INTRO TECH Myanmar

INTRO TECH Myanmar လိုရင်း တိုရှင်း သတင်းအချက်အလက် အကြံပေး။

တစ်တိုင်းပြည်လုံးကို AI အခမဲ့ပေးသုံးမဲ့ ကင်မ်ချီမြေ********************တစ်တိုင်းပြည်လုံးကို AI အခမဲ့ပေးသုံးဖို့ဆိုတာ လွယ...
04/09/2026

တစ်တိုင်းပြည်လုံးကို AI အခမဲ့ပေးသုံးမဲ့ ကင်မ်ချီမြေ
******************
*
*
တစ်တိုင်းပြည်လုံးကို AI အခမဲ့ပေးသုံးဖို့ဆိုတာ လွယ်မယောင်နဲ့ ခက်ပါတယ်။ ဒါပေမဲ့ တောင်ကိုရီးယား အစိုးရကတော့ တကယ်ပဲ ပေးသုံးဖို့ ဆုံးဖြတ်လိုက်ပါပြီ။
AI for All project က တောင်ကိုရီးယား နိုင်ငံသားအားလုံး AI ကို အသုံးပြုနိုင်မဲ့ Project ပါ။ တောင်ကိုရီးယားရဲ့ နည်းပညာကုမ္ပဏီထုတ် AI တွေကို တောင်ကိုရီးယားနိုင်ငံသားတွေအားလုံး အခမဲ့ သုံးနိုင်မှာလည်း ဖြစ်ပါတယ်။
အသုံးပြုတဲ့ AI စနစ်တွေအကုန်လုံးကို အစိုးရကွန်ရက်တွေနဲ့ ချိတ်ဆက်ထားမှာ ဖြစ်ပြီး လိုအပ်တဲ့ Token တွေကို တောင်ကိုရီးယား အစိုးရက စိုက်ထုတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
တောင်ကိုရီးယားပြည်သူတွေဟာ ကျန်းမာရေးကိစ္စများအတွက် ဆေးရုံ၊ ဆေးခန်း ရက်ချိန်းယူတာမျိုး၊ ပညာရေးအတွက် မေးခွန်းတွေဖြေခိုင်းတာမျိုး၊ အခွန်အခကိစ္စနဲ့ အစိုးရလုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေမှာ အကြံဉာဏ်တောင်းတာမျိုးတွေကို AI ရဲ့ အကူအညီနဲ့ လွယ်ကူလျှင်မြန်စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ဒီ Project ကြီးအတွက် တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံး တယ်လီကွန်အော်ပရေတာနှစ်ခုနဲ့ Super App Kakao တို့ဟာ အစိုးရနဲ့အတူ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ သူတို့ဟာ ပြည်သူတွေအတွက် AI app ကို သီးသန့် ထုတ်ပေးသွားမယ်လို့လည်း သိရပါတယ်။
တောင်ကိုရီးယားအစိုးရရဲ့ All for AI project ရဲ့ နောက်ကွယ်က အကြောင်းရင်းဟာ သူ့ပြည်သူတွေ AI နဲ့ ရင်းနှီးသွားစေရုံသက်သက်တင်မကဘဲ နောင်အနာဂတ်မှာ တရုတ်နဲ့ အမေရိကန်အပေါ် မှီခိုအားထားရခြင်း ကင်းလွတ်ဖို့လည်း ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ဒီဂျစ်တယ်ကင်မရာ မြင်ကွင်းက ပျောက်ကွယ်နေစေမဲ့ အင်္ကျီ********************ဒီဂျစ်တယ် ကင်မရာတွေရဲ့ မြင်ကွင်းကနေ ပျောက်ကွယ်သွ...
02/09/2026

