BEE Casts

BEE Casts ခံစားနားဆင် BEE Casts တွင်

အ ထ က ( ၂ ) ကြည့်မြင်တိုင် .... အချိန်က ညနေ ၅ နာရီပါ ။ ကျောင်းအဆင်း ကျူရှင်တက်ရတဲ့ အချိန်ပေါ့ ။ တက်ရတဲ့ ကျူရှင်က အ ထ က (...
31/10/2024

အ ထ က ( ၂ ) ကြည့်မြင်တိုင် ....

အချိန်က ညနေ ၅ နာရီပါ ။ ကျောင်းအဆင်း ကျူရှင်တက်ရတဲ့ အချိန်ပေါ့ ။ တက်ရတဲ့ ကျူရှင်က အ ထ က (၂) အရပ်အခေါ် အထ (၂) ကျောင်း အနီးက အိမ်ရာတစ်ခုမှာ တက်ရတာပါ။ကျွန်တော် အသက် ၉နှစ်အရွယ်မှာ ကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက်တစ်ခုပါ။ ကျူရှင်က ကျောင်းက သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်မှာ တက်ရတာပေါ့။ ကျွန်တော်နဲ့ ကျူရှင်သင်တဲ့ အိမ်က သူငယ်ချင်းနဲ့ပဲ ကျောင်းတူပြီးတော့ အခြားသူတွေက အခြားမြို့နယ်ကျောင်းတွေကပါ။ ကျွန်တော်‌ တက်တဲ့ ကျူရှင်အိမ်နဲ့ အထ(၂) ကျောင်းက ကားလမ်းတစ်ခုပဲ ခြားပါတယ်။လမ်းမတန်းပေါ်မဟုတ်ပဲ ရပ်ကွက်ထဲမှာ ရှိနေတဲ့‌ကျောင်းပါ။

ကျောင်းက အထက်တန်း‌ကျောင်းဆိုတော့ ‌‌ကျောင်းဝင်းကအတော်လေးကျယ်ပါတယ်။ တစ်ရက်မှာ အထ(၂)ကျောင်းထဲမှ ကျောင်းသားတွေရဲ့ ခေါင်းပေါ်နဲ့လက်အပေါ်တွေကို သွေးစက်ကျလာတယ်လို့ သို့လော သို့လော သတင်းတွေထွက်လာခဲ့ပါတယ်။ ကျူရှင်အိမ်မှာလဲ အဲ့ဒီသတင်းက ပြောစရာဖြစ်နေကြတာပေါ့။ ဆရာမနဲ့ ကျွန်တော့်သူငယ်ချင်း အမေတို့ပြောနေတဲ့ အထ(၂)ကအကြောင်းကို ကလေးလေးပြီပြီ စာကိုစိတ်မရောက်ပဲနဲ့ နားထောင်နေမိတာပေါ့။
“ အဲ့ကျောင်းမှာလုပ်တဲ့ ကျမ ဂျူနီယာဆရာမလေး ပြောတာတော့ ကလေးချင်းဆော့ရင်း စကြလှောင်ကြရင်းနဲ့ အိမ်သာထဲမှာ ပိတ်မိပြီး ကျန်နေခဲ့တာတဲ့ ...နောက်နေ့ နေ့လယ်ထမင်းစား ကျောင်းဆင်းမှ အိမ်သာထဲမှာ ကောင်မလေးတစ်ယောက်သေနေတာ တွေ့တာတဲ့..ဟိန္ဒူကောင်မလေးတဲ့.. “

“အဲ့တာ ကြာပြီမလား အစ်မရဲ့ ...ပြီးတော့ အရပ်ကပြောတဲ့ ကိစ္စပါ.. အခုသွေးစက်တွေကြတာနဲ့ အဲ့ကောင်မလေးနဲ့ ဘာဆိုင်လို့လဲ ...” “ ကောင်မလေးက ကျောင်းဝတ်စုံနဲ့တဲ့ ကျောင်းခေါင်မိုးပေါ်မှာ ဒယ်အိုးကြီးတစ်အိုးနဲ့သွေးတွေ ကြိုနေတာကို ဆိုက်ကားဆရာ ကိုကြင်အေးကြီး တွေ့ခဲ့တာတဲ့.... နောက်ရက်ဖျားတောင် ဖျားတယ်တဲ့..” ယုံတမ်းပဲပြောမလား တကယ်ပဲပြောမလား ဒါမှမဟုတ် ဖြစ်တာနည်းနည်း အဖြစ်ကိုအပိုလုပ်ပြီး အကျယ်ချဲ့ကားပြောတာလား ဆိုတာကိုတော့ ဦးကြင်အေးပဲ သိနိုင်မှာပါ။ ကျွန်တော်ထင်တာတော့ အဲ့တုန်းက ဖုန်းတွေဘာတွေလည်း မပေါ်သေးတော့ Videoတွေ ဘာတွေလည်း ရိုက်တာမျိုးမရှိတော့ ကောလဟာလလိုဖြစ်နေတာပေါ့။

အရပ်စကားဆိုတော့ တစ်ဆင့် တစ်ဆင့်ပြောကျရာကနေ လိုတာထက်ပိုပြီး သတင်းကြီးလာတယ်လို့ပဲထင်ပါတယ်။ အဲ့တုန်းက ကလေးဆိုတော့လည်း ပြောသမျှအဟုတ်ထင်ခဲ့မိတာပေါ့။ ဒါပေမယ့် ဦးကြင်အေးက တကယ်အဖျားတွေကြီးပြီး သည်းခြေပျက်သွားဖို့အထိ ဖြစ်ခဲ့ပါတယ်။
“အခန်းထဲမှာ သွေးစက်တွေကျလွန်းလို့ မသက်သာတဲ့ အဆုံး ကျောင်းသူ ကျောင်းသားတွေအကုန်လုံး ဘုရားခန်းထဲသွားပြီး နေနေရတာတဲ့ ....အဲ့ ဘုရားခန်းထဲထိပါ သွေးစက်တွေ လိုက်ကျနေတာလို့ ကျမအသိရာမလေးက ပြောပြတာ..” “ အဲ့လောက်တောင်လား...ကျမတို့က ကျောင်းနဲ့ကပ်ပြီး ဘာမှမသိရဘူး ...” “ ကျောင်းထဲဖြစ်နေတာဆိုတော့ အပြင်လူတွေလည်း ဘယ်သိရမလဲ အစ်မရယ်...ကျမတောင် အဲ့ကျောင်းက ဆရာမလေးပြောလို့သိရတာ...ကျမကလေးထဲမှာ လည်း အထ(၂) ကကလေးက မရှိတော့..တစ်ခုခု မသိရဘူးဖြစ်နေတာ..”

“ အဲ့တာ သူတို့က ဘုန်းကြီးတွေ ဘာတွေမပင့်ကြဘူးလား...”
“ ဘုန်ကြီးတွေလည်း ပင့်ပြီး ပရိတ်နာ...တရားနာလုပ်ကြပြီးပြီးတဲ့ ဘာမှလည်း မထူးခြားဘူးတဲ့...ပရိတ်ရွတ်ဖတ်နေတဲ့ တစ်ရက်ပဲတဲ့... အခြားရက်တွေဆို သွေးစက်တွေ ကျလာတာပဲတဲ့..”
ကျူရှင်ဆင်းတဲ့အထိ ဆရာမပြောပြတဲ့ သွေးစက်တွေကျတယ် ဆိုတာရယ်...ကျောင်းခေါင်မိုးပေါ်မှာ ဒယ်အိုကြီးနဲ့ သွေးတွေကို မွေနေတယ်ဆိုတဲ့ အကြောင်းတွေကို ကျွန်တော့်ခေါင်းထဲမှာ စွဲနေခဲ့ပါတယ်။ အိမ်ရောက်တဲ့ထိ ရင်ထဲမှာ တလှပ်လှပ်နဲ့ပါ။ သရဲအသံကြားတာနဲ့ အမေ့နားပြေးအိပ်တဲ့ အရွယ်ဆိုတော့ ဆရာမပြောပြတဲ့ အကြောင်းတွေဟာ ကျွန်တော်ညအိပ်မပျော်ဖို့ လုံလောက်ခဲ့ပါတယ်။

ဖြစ်ချင်တော့ ကျွန်တော်နေတဲ့ အိမ်ဟာ အထ(၂) ကျောင်းရဲ့ မျက်နှာချင်းဆိုင်မှာ ဖြစ်ပါတယ်။ ကျူရှင်မှာ ကြားခဲ့ရတဲ့ အထ(၂)က သရဲခြောက်တဲ့ အကြောင်းကို ကျွန်တော့်အမေကို ပြောပြလိုက်တော့ “ အမေတို့က အဲ့ကျောင်းရှေ့မှာပဲ နေတာလေသားရဲ့ ..သားအဖေဆို ညည ဝရံတာမှာ ဆေးလိပ်ထွက်သောက်နေတာ သရဲမြင်မယ်ဆို သူအရင်မြင်မှာပေါ့....သရဲဆိုတာ တကယ်မရှိဘူးသားရဲ့ ....ရှိလည်း သူတို့က မေမေတို့ကို ဘာမှလုပ်လို့မရဘူး...လူကသရဲထက်ဘုန်းကံမြင့်တယ်...အဲ့ကြောင့် မေမေကပြောတာ ညဘက်တွေဆို ဘုရားရှိခိုးပြီး အိပ်ရာဝင်ရမယ်လို့ .... အဲ့လိုလိမ္မာရင် ဘာသရဲမှ ကြောက်စရာမလိုဘူး...”

