမှု့ကွန်ယက်စာမျက်နှာတွင် ​ဖော်ပြခဲ့ရာ လူအများစိတ်ဝင်စားမှု့ကို ရရှိခဲ့​ကြောင်း ​တွေ့ရှိရပါသည်။

Photos: Kyi Thar Han

ပြည်​ထောင်စုသမ္မတမြန်မာနိုင်ငံ​တော် ပြည်​ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်း..   #မြန်မာ  #ပြည်​ထောင်စု  #အစိုးရ  #ပြင...
31/01/2025

ပြည်​ထောင်စုသမ္မတမြန်မာနိုင်ငံ​တော် ပြည်​ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်း..

#မြန်မာ #ပြည်​ထောင်စု #အစိုးရ
#ပြင်ဆင်ဖွဲ့စည်း

ရှမ်းပြည်နယ် မိုင်းကိုးကျေးရွာအုပ်စု ၊ ယန်းကျောက်ကျေးရွာ၌ ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၃၁ ရက် ညနေပိုင်း၌ ပြန်ပေးဆွဲမှုဖြစ်ပ...
31/01/2025

ရှမ်းပြည်နယ် မိုင်းကိုးကျေးရွာအုပ်စု ၊ ယန်းကျောက်ကျေးရွာ၌ ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၃၁ ရက် ညနေပိုင်း၌ ပြန်ပေးဆွဲမှုဖြစ်ပွါးခဲ့ကြောင်း သိရှိရသည်။

ပြန်ပေးဆွဲခံရသည့်သူမှာ လွတ်မြောက်ခဲ့ပြီး ပြန်ပေးဆွဲသမား (၄) ဦးအနက် (၂) ဦး ဖမ်းဆီးရမိထားပြီး ဖမ်းမိသူများမှာ မိုင်းပျဥ်းမြို့နယ်ကဟု ကနဦးသိရှိရသည်။

“ပြန်ပေးဆွဲခံရတဲ့ ကောင်လေးနဲ့ ပြန်ပေးဆွဲတဲ့သူ ဖက်ပြီးလုံးကျတာ သေနတ်နဲ့ပစ်တော့ လူတော့မထိဘူး ။ဘေးနားကနေရာ တွေ ပန်းကန်တွေ ထိကုန်တာ” ဟု တာဝန်ရှိသူတစ်ဦးမှ ဆိုသည်။

နောက်ဆက်တွဲ တရားခံများ ဖမ်းမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိနေပြီး ဖြစ်စဉ်ပေါ်ပေါက်ရေးအတွက် တာဝန်ရှိသူများမှ ဆောင်ရွက်နေကြောင်း သိရှိရသည်။

Credit:

ယ​နေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၃၁ ရက်​နေ့ ..စက်သုံးဆီ​စျေးနှုန်းများ ​စျေးတက်..Photo: Credit     #စက်သုံးဆီ  #​စျေးနှုန်း
31/01/2025

ယ​နေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၃၁ ရက်​နေ့ ..
စက်သုံးဆီ​စျေးနှုန်းများ ​စျေးတက်..

Photo: Credit

#စက်သုံးဆီ #​စျေးနှုန်း

စုံစမ်း​မေးမြန်းခြင်း နှင့် သတင်း​ပေးပို့ခြင်း..ပြုလုပ်နိုင်...
30/01/2025

စုံစမ်း​မေးမြန်းခြင်း နှင့် သတင်း​ပေးပို့ခြင်း..ပြုလုပ်နိုင်...

Samsung Electronics Co., Ltd ကနေ ဆန်းကြယ်မှုအသစ်၊ လုပ်ဆောင်နိုင်စွမ်းအသစ်တွေနဲ့ ပိုမိုအဆင့်မြင့်တဲ့ Galaxy AI လုပ်ဆောင်ခ...
30/01/2025

