မြက်ခင်းစိမ်းနောက်ကွယ်က အတွေးစများ

  • Home
  • Myanmar
  • Yangon
  • မြက်ခင်းစိမ်းနောက်ကွယ်က အတွေးစများ

မြက်ခင်းစိမ်းနောက်ကွယ်က အတွေးစများ ဘောလုံးပွဲရလဒ်များ သုံးသပ်ကြပါမယ် ။

မောင်မောင်လွင် 🗣️“ မနေ့ညက ပွဲအပြီးမှာ လုခ်ရှောက ကျွန်တော့်ကိုဂိုးသွင်းနိုင်ခဲ့လို့ ချီးကျူးစကားပြောခဲ့ပါတယ်၊ ပြီးတော့ မြ...
29/05/2025

မောင်မောင်လွင် 🗣️
“ မနေ့ညက ပွဲအပြီးမှာ လုခ်ရှောက ကျွန်တော့်ကို
ဂိုးသွင်းနိုင်ခဲ့လို့ ချီးကျူးစကားပြောခဲ့ပါတယ်၊
ပြီးတော့ မြန်မာနိုင်ငံကို သူသိကြောင်းလည်း
ပြောပါတယ်၊ ကျွန်တော့်ကို ဘယ်ကစားသမားရဲ့
ဂျာစီလိုချင်လဲလို့ မေးခဲ့ပြီး သူကိုယ်တိုင်
ဘရူနို ဖာနန်ဒက်ရဲ့ဂျာစီကိုသွားယူပြီး
ကျွန်တော့်ကို ပေးခဲ့ပါတယ် “ ❤️🇲🇲

28/05/2025

မောင်မောင်လွင်မှ မန်ယူအား မလေးရှားခေါ်ပြီး ဆုံးမတော်မူခန်း 🥲

ငါတို့ဝေးသွားခဲ့ပြီလို့ တွေးမိတဲ့အခါတိုင်းနီးစပ်ခဲ့လို့လားဆိုတဲ့ မေးခွန်းတွေကငါ့ကို ကျိုးကြေစေတယ်ငါပေးခွင့်မရတော့တဲ့ ချစ...
08/05/2025

ငါတို့ဝေးသွားခဲ့ပြီလို့ တွေးမိတဲ့အခါတိုင်း
နီးစပ်ခဲ့လို့လားဆိုတဲ့ မေးခွန်းတွေက
ငါ့ကို ကျိုးကြေစေတယ်

ငါပေးခွင့်မရတော့တဲ့ ချစ်ခြင်းမေတ္တာမျိုး
မင်းလိုတဲ့သူဆီက ရပါစေ ။

#တာရာမင်းဝေ

ဗီလာတို့တော့ညကပွဲမှာ psgတို့ကို ရင်ဘတ်တန်းကစားနိုင်ခဲ့ပြီးကစားသမားတွေ အဆုံးသတ် လိုအပ်ချက်တွေကြောင့် နှစ်ကျော့ပေါင်း ရလဒ်...
16/04/2025

ဗီလာတို့တော့ညကပွဲမှာ psgတို့ကို ရင်ဘတ်တန်းကစားနိုင်ခဲ့ပြီးကစားသမားတွေ အဆုံးသတ် လိုအပ်ချက်တွေကြောင့် နှစ်ကျော့ပေါင်း ရလဒ် ၄ :၅နဲ့အတူ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပါပြီ ။

ဘောလုံးလောကရဲ့  အလှပဆုံးသော ကစားသမား သို့မဟုတ် အီတလီရဲ့ အကောင်းဂိုးသမားကြီးဘူဖွန်ဟုတ်ကဲ့မဂ်လာပါခင်ဗျ ဒီနေ့မှာတော့ ၂၁ရာစု...
27/03/2025

ဘောလုံးလောကရဲ့ အလှပဆုံးသော ကစားသမား သို့မဟုတ် အီတလီရဲ့ အကောင်းဂိုးသမားကြီးဘူဖွန်

ဟုတ်ကဲ့မဂ်လာပါခင်ဗျ ဒီနေ့မှာတော့ ၂၁ရာစုရဲ့ အကောင်းဆုံးသော ဂိုးသမားစာရင်းဝင် ကစားသမားကြီးဘူဖွန်ရဲ့ ကစားသမားဘဝအကြောင်း ကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ဂိုးသမားကြီးဘူဖွန်ကိုတော့ 1978 ဇန်နီဝါရီ ၂၈ ရက်နေ့မှာ အီတလီနိုင်ငံ Carraraမွေးဖွားခဲ့ပါတယ် ။