ကျွန်တော်တို့ အိမ်ရဲ့ ဝရန်တာကနေကြည့်မယ်ဆိုရင် အပေါ်ကနေစီးပြီး ကျောင်းဝန်းထဲကို အထင်းသားမြင်ရပါတယ်။ ကျွန်တော် အိမ်ရောက်တော့ ‌ဝရန်တာကနေ ကျောင်းဝန်းထဲ လှမ်းကြည့်လိုက်မိပါတယ်။ ကျောင်းက ‌ခြောက်ကပ်နေပြီး ‌ခြောက်ခြားစရာဖြစ်နေပါတယ်။ ကျွန်တော်အိမ်ရောက်တဲ့ အချိန်ကလည်း ၇ နာရီဝန်းကျင်ဆိုတော့ ညနေစောင်းအချိန်ဖြစ်နေလို့ ကျောင်းက ပိုခြောက်ခြားဖြစ်နေတာမျိုးလည်း ပါပါလိမ့်မယ်။ ညဘက် ညည့်နက်လာတော့ အဖေကထုံးဆံအတိုင်းပဲ ညစာစားပြီး ဝရန်တာမှာ ဆေးလိပ်ထွက်သောက်နေတာပေါ့ ။ အမေကတော့ စောစောအိပ်ရာဝင်တတ်တဲ့ သူမျိုးဆိုတော့ စားပြီးပန်းကန်တွေကို ဆေးစရာရှိတာဆေးပြီး အိပ်ရာဝင်သွားပါပြီ။ ကျွန်တော်လည်း အမေ့ဘေးနားမှာ လှဲနေတာပေါ့။ ဆေးလိပ်သောက်ပြီးတော့ အဖေလည်း အိပ်ရာထဲကိုဝင်လာတယ်။ သူဖတ်နေလက်စ စာအုပ်ကို ဖတ်နေရင်းနဲ့ ခဏအကြာတော့ အဖေ့ဆီက ဟောက်သံထွက်လာခဲ့ပါတယ်။ တစ်အိမ်လုံးဟာ တိတ်ဆိတ်သွားပြီးတော့ တိုင်ကပ်နာရီက နာရီစက်သံ တခြောက်ခြာက် အသံပဲ ကြားနေရတာပေါ့။ ကျွန်တော် အိပ်မပျော်ခဲ့ပါဘူး။ မျက်လုံးထဲမှာ ဆရာမ ပြောပြခဲ့တဲ့ သွေးစက်တွေနဲ့ ခေါင်းမိုးပေါ်မှာ သွေးတွေကျိုနေတာကို စိတ်ကူးထဲမှာ ပုံဖော်နေမိ နေပါတယ်။

ကျွန်တော် အိပ်မပျော်လို့ ဟိုလှိမ့်ဒီလှိမ့် လှိမ့်‌ရင်း ခဏနေတာ့ နားထဲမှာ ကားသံတွေကို ကြားလိုက်ရပါတယ်။ လူသံ ခပ်တိုးတိုး အသံတွေကိုလည်း ကြားနေရပါတယ်။ အသံက တိုက်အောက်ကနေ လာတဲ့အသံပါ။ ကျွန်တော် ခြင်တောင်ထဲကနေ ထွက်ပြီး အိမ်ရှေ့ဝရန်တာကို ထွက်ကြည့်မိတော့ အိမ်အောက်မှာ မီးသတ်ကားတွေ ဆေးရုံကာတွေ နဲ့ ရဲကားတွေ စစ်ကားတွေပါ တွေ့လိုက်ရပါတယ်။ ရဲနဲ့ စစ်သားတွေက ကျောင်းတံခါးကို ဖွင့်ပြီး ကျောင်းထဲကိုဝင်သွားကြပါတယ်။ နောက်‌တော့ ရဲနဲ့စစ်သားတွေ ပြန်ထွက်လာပြီး စစ်သားတွေထဲက အကြီးဆုံး ဗိုလ်ကြီးနဲ့ စစ်သား လေးငါးယောက်လောက် ကျောင်းထဲကို ပြန်ဝင်သွားခဲ့ပါတယ်။ ဗိုလ်ကြီးဆိုတဲ့သူက လက်ထဲမှာ စာရွက်တစ်ရွက်ကို ကိုင်သွားပါတယ်။ ‌အထက်ကျောင်းဆောင်နဲ့ ဘုရားခန်းထားတဲ့ အဆောင်ရဲ့ အလယ်တည့်တည့်မှာ ဘောလုံးကွင်းရှိပါတယ်။ ကျောင်းရဲ့ ရှေ့ပေါက်က ဝင်ရင် ဘောလုံးကိုတန်းရောက်ပါတယ်။ စစ်ဗိုလ်ဆိုသူက ဘောလုံးကွင်းထဲကို လျှောက်သွားပြီး ကွင်းအလယ်တည့်တည့်မှာရပ်ကာ စားရွက်မြှောက်ကိုင်ပြီး တစ်ခုခုကိုရွတ်ဖတ်နေခဲ့ပါတယ်။ ဖတ်ပြီးနောက်ကျောင်းထဲက ကနေ စစ်ဗိုလ်တို့ပြန်ထွက်ပြီး စစ်ကားတွေမှာ အုပ်ထားတဲ့ တာလဖက်တွေကို လှန်ပြီး ကားစက်တွေနှိုးပါတော့တယ်။ ရဲတွေနဲ့ စစ်သားတွေဟာ နံပါတွေကိုင်ပြီး ကားပေါ်ကို တစ်ယောက်ယောက်ကို တက်ခိုင်းသလိုမျိုး လက်ဟန်ခြေဟန်တွေနဲ့ တက်ခိုင်းနေပါတယ်။ မီးသတ်သမားတွေက လည်း မီးသတ်ပိုက်တွေကိုင်ပြီး အသင့်အနေထား ပြင်ထားကြပါတယ်။

စစ်ကားတွေဟာ အိခနဲ အိခနဲ ဖြစ်သွားပြီး ကားတာယာတွေဟာ လေပြားကုန်ပါတယ်။ ၁၅ မိနစ် မိနစ်၂၀ လောက် ကြာပြီးနောက်မှာ စစ်ကားရော ရဲကားရေဦ မိးသတ်ကားတွေပါ အသီးသီး မောင်းထွက်သွားခဲ့ပါတော့တယ်။ ကျွန်တော် အိမ်ထဲပြန်ဝင်မယ်လုပ်တော့ ကျောင်းထဲကနေ ဘုန်းကြီး လေးငါးပါးထွက်လာခဲ့ပါတယ်။ ဘုန်းကြီးတစ်ပါးက ကျွန်တော့်ကို လှမ်းပြီးမော့ကြည့်လိုက်ပါတယ်။ ကျွန်‌တော်လည်း အိမ်ထဲကို ပြေးဝင်ပြီး အမေ့ဘေးအတင်းတိုးပြီး စောင်ကိုခေါင်းမူးခြုံပြီး အိပ်လိုက်ပါတော့တယ်။ မနက်အိပ်ရာနိုးတော့ ညကအဖြစ်အပျက်က အိမ်မက်လိုလို တကယ်လိုလိုပါပဲ။ ကျွန်တော် အသက်ကြီးတော့ ဒီကိစ္စကို လိုက်မေးကြည့်တော့ အားလုံးဟာ ယောင်ဝါးဝါးပါပဲ။ ထိုကိစ္စဟာ ကျွန်တော့်အတွက်တော့ ဒဏ္ဏာရီလိုလို ပုံပြင်ပြင်လိုလို ဖြစ်ခဲ့ပါတော့တယ်။

