Htal's Travel Diary

Htal's Travel Diary Sharing is caring. DM me for job consulting assistants.

📝 တရုတ်ပြည်ကိုခရီးသွားရင် လေဆိပ်ရောက်တဲ့အခါ Arrival Form ဘယ်လိုဖြည့်ကြမလဲ ...?Form ဖြည့်ရတာက လွယ်ပါတယ်။လေဆိပ် immigratio...
21/06/2025

📝 တရုတ်ပြည်ကိုခရီးသွားရင် လေဆိပ်ရောက်တဲ့အခါ Arrival Form ဘယ်လိုဖြည့်ကြမလဲ ...?

Form ဖြည့်ရတာက လွယ်ပါတယ်။

လေဆိပ် immigration counter မရောက်ခင်မှာ လက်ရေးနဲ့ရေးပြီးဖြည့်လို့ရတဲ့ စာရွက်လေးတွေရှိသလို သူတို့ပေးထားတဲ့ စက်ကနေ ဖုန်းနဲ့ scan ဖတ်ပြီး Digital Form ဖြည့်လို့လည်းရပါတယ်။

ကိုယ်က First Time သွားခဲ့တာဆိုတော့ Immigration Officer က👮‍♂️ မေးခွန်းလေးတွေ ပိုမေးပြီး passport ကို အသေအချာအကြာကြီးကြည့်ပြီးယူစစ်ပါတယ်။

Confidence ရှိရှိနဲ့အေးဆေးပဲ​မေးသမျှသေချာဖြေပေးလိုက်ပါတယ်။

✈️ အပြန်လေယာဉ်လက်မှတ် Booking ကိုလည်းစစ်ပါတယ်။

Immigration မှာ မေးတဲ့မေးခွန်းလေးတွေကတော့

- Which places are you going in China?
- How may days are you going to stay?
- Where are you coming from?
- Do you speak Chinese?
- Are you traveling with friends or alone?
-Have you ever been to China?

ပုံလေးတွေမှာ အသေးစိတ်ရေးထားပေးပါတယ်။
Have a pleasant journey...
-
-

ခရီးတွေသွားရင်းနဲ့ တက်လမ်းတွေအများကြီးတွေ့နိုင်ပါတယ်။ :
20/06/2025

ခရီးတွေသွားရင်းနဲ့ တက်လမ်းတွေအများကြီးတွေ့နိုင်ပါတယ်။ :

2025 အတွက် ကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်းများ ✈️✈️ ဘယ်လေကြောင်းလိုင်းတွေမှာ အလုပ်လုပ်ချင်ကြလဲ ??🌍 World’s Top 10 Airli...
18/06/2025

2025 အတွက် ကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်းများ ✈️

✈️ ဘယ်လေကြောင်းလိုင်းတွေမှာ အလုပ်လုပ်ချင်ကြလဲ ??

🌍 World’s Top 10 Airlines – 2025 ✈️
Based on global passenger votes, these are the top 10 airlines in the world:

1. Qatar Airways
2. Singapore Airlines
3. Cathay Pacific
4. Emirates
5. ANA All Nippon Airways
6. Turkish Airlines
7. Korean Air
8. Air France
9. Japan Airlines
10. Hainan Airlines


⛰️သဘာဝကပေးတဲ့ လျှပ်စစ်စွမ်းအင်ကိုအသုံးပြုနိုင်တဲ့ နယူးဇီလန်~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~🌆နယူးဇီလန်နိုင်ငံဟ...
17/06/2025

⛰️သဘာဝကပေးတဲ့ လျှပ်စစ်စွမ်းအင်ကိုအသုံးပြုနိုင်တဲ့ နယူးဇီလန်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

🌆နယူးဇီလန်နိုင်ငံဟာ သူ့နိုင်ငံမှာသဘာဝအတိုင်းထွက်ရှိတဲ့ မြေအောက် Geothermal Energy (အပူစွမ်းအင်) ကို အဓိကထားအသုံးပြုနိုင်ပြီး နိုင်ငံအတွက်လိုအပ်တဲ့ လျှပ်စစ်ဓာတ်ကိုရရှိနေပါတယ်တဲ့။

နယူးဇီလန်နိုင်ငံဟာ ကမ္ဘာကြီးရဲ့ အဝေးဆုံးနေရာမှာတည်ရှိတဲ့ ကျွန်းနိုင်ငံတစ်ခုဖြစ်ပြီး တောတောင်ရေမြေသဘာဝရဲ့အလှအပများစွာကိုလည်း စနစ်တကျထိန်းသိမ်းထားလျက်ရှိပါတယ်။
ကမ္ဘာ့အကောင်းဆုံးပညာရေးစနစ်တွေရှိပြီး ကောင်းမွန်သောအစိုးရနှင့်ပြည်သူလူထုတစ်ရပ်ကြောင့် နိုင်ငံသေးသော်လည်း အလွန်ဖွံ့ဖြိုးတိုးတက်သောနိုင်ငံကြီးတစ်ခုအဖြစ် ကမ္ဘာမှာထင်ရှားလို့နေပါတော့တယ်။

အောက်ကပုံလေးတွေက Htal နယူးဇီလန်ကိုရောက်တုန်းက WAI-O-TAPU လို့နာမည်ရတဲ့ Geothermal Park ကိုသွားရောက်လည်ပတ်တုန်းကပုံလေးတွေပါ။

ဝင်ကြေး -40 $NZD
-
-
-

ညနေခင်းလေးမှာ Dramatic ဆန်တဲ့ လမ်းလေးတွေကို လျှောက်သွားနေရတာကြိုက်တယ်...။အိမ်လေးတွေ လမ်းလေးတွေကို လိုက်ကြည့်ပြီး စိတ်ထဲမ...
16/06/2025