ဘူဖွန်ဟာ ငယ်စဥ်ကတည်းက ဘောလုံးအပေါ် ရူးသွပ်ခဲ့ပြီး1995 မှာတော့ စီးရီးအေ ကလပ် ပါးမားအသင်းနဲ့အတူ ပထမဦးဆုံးစီးရီးအေပွဲ စတင်ပွဲထွက်ကစားခဲ့ပါတယ် ။ ဘူဖွန်ဟာ ပါးမားအသင်းအကယ်ဒမီထွက် ကစားသမားတစ်ယောက်ဖြစ်ပြီး ပါးမားအသင်းကို ၁၉၉၁မှာ စတင်ပြောင်းရွှေ့ကစားခဲ့ပါတယ် ။ 1995မှာတော့ ဘူဖွန်ဟာ ပါးမားအသင်းကြီးနဲ့အတူ စတင်ပွဲထွက်ကစားခဲ့ရပြီး ဆုဖလားအောင်မြင်မှုအဖြစ် coppa italia uefa cup နှင့်အတူ supercoppa italianaတို့ကို ဆုတ်ခူးနိုင်ခဲ့ပါတယ် ။ ။ ဘူဖွန်ဟာ သူ့ရဲ့ငယ်ဘဝကလပ် ပါးမားအသင်းနဲ့အတူ ပွဲစဥ်ပေါင်း ၁၆၈ အထိ ကစားခဲ့ပြီး ၂၀၀၁ခု နှစ်မှာတော့ ဂျူဗီတပ်အသင်းရဲ့ ကမ်းလှမ်းခြင်းခံခဲ့ရပါတယ်။ ဒီလိုနဲ့ ဘူဖွန်ဟာ ကစားသမားဘဝနောက်တစ်ဆင့်အတွက် စီးရီးအေ အင်အားကြီးကလပ်တစ်သင်းဖြစ်တဲ့ ဂျူဗီတပ်အသင်းဆီ 2001ခုနှစ်မှာ ပြောင်းရွှေကစားခဲ့ပါတယ် ။ဒါ့အပြင် ဂျူဗီတပ်အသင်းဟာ အပြောင်းအရွေ့စရိတ်အဖြစ် စံချိန်တင် ယူရို 52.9သန်းပေးချေခဲ့ရပြီး ထိုခေတ်အခါ စျေးအကြီးဆုံးဂိုးသမားအဖြစ် စံချိန်တင်ထားနိုင်ခဲ့ပါတယ် ။

ဘူဖွန်ဟာ ဂျုဗီတပ်စ်ကစားသမားဘဝမှာ အောင်မြင်မှုများစွာရရှိခဲ့ပြီး ပထမဦးဆုံးနှစ်ရာသီအတွင်းမှာ စီးရီးအေ အမှတ်ပေးဖလားကိုနှစ်ကြိမ်ဆက် ဆွတ်ခူးနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ဘူဖွန်ဟာ စီးရီးအေတစ်နှစ်တာအကောင်းဆုံးဂိုးသမားဆုကို ၁၂ကြိမ်အထိ စံချိန်တင်ရယူနိုင်ခဲ့ပါတယ်။ ဘူဖွန် ဟာ ဂျူဗီတပ်အသင်းမှာ ၂၀၀၁ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ကစားသမားဘဝဖြတ်သန်းခဲ့ပြီး အောင်မြင်မှုတွေအနေနဲ့ စီးရီးအေဖလား ကိုးကြိမ် ကိုပါအတလီယာ လေးကြိမ်နှင့် စူပါကိုပါအီတလီ ငါးကြိမ်အထိ စံချိန်တင်ရယူနိုင်ခဲ့ပါတယ်။ 2015 နဲ့2017ရာသီတွေမှာတော့ ချန်ပီလိဂ်ဖလား ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပေမဲ့ ဒုတိယအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ် ။ ဘူဖွန် ဂျူဗီတပ်စ်အသင်းနဲ့အတူ တစ်ဦးချင်းဆုအနေနဲ့ 2017 မှာတော့ The Best Fifa Goalkeeper Award ကို ရရှိခဲ့ပါတယ် ။
ဘူဖွန်ဟာ ကစားသမားဘဝမှာ ဂျူဗီတစ်စ်အသင်းနဲ့အတူ ထွန်းတောက်နိုင်ခဲ့သလို ပြိုင်ဘက်တိုက်စစ်ကစားသမားတွေရဲ့ ချီးကျူးဂုဏ်ပြုခြင်းမျိုးတွေ ပိုင်ဆိုင်ထားခဲ့တဲ့ ဂိုးသမားကြီးတစ်ယောက်လည်း ဖြစ်ခဲ့ပါတယ် ။