အထ(၂) ကျောင်းက သရဲ အရမ်း‌ခြာက်တယ်လို့ ဆရာမက ကလေးတွေ စာကျက်နားရင် ပြောပြနေကြ အကြောင်းအရာပေါ့ ။ တူတူ ‌ဆိုတဲ့ ကောင်လေးက ဆရာမ သရဲအကြောင်းပြောပြီဆို တခြားသူတွေထက် ပိုစိတ်ဝင်တစား နားထောင်တတ်ပါတယ်။ ကျူရှင်ဖြစ်တော့ ကလေးတွေက ကျောင်းပေါင်းစုံကတက်ရတာပေါ့။ တစ်ချို့က အလုံကျောင်းက အချို့က စမ်းချောင်းက အချို့က ကြည့်မြင်တိုင်က တူတူ ကတော့ ဆရာမ ပြောပြနေကြဖြစ်တဲ့ သရဲ‌ခြောက်တယ်ဆိုတဲ့ အထ(၂) ‌ကျောင်းကဖြစ်ပါတယ်။ အထ(၂) မှာ သရဲခြောက်တယ်ဆိုတဲ့ အကြောင်းကို တူတူကပဲ ပူဆာလွန်းတာကြောင့် ဆရာမကလည်း ဒီအကြောင်းကို တစ်နေ့နည်းနည်းစီ ပြောပြဖြစ်ခဲ့ပါတယ်။
ဟိန္ဒူလူမျိုး ၇ တန်း ကျောင်းသူလေးဟာ အထ(၂) ကျောင်းရဲ့ အိမ်သာထဲမှာ ကျောင်းဆင်းချိန် သေးဝင်ပေါက်ကြရင်း သူငယ်ချင်း အချင်းချင်း စရင်းလှောင်ရင်းနဲ့ ပိတ်မိသွားခဲ့ပါတယ်။ ကျောင်းမှာ လူရှင်းသွားတဲ့ချိန်ထိ ဟိန္ဒူကောင်မလေးဟာ အိမ်သာထဲကနေ ပြန်ထွက် မလာနိုင်ခဲ့ပါဘူး။ မနက်အထိ အိမ်သာထဲမှာ ပိတ်မိနေတဲ့ ဟိန္ဒူကောင်မလေးကို ဘယ်သူမှ သတိမထားမိခဲ့ဘူးပေါ့။ နေ့လယ် မုန့်စားကျောင်းဆင်းချိန် အခြားသောကျောင်းသူများ အိမ်သာထဲကို ဝင်ကြတော့မှ ထိုဟိန္ဒူကောင်မလေးအား သေဆုံးလျက် တွေ့ခဲ့ကြပါတော့တယ်

တူတူ ကသတ္တိရှိတဲ့ ကလေးတစ်ယောက်ပါ ။ ရဲရင့်တဲ့စိတ်ရှိတယ် ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိတဲ့ ၄ တန်းအရွယ် ကောင်လေးတစ်ယောက်ပေါ့။ စူးစမ်းချင်တယ်။ လူကြီးတွေနဲ့ စကားပြောချင်တယ်။ လူကြီးတွေစကားပြောတာကိုလည်း သေချာ နားထောင်တတ်ပါတယ်။

💻YouTubeChannel 🔜 https://www.youtube.com/
ဲ့နားဆင် #ရင်ဖွင့်ရာ #မေတ္တာပို့

ကျွန်တော်ငယ်ငယ်က ကျွန်တော့်ဘကြီးတို့ဆီ အလည်သွားတုန်းကပေါ့။ ကျွန်တော့်ဘကြီးက ဆေးရုံက ဝန်ထမ်းဆိုတော့ ဆေးရုံထဲက ဝန်ထမ်းတန်း...
30/10/2024

ကျွန်တော်ငယ်ငယ်က ကျွန်တော့်ဘကြီးတို့ဆီ အလည်သွားတုန်းကပေါ့။ ကျွန်တော့်ဘကြီးက ဆေးရုံက ဝန်ထမ်းဆိုတော့ ဆေးရုံထဲက ဝန်ထမ်းတန်းလျားမှာ နေတာပေါ့။ကျွန်တော်တို့ ဘကြီးဆီ အလည်သွား တော့ ဘကြီးက ကျွန်တော်တို့ကို သူတို့ဝန်ထမ်းအိမ်ရဲ့ဘေးက အိမ်အသေးလေးတစ်လုံးထဲမှာ တည်းဖို့ နေရာချပေးတာပေါ့။ အဲ့ဒီအိမ်လေးရဲ့ ပြတင်းပေါက်ကနေ အပြင်ကိုကြည့်လိုက်ရင် ဆေးရုံထဲက ရင်ခွဲရုံကို လှမ်းမြင်နေရတယ်ဗျ။ကျွန်တော်တို့ သွားတဲ့ရက်ပိုင်းက လသာတဲ့ရက်တွေဆိုတော့ ည ဆိုရင် ရင်ခွဲရုံဘက်ကိုကြည့်ရင် ကြောက်လန့်စရာကြီးဗျ။ ကျွန်တော်အိပ်တဲ့နေရာက အဲ့ဒီပြတင်းပေါက်နားမှာ ဗျ။တစ်ညမှာပေါ့ ကျွန်တော် ည ၂ နာရီကျော်ကျော်လောက် တစ်ရေးနိုးတော့ ရှူးပေါက်ချင်တာနဲ့ ကျွန်တော် နောက်ဖေးကို ရှူးထပေါက်တာပေါ့။ရှူးပေါက်ပြီး အိပ်ရာဆီပြန်လာတော့ ကျွန်တော် ပြတင်းပေါက်ဘက်ကို ကြည့်လိုက်တော့ ရင်ခွဲရုံဘက်ကနေ ကျွန်တော်တို့တည်းတဲ့ အိမ်ဆီကို လမ်းလျှောက်လာနေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။ဒီအချိန်ကြီး ရင်ခွဲရုံဘက်ကနေ ဘယ်သူက ပြန်လာတာလဲလို့ ကျွန်တော်ကြည့်နေမိတယ်။

အဲ့လူက ရင်ခွဲရုံဘက်ကနေလျှောက်လာရင်း ကျွန်တော်တို့ တည်းတဲ့အိမ်ရှေ့က ကွင်းပြင်ကိုရောက်လာတယ်။ လရောင်နဲ့ ကျွန်တော် အဲ့ဒီလူကို ကြည့်နေတဲ့အချိန်မှာပဲ အဲ့လူက လမ်းလျှောက်နေရာကနေရပ်ပြီး ကျွန်တော့်ဆီကို ကြည့်လိုက်တယ်။ ပြီးတော့ ရပ်နေရင်းနဲ့ အဲ့ဒီလူရဲ့ အရပ်ကြီးက တဖြည်းဖြည်းရှည်ထွက်လာတယ်။ဘယ်လောက်ထိ အရပ်ကြီးရှည်ထွက်လာသလဲဆိုရင် ထန်းပင်တစ်ပင်အရပ်လောက်ရှိတယ်။ ခြေတံ၊ လက်တံတွေက လည်းရှည်ထွက်လာတယ်။ သူ့မျက်နှာက သူ့မျက်လုံးကြီးတွေက ထန်းသီးလုံးကြီးတွေလောက်ရှိတယ်။ နားရွက်တွေကလည်းဆင်တွေရဲ့ နားရွက်လောက်ရှိတယ်။

ကျွန်တော်ကြည့်နေတုန်း သူ့ရဲ့ ထန်းသီးလုံးလောက်ရှိတဲ့ မျက်လုံးရဲကြီးတွေနဲ့ ကျွန်တော့်ကို စိုက်ကြည့်နေတာကြောင့် ကျွန်တော် ပြတင်းပေါက်တံခါးကို အမြန်ပိတ်ပြီး အိပ်ရာထဲအမြန်ဝင် စောင်ခေါင်းမြီးခြုံပြီး အိပ်လိုက်တယ်။ အဲ့ဒီလူကြီး အိမ်ထဲဝင်လာမှာကြောက်တဲ့စိတ်နဲ့ ချွေးတွေလည်းရွှဲစိုလို့။ နောက်နေ့ မနက်မိုးလင်းတော့ ကျွန်တော့်ဘကြီးကို ပြောပြတော့ အဲ့ဒီသရဲကို သူတစ်ခါမှမတွေ့ဖူးပေမယ့် လူတော်တော်များများ ကြုံဖူးကြတယ်လို့ပြောတယ်။နောက်နေ့ညကျ ကျွန်တော်တို့ ဘကြီးရဲ့အိမ်မှာမအိပ်ရဲတော့ပဲ တခြား အမျိုးတော်တဲ့ ကြီးဒေါ်တစ်ယောက်အိမ်မှာသွားအိပ်လိုက်ရတယ်။

💻YouTubeChannel 🔜 https://www.youtube.com/

ဲ့နားဆင် #ရင်ဖွင့်ရာ #မေတ္တာပို့

လူ့အဖွဲ့အစည်းအတွင်းမှာနေပြီး လူလိုနားမလည်ကြတဲ့လူတွေက ဟောဒီလောကထဲမှာ ရှိသေးတာလား ဗျာ။ကျွန်တော်ကြုံနေရတဲ့ ပြဿနာက ဒီလိုဗျ။ ...
24/10/2024

