Mario Physique

Mario Physique Helping Athletes & General People Build Lean, Explosive , Pain-Free Bodies

One Minute Free Exercise DAY 15 – SQUATကျွန်တော်တို့ နေ့စဉ် တစ်ရက်ချင်း တစ်နေ့ကို တစ်မိနစ်နဲ့ အခြေခံလေ့ကျင့်မှုလေးတွေကနေ...
07/10/2026

One Minute Free Exercise

DAY 15 – SQUAT

ကျွန်တော်တို့ နေ့စဉ် တစ်ရက်ချင်း တစ်နေ့ကို တစ်မိနစ်နဲ့
အခြေခံလေ့ကျင့်မှုလေးတွေကနေ စတင်ခဲ့တဲ့ လေ့ကျင့်မှုက Week-3 ကို ရောက်ရှိလာခဲ့ပါပြီ။
ရှေ့မှာ Week 1 အဖြစ် Mobility၊ Week 2 အဖြစ် Core & Stability၊ အခု Week 3 မှာတော့ Strength & Movement ကို စတင်မှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း လုပ်လေ့မရှိတဲ့သူတွေ အနေနဲ့ တစ်ရက်ချင်းအလိုက်အခြေခံကနေ စတင်လေ့ကျင့်နိုင်ဖို့ရည်ရွယ်ဖော်ပြပေရလျက်ရှိတာဖြစ်ပါတယ်။

🎯 Goal: Lower-Body Strength + Movement Control

Week 3 • Basic Strength & Movement

🏋️ Squat ကို ဘယ်လိုလုပ်မလဲ?

1️⃣ ခြေထောက်ကို Shoulder-width လောက်ထားပါ
2️⃣ ရင်ဘတ်ကို သဘာဝအတိုင်းထားပြီး ဗိုက်ကို အနည်းငယ် Brace လုပ်ပါ
3️⃣ တင်ပါးကို နောက်ဘက်သို့ပို့ပြီး ဒူးကို ကွေးပါ
4️⃣ ကိုယ်ထိန်းချုပ်နိုင်တဲ့အထိ အောက်ဆင်းပါ
5️⃣ ခြေထောက်တစ်ခုလုံးကို မြေပြင်နဲ့ ထိန်းထားပြီး ပြန်မတ်ပါ

⏱️ 1-Minute Challenge

8–12 reps ကို ဖြည်းဖြည်းနဲ့ Quality ကောင်းကောင်းလုပ်ပါ။

❌ မြန်မြန်မလုပ်ပါနဲ့
❌ အရေအတွက်အတွက် Form မပျက်ပါစေနဲ့

⚠️ အမှားများ

❌ ဒူးတွေ အတွင်းဘက်ဝင်သွားခြင်း
❌ ခြေဖနောင့် မြောက်လာခြင်း
❌ အောက်ဆင်းချိန်မှာ ကျောကို အလွန်ကွေးခြင်း
❌ အမြန်အတက်အဆင်းလုပ်ခြင်း

အောက်ဆင်းတဲ့အချိန်မှာ 2 sec ထိန်းထားပြီးမှ ပြန်ရပ်ပါမယ်

👶 Beginner ဖြစ်ရင် Chair Squat နဲ့ စနိုင်ပါတယ်။

🔥 ဒီနေ့ ၁ မိနစ်ပဲ လုပ်ကြည့်ပါ။

07/10/2026

အောက်ပိုင်းသန်မာဖို့ ထည့်လေ့ကျင့်ရမယ့် လေ့ကျင့်ခန်းနှစ်မျိုး

🔥 DAY 14 – 7-MINUTE CORE & STABILITY FLOWWEEK 2 • FINAL CHALLENGE🎯 Core Control + Stability + Balance + CoordinationDay ...
06/10/2026