ညနေခင်းလေးမှာ Dramatic ဆန်တဲ့ လမ်းလေးတွေကို
လျှောက်သွားနေရတာကြိုက်တယ်...။
အိမ်လေးတွေ လမ်းလေးတွေကို လိုက်ကြည့်ပြီး စိတ်ထဲမှာ အတွေးလေးတွေရှင်းလင်းနေတာ ပကတိတည်ငြိမ်မှုကို ခံစားရတာဟာ slow living lifestyle လားတော့ မသိဘူးပေါ့ ~~
-
-
-

Suzhou ရောက်ရင် သွားလည်လို့ကောင်းတဲ့နေရာလေးတွေ ...အဲ့နေရာလေးတွေမှာ တရုတ်နန်းတွင်းအဝတ်အစားလေးတွေငှားပြီး ဓာတ်ပုံရိုက်ပေးတ...
13/06/2025

Suzhou ရောက်ရင် သွားလည်လို့ကောင်းတဲ့နေရာလေးတွေ ...
အဲ့နေရာလေးတွေမှာ တရုတ်နန်းတွင်းအဝတ်အစားလေးတွေငှားပြီး ဓာတ်ပုံရိုက်ပေးတဲ့ ဆိုင်လေးတွေ မုန့်ဈေးတန်းလေးတွေနဲ့ စည်ကားနေလေ့ရှိပါတယ်။

📍Liu Garden
📍Ping Jiang Road
-
-
-

မွန်းကြပ်စရာကောင်းတဲ့လေထုရဲ့အဝေး လူတွေရဲ့အဝေးကို ခဏ ပြေးထွက်လိုက်တဲ့အခါ~~~သဘာဝတရားကပေးတဲ့ လက်ဆောင်ကိုတန်ဖိုးထားတတ်လာတယ်။...
10/06/2025

မွန်းကြပ်စရာကောင်းတဲ့လေထုရဲ့အဝေး လူတွေရဲ့အဝေးကို
ခဏ ပြေးထွက်လိုက်တဲ့အခါ~~~
သဘာဝတရားကပေးတဲ့ လက်ဆောင်ကိုတန်ဖိုးထားတတ်လာတယ်။

မိုးတဖြောက်ဖြောက်ရွာသံကိုနားထောင်ရင်း
တောင်ကျရေစီးသံလေးတွေကိုနားစွင့်ရင်း
မိုးရေထဲမှာ စိုချင်စိုပါစေ စိတ်လွတ်လက်လွတ်လမ်းလျှောက်ရင်း
မိုးရေသောက်ထားတဲ့ သစ်ပင်လေးတွေရဲ့
လတ်ဆတ်တဲ့အနံ့ကို ရင်ထဲအထိရောက်အောင် ရှူရှိုက်ရင်း

နိမ့်ချည်မြင့်ချည်တောတောင်ထဲမှာ မမောပန်းနိုင်ဘဲ လျှောက်သွားပစ်လိုက်တယ်။

🌳⛰️🎋🀄🌧️🎏

ဒီနေရာမှာ Transformer ဇာတ်ကား ရိုက်သွားသေးတယ်တဲ့။

📍Wulong Karst , Chongqing , China
-
-
-

TT မှာ followers, like, views တွေ မရှိတဲ့ ကိုယ့်အကောင့်လေး ဒီ video လေးကြောင့် viral ဖြစ်ပြီး like and views တွေ တက်သွား...
08/06/2025

TT မှာ followers, like, views တွေ မရှိတဲ့ ကိုယ့်အကောင့်လေး ဒီ video လေးကြောင့် viral ဖြစ်ပြီး like and views တွေ တက်သွားတယ်။

ဒီလို အားပေးကြမ်းတဲ့ CQL fandom ရဲ့ energy ကိုသာကြည့်လိုက်တော့ ...။ 🥰

TT မှာ follow လုပ်ပေးအုံးနော်...။ 🥰😘

https://www.tiktok.com/.travel.diar?_t=ZS-8x2CrFBbZyB&_r=1

06/06/2025

တ ရု တ် ပြည် မှာ လူကြိုက်များတဲ့ အမဲသားခေါက်ဆွဲ~~
တရုတ်ဇာတ်လမ်းအတိုလေးတွေမှာ တွေ့နေကျခေါက်ဆွဲဆိုင်လေးတစ်ခုကိုတွေ့ခဲ့လို့ ဝင်စားကြည့်ခဲ့တာ အရသာလေးက စားလို့ကောင်းတယ်။ Normal size ခေါက်ဆွဲ တစ်ပွဲကို ၁၈ယွမ်ပေးရပြီး ပန်းကန်လုံးကြီးနဲ့အများကြီးရတာဆိုတော့ တန်တယ်ပြောရမယ်။ တရုတ်အစားအစာဆိုရင် ဒီလို Authentic ဖြစ်တဲ့အရသာမှကြိုက်တာ။ ဘယ်လိုနေရာတွေမှာရနိုင်လဲဆိုရင် Chongqing ကိုသွားလည်တုန်းက Guanyin Bridge အနီးတဝိုက်မှာရှိတဲ့ Food court လိုနေရာမျိုးမှာ ရှိတတ်ပါတယ်။
တရုတ်ပြည်ကိုသွားလည်ရင် စားဖြစ်အောင်ရှာစားခဲ့ပါလို့။
-
-
-

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Htal's Travel Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share