လူ့အဖွဲ့အစည်းအတွင်းမှာနေပြီး လူလိုနားမလည်ကြတဲ့လူတွေက ဟောဒီလောကထဲမှာ ရှိသေးတာလား ဗျာ။ကျွန်တော်ကြုံနေရတဲ့ ပြဿနာက ဒီလိုဗျ။ ကျွန်တော်က နယ်ကနေ ရန်ကုန်ကိုလာပြီး အလုပ်လုပ်နေတဲ့ လူတစ်ယောက်ပါ။နယ်ကလာတဲ့လူဆိုတော့ အဆောင်မှာ နေရတာပေါ့ဗျာ။ မနက်မိုးလင်းရင် ရေမိုးချိုးပြီး အလုပ်ကိုသွား၊ ညနေအလုပ်ဆင်းချိန်မှ ပြန်လာပြီး ညကျမှ အလုပ်ထဲမှာ ပင်ပန်းလာတာကို နားရတာပေါ့။ ပြဿနာက အဆောင်မှာ ကျွန်တော့်ဘေးခန်းမှာနေတဲ့ လူတွေဗျ။ သူတို့တွေက နယ်ကနေ ရန်ကုန်လာပြီး သင်တန်းတက်ပြီး နိုင်ငံခြားထွက်မယ့်လူတွေဗျ။ အဲ့ဒီတော့ သူတို့က အလုပ်သွားစရာမလိုဘဲ သင်တန်းသွားရမယ့်အချိန်လေးပဲတက်ပြီး တခြားအချိန်တွေမှာ အဆောင်မှာပဲ စာကြည့်တဲ့လူကကြည့်၊ အပြင်လျှောက်သွားတဲ့လူတွေက သွားပေါ့ဗျာ။

ကျွန်တော့် ဘေးခန်းက လူတွေက နေ့ခင်းပိုင်းမှာ စာကြည့်။ညပိုင်းကျရင် ကောင်မလေးနဲ့ ကြူတဲ့လူကကြူ၊ ဇာတ်ကားကြည့်တဲ့လူကကြည့်ကြပေါ့။ခက်တာက သူတို့က ည(၂)နာရီလောက်ကျမှ ထပြီး ဖုန်းအသံကို မတိုးဘဲနဲ့ အသံအကျယ်ကြီးနဲ့ သီချင်းဖွင့်တဲ့အခါဖွင့်၊ တရားဖွင့်တဲ့လူကဖွင့်၊ ဂိမ်းဆော့တဲ့လူကဆော့ Audio Book တွေဖွင့်တဲ့ လူကဖွင့်နဲ့။ သူတို့က အဲ့ဒီလိုတွေဖွင့်တော့ မနက် အလုပ်သွားစရာရှိတဲ့ တခြားလူတွေတော့မသိဘူး။ ကျွန်တော်ကတော့ ဘယ်လိုမှ အိပ်လို့မရတာ အမှန်ပဲ။ သူတို့ကို ပြောတော့လည်း တချို့က ရွဲ့ပြီး အသံပိုချဲ့ပြီး ဖွင့်တတ်ကြသေးတယ်။

အဆောင်မှူးကို ပြောပြန်တော့လည်းပြောတဲ့ တစ်ရက်နှစ်ရက် လောက်ပဲ ငြိမ်သွားကြပြီး နောက်ကျပြန်ဖွင့်ကြတာပဲ။ကြာတော့ တခြားလူတွေက မပြောဘဲ ကျွန်တော်ပဲ ပြောနေတာဆိုတော့ မပြောချင်တော့ဘူးဗျာ။သူတို့က ညနက်ချိန် (၂) နာရီမှ ဖွင့်ပြီး မနက်(၄) နာရီလောက်မှ ပိတ်ပစ်တတ်ကြတော့ နေ့တိုင်းလိုလို အိပ်ရေးပျက်နေရတယ်ဗျာ။ကြာတော့ ညကျရင် အိပ်ဖို့တောင် ကြောက်လာပြီဗျာ။ ကျွန်တော်ဘာလုပ် သင့်လဲ အကြံဉာဏ်လေးများရှိရင် ပေးကြပါဦး။

💻YouTubeChannel 🔜 https://www.youtube.com/
ဲ့နားဆင် #ရင်ဖွင့်ရာ #မေတ္တာပို့

👹အခုကျွန်တော်ပြောမယ့် အကြောင်းအရာလေးကတော့ ကျွန်တော့် အဖိုးပြောပြခဲ့တဲ့ အဖြစ်အပျက်လေး တစ်ခုဖြစ်ပါတယ်။ကျွန်တော့်အဖိုးက နယ်...
23/10/2024

👹အခုကျွန်တော်ပြောမယ့် အကြောင်းအရာလေးကတော့ ကျွန်တော့် အဖိုးပြောပြခဲ့တဲ့ အဖြစ်အပျက်လေး တစ်ခုဖြစ်ပါတယ်။ကျွန်တော့်အဖိုးက နယ်မြို့လေးတစ်မြို့ကပါ။အဖိုးအိမ်ရဲ့မျက်နှာချင်းဆိုင်မှာ မြို့ရဲ့ ဆေးရုံရှိပြီး အဖိုးတို့အိမ်ရှေ့ လမ်းရဲ့တစ်ဖက်မှာ ညောင်ပင်ကြီးတစ်ပင်ရှိပါတယ်။မြို့ထဲက လူတွေရဲ့ ပြောစကားအရ ညနက်ချိန်ရောက်ရင် အဲ့ဒီညောင်ပင်ကြီးပေါ်ကနေ လူလိုလို တိရစ္ဆာန်လိုလို မည်းမည်းကောင်ကြီးတစ်ကောင် ဆင်းလာတတ်တယ်လို့ သိရတယ်ဗျ။မြင်ခဲ့ရသူတွေက အဖိုးကို ပြန်ပြောပြကြပေမယ့် အဖိုးကတော့ အဲ့ဒီအကြောင်းကို မယုံခဲ့ပါဘူး။

☠️တစ်ရက်မှာတော့ အဖိုးက သူ့သူငယ်ချင်းတွေနဲ့ အရက်သောက်ပြီး ညအတော်နက်မှ အိမ်ပြန်လာခဲ့တယ်။ အဲ့ဒီလိုနဲ့ အိမ်ရှေ့ရောက်တော့ ညောင်ပင်ဘက်ကို ကြည့်လိုက်တဲ့အခါ ညောင်ပင်ပေါ်က မည်းမည်း အကောင်ကြီးဆင်းလာတာကို တွေ့လိုက်ရတယ်။အဖိုးက ကြောင်ပြီးရပ်ကြည့်နေတာပေါ့။အဖိုးကြောင် ပြီးကြည့်နေတုန်းမှာပဲ အဲ့ဒီမည်းမည်းကောင်ကြီးက အဖိုးဆီကို တည့်တည့်လျှောက်လာတယ်တဲ့။ တကိုယ်လုံးမှာလဲ မျောက်ဝံလိုလို အမွှေးအမျှင်တွေအပြည့်ပဲတဲ့။အကောင်ကြီးကလည်း အကြီးကြီးပဲတဲ့။ အဲ့ဒါနဲ့ အဖိုးလည်း မူးမူးနဲ့ အဲ့ဒီအကောင်ကြီးနဲ့ နပမ်းလုံးတော့တာပဲတဲ့။အဖိုးက အဲ့ဒီအကောင်ကြီးကို လက်သီးနဲ့ဘယ်လောက်ပဲထိုးထိုး အကောင်ကြီးက ဘာမှဖြစ်ပုံမရဘူးတဲ့။ ကြာတော့ အဖိုးလည်း ခြေကုန်လက်ပမ်းကျပြီး အကောင်ကြီးလက်ချက်ကြောင့် သတိမေ့သွားတော့တယ်တဲ့။ မနက်မိုးလင်းလာတော့ အဖိုးဆေးရုံပေါ်ရောက်နေတယ်တဲ့။

😓တစ်ကိုယ်လုံးမှာလည်း အညိုအမဲတွေစွဲနေတယ်တဲ့။ အဲ့ဒီနောက် အဖိုးတို့ အိမ်နီးနားချင်းတွေစု ဘုန်းကြီးတွေပင့်ပြီး အဲ့ဒီညောင်ပင်အောက်မှာ တရားနာကြပြီး အမျှပေးဝေပေးလိုက်ပြီးတဲ့နောက်မှ အဲ့ဒီမည်းမည်းအကောင်ကြီးကို မတွေ့ရတော့တာတဲ့။ကျွန်တော်ဖြင့် အဖိုးပြောပြတာ နားထောင်ရင်းနဲ့တောင် လန့်လိုက်တာဗျာ။

💻YouTubeChannel 🔜 https://www.youtube.com/
ဲ့နားဆင် #ရင်ဖွင့်ရာ #မေတ္တာပို့

ကျွန်တော်က Gayတစ်ယောက်ပါ။ Come out လည်းလုပ်ပြီးထားပါပြီ။ ကျွန်တော်မိဘတွေက support လုပ်တယ်လည်းမဟုတ် မလုပ်ဘူးလည်းမဟုတ် ဒီတ...
22/10/2024