Samsung Electronics Co., Ltd ကနေ ဆန်းကြယ်မှုအသစ်၊ လုပ်ဆောင်နိုင်စွမ်းအသစ်တွေနဲ့ ပိုမိုအဆင့်မြင့်တဲ့ Galaxy AI လုပ်ဆောင်ချက်အသစ်တွေ ပါဝင်လာတဲ့ Galaxy S25 Series ကို Galaxy Unpacked ပွဲကြီးကနေ မိတ်ဆက်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ ဇန်နဝါရီလ ၂၃ ရက်၊ ကြာသပတေးနေ့၊ မြန်မာစံတော်ချိန် မနက် ၁၂ နာရီခွဲအချိန်မှာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဟိုဆေး (San Jose) မြို့မှာ ကျင်းပပြုလုပ်သွားတဲ့ Galaxy Unpacked ပွဲကြီးကို မြန်မာနိုင်ငံမှာတော့ Galaxy Unpacked Watch Party ပွဲမှာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ တိုက်ရိုက်ကြည့်ရှုခဲ့ကြတာပဲ ဖြစ်ပါတယ်။

အဆိုပါ Galaxy Unpacked Watch Party ပွဲကို Team Galaxy အဖွဲ့ဝင်များ ဖြစ်ကြတဲ့ ပန်းရောင်ခြယ်၊ ပိုးမမှီသာနဲ့ မေတိုးခိုင် အပါအဝင် နာမည်ကျော် အနုပညာရှင်များ၊ Tech Bloggers များနဲ့ Samsung Myanmar မှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပါတယ်။ Galaxy Unpacked ပွဲကြီးမှာ မိတ်ဆက်ပေးခဲ့တဲ့ Galaxy S25 Series စမတ်ဖုန်းအသစ်တွေနဲ့ လုပ်ဆောင်နိုင်စွမ်းအသစ်တွေပါဝင်လာတဲ့ Galaxy AI တို့အကြောင်းကို ရင်ခုန်စွာတိုက်ရိုက်ကြည့်ရှုခဲ့ကြပြီး စိတ်လှုပ်ရှားစရာအစီအစဉ်များနဲ့အတူ ကျင်းပပြုလုပ်ခဲ့ပါတယ်။

“Samsung ရဲ့ အစဉ်အလာကြီးမားတဲ့သော မှတ်တိုင်တစ်ခုဖြစ်တဲ့ Galaxy Unpacked ပွဲကြီးကတစ်ဆင့် နောက်ထပ် စိတ်လှုပ်ရှားစရာနည်းပညာနဲ့ စမတ်ဖုန်းအသစ်တွေ မိတ်ဆက်ပေးခဲ့တာကို ခုလို အားလုံးအတူတူကြည့်ရှုခွင့်ရခဲ့တဲ့အတွက် ဝမ်းမြောက်မိပါတယ်။ အသစ်မိတ်ဆက်ပေးလိုက်တဲ့ Galaxy S25 Series စမတ်ဖုန်းအသစ်တွေမှာ ပါဝင်လာတဲ့ Galaxy AI က နေ့စဥ် ဘဝရဲ့ လုပ်ငန်းဆောင်တာတွေမှာ အလွယ်ကူဆုံးဖြစ်အောင် အဖော်မွန်ကောင်းတစ်ယောက်အနေနဲ့ ကူညီပေးမယ့် “A true AI Companion” အဖြစ် ရှိပေးနိုင်တော့မှာဖြစ်တဲ့အတွက် Samsung ချစ်သူတွေအနေနဲ့လည်း နှစ်သက်သဘောကျလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။” လို့ Samsung Myanmar ရဲ့ Managing Director ဖြစ်သူ Mr. Martin Kim က ပြောကြားခဲ့ပါတယ်။

အသစ်ထွက်ရှိလာတဲ့ Galaxy S25 Series ကို စိတ်ဝင်စားသူများအနေနဲ့ ဒီလင့်ခ် (smsng.co/Galaxy-S25-Series-Interest) ကနေ ကြိုတင်စာရင်းပေးသွင်းထားနိုင်မှာဖြစ်ပြီး Galaxy S25 series နဲ့ပတ်သတ်ပြီး ပိုမို သိရှိလိုတယ်ဆိုရင်တော့ Samsung Myanmar page မှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

