Naal Myay - နယ်မြေ

Naal Myay - နယ်မြေ Welcome

ရွှေအလေးချိန် အသစ်/အဟောင်း အတိုချုပ်တစ်ကျပ်သား=16.606gm (အလေးချိန်အဟောင်း)တစ်ကျပ်သား=16.329325gm(အလေးချိန်အသစ်)(ရွှေချိန...
12/02/2025

ရွှေအလေးချိန် အသစ်/အဟောင်း အတိုချုပ်

တစ်ကျပ်သား=16.606gm (အလေးချိန်အဟောင်း)
တစ်ကျပ်သား=16.329325gm(အလေးချိန်အသစ်)
(ရွှေချိန်စက်တွေမှာ gramအလေးချိန် မပြောင်းလဲပါ)
(ကျပ်/ပဲ/​​ရွေးအချိန်သာ ပြောင်းသွားမည်)

*ချိန်ခွင်ဝယ်ထားတဲ့ ဆိုင်မှာ MG5/CBMစနစ်သွားထည့်ပါ(စက်တစ်လုံး 120000ကျမည်)

အလေးချိန်အသစ်မှာ...
*တစ်ကျပ်သားမှာ( 2.1ရွေး)လျော့သွားမည်
*တစ်ဆယ်ကျပ်သားမှာ (2ပဲ5.5ရွေး)လျော့မည်

အလေးချိန်အဟောင်းက ရွှေအတုံးတွေမှာ..
*တစ်ကျပ်သားမှာ (2.1ရွှေး)တိုးမည်
*တစ်ဆယ်ကျပ်သားမှာ(2ပဲ5.5ရွေး)တိုးမည်

*အရင်အစိုးရထုတ်ထားတဲ့ ကျပ်ပြားတွေ တစ်ကျပ်ပြည့်သွားမည်

*ရွှေးစျေးကလဲ နောက်အလေးချိန်စျေးနဲ့ဆို 2.1ရွှေးတန်ဖိုး စျေးကျသွားမည်

*ဆိုင်တွေမှာ ရွှေသွားဝယ်ရင် နောက်အလေးချိန်နဲ့ ရောင်းပေးလိမ့်မည်(ရွှေးစျေးကလဲ နောက်အလေးချိန်စျေးဆို ပြသနာမရှိ)

*အရင် အလေးချိန်နဲ့ရွှေ သွားပြန်ရောင်းရင်
တစ်ကျပ်သားကို 2ရွေးဖိုး ပိုရမည်
တစ်ဆယ်သားဆို 2ပဲ5.5ရွေး ဖိုး ပိုရမည်
( ပြန်လောင်းခ တစ်သောင်းတော့ ပေးရလိမ့်မည်)

သတိပြုစရာ
*အလေးချိန်အသစ်စျေးပြောပြီး ပြန်ဝယ်ရင် ပိုတဲ့အလေးချိန် ပြန်မပေးတဲ့ဆိုင်တွေ ပေါ်လာနိုင်ပါသည်

ရွှေမင်းသားရွှေသန့်စင်လုပ်ငန်း

ရွှေ အလေးချိန် များစတင်ပြောင်းပါသည်။ ရွှေဆိုင်များ ဂရုစိုက်ပါ ။  ရွှေပြန်ဝယ်ပါက ရန်ကုန် မန္တလေး မှ ပြောင်းလဲ အလေးချိန် စ...
12/02/2025

ရွှေ အလေးချိန် များစတင်ပြောင်းပါသည်။ ရွှေဆိုင်များ ဂရုစိုက်ပါ ။ ရွှေပြန်ဝယ်ပါက ရန်ကုန် မန္တလေး မှ ပြောင်းလဲ အလေးချိန် စနစ် စတင်ပါပြီ..

12-2-2025​နေ့တွင် ရန်ကုန်အကယ်ဒမီ​ရွှေသန့်စင်ခန်းမှ၄င်း 13-2-2025​နေ့တွင်မန္တ​လေး​ရွှေသန့်စင်ခန်းမှ၄င်း (တစ်ကျပ်သား=16.329325gm)စံနှုန်းဖြင့် စတင်ထွက်ရှိလာမှာဖြစ်ပါ​ကြောင်း ​ရွှေချစ်သူအ​ပေါင်းအားသိ​စေအပ်ပါသည်။

အရွယ်မရောက်သေးတဲ့ ကျောင်းသား ၁၇ ယောက်ကို အဓမ္မပြုကျင့်ခဲ့တဲ့ ကျောင်းအုပ်ကြီးကို ရဲတွေက ပြီးခဲ့တဲ့ ဇန်နဝါရီ  ၂၄ ရက်က စစ်ဆ...
10/02/2025

အရွယ်မရောက်သေးတဲ့ ကျောင်းသား ၁၇ ယောက်ကို အဓမ္မပြုကျင့်ခဲ့တဲ့ ကျောင်းအုပ်ကြီးကို ရဲတွေက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်က စစ်ဆေးတဲ့အခါမှာ ကလေးငယ်စုစုပေါင်း ၄၈ ယောက်ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ဝန်ခံထွက်ဆိုခဲ့ပါတယ်။