ကျွန်တော်က Gayတစ်ယောက်ပါ။ Come out လည်းလုပ်ပြီးထားပါပြီ။ ကျွန်တော်မိဘတွေက support လုပ်တယ်လည်းမဟုတ် မလုပ်ဘူးလည်းမဟုတ် ဒီတိုင်း ဖြစ်တည်မှုကို လက်ခံလိုက်တဲ့သဘောပါပဲ။ကျွန်တော့်မှာ လက်ရှိတွဲနေတဲ့ကောင်လေးလည်းရှိပါတယ်။ ကောင်လေးနဲ့ လည်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေပါတယ်။ ဒါပေမဲ့ ကောင်လေးနဲ့ ပေါ်တင်တွဲနေရတဲ့ ဆက်ဆံရေးတော့မဟုတ်ပါဘူး။ ကောင်လေးက အခူထိ come out မလုပ်ထားရသေးပါဘူး။ သူ့အနေနဲ့ မိန်းကလေးရည်းစားတွေလည်း ထားခဲ့ဖူးသလို သူ့ကိုယ်သူ gayမှန်းသိတာလည်း ကျွန်တော်နဲ့မှာပါ။ သူ့အနေနဲ့ ကျွန်တော်နဲ့ပေါ်တင်တွဲပြီး သူဂေးပါဆိုတာကို ဖော်ထုတ်ချင်ပေမဲ့ အခုထိကိုကြောက်နေရှာတာပါ။ ကျွန်တော် ဘယ်လိုပြောပြောလည်းမရပါဘူး။ ဒါကြီးက မဖြစ်မနေရင်ဆိုင်ရမယ့် အရာကြီးပဲလေ။ ဒါကိုသူကျော်ဖြတ်နိုင်မှ နှစ်ယောက်လုံးပိုပျော်ရမှာကို။

သူပြောလိုက်ရင် အချိန်လေး ခဏစောင့်ပါဦးတို့ ဖြေးဖြေး ချင်းပြောတာပေါ့ လုပ်လိုက်နဲ့ အချိန်တွေဆွဲနေတာ။ သူ့မိသားစု သူ့ပတ်ဝန်းကျင် သူမရင်ဆိုင်နိုင်သေးတာကို နားလည်ပေမဲ့ ဒီလိုပုံမျိုးဆက်တိုက်လုပ်ရေင်တော့ ကျွန်တော်နဲ့ဖြစ်မှာမဟုတ်ဘူး။ သူ့ကို ချစ်လို့သာ ဆက်စောင့်ပေးနေတာပေါ့။ ကြာတော့ သူကြောင်တာထက် ကျွန်တော့်ကို တကယ်မချစ်လို့ ဒီလိုများလုပ်နေတာလားလို့ တွေးမိလာတယ်။ ဘာဆက်လုပ်လို့လုပ်ရမှန်းမသိတော့ပါဘူး။

💻YouTubeChannel 🔜 https://www.youtube.com/
ဲ့နားဆင် #ရင်ဖွင့်ရာ #မေတ္တာပို့

😔ကိုယ့်ထက်ကြီးတဲ့လူကြီးမိဘတွေကို ပြန်ပြောလို့မရဘူးလား။ ကျွန်တော့်ကိုငယ်ငယ်ကတည်းက မိဘတွေက ဘာနေနေ အကြီးတွေကိုပြန်မပြောရဘူး...
22/10/2024

😔ကိုယ့်ထက်ကြီးတဲ့လူကြီးမိဘတွေကို ပြန်ပြောလို့မရဘူးလား။ ကျွန်တော့်ကိုငယ်ငယ်ကတည်းက မိဘတွေက ဘာနေနေ အကြီးတွေကိုပြန်မပြောရဘူးလို့သင်ထားပါတယ်။ ကျွန်တော်လည်း အဲ့ဒါကြောင့် ဘယ်လောက်ပဲ ဆိုးရွားဆိုးရွားပြန်မပြောမိအောင် အတတ်နိုင်ဆုံးထိန်းပါတယ်။ ဒါပေမဲ့ဗျာ တစ်ဖက်သတ်ကြီး မှားနေတာကိုတော့ ပြန်မပြောဘဲမနေနိုင်ဘူး။ အိမ်ကမိဘတွေကိုလည်း သူတို့မှားလို့ ထောက်ပြလည်း ပြန်မပြောနဲ့ လူကြီးပြောတာအမှန်ပဲ နင်လျှာမရှည်နဲ့ဆိုတာကြီးပဲ။ ကြာတော့ ကျွန်တော်လည်းစိတ်ပျက်လာပါတယ်။ သူတို့မှားနေရင် ထောက်ပြလို့လည်းမရ တစ်ယူသန်တွေများပါတယ်။ လူကြီးတွေကိုပြန်မပြောနဲ့ဆိုတာက ဘယ်ကနေဆင်းသက်လာတာလဲဗျာ ချွင်းချက်အခြေအနေလေးတွေတော့ရှိသင့်တယ်မှတ်လား။

😓သူတို့မှားနေရင်တော့ ပြောရဆိုရမှာပဲ။ ဘာနေငုံ့ခံနေရမယ်ဆိုတာတော့မဖြစ်သင့်ဘူးလေ။ တလောကပဲ အိမ်မှာအဖေနဲ့အကြီးကျယ်ရန်ဖြစ်မိပါတယ်။ အဖေမှားနေတာကိုထောက်ပြတာကို ဆရာမလုပ်နဲ့တဲ့။ ကျွန်တော်ကလည်း ဆရာလုပ်နေတာမဟုတ်ဘူးထောက်ပြတာဆိုတော့လည်း မိဘကိုပြန်ပြောလို့ရိုင်းတယ်တဲ့။ ကျွန်တော့လည်း သည်းမခံနိုင်တာနဲ့ ပြန်ပြန်ပြောမိရောဗျာ အဲ့မှာ အကြီးအကျယ် ဒေါသတွေထွက်ပြနေလို့ နောက်ဆုံးကျွန်တော်ပဲတောင်းပန်လိုက်ရပါတယ်။ တကယ်အဲ့လိုအမြဲ ချပ်တီးပြီးနေရတာကိုသည်းမခံနိုင်တော့ပါဘူး။ အိမ်က သူတို့နဲ့က ညှိလို့လည်းရမှာမဟုတ်တဲ့သူတွေဆိုတော့ စိတ်ကုန်လို့ အိမ်ကနေထွက်ပြီးတစ်ယောက်တည်းနေဖို့ စဥ်းစားထားတယ်။ ကျွန်တော်နဲ့ အခြေအနေတူတဲ့သူတွေရှိလားဗျ။ အကြံလေးပေးပါဦး။

💻YouTubeChannel 🔜 https://www.youtube.com/
ဲ့နားဆင် #ရင်ဖွင့်ရာ #မေတ္တာပို့

😍ကိုယ့်ထက်ငယ်တဲ့ ကောင်လေးတစ်ယောက်ကိုမှ ချစ်မိသွားလို့ပါ။ ကျွန်မကအသက် 34နှစ်ပါ။ ယောကျ်ားယူဖို့လည်း အစီစဥ်မရှိသလို အချစ်ကိ...
21/10/2024

😍ကိုယ့်ထက်ငယ်တဲ့ ကောင်လေးတစ်ယောက်ကိုမှ ချစ်မိသွားလို့ပါ။ ကျွန်မကအသက် 34နှစ်ပါ။ ယောကျ်ားယူဖို့လည်း အစီစဥ်မရှိသလို အချစ်ကိုလည်း ဦးစားမပေးတတ်တဲ့သူမျိုးပါ။ တစ်ယောက်တည်း နေရတာကိုလည်း အသားကျနေပါပြီ။ အခုလိုအခြေအနေမှာမှ အလုပ်ကို ကောင်လေးအသစ်ရောက်လာခဲ့ပါတယ်။ ဖြူဖြူချောချော တက်တက်ကြွကြွနဲ့ စကားပြောလည်းသိမ်မွေ့ပါတယ်။ လူကြီးကိုလည်းလေးစားပြီး လူတိုင်းနဲ့လည်း ပေါင်းတတ်သင်းတတ်ပါတယ်။

🧐အဲ့လိုနဲ့ကောင်လေးကို သတိထားမိရင်း ကျွန်မကောင်လေးအပေါ်သဘောကျချင်သလိုလိုစဖြစ်လာတယ်။ ကောင်လေးကကျွန်မထက် 7နှစ်ငယ်ပါတယ်။ ကျွန်မအပေါ်လည်း ကောင်းပြီး အစစအရာရာဂရုစိုက်ပေးပါတယ်။ အထက်လူကြီး မို့လား ဂရုစိုက်ပေးတာလား ကျွန်မအပေါ်စိတ်ရှိနေလို့ ဂရုစိုက်ပေးနေတာလား ဘာလားတော့ကျွန်မလည်းသေချာမသိပါဘူး။ သူ့အပြုအမူ သူ့အကြည့်တွေအောက် ကျွန်မတော်တော် ကျရှုံးနေမိတယ်။ ကောင်လေးရဲ့ fb accစစ်ကြည့်တာလည်း ရည်းစားဘာညာမရှိပါဘူး။

