The Tracking Dad

The Tracking Dad Founder of Binfo Calorie Tracker, MFTA Certified Trainer a dedicated dad, and a family man balancing a busy entrepreneurial life.

While managing a tight schedule, I prioritize staying healthy and fit using Binfo App to monitor my food and activity. 🧡

24/06/2025

Overpromising marketing wins when you lack the basics.

We don’t play games. No BS staff, no BS marketing. That’s how we do it at Binfo .

27/05/2025

Trainer က လည်း Ai သုံးပြီး Plan ဆွဲတယ်။
Trainer မဟုတ်တဲ့သူကလည်း Ai သုံးပြီး Plan တယ်။
Prompt ကွာတဲ့အတွက် Ai Response & Effectiveness တွေကွာသွားတယ်။

13/05/2025

📍
တစ်ပတ် ၃ ရက် gym သွားဖို့အချိန်ရတယ်ဆိုရင် Full-body 3 Split ကို ကစားနိုင်ပါတယ်။ ဒီ Program မှာ Muscle Group တစ်ခုကို ၁ ပတ် မှာ၂ ကြိမ် ထိရောက်အောက် ထည့်သွင်းထားပြီး၊ Day တစ်ခုချင်မှာ Push/Pull/Leg muscle တွေကို main focus ပြုလုပ်ထားပါတယ်။

ဝိတ်ချတဲ့အခါ ကြွက်သားပမာဏတွေ ဆုံးရှုံးမှုကို ကာကွယ်ဖို့ အလေးမခြင်း resistance training ကို ထည့်သွင်းလေ့ကျင့်သင့်ပါတယ်။

Full-body 3 Days Split - တစ်ပတ် (၃) ရက်

Full-body - Day 3 (Push Focus)
Level - Basic
1. Dumbbell Press
2. Pec Deck Fly
3. Cable Row (close grip)
4. Dumbbell Shoulder Press
5. Leg Curl (Any Machine)
6. Triceps Dips or Rope Pull Down

Reps - 8 to 12
Sets - 3-4

Day 1
https://www.facebook.com/share/r/18XC2KrpEv/?

Day 2
https://www.facebook.com/share/r/16ZSUqwHGx/?mibextid=wwXIfr

ခြေလှမ်း (၇၅၀၀-၁၀,၀၀၀) နေ့စဉ်လျှောက်ပါ + တစ်ပတ် (၂) ရက် Abs ဆော့နိုင်ပါတယ်။

Macro Ratio ကို ဒီ range ထဲမှာစားပါ။
Protein-35-40%
Fats - 20-30%
Carbs - 30 - 40%

Notes : beginner weight-loss sample program တစ်ခုဖြစ်တဲ့အတွက် HIIT တွေ DL တွေ Superset တွေ မထည့်ထားပါဘူး။ �

ထမင်း တစ်အိုးလုံးကုန်တာတော့ လွန်တာ့ပေါ့  ack ရယ် 😅
12/05/2025

ထမင်း တစ်အိုးလုံးကုန်တာတော့ လွန်တာ့ပေါ့ ack ရယ် 😅

🧂 ဝိတ်ချနေတဲ့အချိန် အချိုမှုန့် MSG သုံးလို့ရသလား ?🫡ရ ……………….. ပါ ………………..တယ် ❓ဘာကြောင့်လဲဆိုတော့ ✔️အခြား ဟင်းခတ်အမွှေးအ...
11/05/2025

🧂 ဝိတ်ချနေတဲ့အချိန် အချိုမှုန့် MSG သုံးလို့ရသလား ?

🫡ရ ……………….. ပါ ………………..တယ်

❓ဘာကြောင့်လဲဆိုတော့
✔️အခြား ဟင်းခတ်အမွှေးအကြိုင်တွေဖြစ်တဲ့ သကြား၊ ဆော့စ်များ၊ နဲ့ ယှဥ်ရင် အချိုမှုန့်လို့ခေါ်တဲ့ MSG (Monosodium Glutamate) မှာ ကယ်လိုရီပမာဏဟာ ၁၀ ဂရမ်မှာ “သုည” နီးနီး ပဲရှိလို့ ကယ််လိုရီပါဝင်မှုမရှိဘူးလို့တောင်ဆိုလိုနိုင်ပါတယ်။
✔️ဒါကြောင့် တနေ့တာ အရသာအတွက် ဟင်းခတ်အမွှေးအကြိုင်အသုံးပြုတဲ့ အခါပါဝင်တဲ့ ကယ်လိုရီပမာဏ ကို လျော့နည်းစေပြီး Low Calorie ဟင်းပွဲများဖန်တီးရာမှာ အသုံးတည့်ပါတယ်။