29/01/2025

Happy Chinese New Year.....to you all

ဒါရိုက်တာ စင်​ရော်​မောင်​မောင် ၏ ဝန်ထမ်း​ခေါ်စာ....**********************************************သင်္ဃန်းကျွန်းမြို့နယ်၊...
28/01/2025

ဒါရိုက်တာ စင်​ရော်​မောင်​မောင် ၏ ဝန်ထမ်း​ခေါ်စာ....
**********************************************

သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး (ကမာကြည်တံတားအနီးတွင်)တာဝန်ထမ်းဆောင်ရန် အမြန်အလိုရှိသည်။
အမျိုးသမီး Admin ဝန်ထမ်း မ(၂)ဦး (သို့) ကျား(၂)ဦး
• ဘွဲ့ရ(မည်သည့်ဘွဲ့မဆို)
• Admin လုပ်ငန်း အတွေ့အကြုံ (၃)နှစ်ရှိရမည်။
• Microsoft နှင့်ပတ်သက်သည်များကို ကျွမ်းကျင်စွာအသုံးပြုနိုင်ရမည်။
• English စာသင့်တင့်တတ်ကျွမ်းသူဖြစ်ရမည်။
• မြန်မာစာစီစာရိုက် ပြည်ထောင်စုဖောင့်ရိုက်တတ်ရမည်။
• Teamwork ဖြင့်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
• လစာ(၅)သိန်း
• အလုပ်ပိတ်ရက်များသည်အစိုးရရုံးပိတ်ရက်များနှင့်တနင်္ဂနွေနေ့များပိတ်ပါသည်။
• သင်္ဃန်းကျွန်းမြို့နယ် ကမာကြည်ရပ်ကွက်တွင်တည်ရှိနေပါသဖြင့် ရုံးချိန်ပုံမှန်လာရောက်နိုင်သူများကို အထူးဦးစားပေးမည်ဖြစ်ပါသည်။

အထက်ဖော်ပြပါ အချက်အလက်များနှင့်ကိုက်ညီမှုရှိပြီး စိတ်ဝင်စားပါက Viber – 09965265807 သို့ CV ဖောင်များပေးပို့လျှောက်ထားနိုင်ပါသည်..... ဟု ​ဖော်ပြထားပါသည်။


28/01/2025

Studio 52 က ဂီတမျိုးဆက်သစ်များအတွက် Jam It & Artists အစီအစဥ်အတွက် ရိုက်ကူး​ရေး Studio 52၌ ပြုလုပ်ခဲ့..

ဂီတဝါသနာပါသူ မျိုးဆက်သစ်များအတွက် မိမိတို့ဂီတ၊ သီချင်းများကို ကြိုးစားဖန်တီး​နေရင်းမှ ပရိသတ်လက်ဝယ်သို့ အမြန်ထုတ်လွှင့်ပြသနိုင်ရန် Studio 52မှ အကုန်အကျခံပြီး အသံသွင်း ရိုက်ကူးကာ Studio 52 Facebook, YouTube & Tiktok Channel များက ထုတ်လွှင့်ပြသ​နေပြီ ဖြစ်ပါသည်။

ဝါသနာရှင်များအားလုံး Studio 52 သို့ ဆက်သွယ်နိုင်ပြီး အခမဲ့ကူညီစီစဥ်​ဆောင်ရွက်​ပေးသွားပါမည်ဟု Studio 52 မှ Producer ကိုထင်​အောင်မှ ​Yangon Events News သို့ ​ပြောကြားခဲ့ပါသည်။

TikTok က သုံးစွဲသူများအတွက် သတိရှိသည့် အွန်လိုင်းအသုံးပြုမှုကို မြှင့်တင်ရန် ဒစ်ဂျစ်တယ် ကျန်းမာရေးကို အလေးထားဆောင်ရွက်လျ...
27/01/2025

TikTok က သုံးစွဲသူများအတွက် သတိရှိသည့် အွန်လိုင်းအသုံးပြုမှုကို မြှင့်တင်ရန် ဒစ်ဂျစ်တယ် ကျန်းမာရေးကို အလေးထားဆောင်ရွက်လျက်ရှိ...
*********************