😘အသက်အရမ်းကွာတော့ သိပ်ပြီးမစချင်ပေမဲ့ တစ်နေ့ထက် တစ်နေ့သူ့ကို ပိုပိုစွဲလမ်းလာမိလာတယ်။ကောင်လေးအနေနဲ့ဒီထက် ပိုပြီးအခြေအနေတက်အောင်ရော ကျွန်မကိုကြိုက်လာအောင်ရောဘယ်လိုလုပ်ရမလဲ။ ကိုယ်ကအထက်လူကြီးလည်းဖြစ်၊ မိန်းကလေးဘက်စပြီး ဖွင့်ပြောတာမျိုးလည်းမလုပ်ချင်လို့ပါ။ ကောင်လေးကိုတစ်ခြားသူတွေလက်ထဲလည်း အပါမခံချင်ပါဘူး။ ကျွန်မဘက်ကလည်း စရခက်နဲ့ အခက်တွေ့နေလို့ပါ အကြံလေးပေးကြပါဦး။

💻YouTubeChannel 🔜 https://www.youtube.com/
ဲ့နားဆင် #ရင်ဖွင့်ရာ #မေတ္တာပို့

😡ဒေါသကိုဘယ်လိုထိန်းချုပ်ကျလဲ ကျွန်တော်က တအားဒေါသကြီးတဲ့သူပါ ဒေါသကြီးတဲ့အပြင် စိတ်ပါကြီးတော့ပိုဆိုးတယ် တစ်ခုဆိုခုဒေါအလျော...
21/10/2024

😡ဒေါသကိုဘယ်လိုထိန်းချုပ်ကျလဲ ကျွန်တော်က တအားဒေါသကြီးတဲ့သူပါ ဒေါသကြီးတဲ့အပြင် စိတ်ပါကြီးတော့ပိုဆိုးတယ် တစ်ခုဆိုခုဒေါအလျောက် ပြုမူမိတာတွေလည်းရှိတယ် ဒေါသထွက်ပြီး အော်ပလိုက်မိတာတို့၊ ပစ္စည်း ကန်ပလိုက်မိတာတို့ပေါ့ အဲ့လိုတွေလုပ်လုပ်မိပြီးမှ ဘေးကအပေါင်းအသင်းတွေပါ ပြန်ပြန်တောင်းပန်ရပေါင်းလည်းများလှပါပြီ

🙏ဒေါသဖြစ်စရာကြုံရင်အတတ်နိုင်ဆုံးထိန်းတော့ထိန်းတာပေါ့ ဒါပေမဲ့လည်း ထစ်ခနဲရှိ စိတ်ကတစ်ခုခုလုပ်ထည့်ပလိုက်ရမှာ ကျေနပ်နေမိတာ ဒီလကုန်ရင် ကျွန်တော့် အလုပ် စဆင်းရတော့မှာ ပထမဆုံးအလုပ်လည်းဖြစ်တယ် ပထမဆုံး အပြင်သူတွေနဲ့စဆက်ဆံရတော့မှာဆိုတော့လေဒေါသမထိန်းချုပ်မိမှာစိုးရိမ်လို့ပါအပေါင်းအသင်းတွေကတော့ ခင်နေတဲ့သူဆိုတော့ကျွန်တော့်ကိုသည်းခံနိုင်ပေမဲ့ အလုပ်ကသူတွေကတော့ သည်းခံနိုင်ပါ့မလားမသိဘူးဗျာ အဲ့ဒါနဲ့ပတ်သတ်ပြီး ဘယ်လိုလုပ်ရမလဲစိတ်ပူနေမိတယ်

💻YouTubeChannel 🔜 https://www.youtube.com/
ဲ့နားဆင် #ရင်ဖွင့်ရာ #မေတ္တာပို့

👵ကျွန်တော် ဒီနေ့ မျှဝေပေးချင်တဲ့ အကြောင်းအရာလေးကတော့ တူမလေး ပြောတဲ့ စကားတစ်ခွန်းကို ဆက်စပ်ပြီး တွေးဖြစ်မိတာလေးပါ။“ ဖွားဖ...
16/10/2024

👵ကျွန်တော် ဒီနေ့ မျှဝေပေးချင်တဲ့ အကြောင်းအရာလေးကတော့ တူမလေး ပြောတဲ့ စကားတစ်ခွန်းကို ဆက်စပ်ပြီး တွေးဖြစ်မိတာလေးပါ။“ ဖွားဖွား အမြဲတမ်း နေမကောင်းဖြစ်နေရင် ကောင်းမှာပဲ ၊ ပျော်စရာကောင်းတယ် “ ဆိုတဲ့ စကားတစ်ခွန်းပေါ့...ဒါ အသက် ၁၀ နှစ်အရွယ် ကျွန်တော့်တူမလေးက ပြောတာပါ၊ သူ့နာမည်က လပြည့်… ကျွန်တော့်အစ်ကိုရဲ့သမီးလေးပေါ့။ ထူးထူးခြားခြားပဲ သူက ဒီဘက်ခေတ်ကလေးတွေနဲ့ သိပ်မတူပဲ မိသားစုကို ခင်တတ်တယ်။ တလောက ကျွန်တော်တို့အမေ နေမကောင်းဖြစ်လို့ ဆေးရုံတင်ထားရတော့လဲ သူက သူ့အဖေနဲ့အတူ ကျွန်တော်တို့အမေကို နေ့တိုင်းလူနာလာကြည့်တယ်။ အခု ဆေးရုံကဆင်းပြီး အိမ်မှာပဲ အမေ့ကို ဆက်ထားတော့လဲ ဒီမြေးမလေးကပဲ နေ့တိုင်း ကျွန်တော်တို့အိမ်လာဖို့ ပူဆာတယ်တဲ့လေ။ လူမမာအိမ်မို့ထင်ပါတယ်၊ သတင်းမေးတဲ့လူတွေနဲ့ ခုရက်ပိုင်း ကျွန်တော်တို့အိမ်က အတော်စည်ကားတယ်။ အမေ့မှာ ကျွန်တော်အပါအဝင် သားသမီး ၄ ယောက်ရှိတယ်။ အိမ်ထောင်မကျသေးတဲ့ အငယ်ဆုံးသား ကျွန်တော်ကလွဲပြီး အားလုံးက သားသမီးကိုယ်စီနဲ့၊ အမေ အသည်းအသန်ဖြစ်တော့ သူတို့အားလုံး ကလေးတွေခေါ်ပြီး လာကြတယ်လေ။

😍အဲတော့ အိမ်မှာ ကလေးတရုန်းရုန်းနဲ့မို့ လပြည့်လေးကလဲ ပျော်တာပေါ့။ သူ့အဖွား နေမကောင်းဖြစ်တိုင်း သူတို့ဝမ်းကွဲမောင်နှမတွေ တစ်စုတစ်စည်းတည်း ဆုံရတယ်လေ၊ ဆော့ဖော်ဆော့ဖက်ရလို့ “ ဖွားဖွား အမြဲတမ်း နေမကောင်းဖြစ်နေရင် ကောင်းမှာပဲ ၊ ပျော်စရာကောင်းတယ် “ ဆိုတဲ့စကားကို လပြည့်လေး ပြောတာဖြစ်မယ်။ ဒါပေမယ့် လပြည့်က ပါးနပ်တယ်ဗျ၊ ဒီစကားကို မကျန်းမာတဲ့ သူ့အဖွားရှေ့မှာ မပြောဘူး၊ သူအရမ်းခင်တဲ့ ဦးလေးဖြစ်တဲ့ ကျွန်တော့်ကိုပဲ နှစ်ယောက်တည်း ကပ်တိုးလေး ပြောသွားတာ…မနေ့က ဒီစကားနဲ့ ပတ်သက်ပြီး ကျွန်တော့်ခေါင်းထဲ ရောက်လာတာကတော့ ကျွန်တော်တို့ အမေရော လပြည့်လေးလိုပဲ သူနေမကောင်းဖြစ်တိုင်း ပျော်ရမလားလို့ပါ၊ တစ်ဖက်မှာ ဝေဒနာကြီး ပိုက်ထားလျက်နဲ့တောင်ပေါ့ဗျာ … ရယ်ရအခက်၊ ငိုရအခက်ဆိုတာ ဒါမျိုးနေမှာ။ ကျွန်တော့်အမေကလဲ သူ့မြေးမလေးလိုပဲ မိသားစုကို အရမ်းခင်တတ်တာ ၊ အဖေ ဆုံးသွားပြီးကတည်းက သူ့မှာ တွယ်တာစရာဆိုလို့ သူ့သားသမီးတွေနဲ့ မြေးလေးတွေပဲရှိတာ။