ဒီနောက်မှာတော့ ဘူဖွန်ဟာ ၁၇နှစ်အကြာကစားခဲ့တဲ့ ဂျူဗီတပ်စ်အသင်းကနေ ၂၀၁၈ ခုနှစ်မှာတော့ ပြင်သစ်ကလပ် PSGအသင်းဆီ ပြောင်းရွေ့ကစားခဲ့ပါတယ် ။ ဘူဖွန်ဟာ PSGအသင်းနဲ့အတူတစ်ရာသီသာ ကစားခဲ့ပြီး ပြင်သစ်အမှတ်ပေးဖလား Trophèe des championsတို့ကို ရယူနိုင်ခဲ့ပါတယ်။ ထို့နောက်မှာတော့ ဂျူဗီတစ်အသင်းဆီ နှစ်ရာသီပြောင်းရွေ့ကစားခဲ့ပါသေးတယ် ။ဒီနောက်မှာတော့ သူရဲ့ကစားသမားဘဝငယ်ဘဝကလပ်ပါးမားအသင်းဆီ ပြောင်းရွေ့ခဲ့သလို 2021ကနေ 2023အထိ ပါဝင်ကစားခဲ့ပြီး 2023 ခုနှစ်မှာတော့ ကစားသမားဘဝကနေ အနားယူခဲ့ပါတယ် ။ဘူဖွန်ဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ပွဲပေါင်း ၁၁၀၀ ကျော်အထိ ကစားခဲ့ပြီး စီးရီးအေသမိုင်းတစ်လျှောက် ပွဲထွက်ကစားအများဆုံးကစားသမားတွေထဲက တစ်ယောက်အဖြစ်မှတ်တမ်းတင်ထားပါသေးတယ် ။

ဒါ့အပြင် ဘူဖွန်ဟာ ဂျူဗီတပ်စ်အသင်းနဲ့အတူ ပွဲစဥ်ပေါင်း ၆၄၇ပွဲကျော်အထိ ကစားခဲ့ပေးတဲ့အထိ ပွဲအများဆုံးစံချိန်တင်ထားပါသေးတယ် ။

တစ်ဖက်မှာလည်း ဘူဖွန်ဟာ အမိနိုင်ငံအသင်းနဲ့အတူ အောင်မြင်မှုတွေရယူနိုင်ခဲ့ပြီး 1993ခုနှစ်မှာတော့ အီတလီ ယူ၁၆ အသင်းမှာ စတင်ရွေးချယ်ခြင်းခံခဲ့ရပါတယ် ။ 1997မှာတော့ ဘူဖွန်ဟာ နိုင်ငံအသင်း​ကြီးနဲ့အတူ ပွဲထွက်ခွင့်ရခဲ့ပြီး နိုင်ငံအသင်းနဲ့အတူ ပွဲစဥ်ပေါင်း ၁၇၆ပွဲ အထိ ပါဝင်ကစားပေးခဲ့တဲ့အထိ လက်စွမ်းပြနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ၂၀၁၀ ခုနှစ်မှာတော့ လက်ရွေးစင်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနိုင်ခဲ့ပြီး ဖီဖာရဲ့ World Cup ပြိုင်ပွဲမှာ 1998 2002 2006 2010 2014 နှစ်အထိ ၅ကြိမ်ဆက်တိုက်ပါဝင်ကစားနိုင်ခဲ့တဲ့ ကစားသမားအနေနဲ့လည်း စံချိန်တင်ထားနိုင်ပါသေးတယ် ။ ဒါ့အပြင် ဘူဖွန်ဟာ နိုင်ငံအသင်းနဲ့အတူ ၂၀၀၆ ခုနှစ်မှာတော့ World Cup ဆွတ်ခူးနိုင်ခဲ့ပြီး ပြိုင်ပွဲရဲ့ အကောင်းဆုံးဂိုးသမားအဖြစ် ရွှေလက်အိတ်ဆု ရရှိခဲ့ပါတယ် ။

