A peace of emotion

A peace of emotion Nephophile! live your life by doing your hobby as some part!🌿🌼🍀🌺☘️🌸🌿

15/08/2025

နင်ဟာ ဘယ်အချိန်မဆို ငါ့ကို လက်လျော့ဖို့ အဆင်သင့် ဖြစ်နေခဲ့တာဘဲ

ငါပြန်တွေးကြည့်လိုက်ရင်လေး နင်နဲ့ပတ်သက်ပြီး ငါမှာ အမြဲငိုခဲ့ရတယ်

ငါဝမ်းနည်းတဲ့ အခါတိုင်း နင်ဘေးမှာရှိပေးဖို့ နေနေသာသာ

နင်ရဲ့ ဥပက္ခာတွေကြောင့် ငါပိုဝမ်းရတယ်

ငါခံစားချက်တွေကိုလဲ နင်အလေးမထားဘူး

နင်အရမ်းချစ်ပါတယ်‌ ပြောလဲ နင့်ရဲ့ ဒီလို အပြုအမူတွေကြောင့် နင့်အချစ်ကို ငါဘယ်လိုယုံရမလဲ

ငါထပ်ပြီး မခံစားချင်တော့ဘူး
အမှန်ပြောရရင် နင့်ကို မယုံရဲဘူး

လူဆိုတာ ကိုယ်ကိုကိုယ်ညာရင် ဖြေဆေးမရှိဘူးတဲ့

ငါကလေး အခု ငါကိုယ်ငါညာနေတာ
နင်က ငါ့ကို အရမ်းချစ်ပါတယ်ဆိုပြီး
ငါဖြစ်စေချင်သလို နင်လုပ်နေတာ ကြိုးစားနေတာဆိုပြီး
နင်က ငါနဲ့နီးစပ်ဖို့ကိုလဲ ကြိုးစားနေတာဆိုပြီး

ဒါမဲ့ ဒီကြားထဲ နင့်ရဲ့ ငါခံစားချက်တွေအပေါ် အလေးမထားတာတွေ ဖြေသိပ့်မပေးတာတွေအတွက် နင့်ကိုရွေးချယ်ဖို့ ငါဘယ်လို စဉ်းစားပေးရမှာလဲ

ငါ နင်နဲ့ဘယ်လို ရှေ့ဆက်ရမလဲ နင့်ဆီက ငါလိုချင်တဲ့ နွေးထွေးမှု လုံးဝမရဘူး

ဟုတ်တယ်နော် ငါဟာ ငါ့ကိုယ်ငါ ညာနေတာဘဲ
ငါတို့ ရပ်ကြရင်ကောင်းမယ်....

Skill လေးတစ်ခုရှိတယ်😌
04/05/2025

Skill လေးတစ်ခုရှိတယ်😌

အတိတ်နဲ့ ပတ်သက်ပြီး သတိထားမိရဲ့ကြလားမသိဘူး ကျွန်မတို့ဟာ ပစ္စုန်ပန်မှာ အခက်အခဲ ကြုံလာတိုင်း အတိတ်က ပျော်ရွင်ခဲ့တာတွေ အဆင်...
27/03/2025

အတိတ်နဲ့ ပတ်သက်ပြီး သတိထားမိရဲ့ကြလားမသိဘူး ကျွန်မတို့ဟာ ပစ္စုန်ပန်မှာ အခက်အခဲ ကြုံလာတိုင်း အတိတ်က ပျော်ရွင်ခဲ့တာတွေ အဆင်ပြေခဲ့တာတွေကိုဘဲ ပြန်စဉ်းစား တမ်းတမိကြတယ် မသေချာမရေရာတဲ့ အနာဂါတ်ကိုလဲ တွေးပူခဲ့ကြတယ်

ပြန်စဉ်းစားကြည့်ပါ အတိတ်မှာလဲ အခက်အခဲဆိုတာရှိခဲ့တာဘဲ အ့တုန်းကလဲ အကြီးအကျယ် လဲပြိုခဲ့ဖူးမှာဘဲ ဒါမဲ့ ဘာလို့ ကျွန်မတို့က အတိတ်က အ့ဒီအခက်အခဲတွေကို မေ့ပြီး အဆင်ပြေ ပျော်ရွင်ခဲ့တာတွေကိုဘဲ မှတ်မိနေရတာလဲ

ဒါဆိုရင် ကျွန်မတို့ အခုကြုံနေရတဲ့ အခက်အခဲကရော် တစ်ချိန် အနာဂါတ်မှာ မေ့ပျောက်သွားမဲ့ အရာတွေဘဲ ဟာသတွေအဖြစ်ပြန်ပြောကြရမဲ့ အတိတ်တွေဘဲ ဒါဆို ဘာလို့ အကြီးအကျယ်ခံစားပြီး ပိတ်လောင်ထားနေမှာလဲ

ကျော်ဖြတ်လိုက်ပါ...
ပြိုလဲလိုက်ပါ....
ငိုချလိုက်ပါ....
အော်ဟစ်လိုက်ပါ....
ခနလောက်အနားယူလိုက်ပါ....
ကိုယ်အလုပ်ချင်ဆုံး အရာတစ်ခုကို လုပ်ပစ်လိုက်ပါ....

ခနလေး အားယူပြီး ပြန်မွေးဖွားလိုက်
ဒီအခက်အခဲကြီးက အမြဲတည်နေမှာ မဟုတ်ဘူး
ကျွန်မတို့ဘာမှ မလုပ်ဘဲနေတောင် အချိန်ကရပ်နေမှာ မဟုတ်တဲ့အတွက် ကျော်ဖြတ်သွားနိုင်ပါလိမ့်မယ်......

27.3.2025

05/12/2024

အခြားသူအပေါ် လွဲချလိုက်တဲ့ အရာတွေ (audio)
#နိုင်းနိုင်းစနေ

05/12/2024

မျှဝေတဲ့ ပျော်ရွင်ခြင်း (audio)
#နိုင်းနိုင်းစနေ

05/12/2024

မငြီးတွားတဲ့ နေ့ရက်ဆီသို့ (audio)
#နိုင်းနိုင်းစနေ

04/12/2024

သောက်စရာ အရည်နဲ့ လူ့ဘဝ

#နိုင်းနိုင်းစနေ

04/12/2024

ကွေ့ကောက်ရတဲ့ ခရီး

#နိုင်းနိုင်းစနေ

04/12/2024

စာရေးဆရာမ နိုင်းနိုင်းစနေရဲ့
လျှို့ဝှက်တဲ့ သန်းကြွယ်သူဌေး စာအုပ်ထဲက

"ရင့်ကျက်တယ် ဆိုတာ"

တကယ်ရင့်ကျက်ခြင်း ဆိုတာဘာလဲ
ဘယ်လိုမျိုးကို ခေါ်တာလဲ

ဒီစာစောင်ထဲမှာ ဆရာမကြီးက ရင့်ကျက်ခြင်း အစစ်အမှန်ကို ထောက်ပြပေးသွားမှာဖြစ်ပါတယ်

၂မိနစ်လောက်ဘဲ ရှိတာမို့ အစအဆုံးကို video မှာနားထောင်ပေးနော်🌿

ဒီvideo ကို တိတ်တိတ် ဆိတ်ဆိတ်ရှိတဲ့ အချိန်မှာ နားထောင်စေချင်ပါတယ်

#နိုင်းနိုင်းစနေ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when A peace of emotion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share