ဒီဂျစ်တယ်ကင်မရာ မြင်ကွင်းက ပျောက်ကွယ်နေစေမဲ့ အင်္ကျီ
******************
*
*
ဒီဂျစ်တယ် ကင်မရာတွေရဲ့ မြင်ကွင်းကနေ ပျောက်ကွယ်သွားစေတဲ့ အင်္ကျီတစ်ထည်ဟာ အများထင်ထားသလို ထူးထူးဆန်းဆန်း နည်းပညာတွေ ပါဝင်နေတာ မဟုတ်ပါဘူး။ လူသားတွေရဲ့အမြင်မှာ ကြည့်လို့မလှတဲ့ ဟာဝေယံ ရှပ်တစ်ထည်သာ ဖြစ်နေပါတယ်။
ဂျာမန်လူမျိုး ဒီဇိုင်နာ ဆိုင်မွန် ဝက်ကော့ဘ် တီထွင်ထားတဲ့ ဒီအင်္ကျီကို ဝတ်ဆင်ထားတဲ့အခါ ကင်မရာတွေက လူသားတစ်ယောက်အဖြစ် မသတ်မှတ်တော့ဘဲ ဖယ်ထုတ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ ဘိုလိုတော့ Digital Camouflage လို့ ခေါ်ကြပါတယ်။
ဒီအင်္ကျီရဲ့ ရှုပ်ထွေးတဲ့ဒီဇိုင်းဟာ AI စနစ်သုံး ကင်မရာတွေရဲ့ သတ်မှတ်ချက်ကို ရှုပ်ထွေးသွားစေတာပါ။ အင်္ကျီကြောင့် ဝတ်ဆင်ထားသူဟာ လူသားတစ်ယောက်ဖြစ်ကြောင်း အတည်ပြုနိုင်ဖို့ ပုံရိပ်ဖမ်းယူတဲ့အပိုင်းမှာပါ ရှုပ်ထွေးသွားစေတာလို့ သိရပါတယ်။
ဒီအင်္ကျီဒီဇိုင်းကို တီထွင်လိုက်တာက လူသားတစ်ယောက်ဆိုပေမဲ့ ဆိုင်မွန် ဝက်ကော့ဘ်ဟာ AI ကိုပဲ မေးခွန်းတွေထုတ်ပြီး ဒီလိုမျိုး ဒီဂျစ်တယ်စနစ်ကို ရှုပ်ထွေးသွားစေပြီး ကျော်လွှားသွားစေတဲ့ နည်းလမ်းကို ရရှိခဲ့တာလို့ ဆိုပါတယ်။ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်ခဲ့တာက သဘောကျစရာကောင်းပါတယ်။

စက်ရုပ်နဲ့ AI အသုံးပြုမှုကို အခွန်ကောက်သင့်တယ်လို့ တောင်းဆိုလိုက်တဲ့ ဘီလ်ဂိတ်********************ဘီလ်ဂိတ်ကတော့ AI နဲ့ စက...
01/09/2026

