Care Essentials by Hnin

Care Essentials by Hnin Guiding You Towards Clarity and Purpose

23/04/2025

🌷ကျန်းမာရေးကောင်းဖို့က နံပါတ်တစ်ပါနော်

👉သင့်တင့်အောင်‌စားပါ
👉လုံလောက်အောင်အိပ်ပါ
👉ကိုယ်လက်လှုပ်ရှားဖို့ မပျင်းပါနဲ့
👉စိတ်ချမ်းသာအောင်နေပါ
👉အသိနဲ့သတိအတူရှိပါ
👉ကျေးဇူးတင်စိတ်အပြည့်ရှိပါ



22/04/2025

နေဖို့လည်းတွေးရသလို
သေဖို့လည်းတွေးရတယ်

သေဖို့ပဲထိုင်တွေးနေရင်လည်း
ထမင်းအိုးကဟောင်းလောင်ဖြစ်မယ်

နေဖို့ပဲစုံလုံးကန်းပီးရှင်သန်‌နေရင်လည်း
ခနလေးအတွင်းမှာပြောင်းလဲတတ်မူကအံ့မခန်း

မျှတအောင်နေထိုင်တတ်ဖို့
သင်ယူကြရဦးမယ်



26/03/2025

Start from tomorrow morning, I will come back.
💕💕💕💕💕



12/03/2025

ရုပ်သေးရုပ်ဘဝကနေ
ကိုယ်တိုင်ရုန်းထွက်ပြီး
ကိုယ်ပိုင်တဲ့ ကိုယ့်ရဲ့အတွေးတွေနဲ့
ကိုယ့်ရဲ့ ဦးတည်ရာ Focus ကိုပဲ
အာရုံစိုက်ပီး ပန်းတိုင်ကို
ရောက်အောင်သွားရမှာပါ



12/03/2025

ကိုယ့်ရဲ့တစ်နေ့တာအောင်မြင်မူ‌
သေးသေးလေးတွေက ဘာဖြစ်မလဲ
ဒီ video ကို ၃မိနစ်အချိန်ပေးပီးကြည့်ကြည့်ပါ



12/03/2025

ရုပ်သေးရုပ်ဘဝကနေ ရုန်းထွက်ပြီး
ကိုယ်ပိုင်တဲ့ ကိုယ့်ရဲ့အတွေးတွေနဲ့
ကိုယ့်ရဲ့ Focus ကိုပဲ အာရုံစိုက်ပြီး
ကိုယ်ချမှတ်ထားတဲ့ ပန်းတိုင်ကို
ရောက်အောင်သွားရမှာက ကိုယ့်တာဝန်ပါ



11/03/2025

"အများ နဲ့ မတူချင်ရင်
အများ နဲ့ မတူတဲ့ လုပ်ရက်
လုပ်ရတယ်"
တဲ့...

11/03/2025

Social Media ရဲ့ အခြေခံနည်းပညာနဲ့ပတ်သတ်တဲ့
အချက်အလက်တွေကို သိချင်နေပါသလား❓

နည်းပညာကို ပိုမိုနားလည်လာခြင်းက
ကိုယ့်ဘဝကို တိုးတက် လွယ်ကူစေပြီး
အခွင့်အလမ်းအသစ်တွေကို ဖန်တီးနိုင်ပါတယ်။
နည်းပညာကို ကျွမ်းကျင်စွာ အသုံးချနိုင်သူတစ်ယောက်ဖြစ်လာပြီး ကိုယ့်ရဲ့ လုပ်ငန်းခွင်နဲ့ နေ့စဉ် ဘဝမှာ ပိုတိုးတက်မှုရှိစေဖို့ ကြိုးစားကြရအောင်💪

နည်းပညာကို နားလည်လာတာနဲ့အမျှ
ကိုယ့်ဘဝကို ပိုတိုးတက်ပြောင်းလဲလာစေမှာပါ🌹

နည်းပညာနဲ့ပတ်သက်တဲ့ အခြေခံတွေကို
လေ့လာဖို့ စိတ်ဝင်စားရင်
comment မှာ Yesလို့ မန့်ခဲ့ပေးပါ✅