၂၇၊ ဇန်န၀ါရီ၊ ၂၀၂၅၊ ရန်ကုန်။ ။

မတူကွဲပြားသော လူများစွာရှိနေသည့် အသိုင်းအဝိုင်းအတွက် တီထွင်ဖန်တီးမှုနှင့် ထုတ်ဖော်ပြောဆိုမှုကို အားပေးသည့် ထိပ်တန်း Short-form ဗီဒီယိုပလပ်ဖောင်းတစ်ခုဖြစ်သည့် TikTok သည် ၎င်း၏ အသုံးပြုသူများအားလုံးအတွက် မျှတပြီး အပြုသဘောဆောင်သော ဒစ်ဂျစ်တယ်ပတ်ဝန်းကျင်ကို မြှင့်တင်လျက်ရှိပါသည်။ ဤသို့မြှင့်တင်ရာတွင် မြန်မာနိုင်ငံရှိ အသုံးပြုသူအသိုင်းအ၀ိုင်းအတွက်လည်း ပါ၀င်ပြီး ဒစ်ဂျစ်တယ်ကျန်းမာရေးကို မြှင့်တင်ရန် Tools များနှင့် ပဏာမခြေလှမ်းများတွင် ဆက်လက်ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပါသည်။
ဒစ်ဂျစ်တယ် ကျန်းမာရေးဟုဆိုရာတွင် နည်းပညာနှင့် ကျန်းမာသော ဆက်ဆံရေးကို ထိန်းသိမ်းခြင်းလည်း ပါ၀င်ပါသည်။ ကျန်းမာသော ဆက်ဆံရေးကို ထိန်းသိမ်းခြင်းဟုဆိုရာတွင် အွန်လိုင်းအသုံးပြုချိန်သာမက အွန်လိုင်းလှုပ်ရှားမှုများကို ကိုယ်တိုင်ထိန်းချုပ်နိုင်စေရန်နှင့် ၎င်းတို့သည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အပြုသဘောဆောင်ကြောင်း သေချာစေရန်အတွက်ဖြစ်ပါသည်။

အသုံးပြုသူများကြားတွင် အဖြစ်များသော ဒစ်ဂျစ်တယ် ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများ
ဒစ်ဂျစ်တယ်ချိတ်ဆက်မှုသည် သိသာထင်ရှားသော အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သော်လည်း မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာတစ်၀န်းတွင် အဖြစ်များသော ဒစ်ဂျစ်တယ်ကျန်းမာရေးကို ထိခိုက်စေသည့် စိန်ခေါ်မှုများကိုလည်း ဆောင်ကျဉ်းပေးပါသည်။ အသုံးပြုသူများ ကြုံတွေ့ရလေ့ရှိသော စိန်ခေါ်မှုအချို့မှာ-
• အွန်လိုင်းအသုံးပြုချိန် အလွန်များခြင်း - အကြောင်းအရာဗီဒီယိုများကို အချိန်ကြာမြင့်စွာ ကြည့်ရှုအသုံးပြုခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေနိုင်ပါသည်။
• အွန်လိုင်းပေါ်မှ နှောင့်ယှက်ခြင်းနှင့် အနိုင်ကျင့်ခြင်း - ထိခိုက်စေသော မှတ်ချက်များ သို့မဟုတ် အန္တရာယ်ရှိသော အကြောင်းအရာများကဲ့သို့သော အဆိုးမြင်စေသည့် တုံ့ပြန်မှုများသည် စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။
• သတင်းမှား - အတည်မပြုနိုင်သော သို့မဟုတ် အထင်မှားစေသော အကြောင်းအရာများ ပျံ့နှံ့ခြင်းသည် စိတ်ရှုပ်ထွေးမှုနှင့် စိုးရိမ်ပူပန်မှုကို ဖြစ်စေနိုင်ပါသည်။
• ဒစ်ဂျစ်တယ်စည်းဘောင်များ မရှိခြင်း - ကျန်းမာသော အလေ့အထ မရှိခြင်းက အိပ်စက်ချိန်ကို အနှောင့်အယှက်ဖြစ်စေပြီး လုပ်ကိုင်နိုင်စွမ်းအားကျဆင်းစေပါသည်။