🔥 DAY 14 –

7-MINUTE CORE & STABILITY FLOW
WEEK 2 • FINAL CHALLENGE

🎯 Core Control + Stability + Balance + Coordination

Day 8 ကနေ Day 13 အထိ လေ့ကျင့်ခဲ့တဲ့ Exercise တွေကို
ဒီနေ့ 7-Minute Core & Stability Flow အဖြစ် ပေါင်းစပ်လိုက်ပါမယ်။

ဒီနေ့ရဲ့ Goal က အရမ်းပင်ပန်းအောင်လုပ်ဖို့မဟုတ်ပါဘူး။

⏱️ 7-MINUTE FLOW

1️⃣ Dead Bug — 1 min
🎯 Core Control + Coordination
ညာလက် + ဘယ်ခြေ→ ဘယ်လက် + ညာခြေ
တဖြည်းဖြည်း အပြောင်းလဲလုပ်ပါ။

2️⃣ Bird Dog — 1 min
🎯 Core + Balance
တင်ပါးမစောင်းသွားဘဲ ဆန့်ကျင်ဘက် လက်နဲ့ခြေကိုဆန့်ထုတ်ပါ

3️⃣ Glute Bridge — 1 min
🎯 Glute + Pelvic Control
တင်ပါးကိုကော့ပြီး အပေါ်မှာ 1–2 sec ထိန်းထားပြီးဖြည်းဖြည်းပြန်ချသွားပေးရပါမယ်

4️⃣ Side Plank — 1 min
🎯 Lateral Core Stability
30 sec ညာ→ 30 sec ဘယ် ကို ဆက်တိုက်လုပ်ရပါမယ်
Beginner ဆိုရင် Knee Side Plank လုပ်နိုင်ပါတယ်။

5️⃣ Front Plank — 1 min
🎯 Trunk Stability
20–30 sec ထိန်းထားပြီး ခဏနား ပြန်လုပ်ပေးရပါမယ်
Form ပျက်ရင် ရပ်ပါ။

6️⃣ Bear Hold — 1 min
🎯 Full-Body Stability
ဒူးကို မြေကနေ အနည်းငယ်မြှောက်ပြီး Core + Shoulder ကို Control လုပ်ပေးရပါမယ်

7️⃣ Easy Reset — 1 min
🎯 Breathing + Recovery
ပက်လက်အိပ်ပြီး အသက်ကို ဖြည်းဖြည်းရှူပါ။
ရှူသွင်းတဲ့အခါ နှာခေါင်းက ပုံမှန်ရှူသွင်းပြီး
ရှူထုတ်တဲ့အခါ ဖြေးဖြေးပြန်ထုတ်ကြည့်ပါ

“Strength မတိုင်ခင် Control.”

Mobility ရှိရုံနဲ့ မပြီးသေးပါဘူး။

Move → Control → Stabilize → Strengthen

ဒီလို တစ်ဆင့်ချင်းတည်ဆောက်သွားတာက Movement Quality အတွက် ပိုကောင်းတဲ့ အခြေခံဖြစ်ပါတယ်။

ဒီနေ့ မလုပ်သင့်တာကတော့

🚫 Form ပျက်အောင် အမြန်လုပ်ခြင်း
🚫 Plank ကို အချိန်ကြာအောင် အတင်း Hold ခြင်း
🚫 ခါးနာနေပြီး ဆက်လုပ်ခြင်း
🚫 အသက်အောင့်ထားခြင်း

🔥 WEEK 2 FINAL CHALLENGE

7 မိနစ်ပါပဲ။

ဖုန်းကို Timer ချပြီး
ဒီနေ့ Flow ကို တစ်ကြိမ် ပြီးအောင်လုပ်ကြည့်ပါ။

🚀 NEXT STEP

WEEK 1 → Mobility
WEEK 2 → Core & Stability
နောက်အပတ်မှာတော့—
🔥 WEEK 3 – BASIC STRENGTH & MOVEMENT

အဖြစ် Squat • Lunge • Push • Pull • Hinge စတဲ့ အခြေခံ Strength Movement တွေကို စတင်သွားမယ်။

