13/12/2024
အတည်မပြုနိုင်ပေမဲ့လည်း မှတ်တမ်းတွေအရဆိုရင် Valentina Vassilyeva ဆိုတဲ့ အမျိုးသမီးတစ်ယောက်က ကလေး ၆၉ ယောက်အထိ မွေးဖွားခဲ့ပါတယ်။ တွေ့ရတဲ့ မှတ်တမ်းတွေအရ ၁၈ ရာစုအစောပိုင်းမှာ နေထိုင်ခဲ့တဲ့ Valentina အသက် ၇၅ နှစ်အထိ အသက်ရှင်သန်ခဲ့ပါတယ်။ ၇၅ နှစ်အတွင်း တစ်ခါကို တစ်ယောက်မွေးရင် ၆၉ ယောက်ဆိုတာ မဖြစ်နိုင်ပေမဲ့ Valentina ကတော့ နှစ်မြွာပူး ၁၆ ခါ သုံးမြွှာပူး ၇ ခါ လေးမြွှာပူး ၄ ခါမွေးခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်တာကတော့ ၂၇ ကြိမ်အထိ ရှိတယ်လို့ သိရတယ်။
ထူးဆန်းတာတစ်ခုက Valentina ရဲ့ ခင်ပွန်းသည်ကတော့ Feodor Vassilyev ဆိုတဲ့ လယ်သမားဖြစ်ပါဝယ်။ သူ့ခင်ပွန်းဖြစ်သူက Valentina ဆုံးပါးပြီးနောက်မှာ နောက်အိမ်ထောင်ပြုခဲ့ပြီး နောက်ထပ် ကလေး ၁၈ ယောက်တောင် ထပ်မွေးခဲ့သေးတယ်လို့ သိရတယ်။
ဒါတွေအားလုံးက ရုရှားနိုင်ငံ Nikolsk မြို့ ဘုရားကျောင်းမှာတွေ့ရတဲ့ မှတ်တမ်းတွေအရဖြစ်ပါတယ်။ ဆေးစာသက်သေလိုမျိုး အတိအကျမသိရတဲ့အပြင် Valentina တကယ်ရှိခဲ့ မရှိခဲ့ဆိုတာတောင် မသေချာပါဘူး။ တစ်ဖက်မှာလည်း ဆေးပညာရှင်တွေက အမျိုးသမီးတစ်ယောက်ဟာ ဒီလောက်ကလေးအများကြီးမွေးတာ ဖြစ်နိုင်ပါ့မလားဆိုတဲ့ သံသယတွေရှိကြတယ်။ ရရှားနိုင်ငံမှာတော့ ကလေး ၆၉ ယောက်မွေးခဲ့တဲ့ အမျိုးသမီး Valentina ဟာ ပါးစပ်ရာဇဝင်တစ်ခုအဖြစ်ကျန်ရစ်ဆဲဖြစ်ပါတယ်။
#ဗဟုသုတ