စက်ရုပ်နဲ့ AI အသုံးပြုမှုကို အခွန်ကောက်သင့်တယ်လို့ တောင်းဆိုလိုက်တဲ့ ဘီလ်ဂိတ်
******************
*
*
ဘီလ်ဂိတ်ကတော့ AI နဲ့ စက်တွေဟာ လူတွေထက် ပိုပြီးအလုပ်လုပ်လာနိုင်သလို၊ လူသားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်း လုယူနေတာကြောင့် အဲဒီ AI နဲ့ စက် တွေကို အခွန်ကောက်ခံဖို့ အစိုးရတွေကို တောင်းဆိုလိုက်ပါတယ်။
အစိုးရတွေ လက်ရှိ ကျင့်သုံးနေတဲ့ အခွန်စနစ်ဟာ ကုမ္ပဏီတွေအနေနဲ့ လူသားတွေအစား စက်တွေကိုပဲ ပိုပြီး အစားထိုးသုံးစွဲလာစေဖို့ တွန်းအားပေးနေတယ်လို့ ဘီလ်ဂိတ်က ပြောပါတယ်။
ကုမ္ပဏီတစ်ခုအနေနဲ့ လူသားဝန်ထမ်းတစ်ဦး ခန့်တဲ့အခါ လစာနဲ့အခွန်ကို ယေဘုယျအနေနဲ့ ပေးဆောင်ရပါတယ်။ ဒါပေမဲ့ စက်ရုပ်တစ်ရုပ်ကို ဝယ်ယူပြီး အလုပ်ခိုင်းထားမယ်ဆိုရင်တော့ လစာနဲ့ အခွန် ဝန်ထုပ်ဝန်ပိုးကို ရှောင်လွှဲနိုင်ပြီ ဖြစ်ပါတယ်။ ဒီကွာခြားချက်ကပဲ လူအစား စက်ကို သုံးစွဲဖို့ ပိုပြီးဆွဲဆောင်မှု ကြီးမားစေတာ ဖြစ်တယ်လို့ ဝေဖန်သုံးသပ်ခဲ့ပါတယ်။
ဘေလ်ဂိတ်ရဲ့ အဆိုပြုချက်အရ စက်ရုပ်တွေ၊ AI တိုကင်တွေအပါအဝင် AI အသုံးပြုမှုတွေအပေါ်မှာ အခွန်အခတွေ ကောက်ခံဖို့ ပါဝင်မှာ ဖြစ်ပါတယ်။
အဲဒီလိုမျိုး ကောက်ခံရရှိတဲ့ အခွန်အခတွေကို အလိုအလျောက်စနစ်ကြောင့် အလုပ်အကိုင်အခွင့်အလမ်းထိခိုက်ခဲ့ရတဲ့ လူသားတွေအပေါ် ပြန်လည့်လေ့ကျင့်ရေး၊ ဘေးကင်းရေးအစီအစဉ် စတာတွေမှာ ပြန်ပြီးသုံးစွဲဖို့၊ ထောက်ပံ့ဖို့ အသုံးပြုနိုင်တယ်လို့ ဘီလ်ဂိတ်က ဆိုပါတယ်။
AI နဲ့ ပိုပြီးတိုးတက်များပြားလာတဲ့ စက်ရုပ်တွေကြောင့် အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးမှုပြဿနာတွေ ပိုပြီးကြီးထွားမလာခင်မှာ အစိုးရတွေအနေနဲ့ ဖြစ်ပေါ်လာမဲ့ ပြောင်းလဲမှုအတွက် ကြိုတင်ပြင်ဆင်သင့်တယ်လို့ ဘီလ်ဂိတ်က ပြောပါတယ်။

Apple ပြောတဲ့ Surprise and Shine ဆိုတာ တက်သွားတဲ့ ဈေးနှုန်းများ ဖြစ်နေမလား********************စက်တင်ဘာလ ရောက်ပြီဆိုတော့ ...
31/08/2026

Apple ပြောတဲ့ Surprise and Shine ဆိုတာ တက်သွားတဲ့ ဈေးနှုန်းများ ဖြစ်နေမလား
******************
*
*
စက်တင်ဘာလ ရောက်ပြီဆိုတော့ ထုံးစံအတိုင်း Apple ရဲ့ ထုတ်ကုန်သစ် မိတ်ဆက်ပွဲကို စောင့်ကြည့်ကြရဦးမှာ ဖြစ်ပါတယ်။ ဒီနှစ်တော့ “Surprise and Shine” လို့ Apple က ပြောထားတော့ ဘာတွေ အံ့အားသင့်စရာ ပါမလဲဆိုတာလည်း စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။
A20 Pro chip တွေနဲ့ iPhone 18 Pro, iPhone 18 Pro Max တွေကတော့ ပုံမှန်အတိုင်း ထုတ်ကုန်သစ်အဖြစ် မြင်တွေ့ရမှာဖြစ်လို့ Surprise သိပ်ပြီး မဖြစ်ဘူးလို့ပဲ ခန့်မှန်းရပါတယ်။ ဒါပေမဲ့ iPhone Ultra ကတော့ Apple ရဲ့ ပထမဦးဆုံး Foldable iPhone ဖြစ်တာကြောင့် စိတ်ဝင်စားစရာ ကောင်းပါတယ်။
Android တွေမှာ Foldable တွေ ရိုးသလောက်တောင် ဖြစ်လုဖြစ်ခင်ပါပဲ။ ဒီအချိန်ကျမှ Apple Fold ကို စမြင်ရမှာဆိုတော့ ဝိုးခနဲ၊ ဝါးခနဲ ဖြစ်လောက်တဲ့ Surprise က ဘာများ ဖြစ်နိုင်မလဲ။ သေချာတာကတော့ အခုအချိန်မှလည်း ထွက်လာပြီး Android ရဲ့ Foldable တွေနဲ့ ဘာမှသိပ်မကွာဘူးဆိုရင်တော့ ဘယ်လိုမှ Surprise ဖြစ်မှာမဟုတ်ပါဘူး။
Apple Watch Series 12, Watch Ultra 4, Apple TV 4K အသစ်နဲ့ HomePod mini, iOS27, iPadOS 27 စတာတွေမှာပဲ Surprise and Shine ဖြစ်နေမလား။ ဘယ်လိုအကြောင်းအရာက Surprise and Shine ဖြစ်နေမလဲဆိုတာက စိတ်ဝင်စားစရာပါ။ ဒါမှမဟုတ် ပြောင်းလဲသွားမဲ့ ဈေးနှုန်းတွေကပဲ Surprise ဖြစ်စေမလားပေါ့။ စောင့်ကြည့်ကြပါစို့။