✔️နောက်တစ်ခုက ဝိတ်ချနေတဲ့မချိန်မှာ Food Boredom ဖြစ်ခြင်းကို ကူညီလျှော့ချပေးနိုင်ပါတယ်။ အချိုမှုန့်ဟာ အစားအသောက်တွေကို အရသာပိုရှိအောင် စွမ်းဆောင်ပေးနိုင်ပြီးတော့ ဝိတ်ချတဲ့အခါ စိတ်ကျေနပ်မှုကို ပိုမိုပေးစွမ်းနိုင်တာမို့လို့ ဗိုက်ဆာတာမဟုတ်ပဲ ပါးစပ်ဆာတဲ့ ပြဿနာ (Craving) ကိုလျော့ချပေးနိုင်ပါတယ်။
✔️တနေ့တာ ဘယ်လောက်သုံးရမလဲ ?
ယေဘုယအားဖြင့် အစားအသောက်တစ်နပ်မှာ 0.3 - 0.5 gram လောက်က အနေတော်ဖြစ်ပြီးတော့ တနေ့တာ Sodium intake ကိုလည်း အများကြီးသက်ရောက်မှုမရှိပါဘူး။ (Sodium ပါဝင်တဲ့ ဆား, ခရုဆီ, ပဲငံပြာရည်, ငံပြာရည် များကို သတိပြု အသုံးပြုပါ)။

❌ ဒါဆို အချိုမှုန့်သုံးတာ မကောင်းဘူး ပြောကြသလဲ ?
“Chinese Restaurant Syndrome” ဆိုတာဘာလဲ ?

📍1969 ခုနှစ်က New England Journal of Medicine ဆိုတဲ့ ဆေးဘက်တိုင်ရာဂျာနယ်တစ်ခုက တည်းဖြတ်သူထံပေးပို့စာ ဆိုတဲ့ စာတစ်စောင်ကနေ စတဲ့ ပြဿနာဖြစ်ပြီးတော့ ဆေးဘက်ဆိုင်ရာသုတေသန တစ်ခုတော့မဟုတ်ပါဘူး။ အဲ့ဒီထဲမှာ အချိုမှုန့် (MSG) စားသုံးမိတဲ့အတွက် ခေါင်းကိုက်တာ၊ နီးမြန်းခြင်းတွေဖြစ်တာတွေဖြစ်ပေါ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် Tarasoff နဲ့ Kelly (1993) က ပြုလုပ်ခဲ့တဲ့ Double Blind Study တွေအရတော့ ဒီလို MSG ကြောင့်ဖြစ်ပေါ်တယ်လို့ မတွေ့ရှိခဲ့ကြပါဘူး။ အဲ့ဒီခုနှစ်တွေမှာ အဲ့တာကြောင့် တော်တော်လေး Chinese Restaurant Syndrome လို့ ပြောကြရလောက်အောင် အမေရိကန်နိုင်မှာ ပြဿနာတက်ကြပါသေးတယ်။

📍1960 အလွန် ကြွက်တွေမှာ စမ်းသပ်ခဲ့တဲ့ အချို့ သုတေသနတွေမှာတော့ ဦးနှောက်နဲ့အာရုံကြောပျက်စီးမှု (neurotoxicity) ကိုတွေ့ရှိရပြီးတော့ ဒါဟာလည်း အဆမတန်မြင့်မားတဲ့ Dose ကို ပါးစပ်ကတဆင့် ကျွေးပြီးစမ်းသပ်တာမဟုတ်ပဲ သွေးကြာအတွင်း ထိုးသွင်းစမ်းသပ်မှု ရဲ့ ရလဒ်တစ်ခုပဲဖြစ်ပါတယ်။ နောက်ပိုင်း လူသားတွေနဲ့ အစားအသောက်မှတဆင့် စမ်းသပ်မှုမှာတော့ ဒီရလဒ်တွေမတွေ့ရှိခဲ့ရပါဘူး။