“သတင်းကပြန့်သွားပြီး ကျောင်းကို စစ်ဆေးရေးတွေ ဝင်မှ ကလေးတွေ အမူအရာပျက်နေတာ ငိုနေတာတွေ တွေ့လို့ ရဲဘက်က ထပ်စစ်ဆေးတာ၊ သူ r**e လုပ်ခဲ့တာ ၄၈ ယောက်လို့ ထွက်ချက်ပေးတယ်၊ ဇန်နဝါရီ ၂၃ ရက်နေ့က ၁၇ ယောက်၊ ၂၄ ရက်နေ့မှာ ၃၁ ယောက်။”
အပြည့်အစုံ ကွန်မန့်တွင် ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်နယ်တိုင်းဒေသများအလိုက်၊ နေ့အပူချိန်တွေအနည်းငယ်စီမြင့်တက်လာမယ်၊ ညအပူချိန်(မနက်စောစောအပူချိန်)တွေကတော...
10/02/2025

မြန်မာနိုင်ငံမှာ ပြည်နယ်တိုင်းဒေသများအလိုက်၊ နေ့အပူချိန်တွေအနည်းငယ်စီမြင့်တက်လာမယ်၊ ညအပူချိန်(မနက်စောစောအပူချိန်)တွေကတော့ ဆက်လက်ကျဆင်းနေပြီး အေးနေပါဦးမယ်။

အမြင့်ဆုံးဖြစ်နိုင်တဲ့ နေ့အပူချိန်များက မတ်လနဲ့ ဧပြီလတွေအထိ ၄၀ °C မကျော်နိုင်တာကြောင့် ၂၀၂၄ ခုနှစ်က အပူချိန်စံချိန်တင်မြင့်တက်ခဲ့တုန်းကလို အပူပြင်းမှာတော့ မဟုတ်နိုင်ကြောင်း ကြိုတင်ခန့်မှန်းရပါတယ်။

လက်ရှိ နောက်လာမဲ့ ၄ ရက်အတွင်း ရန်ကုန်တိုင်းမြို့နယ်အချို့မှာ နေ့အပူချိန်(အမြင့်ဆုံးအပူချိန်) ၃၅ °C အထိ ရှိလာနိုင်တာတွေ့ရပါတယ်။

👤ဒလမြို့နယ်တွင် တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားစေရန် အမျိုးသမီးငယ်နှစ်ဦးအား စည်းရုံးပြောဆိုရာတွင် ပါဝင်သည့် တရုတ်နိုင်ငံသ...
08/02/2025

👤ဒလမြို့နယ်တွင် တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားစေရန် အမျိုးသမီးငယ်နှစ်ဦးအား စည်းရုံးပြောဆိုရာတွင် ပါဝင်သည့် တရုတ်နိုင်ငံသားတစ်ဦးအား ဖမ်းဆီး

ဒလမြို့နယ်တွင် တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားစေရန် အမျိုးသမီးငယ်နှစ်ဦးအား စည်းရုံးပြောဆိုရာတွင် ပါဝင်သည့် တရုတ်နိုင်ငံသားတစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားစေရန် အမျိုးသမီး နှစ်ဦးအား နေအိမ်အထိလာရောက်၍ တရုတ်နိုင်ငံသားတစ်ဦးက စည်းရုံးပြောဆိုပြီး ယင်းရုပ်သံဖိုင်ကိုလည်း လူမှုကွန်ရက်တွင် ထုတ်လွှင့်ခဲ့ရာ လူမှုကွန်ရက်ကြည့်ရှုသူများက ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည်။

ထို့နောက် အဆိုပါဖြစ်စဉ်တွင် ပါဝင်သည့် စည်းရုံးခဲ့သူများကို ဒလမြို့နယ်ရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့ပြီး ခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်နေ မ...နှင့် မ....တို့အား ငွေကြေးလက်ဆောင်များပေးကာ တရုတ်မယားအဖြစ် လက်ထပ်ထိမ်းမြားစေရန် ရုပ်သံရိုက်ကူးကာ အွန်လိုင်း လူမှုကွန်ရက်ပေါ်တွင် လွှင့်တင်ပြီး ရရှိသောငွေကြေးများကို ခေါင်းပုံဖြတ်ရန်အတွက် ပူးပေါင်းပါဝင်ခဲ့သော မသီတာအောင်၊ အောင်ဇော်ဦး(ခ) ဟာမီဒူလာ၊ တရုတ်နိုင်ငံသား Mr.Luo Fei နှင့် အခြားအမည်မသိ တရုတ်နိုင်ငံသားတစ်ဦးတို့အား ဥပဒေနှင့်အညီ အရေးယူပေးရန် တိုင်တန်းချက်အရ ဖေဖော်ဝါရီ ၆ ရက်က ဒလမြို့မရဲစခန်းတွင် လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးဥပဒေပုဒ်မ-၃၅/၄၄ ဖြင့် အမှုဖွင့်လှစ်ခဲ့ကြောင်းရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းအရ သိရသည်။