Motion Assist ကို Android 17 မှာ ထည့်ပေးလာပြီ********************အရင်ကဆို ကားစီးရင်း ဖုန်းသုံးတဲ့အခါ မူးတတ်တဲ့သူတွေဟာ Th...
29/08/2026

Motion Assist ကို Android 17 မှာ ထည့်ပေးလာပြီ
******************
*
*
အရင်ကဆို ကားစီးရင်း ဖုန်းသုံးတဲ့အခါ မူးတတ်တဲ့သူတွေဟာ Third party app တွေနဲ့ ဖြေရှင်းခဲ့ကြရပါတယ်။ အခုတော့ Google က Android 17 မှာ Motion Assist အနေနဲ့ ထည့်ပေးလိုက်ပါပြီ။
လက်ရှိမှာတော့ ဒီ Feature ကို Google Pixel ဖုန်းတွေမှာပဲ စတင်ပြီး အသုံးပြုလို့ရဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တခြား Android device တွေမှာလည်း Android 17 နဲ့အတူ ပါဝင်လာပါလိမ့်မယ်။
Motion Assist ဟာ ဖုန်းရဲ့ Accelerometer နဲ့ Gyroscope တွေကို အသုံးပြုထားတာပါ။ ဒီ Feature ကို ဖွင့်ထားရင် Screen မှာ အစက်အပြောက်လေးတွေက ကားလှုပ်ရှားမှုနဲ့ ဆန့်ကျင်ဘက်ကို ရွေ့လျားပေးမှာ ဖြစ်ပါတယ်။
User တွေအနေနဲ့ Screen မှာ မြင်တွေ့ရမဲ့ အစက်အပြောက်လေးတွေကို စိတ်ကြိုက် အရောင်၊ အနေအထား ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ ဒီ Feature ကို ကားစပြီးလှုပ်ရှားတာနဲ့ အလိုအလျောက် စတင်အောင် ပြုလုပ်ထားနိုင်သလို Manual အနေနဲ့လည်း ဖွင့်၊ ပိတ် ပြုလုပ်နိုင်ပါတယ်။

ကလေးသူငယ်တွေကို ထိခိုက်စေလို့ ဒေါ်လာ ၁၈ ဘီလီယံအထိ ဒဏ်ကြေးဆောင်ရတော့မဲ့ Meta********************Facebook နဲ့ Instagram တိ...
28/08/2026