📍အချို့လူတွေမှာ ခံစားရတဲ့ ခေါင်းကိုက်ခြင်း၊ ရေငတ်ခြင်း၊ မအီမသာဖြစ်ခြင်းတွေကတော့ nocebo effect ကြောင့် သို့မဟုတ် အစားအသောက်ထဲမှာ အခြားပါဝင်ပစ္စည်းများကြောင့် အဆီဓါတ်များ၊ sodium များ အများအပြားပါဝင်နေခြင်းကြောင့် ဖြစ်နိုင်ပါတယ်

📚 သိပ္ပံဆိုင်ရာ နဲ့ အဖွဲ့အစည်းတွေ ကဘာပြောကြလဲ ?
📍WHO ကတော့ 1987 ခုနှစ်တည်းက အချိုမှုန့်ကို အနေတော်အသုံးပြုခြင်းက Safe ဖြစ်တယ် လိုဆိုပြီးတော့ ရေရှည်ကျန်းမာရေးအတွက်ထိခိုက်မှု မရှိနိုင်ဘူးလို့ဆိုထားပါတယ်။
📍U.S. FDA ကတော့ “Generally Recognized as Safe” (GRAS) ယေဘုယအားဖြင့် Safe ဖြစ်တယ်လို့ဖော်ပြထားပြီးတော့ လူပေါင်းများစွာနဲ့ သုတေသနစမ်းသပ်ချက် Large-scale studies တွေအရ ကျန်းမာရေးကောင်းမွန်တဲ့ လူအများစုမှာ ဒီလို အန္တရာယ်ရှိတဲ့ သက်ရောက်မှုတွေ မတွေရှိရဘူးလို့လည်းဆိုပါတယ်။
📍EFSA (European Food Safety Authority) ကတော့ လူတစ်ဦးဟာ တစ်နေ့မှာ သူ့ရဲ့ ကိုယ်အလေးချိန် 1 Kg တိုင်းမှာ 30 mg အသုံးပြုတာ Acceptable ဖြစ်တယ်လို့ ဖော်ပြပါတယ်။
📍Obayashi နဲ့ Nagamura (2016) တို့က MSG ဆိုင်ရာ သုတေသနအများအပြားကို စုစည်းသုံးသပ်ပြီး ပုံမှန်အစားအသောက်အတွက် အသုံးပြုတဲ့ ပမာဏအတိုင်း MSG သုံးတဲ့အခါ လူသားတွေနဲ့ပတ်သက်ပြီး အန္တရာယ်ရှိကြောင်း သက်သေပြနိုင်တဲ့ သေချာတဲ့သုတေသနအထောက်အထားမရှိပါ လို့ဆိုပါတယ်
📍He et al. (2008) တို့ရဲ့ သုတေသနအရ Moderate Amount MSG သုံးခြင်းက ကိုယ်အလေးချိန်တက်ခြင်း obesity သို့မဟုတ် metabolic disorders ပြဿနာတွေ ဖြစ်စေနိုင်တယ်ဆိုတဲ့အထောက်အထား မရှိပါဘူးဖော်ပြထားပါတယ်။

🏁ဆိုတော့

📍 အချိုမှုန့်ဟာ Calorie အနည်းငယ်သာရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခုဖြစ်ပြီးတော့ သင့်တင့်တဲ့ ပမာဏသာအသုံးပြုမယ်ဆိုရင် ပြဿနာမရှိနိုင်ပါဘူး။ အချိုမှုန့်လေး နဲ့ မှ အရသာရှိပြီး ဝိတ်ချဖို့ကြိုးစားချက်ပြုတ် Champions တွေလည်း အချိုမှုန့်တစ်ခုတည်းကို အပြစ်ဖို့နေမယ့်အစား အခြား အငံဓါတ် Sodium ပမာဏများပါဝင်တဲ့ ဆား, ခရုဆီ, ပဲငံပြာရည်, ငံပြာရည် , ငပိ, ပဲငပိ, စတာတွေရဲ့ ပမာဏတွေကိုလည်း ဂရုစိုက် စားသုံးဖို့ အကြံ့ပြုလိုက်ရပါတယ်။