🏘️တကယ်တော့ ကျွန်တော်တို့ ဇာတိက နယ်မြို့လေးတစ်မြို့ပါ၊ သူ အသက်ကြီးတော့ သူ့သားသမီးတွေနား နေချင်ဇောနဲ့ ကျွန်တော်တို့ ရန်ကုန်ကို ပြောင်းလာခဲ့ကြတယ်။ တစ်သက်လုံး သူစုလာခဲ့တဲ့ ငွေလေးအပြင် သားသမီးတွေကလဲ လိုတဲ့ငွေကို တတ်နိင်သလောက် ထောက်ပံ့ကြတော့ ရန်ကုန်မှာ အလယ်အလတ်တန်းတိုက်ခန်းလေးတစ်ခုကို အမေ ပိုင်ဆိုင်ခဲ့ရတယ်။ ဒါပေမယ့် အမေ မျှော်လင့်သလို သားသမီးတွေ တစ်ချိန်လုံးတစ်စုတစ်စည်းနဲ့တော့ မဖြစ်ခဲ့ပါဘူး။ နိုင်ငံခြားရောက်သူက ရောက်၊ မအားတဲ့သူက မအားနဲ့ အမေ့ကို လာတွေ့ကြရင်တောင် သီးခြားစီ ဖြစ်နေခဲ့ကြတာပေါ့။ ပြီးတော့ ဒီအခြေအနေမှာ အားလုံးက သူ့အပူနဲ့သူ ရုန်းကန်နေကြရတာကိုလဲ အမေက နားလည်တယ်။ ဒါပေမယ့် တစ်နှစ်တစ်ခါ အမေ ပျော်ရတဲ့ အချိန်တော့ ရှိတယ်ဗျ။ အမေက သီတင်းကျွတ်လပြည့်နေ့တိုင်း အလှူသေးသေးလေး လုပ်လေ့ရှိတယ်။ သူ့အလှူကို လူရာနဲ့ချီပဲ လာသလိုလိုဘာလိုလို ပြောပြောနေလေ့ရှိပြီး တကယ်တမ်းမှာတော့ သူ့သားသမီးနဲ့ မြေးတွေအပါအဝင် ပရိသတ်ဦးရေက ၂၀ တောင် မပြည့်ပါဘူး ။ဘုန်းကြီးကျောင်းမှာရှိတဲ့ ဘုန်းကြီးအရေအတွက်ကတောင် ပိုများနေပါဦးမယ်။ ကျွန်တော်တို့ရဲ့အင်အားနဲ့လဲ ဒီလောက်ပဲ တတ်နိုင်တာကိုးဗျ။

🖼️အမေ့အလှူသာ ပြောတာပါ။ တကယ်တမ်းမှာတော့ ကျွန်တော်တို့ သားသမီး ၄ ယောက်ကပဲ လူအားငွေအားစိုက်ထုတ်ပြီး အမေ စိတ်ချမ်းသာဖို့ လုပ်ပေးကြတာလေ။ အမေက အဲဒီရက်ရောက်တိုင်း အရမ်းပျော်တာ။ သူအကြိုက်ဆုံး အနီရောင်ရင့်ရင့်အင်္ကျီနဲ့ထဘီဝမ်းဆက်ကိုပဲ နှစ်တိုင်းဝတ်လေ့ရှိပြီး ကြော့ကြော့မော့မော့နဲ့ ကမ္ဘာကြီးကိုပဲ သူအပိုင်ရထားသလို မျက်နာထားမျိုးနဲ့ ပီတိဖြစ်နေလေ့ရှိတာပေါ့။ သူ့သားသမီးတွေ ၊ မြေးတွေ စည်းစည်းလုံးလုံးဖြစ်နေတာ မြင်ရရင် အရမ်းကျေနပ်နေတတ်ပြီး တစ်ခါတုန်းကဆို မေ့မေ့လျော့လျော့နဲ့ ဘုန်းကြီးတစ်ပါးကိုပါ မိသားစုဓာတ်ပုံရိုက်ခိုင်းနေလို့ မနည်းတားယူရပါတယ်။ အမေက အဲဒီဓာတ်ပုံတွေ အကုန်ဆိုင်မှာ သွားထုတ်ပြီး သိမ်းထားတယ်။ အဲတော့ အမေ့ အံဆွဲထဲ ဖွင့်ကြည့်လိုက်ရင် ဘုန်းကြီးကျောင်းတစ်ကျောင်းတည်းမှာ ပို့စ်တစ်ခုတည်းနဲ့ပဲ လူတွေတန်းစီရိုက်ထားတဲ့ မိသားစုအလှူဓာတ်ပုံတွေပဲ တွေ့ရတတ်ပြီး တခြားဘာမှကို မရှိပါဘူး။ သီတင်းကျွတ်လပြည့်နေ့တစ်ရက်ပဲ ကျွန်တော်တို့မိသားစုက စုံစုံလင်လင်နဲ့ဆုံဖြစ်ကြတာကိုး။

🎆ဒါပေမယ့် အမေက အခုနောက်ပိုင်း နေမကောင်းဖြစ်တာ စိပ်စိပ်လာတယ်။အခုတော့ သူ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်တော့ပါဘူး။ မကြာခင် သီတင်းကျွတ်ရောက်တော့မှာဆိုတော့ အမေက အဲဒီတစ်နိုင်တစ်ပိုင် အလှူရက်လေးကို တမ်းတမိနေတော့မှာပါ။ ဒါပေမယ့် သူနဲ့ လပြည့်လေးကတော့ သီတင်းကျွတ်လပြည့်အစား ဒီရက်လေးတွေကို အစားထိုးရနေတယ်လို့ပဲ ယူဆါတယ်။ လပြည့်လေးလိုပဲ အမေလဲ သူနေမကောင်းဖြစ်ရလို့တောင် ကြိတ်ပြီး ဝမ်းသာနေလောက်တယ်လို့ ထင်မိပါတယ် ။သူတို့နှစ်ယောက်လုံး သူတို့မက်မောတဲ့ မိသားစုတရုန်းရုန်းနဲ့ စည်းလုံးပျော်ရွှင်တဲ့ နေ့ရက်တွေကို ဖြတ်သန်းနေကြရတာကိုး။သာရေးနာရေးတိုင်း စုံလင်စွာနဲ့ တွေ့ဆုံကြလေ့ရှိတဲ့ ကျွန်တော်တို့မိသားစုရဲ့အကြောင်းလေး သတိတရနဲ့ ရေးဖြစ်တာပါ။ အားလုံးလဲ သီတင်းကျွတ်မှာ မိသားစုကိုယ်စီနဲ့ အဖေအမေအိမ်ရှိရာပြန်ပြီး အဖိုးတန်နေ့ရက်လေးတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ် ခင်ဗျာ….

💻YouTubeChannel 🔜 https://www.youtube.com/
ဲ့နားဆင် #ရင်ဖွင့်ရာ #မေတ္တာပို့

မင်္ဂလာပါဗျာ 👨‍🦰ကျွန်တော်အသက်ကတော့ 29 နှစ်အရွယ် လူလတ်ပိုင်းတစ်ယောက်ပါကျွန်တော်ရဲ့မိသားစုအခြေအနေအကြောင်းနဲ့ ယခုလက်ရှိဖြစ်...
15/10/2024

မင်္ဂလာပါဗျာ
👨‍🦰ကျွန်တော်အသက်ကတော့ 29 နှစ်အရွယ် လူလတ်ပိုင်းတစ်ယောက်ပါ
ကျွန်တော်ရဲ့မိသားစုအခြေအနေအကြောင်းနဲ့ ယခုလက်ရှိဖြစ်ပျက်သွားတဲ့အဖြစ်အပျက်ကိုပြောပြရင်း မနက်ဖြန်ဆိုတာတောင် မရှိနိုင်တော့တဲ့အခြေအနေလည်းဖြစ်သွားနိုင်တဲ့အနေအထားမို့လို့ ရင်လာဖွင့်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့လက်ရှိနေတဲ့မိသားစူအိမ်မှာဆိုရင် မွေးချင်းမောင်နှမသူံးယောက်ရှိတဲ့အနက် ကျွန်တော်က သားအကြီးဆုံးဖြစ်ပီး အသက်ကြီးတဲ့အဘွားနဲ့ ဦးလေးလင်မယား ရှိပါတယ်။ လက်ရှိတစ်မိသားစုလုံးနဲ့ အတိုက်အခံဖြစ်နေတဲ့ သူကတော့ ကျွန်တော်ရဲ့အဖေပါ...အဖေဟာ ဆယ်စုနှစ်တခုစာလောက် အရက်ကျေးကျွန်ဖြစ်ခဲ့ရပီး တခါတလေ အသိစိတ်ကင်းမဲ့သွားရတဲ့အခြေအနေမျိုးရှိလာရင် အရက်မူးလာတာနဲ့အမျှတစ်မိသားစုလူံးကို သတ်မယ်ဖြတ်မယ်ကျိန်းမောင်းနေတက်တဲ့အကျင့်ဖြစ်နေတက်ပါတယ်။ ကျွန်တော်က ကုမ္ပဏီ လခစားဝန်ထမ်းတယောက်မို့ အလုပ်သွားရပင်မယ့် အိမ်မှာအဖေကအရက်မူးလာရင် အထိန်းအကွတ်မဲ့သွားတဲ့အခြေအနေမျိုးမှာတော့ အမေကိုရိုက်နှက်ထားတဲ့ဒဏ်ရာတွေကိုတွေ့ရပီး တခါတလေကျရင် သူ့သမီးအရင်းဖြစ်တဲ့ ကျွန်တော်ညီမကိုလည်း ဓားနဲ့ရွယ်တာမျိုး မိသားစူတစ်စုလုံးသတ်ပီး တောထဲပြေးမှာမျိုး အမျိုးမျိုး ဖြစ်နေတက်သူပါ ။