Move Better → Control Better → Get Stronger. 💪


:::

06/10/2026

Futsal နဲ့ Football ဘာကွာလဲ

MARIO PHYSIQUE
Aim High: Believe In Yourself

Contact for work :> 09957645974
Personal Training and Online Training Program

💥Men Physique Athlete
💥Freelance Personal Trainer
💥Founder of Myanmar Futsal News
💥Fitness Coach of YCDC Dream Team Futsal Club

🔥 DAY 13 – BEAR HOLDWEEK 2 • CORE & STABILITYDay 8 – Dead Bug → Core ControlDay 9 – Bird Dog → Core + BalanceDay 10 – Gl...
05/10/2026

🔥 DAY 13 – BEAR HOLD

WEEK 2 • CORE & STABILITY

Day 8 – Dead Bug → Core Control
Day 9 – Bird Dog → Core + Balance
Day 10 – Glute Bridge → Glute + Pelvic Control
Day 11 – Side Plank → Lateral Core Stability
Day 12 – Front Plank → Trunk Stability

⏱️ TODAY’S CHALLENGE

Beginner

👉 ဒူးမြေမထိအောင် 10–15 sec ထိန်းထားပါ
👉 သုံးကျော့

Standard

👉 20–30 sec ထိန်းထားပါ
👉 သုံးကျော့

🎯 အချိန်ပိုကြာဖို့ထက် ခါးမကော့၊ တင်ပါးမတက်၊
ကိုယ်ခန္ဓာမလှုပ်အောင် ထိန်းနိုင်ဖို့ အရေးကြီးပါတယ်။

အမှားများ

🚫 တင်ပါးကို အရမ်းမြင့်မြှောက်ခြင်း
🚫 ခါးကို အလွန်ကော့ခြင်း
🚫 ပခုံးကို လက်နောက်ဘက်ပို့ခြင်း
🚫 ဒူးကို အရမ်းမြင့်မြှောက်ခြင်း
🚫 အသက်အောင့်ထားခြင်း

👉 ဒူးကို မြေပြင်နဲ့ အနီးအနားမှာထား
👉 Core ကို Brace လုပ်
👉 ပခုံးကို လက်ဖဝါးပေါ်မှာ Control လုပ်
👉 အသက်ပုံမှန်ရှူ

💡 Beginner ဖြစ်ရင်

ဒူးကို မြေပြင်ပေါ်မှာထားပြီး
Bear Position ကို 20–30 sec Hold လုပ်ကာ စတင်နိုင်ပါတယ်။

🔥 1-MINUTE CHALLENGE

15–20 sec Bear Hold
→ Rest
→ Repeat

စုစုပေါင်း 1 မိနစ် အတွင်း ကိုယ့် Level အလိုက် လုပ်ပါ။

Day 12 Front PlankWEEK 2 • CORE & STABILITY🎯 Core Stability + Trunk Control + Body AlignmentDay 8 – Dead Bug → Core Cont...
05/10/2026

Day 12 Front Plank

WEEK 2 • CORE & STABILITY

🎯 Core Stability + Trunk Control + Body Alignment

Day 8 – Dead Bug → Core Control
Day 9 – Bird Dog → Core + Balance
Day 10 – Glute Bridge → Glute + Pelvic Control
Day 11 – Side Plank → Lateral Core Stability

ဒီနေ့ Day 12 မှာတော့ ခန္ဓာကိုယ်ကို ရှေ့ဘက်ကနေ တည်ငြိမ်အောင် ထိန်းထားနိုင်ဖို့ Front Plank ကို လေ့ကျင့်ပါမယ်။

⏱️ TODAY’S CHALLENGE

Beginner:
👉 Knee Plank 20–30 sec

Standard:
👉 Forearm Plank 20–40 sec

🎯 Form ပျက်လာရင် ရပ်ပါ။

အချိန်ပိုကြာအောင် Hold လုပ်တာထက်
မှန်ကန်တဲ့ Position ကို ထိန်းနိုင်တာ က ပိုအရေးကြီးပါတယ်။

