
13/07/2025
သိထားရင် အမှားနည်းသွားမယ့် အသုံးဝင် App
💯💯💯
Mobile Banking သုံးသူတိုင်း
Online မှာ စျေးဝယ်တတ်သူတိုင်း
သိထားရင် မမှားမယ့် ဖုန်းဆော့(ဖ်)ဝဲလေးတစ်ခု
မျှဝေပေးချင်ပါတယ်။
ဒီ App လေးက သုံးရတာလည်း လွယ်ကူပြီး
အသုံးလည်း တည့်ပါတယ်။
တခုခုဆို ငွေလွှဲ ဖို့ပေးလာတဲ့ ဖုန်းနံပါတ်ကို
သူ့ ထဲမှာ ရိုက်ထည့်ပြီး ရှာလိုက်တာနဲ့
အဲ့ နံပါတ်က အရင်က လိမ်ခဲ့ဖူးတဲ့
သမိုင်းကြောင်း ရှိရင် App က ဖော်ပြပေးမှာပါ။
(ပုံတွေမှာ ကြည့်နိုင်ပါတယ်)
လောလောဆယ်မှာ
အပြည့်အဝ ယုံကြည်ထားလို့တော့
မရသေးပါဘူး။
အချက်အလက်တွေ စုဆောင်းနေဆဲ
ဖြည့်သွင်းနေဆဲမို့ အချို့ လူလိမ် ဖုန်းနံပါတ်တွေ
မဖြည့်ရသေးတာမျိုး ရှိတဲ့အတွက်
(၁၀၀%) တော့ မှီခိုလို့မရဘူးဆိုပေမယ့်
အရံအတားအနေနဲ့ စစ်ကြည့်လို့ ရပါတယ်။
နောင်မှာ ပိုပြည့်စုံလာရင်
လူလိမ်တွေအတွက် တဖြည်းဖြည်း ဘောင်ကျဥ်းလာမှာပါ။
အချက်အလက် အတိအကျနဲ့ တိုင်ကြားစာရင်းသွင်းလို့လဲ
ရတာဖြစ်လို့ ကိုယ် ခံလိုက်ရတယ်ဆိုရင်လဲ ရှက်ပြီး
ကြိတ်ခံမနေဘဲ ပါဝင်တိုင်ကြားပေးဖို့ လိုပါတယ်။
စာရှည်နေပါ့မယ်။ ပုံလေးတွေ ကြည့်ပေးပါ
App ရဲ့ နာမည်က KWin ပါ
Playstore မှာ အလွယ်တကူ
ဒေါင်းယူလို့ရပါတယ်။
https://play.google.com/store/apps/details?id=info.kwin.app
Facebook မှာ https://www.facebook.com/kwin.app.mm
ဒါက Page ပါ။ လေ့လာကြည့်ကြပါ။
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ 🙏