ကလေးသူငယ်တွေကို ထိခိုက်စေလို့ ဒေါ်လာ ၁၈ ဘီလီယံအထိ ဒဏ်ကြေးဆောင်ရတော့မဲ့ Meta
******************
*
*
Facebook နဲ့ Instagram တို့ဟာ ကလေးငယ်တွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတဲ့ စွဲချက်ကို ရင်ဆိုင်နေရတဲ့ Meta ဟာ အခုနောက်ဆုံးမှာတော့ ဒဏ်ကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံကို ပေးရတော့မှာ ဖြစ်ပါတယ်။
ပြည်နယ်ရှေ့နေတွေရဲ့ ဖော်ထုတ်မှုအရ Meta ဟာ အသက် ၁၁ နှစ်နဲ့ ၁၂ နှစ်အရွယ် ကလေးငယ်တွေက သူတို့ရဲ့ ပလက်ဖောင်းကို အသုံးပြုနေကြမှန်းသိလျက်နဲ့ မတားဆီးခဲ့ကြောင်း ထင်ရှားသွားပါတယ်။ ဒါကြောင့် Meta ဟာ တရားရင်ဆိုင်မှု ရှုံးနိမ့်ရပြီး လျော်ကြေးငွေကို ပေးအပ်ရတာ ဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ Meta အနေနဲ့ ဆယ်ကျော်သက် အသုံးပြုသူတွေအတွက် (ည ၁၂ ကနေ မနက် ၆ နာရီအတွင်း Noti ပိတ်နေစေမဲ့) Night Mode၊ တစ်နေ့ကို ၂ နာရီသာ အသုံးပြုခွင့်ပေးမဲ့ ကန့်သတ်မှု၊ Likes အရေအတွကို မဖော်ပြခြင်း၊ ကျောင်းချိန်တွင်း Noti ပိတ်ထားခြင်း စတဲ့ ပြောင်းလဲမှုတွေကိုလည်း ပြုလုပ်ပေးရတော့မှာ ဖြစ်ပါတယ်။
Meta အနေဲ့ လျော်ကြေးငွေ ဒေါ်လာ ၁၈ ဘီလီယံကို တစ်လုံးတည်းတစ်ရင်းတည်း ပေးချေရမှာမဟုတ်ဘဲ ၁၀ နှစ်အတွင်း အရစ်ကျပုံစံနဲ့ ပေးအပ်သွားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ Meta က သူတို့ဟာ အပြစ်မရှိဘူးလို့ အခုအချိန်ထိ ငြင်းဆန်နေဆဲ ဖြစ်ပါတယ်။

စွန့်ပစ် ပလတ်စတစ်ဘူးခွံနဲ့ ကောက်ပဲသီးနှံတွေကနေ စားသုံးနဲ့တဲ့ ကွတ်ကီး ပြုလုပ်နည်းပညာ ထွက်ပေါ်လာပြီ********************Sou...
27/08/2026