ဒါ့အပြင် ဘူဖွန် ဟာ 2006 ခုနှစ် World Cup မှာ စံချိန်တင် clean sheet ၅ကြိမ်အထိ ရယူနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ဂိုးသမားအနေနဲ့လည်း မှတ်တမ်းတင်ထားနိုင်ခဲ့သလို Yashin Award ဆုကို ရယူနိုင်ခဲ့ပြီး Team of the Tournament တွင်လည်း ပါဝင်နိုင်ခဲ့ပါတယ် ။ တစ်ဦးချင်းဆုတွေအနေနဲ့ ဘူဖွန်ဟာ UEFA ရဲ့ အကောင်းဆုံးသော ဂိုးသမားဆုကို ၅ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့သလို ၂၀၀၆ ခုနှစ် Ballon d"Or ရပ်တည်ချက်အနေနဲ့ ဒုတိယအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ် ။ ဒါ့အပြင် IFFHS က ချီးမြှင့်တဲ့ အကောင်းဂိုးသမားဆုကို ၅ကြိမ်အထိ Casillas Neuerတို့နဲ့အတူ ပူးတွဲရယူနိုင်ခဲ့ပါတယ် ။
အီတလီဂိုးသမားကြီးဟာ ပွဲစဥ်ပေါင်း 1100ကျော်အထိ ကစားနိုင်ခဲ့ပြီး clean sheet ပွဲစဥ်ပေါင်း ၅၀၀ ကျော်အထိ ရယူနိုင်ခဲ့တဲ့ ဂိုးသမားအနေနဲ့လည်း မှတ်တမ်းတင်ထားခဲ့ပါတယ် ။ ဘူဖွန်ဟာ ကစားသမားဘဝမှာ ဆုဖလားအောင်မြင်မှုတွေအနေနဲ့ World Cup ၁ကြိမ် စီးရီးအေဖလား ၁၀ကြိမ် ပြင်သစ်အမှတ်ပေးဖလား၁ကြိမ် အီတလီယာဖလား၆ကြိမ်
အီတလီ စူပါကပ်စ် ၇ကြိမ် UEFA Cup တစ်ကြိမ်နဲ့အတူ ပြင်သစ်စူပါကပ်စ်တို့ကို ရယူနိုင်ခဲ့ပါတယ် ။ အနှစ်ချုပ်အနေနဲ့ ဘူဖွန်ဟာ မော်ဒန်ခေတ်တစ်ခေတ်ရဲ့ ဘောလုံးလောကမှာ အအောင်မြင်ဆုံးဘောလုံးသမားတစ်ယောက်အနေနဲ့ရပ်တည်နိုင်ခဲ့သလို အီတလီရဲ့ ဘောလုံးအကြောင်းဆိုတာနဲ့ ဘူဖွန်ဆိုတဲ့ ဂိုးသမားကြီးကို ကျွန်တော်တို့ မဖြစ်မနေ ထည့်သွင်းဂုဏ်ပြုရမှာ အမှန်ပါပဲ ။ဘောလုံးလောကဟာ တစ်ခါတစ်လေ ဝမ်းနည်းမှုတွေ အလိုမကျမှုတွေ ကြမ်းတမ်းမှုတွေရှိပေမဲ့ ကျွန်တော်တို့အားလုံးဟာ တစ်သွေးထဲတစ်သားထဲသာ ရှိနေဆဲဖြစ်ကြောင်းပြောကြားရင်း အဆုံးသတ်လိုက်ရပါတယ် ။

#မြက်ခင်းစိမ်းနောက်ကွယ်ကအတွေးစများ

Address

Yandanar Street
Yangon
134655

Alerts

Be the first to know and let us send you an email when မြက်ခင်းစိမ်းနောက်ကွယ်က အတွေးစများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share