TikTok၏ ဒစ်ဂျစ်တယ်ကျန်းမာရေးဆိုင်ရာအင်္ဂါရပ်များ
အထက်ပါစိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်အတွက် TikTok သည် သုံးစွဲသူများအနေဖြင့် မိမိတို့၏ ဒစ်ဂျစ်တယ်အလေ့အထများကို ထိန်းချုပ်နိုင်စေရန် ဒီဇိုင်းထုတ်ထားသော Feature များစွာကို တီထွင်ထားပါသည်။
• နေ့စဥ်ဖုန်းသုံးချိန် (Daily Screen Time) - ဤဆက်တင်သည် အသုံးပြုသူများကို TikTok တွင် တစ်နေ့လျှင် အချိန်မည်မျှသုံးစွဲလိုကြောင်း ဆုံးဖြတ်နိုင်စေပြီး ၎င်းတို့ ရွေးချယ်ထားသော အသုံးပြုချိန်ပြည့်သွားသည့်အခါ အသိချက်များကို ပေးပို့မည်ဖြစ်ပါသည်။
• အသုံးပြုချိန် Dashboard (Screen Time Dashboard) - ဤ Feature သည် အသုံးပြုသူများ TikTok အသုံးပြုချိန်နှင့် မည်သို့အသုံးပြုသည်တို့နှင့် ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်စေပြီး ရည်ရွယ်ချက်ရှိရှိ ဆုံးဖြတ်ချက်များ ချကာ အသုံးပြုနိုင်စေပါသည်။
• ဖုန်းသုံးစွဲမှုနားချိန်များ (Screen Time Breaks) - ဤ Feature သည် အသုံးပြုသူများကို အချိန်အတိုင်းအတာတစ်ခုအထိ ဆက်တိုက် အသုံးပြုပြီးနောက် ခေတ္တအနားယူရန် သတိပေးသွားမည်ဖြစ်ပြီး စိတ်ကြိုက် အချိန်ရွေးချယ်ကန့်သတ်နိုင်ပါသည်။
• အိပ်ရန် သတိပေးချက်များ (Sleep Reminders) - ညအချိန်တွင် အသုံးပြုသူများ၏ ဖုန်းသုံးချိန်ကို စီမံခန့်ခွဲရာတွင် ကူညီပေးခြင်းဖြင့် ဤ Feature သည် သတ်မှတ်ထားသော အိပ်ချိန်စတင်ပြီးနောက်တွင် အော်တိုပေးပို့သည့် သတိပေးချက်စာတိုများကို ပိတ်ပေးထားကာ ကျန်းမာသောအိပ်စက်ခြင်းအလေ့အထများမွေးမြူနိုင်ရန် ကူညီပေးပါသည်။
• ကန့်သတ် Mode (Restricted Mode) - ဤဆက်တင်သည် သုံးစွဲသူအားလုံးအတွက် လုံခြုံသော ပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးနိုင်ရန် အသုံးပြုသူအားလုံးနှင့် မသင့်လျော်နိုင်သော အကြောင်းအရာများကို ကန့်သတ်ပေးထားပါသည်။

အပြုသဘောဆောင်သော ဒစ်ဂျစ်တယ် အလေ့အထများ မွေးမြူနိုင်ရန် အကြံပြုချက်များ
အသုံးပြုသူအသိုင်းအဝိုင်းအနေဖြင့် ၎င်းတို့၏ ဒစ်ဂျစ်တယ်အလေ့အထများကို ဆင်ခြင်သုံးသပ်ရာတွင် ကူညီပေးရန်အတွက် TikTok သည် "ကျွန်ုပ်၏ ဒစ်ဂျစ်တယ်ကျန်းမာရေးအပေါ် မိသားစုနှင့် သူငယ်ချင်းများနှင့်အတူ မည်သို့သုံးသပ်နိုင်မည်နည်း"ဟူသည့် လမ်းညွှန်တစ်ခုကို ဖန်တီးထားပြီး TikTok Safety Center တွင် ကြည့်ရှုနိုင်ရန် မျှဝေထားပါသည်။ ဤလမ်းညွှန်သည် သုံးစွဲသူများကို ၎င်းတို့၏ အွန်လိုင်း အသုံးပြုမှုဆိုင်ရာ အလေ့အထများနှင့် ၎င်းတို့၏ ခံစားချက်များအပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်စေနိုင်ကြောင်းစသည်တို့ကို သုံးသပ်ကာ ပိုမိုကောင်းမွန်သော မျှတမှုကို ရှာဖွေရန် ကူညီပေးပါသည်။