❌မှားတတ်သောအမှားများ

🚫 တင်ပါးအရမ်းမြင့်ခြင်း
🚫 ခါးအောက်ကျခြင်း
🚫 ပခုံးကို တံတောင်ဆစ်နောက်ဘက်ထားခြင်း
🚫 အသက်အောင့်ထားခြင်း
🚫 ခါးနာနေသော်လည်း ဆက် Hold လုပ်ခြင်း

Plank ရဲ့ Goal က အချိန်အကြာကြီး မလှုပ်ဘဲနေရတာမဟုတ်ဘဲ၊ ကိုယ်ခန္ဓာကို Control လုပ်ထားနိုင်ဖို့ ဖြစ်ပါတယ်။

💡 Beginner ဖြစ်ရင်

ခြေထောက်အပြည့်ဆန့်ထားတဲ့ Plank မလုပ်နိုင်သေးရင်
Knee Plank ကနေ စပါ။

🔥 1-MINUTE CHALLENGE

ဒီနေ့ ၁ မိနစ်အတွင်း—

20–30 sec Plank → Rest → Repeat

ကိုယ့် Level အလိုက် လုပ်ပါ။

🏠 HOME 30 days for Beginners WEEK 2 — DAY 2💪 UPPER BODY + CORE + MOVEMENT⏱️ Total — 30 min① RAMP WARM-UP — 5 min② MAIN W...
05/10/2026

🏠 HOME 30 days for Beginners

WEEK 2 — DAY 2

💪 UPPER BODY + CORE + MOVEMENT
⏱️ Total — 30 min

① RAMP WARM-UP — 5 min

② MAIN WORK — 20 min

သုံးကျော့
1. Push-up ၁၂ ကြိမ်
2. Backpack Row ၁၂ ကြိမ်
3. Pike Push-up ၁၂ ကြိမ်
4. Bear Plank Shoulder Tap တစ်ဖက် ၈ ကြိမ်
5. Prone Y-T-W ၅ ကြိမ်
6. Dead Bug → Opposite Reach တစ်ဖက် ၈ ကြိမ်

🔑 Backpack Row
Backpack ထဲကို စာအုပ်/ရေဘူးထည့်ပြီး row လုပ်ပါ။
Pull → Squeeze 1 sec → Control Down

🔑 Bear Plank Shoulder Tap
လက်တစ်ဖက်ကို မြှောက်တဲ့အချိန် ခါး/တင်ပါး မလှည့်အောင် ထိန်းပါ။

🔑 Prone Y-T-W
မှောက်လျက်အနေထားမှာနေပြီး Y → T → W

လက်ပုံစံပြောင်းပြီး ဖြည်းဖြည်းလုပ်ပါ။

③ MOVEMENT / LOCOMOTION — 3 min
စက္ကန့် ၂၀ ကစား ၁၀ စက္ကန့်နား ခြောက်ကြိမ်

1. Bear Crawl Forward
2. Bear Crawl Backward
3. Lateral Step → Reach
4. Lateral Step → Reach
5. Forward → Backward Athletic Step
6. Athletic Ready Position → Direction Change

④ COOL-DOWN — 5 min
• Child’s Pose — 45 sec
• Chest Stretch — 30 sec/side
• Lat Stretch — 30 sec/side
• Thoracic Rotation — 5/side
• Deep Breathing — 5–6 breaths

🎯 DAY 2 အဓိကအချက်က

Push + Pull + Shoulder Stability + Core + Locomotion ဖြစ်ပါတယ်။

Week 1 Day 3 မှာ Upper Body လုပ်ခဲ့ပေမယ့် Week 2 မှာ movement component + locomotion + anti-rotation ထပ်တိုးထားတာကြောင့် ပိုပြီး athletic ဖြစ်လာပါတယ်။