👥Join Our Facebook Group for Community Support
https://www.facebook.com/share/g/16RrSGa64w/

📱Binfo Calorie Tracker
Download Now
IOS
https://apps.apple.com/mm/app/binfo/id6502970867
Google Playstore
https://play.google.com/store/apps/details?id=com.earthlike.binfo&pcampaignid=web_share
APK Pure
https://apkpure.com/binfo/com.earthlike.binfo
#ကယ်လိုရီ #ခြေလှမ်း 's

📖 References
* Bellisle, F. (1991). Effects of monosodium glutamate on human food palatability. Physiology & Behavior, 49(5), 869–873.
* Tarasoff, L., & Kelly, M. F. (1993). Monosodium glutamate: a double-blind study and review. Food and Chemical Toxicology, 31(12), 1019–1035.
* Obayashi, Y., & Nagamura, Y. (2016). Does monosodium glutamate really cause headache? Journal of Headache and Pain, 17(1), 54.
* FDA. (2012). Food Additives Status List. https://www.fda.gov
* WHO. (1987). Evaluation of certain food additives and contaminants: 31st Report of the Joint FAO/WHO Expert Committee on Food Additives. https://apps.who.int/iris/handle/10665/37312
* EFSA Panel on Food Additives and Nutrient Sources Added to Food (2017). Re-evaluation of glutamic acid–glutamates (E 620–625) as food additives. EFSA Journal, 15(7), e04910.
* He, K. et al. (2008). Association of monosodium glutamate intake with overweight in Chinese adults: the INTERMAP study. Obesity, 16(8), 1875–1880.

နေ့စဥ်မှတ်သားခြင်းဖြင့် သင့်ခန္ဓာကိုယ်ရဲ့ပြောင်းလဲမှုတွေကို အမြဲစောင့်ကြည့်လိုက်ပါ။ 

07/05/2025

A Story Behind Binfo 🎬

📱Binfo Calorie Tracker ဘယ်လိုစတင်ဖြစ်ခဲ့တဲ့အကြောင်းကို Founder ဖြစ်တဲ့ ကို Eric (The Tracking Dad) ပြောပြထားတာလေးကို Sharing လုပ်ပေးလိုက်ပါတယ်။

📱Binfo calorie Tracker အဖွဲ့သားများဟာလည်း A Positive & Healthy Community တစ်ခု ကိုဖန်တီးနေတာဖြစ်တဲ့အတွက် Binfo Champions Community မှာ ဝိတ်ချခြင်း ဝိတ်တင်ခြင်း အစားအသောက်နဲ့ ပတ်သတ်ပြီး သိလိုသမျှများကို ဝင်ရောက်ပါဝင် ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

👥Group Link
https://www.facebook.com/share/g/16RrSGa64w/

📱Binfo Calorie Tracker
Download Now
IOS
https://apps.apple.com/mm/app/binfo/id6502970867
Google Playstore
https://play.google.com/store/apps/details?id=com.earthlike.binfo&pcampaignid=web_share
APK Pure
https://apkpure.com/binfo/com.earthlike.binfo
#ကယ်လိုရီ #ခြေလှမ်း 's

ဘာကြီးလဲတော့မသိဘူးဗျာ ဒါမဲ့ ဟော့သလောက်ကြီးရှိတယ်ဗျာ :3
06/05/2025

ဘာကြီးလဲတော့မသိဘူးဗျာ

ဒါမဲ့ ဟော့သလောက်ကြီးရှိတယ်ဗျာ :3

29/04/2025

အိပ်ခါနီးမှ အရမ်းအောင်မြင်ချင်တဲ့ သူတွေရှိလား ?

28/04/2025

ရုန်းကန်ဖို့ကို ရုန်းကန်နေကြရတဲ့ကာလ

Appreciate that for real, YeMin.DeBeast 💪🏻Respect !
20/04/2025

Appreciate that for real, YeMin.DeBeast 💪🏻
Respect !

Address

Yangon

Alerts

Be the first to know and let us send you an email when The Tracking Dad posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share