ဒစ်ဂျစ်တယ်ကျန်းမာရေးကို မြှင့်တင်ရန်အတွက်လည်း မိမိကိုယ်ကို သိရှိနားလည်မှုရှိရန်လည်း အရေးကြီးပါသည်။ မိမိ၏ ဒစ်ဂျစ်တယ် အလေ့အထများကို အောက်ပါအတိုင်း အကဲဖြတ်နိုင်သည် -
• သင့်ဖုန်းသုံးချိန်ကို ပြန်လည်သုံးသပ်ပါ။
• ဖုန်းသုံးချိန်ပြီးသည့်နောက် စိတ်ခံစားမှုအခြေအနေကို အကဲဖြတ်ပါ။
• အိပ်ချိန်ပုံစံနှင့် အရည်အသွေးကို ဂရုပြုပါ။
• အွန်လိုင်းအသုံးပြုမှုများပြီးနောက် လုပ်ကိုင်နိုင်စွမ်းအားကို အကဲဖြတ်ပါ။
• အွန်လိုင်းအသုံးပြုမှုကို အကဲဖြတ်ပါ။
• အွန်လိုင်းကိုယ်ရေးကိုယ်တာနှင့် လုံခြုံရေးအလေ့အကျင့်များကို အကဲဖြတ်ပါ။
• မိမိကြည့်ရှုအသုံးပြုသည့် အွန်လိုင်းအကြောင်းအရာများကို ဆင်ခြင်အကဲဖြတ်ပါ။

အထက်ပါအချက်များကို ပုံမှန်အကဲဖြတ်ခြင်းဖြင့် မိမိသည် ပိုမိုကျန်းမာသော ဒစ်ဂျစ်တယ်အလေ့အထများကို ပြုစုပျိုးထောင်နိုင်ပြီး မိမိ၏ အွန်လိုင်းလှုပ်ရှားမှုများသည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို ကောင်းကျိုးပြုကြောင်း သေချာစေပါသည်။
TikTok ၏ ဒစ်ဂျစ်တယ်ကျန်းမာရေးဆိုင်ရာ ကတိကဝတ်သည် ကြွယ်ဝပြီး လုံခြုံသော အွန်လိုင်းနေရာကို ဖန်တီးရန် ကမ္ဘာ့ပလက်ဖောင်းတစ်ခုအဖြစ် ၎င်း၏ တာဝန်ကို ထင်ဟပ်စေသည်။ မှန်ကန်သော Tool များ၊ အရင်းအမြစ်များနှင့် ပညာပေးတို့ဖြင့် သုံးစွဲသူများကို စွမ်းအားမြှင့်ပေးခြင်းဖြင့် TikTok သည် သတိရှိသည့် အွန်လိုင်းအသုံးပြုမှုကို မြှင့်တင်ရန်နှင့် ပိုမိုကျန်းမာသော ဒစ်ဂျစ်တယ်ဂေဟစနစ်ကို မွေးမြူရာတွင် ဆက်လက်ဦးဆောင်နေပါသည်။
ဒစ်ဂျစ်တယ်ကျန်းမာရေးသည် အပြန်အလှန် တုံ့ပြန်မှုတိုင်း၏ ဗဟိုချက်ဖြစ်ကာ တီထွင်ဖန်တီးမှု၊ လေးစားမှုနှင့် ဟန်ချက်ညီမှုတို့အပေါ် တိုးတက်ဖြစ်ထွန်းသည့် လူ့အဖွဲ့အစည်းကို အတူတကွတည်ဆောက်ကြပါစို့။

Address

Uwisara Street, Dagon Township
Yangon
11181

Telephone

+959695530577

Website

Alerts

Be the first to know and let us send you an email when Yangon Events News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share