စနစ်တကျလုပ်ပါ မြန်စရာမလိုပါဘူး

Match Review : Sun Far 3-3 YCDC Dream Teamမနေ့က ပြန်ကျင်းပတဲ့ ယူ ၁၉ ဖူဆယ်လိဂ်ပြိုင်ပွဲ ဒုတိယ အကျော့အဖွင့်ပွဲစဉ်အဖြစ် အမှ...
04/10/2026

Match Review : Sun Far 3-3 YCDC Dream Team

မနေ့က ပြန်ကျင်းပတဲ့ ယူ ၁၉ ဖူဆယ်လိဂ်ပြိုင်ပွဲ ဒုတိယ အကျော့
အဖွင့်ပွဲစဉ်အဖြစ် အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့
Pacific Sun Far အသင်းကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

Sun Far အသင်းက ထိပ်ဆုံးကအသင်းလည်း ဖြစ်တဲ့အပြင်
ကစားသမားအင်အားကလည်း တောင့်တင်းတဲ့ အသင်းဖြစ်လို့
ကျွန်တော်တို့ အနေနဲ့ သေချာပြင်ဆင်ခဲ့ရပါတယ်။

ဒီပွဲမှာ အသင်းကစားသမား အချို့လည်း မပါဝင်နိုင်ခဲ့လို့
အစပိုင်းမှာတော့ အားလျော့သလို ရှိခဲ့ပေမယ့် တကယ်တမ်းတော့
အသင်းက ကစားသမားတွေအားလုံး ကြိုးစားမှုနဲ့ အရှုံးကနေ
လိုက်ပြီး သရေတစ်မှတ်ကို ရယူနိုင်ခဲ့ပါတယ်။

အသင်းအနေနဲ့ နိုင်ပွဲမရခဲ့ပေမယ့် ခြေစွမ်းပိုင်းကတော့ ပထမရာသီဝက်ကထက် ပိုပြီး ကောင်းမွန်တဲ့ တုံ့ပြန်မှုကိုမြင်ရပြီး
စိတ်ဓာတ်ပိုင်းဆိုင်ရာလည်း အများကြီး တိုးတက်လာတာတွေ့ရပါတယ်။

ဒီထက်ပိုကောင်းတဲ့ ရလဒ်ရရှိဖို့အတွက် လက်ကျန်ပြင်ဆင်မှုတွေ
မှာ ဒီထက်ပိုကောင်းတဲ့ ကြံ့ခိုင်မှုကို ပြနိုင်ဖို့ ဆက်ကြိုးစားပေးရပါဦးမယ်

နောက်ပွဲကတော့ ဒုတိယနေရာက MIU အသင်းနဲ့ လာမယ့် အင်္ဂါနေ့ ညနေပိုင်းမှာကစားရမှာဖြစ်ပါတယ်။

MARIO PHYSIQUE

Aim High: Believe In Yourself

Contact for work :> 09957645974
Personal Training and Online Training Program

💥Men Physique Athlete
💥Freelance Personal Trainer
💥Founder of Myanmar Futsal News
💥Fitness Coach of YCDC Dream Team Futsal Club

04/10/2026

စပိန်ကလပ် Elpozo အသင်း Before Training
Activation နဲ့ Physical Training ကိုမြင်ရတာ ဖြစ်ပါတယ်။ ဒီမှာတော့ ဖူဆယ်နဲ့ ပတ်သက်တဲ့ movement တွေကို ထည့်သွင်းအသုံးပြုလေ့ကျင့်စေတာဖြစ်ပါတယိ။

MARIO PHYSIQUE: Physical Coach
Dream Team

03/10/2026

Athlete Performance Training

Address

ShweDaGon PAGODA
Yangon

Opening Hours

Monday 09:00 - 20:00

Website

Alerts

Be the first to know and let us send you an email when Mario Physique posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mario Physique:

Shortcuts

Share