10/03/2025

❤️ɘwƚH ninH ninH❤️
ဒီနေ့သင်ယူမူတစ်ခုထဲမှာ
ဒါလေးကလည်း
သဘောကျစရာလေး🤭

09/03/2025

လွယ်မယ်လို့ထင်ပေမယ့်
နေ့စဉ်ဆက်တိုက်လုပ်ဆောင်နိုင်ဖို့
တကယ်စလုပ်ရင် ခက်ခဲတဲ့အရာတွေ
👇👇👇

၁)ရေ ၂ လီတာသောက်တာ
၂)‌Workout မိနစ် ၂၀ လုပ်တာ
၃)အိပ်ယာ ၁၅ မိနစ်စောထတာ
၄)မိနစ်၂၀ လမ်းလျှောက်တာ
၅)၁နာရီ Waste screen time လျှော့ချတာ
၆)မိနစ် ၃၀ စာဖတ်တာ
၇)ကိုယ်ဝါသနာပါတဲ့အရာကိုမိနစ်၃၀အချိန်ပေးတာ

အစရှိသဖြင့် ဒီအရာတွေက
အစမှာခက်ခဲတတ်ပေမယ့်
အလေ့အကျင့်ဖြစ်သွားရင်
လွယ်ကူသွားပါပီ

အလေ့အကျင့်ကောင်းက
ကိုယ်တိုင်ပြုစုပျိုးထောင်ရတာပါ
ဘယ်ကမှချက်ချင်း
ရောက်လာတာမဟုတ်ပါဘူး



09/03/2025

Never say never.
(မဖြစ်နိုင်ဘူးလို့ ဘယ်တော့မှ
မပြောပါနဲ့)

09/03/2025

အပြုအမူတစ်ခုကို
အလွယ်တကူ လုပ်လို့ရလေ
အဲဒီအပြုအမူက
အလေ့အကျင့်ဖြစ်သွားလေပဲ တဲ့

✅အရမ်းမှန်ပါတယ်နော်✅

ဥပမာ

ယောက်ျားလေး‌တစ်ယောက်က
ဆေးလိပ်ဖြတ်ဖို့ကြိုးစားနေတယ်
ဒါပေမယ့် လက်ဖက်ရည်ဆိုင်ရောက်တဲ့အခါ
သူ့ရှေ့မှာ ဆေးလိပ်ကိုမြင်ရင်
စိတ်ကသောက်ချင်စိတ်ဖြစ်လာမယ်
ကိုယ့်ကိုဆေးလိပ်သောက်ဖို့
လွယ်ကူစေတဲ့ ပတ်ဝန်းကျင်ကို
အချိန်တစ်ခုကန့်သတ်ပီး မသွားတာက
ကိုယ့်ရဲ့ဆေးလိပ်ဖြတ်ခြင်းမှာ
အထောက်အကူအများဆုံး ဖြစ်ပါတယ်

အဲလိုပဲ
ရေသောက်တတ်ဖို့ အလေ့အကျင့်တစ်ခု
တည်ဆောက်ချင်နေတယ် ဒါပေမယ့်
ကိုယ်သောက်မယ့် ရေဘူး ရေခွက် ကို
သောက်မယ်ဆိုမှ ထ ရှာနေရင်
မသောက်ဖြစ်တော့ပါဘူး
ဒါကြောင့် အလွယ်တကူသောက်လို့ရအောင်
ကိုယ့်မျက်စိရှေ့ လက်တစ်ကမ်းအလိုမှာထားရင်
လွယ်ကူတဲ့အတွက် အဲဒီအပြုအမူလေးတွေက
တစ်ဖြေးဖြေးအလေ့အကျင့်တစ်ခုဖြစ်လာတာပါ



Address

Yangon

Website

Alerts

Be the first to know and let us send you an email when Care Essentials by Hnin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Care Essentials by Hnin:

Share