🫸ကျွန်တော်အိမ်မှာရှိတဲ့ရက်နဲ့ပြသနာရှာနေတဲ့အချိန် တိုးရင် ကျွန်တော်က သားအကြီးဖြစ်တဲ့အလျောက် ကျွန်တော် ဝင်တားပါတယ် တားတဲ့အခါမှာလည်း သူအသိစိတ်ဝင်လာအောင်ဆိုပီး ခန္ဓာကိုယ်ကို ချုပ်ပီးတားတာပါ ဒါပေမယ့် အရက်ကျေးကျွန်ဖြစ်နေတဲ့အခါမျိုးမှာ အသိစိတ်ကင်းမဲ့နေတဲ့အချိန်ဆိုတော့ ကျွန်တော်ပြုမူတဲ့အမူအရာကို အဖေက သူ့ကိုပြန်သတ်မယ့်သားဆိုပီး ကျွန်တော်ကိုအမြဲ ကျိန်စာတိုက်နေပီး ကျွန်တော်ကအဖေအတွက် သားဆိုးတစ်ယောက်ပါ။
ပြသနာအကြီးမားဆူံးကတော့ ယခုဖြစ်ပျက်သွားတာပါပဲ ဒိနေ့oct 13 ရက်နေ့ ညနေ ကျွန်တော်အပြင်ကနေအိမ်အပြန်လာ အိမ်ရောက်တော့ အဖေက မူးပီးစသောင်းကျန်းနေပါပီ.

🥺သူသောင်းကျန်းရတဲ့အကြောင်းက ကျွန်တော်ကသားမိုက်ဖြစ်နေလို့ပါတဲ့. ကျွန်တော်ကိုဆဲဆိုတယ်ပြောဆိုတယ် ကျွန်တော်မသိချင်ယောင်ဆောင်ပီး အိမ်အပေါ်ထပ်မှာပဲ နေနေခဲ့ပါတယ်. ကျွန်တော့ညီမဖြစ်သူကတော့ အဖေကိုချော့မော့ပြောဆိုပီး အဖေ ကိုမသောင်းကျန်းဖို့အေးဆေးပြောဆိုနေခဲ့ပါတယ်။ဒါပေမယ့် အခြေအနေက ပိုပိုဆိုးရွားလာပါတော့တယ် အမေလည်း ဒေါသထွက်လာပီး အဖေ့ကို သောင်းကျန်းနေတဲ့အပြုအမူမျိုးရပ်တန်းကရပ်ဖို့တောင်းဆိုခဲ့ပင်မယ့် ပြောမရတဲ့အဆုံး အမေက အဖေ့ကို ပထမဆူံးလက်ပါမိသွားပါတယ် .ဒီဖြစ်ရပ်ကိုကျွန်တော်က အိမ်အပေါ်ထပ်မှာအကုန်ကြားနေခဲ့ရပီး အမေ့ကို အဖေပြန်လုပ်တော့မယ်ဆိုတာ သိလို့ ကျွန်တော် ဝင်တားဖို့အောက်ဆင်းသွားခဲ့ပါတယ်။

😣အမေ့ကိုရိုက်ခါနီး ကျွန်တော်အမေ့အရှေ့ကနေရပ်လိုက်တာကို အဖေက မင်းကငါ့ကိုလုပ်မလို့လားဆိုပီး ကျွန်တော်ကိုစရိုက်ပါတယ် အရမ်းအထိန်းအကွတ်မဲ့ပီး အသိစိတ်မဲ့နေတဲ့အချိန်မို့လို့ ကျွန်တော်ထုံးစံအတိူင်းအဖေ့ကိုစချုပ်ပါတယ် ချုပ်ထားပင်မယ့် ကျွန်တော့ကိုတော့ လည်ပင်းညှစ်ထားပါလေရဲ့ ပတ်ဝန်းကျင်ကဝင်ဆွဲ ကြပင်မယ့် အဖေ့ဘက်ကတော့ အလျော့ပေးချင်တဲ့စိတ်တော့မရှိပါဘူး ကျွန်တော်ကိုဒီနေ့သတ်လို့ရရင်သတ် ဒါမှမဟုတ် မနက်ဖြန်မနက် အပြင်ထွက်လာနဲ့ သတ်မယ်ဆိုပီး ကျိန်းမောင်းနေတာ အခုအချိန်ထိပါပဲ ဒီလိုအခြေအနေမျိုးနဲ့ကြုံနေရလို့ အဖေကျေးဇူးမသိတက်တဲ့သားဆိုပီးပြောလည်းကျွန်တော်ခံပါတယ်.ဒါပေမယ့်ကျွန်တော်အမေဟာဆိုရင် အဖေအရက်ကျေးကျွန်ဖြစ်ခဲ့တဲ့ ဆယ်စုနှစ်တခုလူံးကိုအမေက သူတက်နိုင်သလောက်လုပ်အားနဲ့ မိသားစုစားဝတ်နေရေးကော အိမ်မှုကိစ္စအကုန်လူံးကိုယနေ့အချိန်အထိ လုပ်ကိုင်နေရသူ ဖြစ်ပီး ကျွန်တော်ဆိုရင်လည်း အသက်15 နှစ်ကတည်းကနေ အလုပ်လုပ်ပီး ကိုအားကိူယ်ကိုးခဲ့ရသူပါ ။

👨‍👩‍👦မိသားစုတစ်စုမှာ အဖေ အမေ စုံစုံလင်လင်နဲ့ပျော်စရာကောင်းတဲ့ဘဝမျိုး ကျွန်တော်လေဘတက်မိတယ်။ ဒါပေမယ့် ကျွန်တော်လိုဖြစ်ရပ်မျိုးကြူံဖူးတဲ့သူသာဆိုရင် ကျွန်တော်တို့မိသားစူခံစားနေရတဲ့ စိတ်အခြေအနေကိုကောင်းကောင်းကြိီးသိကြမယ်ထင်ပါတယ်။ ဒီလောကမှာရှိကြတဲ့ မိသားစူဝင်တွေရဲ့ အဖေနေရာမှာရှိကြတဲ့သူတွေကော တချိန်ချိန်မှာ အဖေနေရာရောက်မယ့်ယောကျာ်းသားတွေကော ကျွန်တော်တခုတောင်းဆိုချင်ပါတယ် အရက်ကိုကြိုက်လို့သောက်ချင်သောက်ပါ အရက်ရဲ့ကျေးကျွန်အဖြစ်မခံပါနဲ့ နောက်ကွယ်မှာရှိတဲ့ မိသားစူကို အရက်ထက်ပိုချစ်ပါ မွေးထားတဲ့သားသမီးတွေရဲ့ ရှေ့ဆောင်လမ်းပြဖြစ်မယ့်သူမျိုးဖြစ်အောင်နေပီး ကျွန်တော်လို သားဆိုးသားမိုက်မျိုးမပေါ်ပေါက်လာအောင် ဆင်ခြင်နေထိုင်ပေးကြပါဗျာ။ ကျွန်တော်ကတော့ အဖေ့လိုလမ်းမှားမရောက်မိစေဖို့ အရက်ဆေးလိပ်ကွမ်းယာ ယနေ့အချိန်အထိ ကျွန်တော်မသောက်မစားပဲ ကိုယ့်စိတ်ကိုယ်ထိန်းနိုင်ခဲ့ပါတယ် ။စကားအမှားပါသွားနိုင်တဲ့အတွက် အားလုံးကိုတောင်းပန်အပ်ပါတယ်။

💻YouTubeChannel 🔜 https://www.youtube.com/
ဲ့နားဆင် #ရင်ဖွင့်ရာ #မေတ္တာပို့

Address

Yangon

Website

Alerts

Be the first to know and let us send you an email when BEE Casts posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category