စွန့်ပစ် ပလတ်စတစ်ဘူးခွံနဲ့ ကောက်ပဲသီးနှံတွေကနေ စားသုံးနဲ့တဲ့ ကွတ်ကီး ပြုလုပ်နည်းပညာ ထွက်ပေါ်လာပြီ
******************
*
*
Southern Illinois တက္ကသိုလ်က သုတေသန ပညာရှင်တွေဟာ စွန့်ပစ်ထားတဲ့ ပလတ်စတစ်ဘူးတွေနဲ့ စိုက်ပျိုးသီးနှံ အကြွင်းအကျန်တွေကို ချေဖျက်ပြီး ပရိုတင်းကြွယ်ဝတဲ့ ကွတ်ကီးတွေအဖြစ် ပြောင်းလဲပေးနိုင်တဲ့ အနုဇီဝ နည်းစနစ်ကို တီထွင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
NASA Deep Space Food Challenge ကနေတစ်ဆင် ထွက်ပေါ်လာတဲ့ ဒီသုတေသန ကွတ်ကီးတွေကို အာကာသခရီးစဉ်အတွက် အသုံးပြုဖို့လည်း ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ဒါဟာ ကမ္ဘာကို ခြိမ်းခြောက်နေတဲ့ ပလတ်စတစ်ညစ်ညမ်းမှုပြဿနာကို ဖြေရှင်းဖို့ လမ်းစလည်း ဖြစ်သလို၊ ကမ္ဘာလုံးဆိုင်ရာ အစားအစာ အကျပ်အတည်းကိုလည်း ဖြေရှင်းနိုင်မဲ့ လမ်းစလို့ ဆိုနိုင်ပါတယ်။
ဒီကွတ်ကီးတွေကို “µBites” လို့ နာမည်ပေးထားပါတယ်။ ရေနဲ့ အောက်ဆီဂျင်ကို အပူနဲ့ ဖိအားအောက်မှာ အသုံးပြုပြီး မာကျောတဲ့ ပလတ်စတစ်နဲ့ ဇီဝလောင်စာတွေကို မိုက်ခရိုဘိုင်ယမ်တွေနဲ့ စီမံဆောင်ရွယ်ပြီး စားသောက်နိုင်တဲ့ အနေအထားကို ရောက်ရှိစေတာလည်း ဖြစ်ပါတယ်။
အဲဒီနောက် ပရောဂျက်အတွက် သီးသန့် ပြုပြင်ပြောင်းလဲထားတဲ့ တဆေး (yeast) ကို ပေါင်းစပ်အသုံးပြုခြင်းအားဖြင့် ကနဦးခြေဖျက်ပြီးသားပါဝင်ပစ္စည်းတွေဟာ ပရိုတင်းနဲ့ အခြားအာဟာရဓာတ်တွေ ဖြည့်တင်းပြီး စားစရာအဖြစ် ပြောင်းလဲသွားတာ ဖြစ်ပါတယ်။
ကွတ်ကီးဖြစ်ပေါ်လာဖို့အတွက် အဆိုပါ ဓာတ်ပေါင်းပစ္စည်းကို အမျှင်ဓာတ်၊ ကစီဓာတ်၊ အချိုဓာတ် စတာတွေနဲ့ ထပ်မံရောစပ်ရသေးတယ်လို့လည်း သိရပါတယ်။ လက်ရှိအချိန်မှာတော့ ဒီကွတ်ကီးတွေဟာ စားလို့ရတာမှန်ပေမဲ့ ကျယ်ကျယ်ပြန့်ပြန့် ရောင်းဝယ်ဖောက်ကားပြီး ဖြန့်ချိနိုင်တဲ့ အဆင့်ထိတော့ မရောက်သေးပါဘူး။
သုတေသနပညာရှင်တွေဟာ ဒီတွေ့ရှိချက်ကို အခြေခံပြီး ပိုမိုကောင်းမွန်တဲ့ စားစရာတစ်ခု ဖြစ်လာစေဖို့ ဆက်ပြီး စမ်းသပ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
Ref: Forbs

၂၀၂၇ ခုနှစ်မှာ စတင်ပြီး ၂၀၂၉ ခုနှစ်မှာ ဒုံးပျံလွှတ်တင်နိုင်မဲ့ အကြီးမားဆုံး Starbase အသစ်တစ်ခု တည်ဆောက်ဦးမဲ့ SpaceX*****...
26/08/2026

၂၀၂၇ ခုနှစ်မှာ စတင်ပြီး ၂၀၂၉ ခုနှစ်မှာ ဒုံးပျံလွှတ်တင်နိုင်မဲ့ အကြီးမားဆုံး Starbase အသစ်တစ်ခု တည်ဆောက်ဦးမဲ့ SpaceX
******************
*
*
Elon Musk က လူသားမျိုးနွယ်ရဲ့ အနာဂတ်အတွက် အာကာသဆီ နယ်မြေချဲ့ထွင်ဖို့ အားသွန်ခွန်စိုက် လုပ်ဆောင်နေတာ ကြာပါပြီ။ အခုလည်း သူ့ရဲ့စီမံကိန်း တိုးချဲ့ဖို့အတွက် နောက်ထပ် Starbase အသစ် တစ်ခုကို တည်ဆောက်တော့မယ်လို့ သိရပါတယ်။
SpaceX က အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ်၊ ပီကန်ကျွန်းနားက မြေဧက ၁၂၅,၀၀၀ ကျယ်ဝန်းတဲ့ နေရာကိုယူပြီး Srarbase သစ်တစ်ခု တည်ဆောက်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ အထိ ရင်းနှီးမြှုပ်နှံသွားရမှာ ဖြစ်ပါတယ်။
Musk တို့ ရွေးချယ်လိုက်တဲ့နေရာဟာ မက္ကဆီကို ပင်လယ်ကွေ့နဲ့ နီးကပ်နေတဲ့အပြင် သဘာဝဓာတ်ငွေ့ အခြေခံအဆောက်အအုံတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
အဲဒီ အာကာသစခန်းသစ်မှာ ဒုံးပျံလွှတ်တင်စင် ၁၀ ခုနဲ့ Starship ဒုံးပျံတွေတည်ဆောက်ဖို့၊ လောင်စာထုတ်လုပ်ဖို့ စတာတွေအတွက် စက်ရုံတွေလည်း ထည့်သွင်းဆောက်လုပ်မှာ ဖြစ်ပါတယ်။
သတင်းတွေအရ အဲဒီ စခန်းသစ်စီမံကိန်းကို လာမဲ့ ၂၀၂၇ ခုနှစ်မှာ စတင်မှာဖြစ်ပြီး ၂၀၂၉ ခုနှစ်မှာတော့ ပထမဆုံး ဒုံးပျံကို တင်လွှတ်နိုင်ဖို့ ရည်မှန်းထားတယ်လို့လည်း သိရပါတယ်။
SpaceX ရဲ့ အာကာသစန်းသစ်ဟာ ကမ်းရိုးတန်းစိမ့်မြေတွေတည်ရှိတဲ့နေရာဖြစ်တာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှာကို ဒေသခံတွေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေက စိုးရိမ်မကင်းဖြစ်နေတယ်လို့လည်း သိရပါတယ်။
Ref: Technology Innovation

အထက်တန်းကျောင်းတွေမှာ မိုလ်ဘိုင်းဖုန်းသုံးစွဲခွင့် ပိတ်ပင်ဖို့ ကြိုးပမ်းနေတဲ့ ပြင်သစ်********************နည်းပညာဟာ လူသား...
25/08/2026

အထက်တန်းကျောင်းတွေမှာ မိုလ်ဘိုင်းဖုန်းသုံးစွဲခွင့် ပိတ်ပင်ဖို့ ကြိုးပမ်းနေတဲ့ ပြင်သစ်
******************
*
*
နည်းပညာဟာ လူသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိုပြီးတော့ မြန်ဆန်စေ၊ လွယ်ကူစေပါတယ်။ နေ့စဉ်နေထိုင်မှု၊ ဆက်သွယ်ပြောဆိုမှုအတွက်လည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါပေမဲ့ ဘယ်လို အသုံးချသလဲဆိုတာပေါ်မူတည်ပြီး သူ့မှာလည်း ဘေးထွက်ဆိုးကျိုးတွေတော့ ရှိပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ပြင်သစ်လွှတ်တော်ဟာ အသက် ၁၅ နှစ်အောက် ကလေးသူငယ်တွေ လူမှုကွန်ရက် သုံးစွဲခွင့်နဲ့ အထက်တန်းကျောင်းက ကျောင်းသားကျောင်းသူတွေ ဖုန်းသုံးစွဲခွင့်ကို ပိတ်ပင်တဲ့ ဥပဒေကို ပြဌာန်းဖို့ အတည်ပြုခဲ့ကြပါတယ်။
ကလေးတွေဟာ ဖုန်းသုံးစွဲချိန်များပြားတာကြောင့် သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်ကြောင်း ပြင်သစ်အစိုးရက စိုးရိမ်နေတာ ဖြစ်ပါတယ်။ ဒီလ အစောပိုင်းတုန်းက ပြင်သစ်နိုင်ငံရဲ့ ထိပ်တန်း တရားရုံးဟာ ၁၅ နှစ်အောက်ကလေးတွေ လူမှုကွန်ရက်သုံးစွဲခွင့် ပိတ်ပင်မှုကို ပယ်ဖျက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အထက်တန်းကျောင်းတွေမှာ ဖုန်းသုံးစွဲခွင့်နဲ့ပတ်သက်လို့တော့ ဆုံးဖြတ်ချက်မချပေးသေးတာလည်း ဖြစ်ပါတယ်။
ဒါကြောင့် ပြင်သစ် သမ္မတ မက်ခရွန်က လာမဲ့ စက်တင်ဘာလကစပြီး အထက်တန်းကျောင်းတွေမှာ မိုလ်ဘိုင်းဖုန်း အသုံးပြုခွင့်ကို ပိတ်ပင်ဖို့ဆုံးဖြတ်ပြီး ဒီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့ လုပ်ဆောင်နေကြောင်း သိရပါတယ်။ ဒီလိုပိတ်ပင်ခြင်းဟာ ကျောင်းသား၊ ကျောင်းသူတွေအတွက် ရည်ရွယ်ပေမဲ့ အကောင်အထည်ပေါ်ဖို့တော့ စိန်ခေါ်မှုတွေ ရှိနေပါသေးတယ်။

စက်တင်ဘာ Update မှာ OS ရဲ့ Key parts ၃ ခုကို ပြန်ပြင်ပေးမဲ့ Windows 11********************Windows 11 ရဲ့ September updat...
24/08/2026

စက်တင်ဘာ Update မှာ OS ရဲ့ Key parts ၃ ခုကို ပြန်ပြင်ပေးမဲ့ Windows 11
******************
*
*
Windows 11 ရဲ့ September update မှာ OS ရဲ့ အဓိက အစိတ်အပိုင်း ၃ ခုကို ပြန်ပြီး ဖွဲ့စည်းပေးထားတယ်လို သိရပါတယ်။ စိတ်ကြိုက်ပြုပြင်နိုင်တဲ့ အဲဒီ သုံးခုကြောင့် ပိုပြီးမြန်လာတယ်လို့ ခံစားရစေသလို၊ ပိုပြီး ရှင်းသန့်သွားတယ်၊ သုံးရတာ Person ပိုဖြစ်သွားစေမယ်လို့ ဆိုပါတယ်။
Taskbar ကို နေရာရွှေ့ဖို့ ရွေးချယ်နိုင်တာ၊ Start resize လုပ်နိုင်တာနဲ့ မလိုချင်တဲ့ Search suggestions တွေကို ဖယ်ရှားနိုင်တာတွေကြောင့် Windows 11 ဟာ အသုံးပြုရတာ ပိုပြီးလိုက်လျောညီထွေဖြစ်လာမယ်လို့ ဆိုပါတယ်။
Taskbar ကို အပေါ်မှာ၊ ဘေးတစ်ဘက်တစ်ချက်စီမှာ ထားပြီးသုံးလို့ရတာက စိတ်ဝင်စားဖို့ကောင်းသလို၊ Start menu size ကိုလည်း ပိုပြီးရွေးချယ်လို့ရတာလာက သုံးစွဲသူတွေနှစ်သက်မယ်လို့ မျှော်လင့်ရပါတယ်။ Search လုပ်တဲ့အခါမှာလည်း Bing ဒါမှမဟုတ် Store suggestions ရောထွေးနေတာတွေကို ငြီးငွေ့နေတဲ့သူတွေအတွက် သတင်းကောင်းလို့ ဆိုရမှာပါ။
Microsoft အနေနဲ့ Windows 11 ရဲ့ မလိုအပ်ဘဲနဲ့ ထိန်းချုပ်ထားတာတွေကို အခုလို ပြန်ပြီးဖြေလျော့ပေးတာက သုံးစွဲသူတွေကို ပိုပြီးစိတ်ပျော်ရွှင်စေတာ အမှန်ပါပဲ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when INTRO TECH Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share