ယင်းအမှုမှ တရုတ်နိုင်ငံသား Mr.Luo Fei ၊ နိုင်ငံကူးလက်မှတ် EN ..... သည် ဖေဖေါ်ဝါရီ ၆ ရက် ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်သို့ ထွက်ခွာရန် ရန်ကုန်လေဆိပ်၊ လူဝင်မှုကြီးကြပ်ရေးကောင်တာသို့ ရောက်ရှိလာစဉ် ရန်ကုန်လေဆိပ်ရှိ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြည်ပထွက်ခွာခွင့်အား တားဆီးပြီး ၎င်းအား အမှုဖြင့် ဆက်လက် စစ်ဆေးနိုင်ရန် အမှတ်(၆)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ရန်ကုန်)သို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

သီလဝါအိမ်ရာရှိ ၆ ခန်းတွဲ ၅ ထပ် (၆၁)ခန်း၈ ခန်းတွဲ ၅ ထပ် (၂၇)ခန်းစုစုပေါင်း အခန်း (၈၈)ခန်းကိုအတိုးနှုန်းသက်သာသော အိမ်ရာချေ...
04/01/2025

သီလဝါအိမ်ရာရှိ
၆ ခန်းတွဲ ၅ ထပ် (၆၁)ခန်း
၈ ခန်းတွဲ ၅ ထပ် (၂၇)ခန်း
စုစုပေါင်း အခန်း (၈၈)ခန်းကို
အတိုးနှုန်းသက်သာသော အိမ်ရာချေးငွေဖြင့်
ရောင်းချမည့် အစီအစဉ်အား
အသိပေး ကြေညာအပ်ပါသည်။

အင်းစိန်ထောင်က အကျဉ်းသားတွေစလွှတ်ပြီ ဒီနေ့ နေ့လယ်ပိုင်းမှာတော့ ရန်ကုန်မြို့၊အင်းစိန်ထောင်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊...
04/01/2025

အင်းစိန်ထောင်က အကျဉ်းသားတွေစလွှတ်ပြီ

ဒီနေ့ နေ့လယ်ပိုင်းမှာတော့ ရန်ကုန်မြို့၊အင်းစိန်ထောင်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊အကျဉ်းသားတွေကို စတင်လွှတ်ပေးနေပြီဖြစ်ပါတယ်။

ထောင်ရှေ့မှာ စောင့်ဆိုင်းနေတဲ့ မိသားစုဝင်တွေနဲ့ ပြန်လည်တွေ့ဆုံကြပြီး ဝမ်းသာမျက်ရည်ကျသူ တွေလည်း ရှိပါတယ်။

အကျဥ်းသားတွေကို တင်ခေါ်လာတဲ့ ဘတ်စ်ကားတွေ ထောင်ထဲကထွက်လာတာ နဲ့ မိသားစုတွေ ပြန်လည်ဆုံစည်းတဲ့ ပုံရိပ်တွေ

တရုတ်နိုင်ငံမှာ ကူးစက်မြန် ဗိုင်းရပ်စ်အသစ်တစ်မျိုး ပျံ့နှံ့နေမြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တရုတ်နိုင်ငံမှာ ...
04/01/2025

တရုတ်နိုင်ငံမှာ ကူးစက်မြန် ဗိုင်းရပ်စ်အသစ်တစ်မျိုး ပျံ့နှံ့နေ

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တရုတ်နိုင်ငံမှာ ကူးစက်မှု အလွန်မြန်တဲ့ Human Metapneumovirus (HMPV) ဗိုင်းရပ်စ် အသစ်တစ်မျိုး ပျံ့နှံ့နေတယ်လို့ အိန္ဒိယ အခြေစိုက် NDTV World သတင်းမှာ ဇန်နဝါရီ ၂ ရက်နေ့က ဖော်ပြပါတယ်။

ပျံ့နှံ့မှု မြန်ဆန်လွန်းပြီး ဆေးရုံနဲ့ မီးသင်္ဂြုဟ်တဲ့ နေရာတွေမှာ လူတွေပြည့်နေတယ်လို့ လူမှုကွန်ရက်တွေမှာ ဖော်ပြကြပါတယ်။ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံ ဗီဒီယိုတွေမှာလည်း ဆေးရုံတွေမှာ အဲဒီဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေ ပြည့်ကျပ်နေတာ တွေ့မြင်ရပါတယ်။ ကလေးဆေးရုံတွေမှာလည်း အဆုတ်ရောင်ရောဂါနဲ့ အခြား အဆုတ်ထိခိုက်တဲ့ ရောဂါဖြစ်ပွားမှုတွေ မြင့်တက်နေတယ်လို့ NDTV World သတင်းမှာ ဖော်ပြပါတယ်။

HMPV ဗိုင်းရပ်စ်ဟာ တုပ်ကွေးနဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ဆင်တူတဲ့ လက္ခဏာရှိတယ်လို့ ဆိုပါတယ်။ ဗိုင်းရပ်စ် ပြန့်ပွားမှု အခြေအနေကို ကျန်းမာရေး အရာရှိတွေက အနီးကပ် စောင့်ကြည့်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

တရုတ်နိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာထားပေမဲ့ ဒါကို အတည်မပြုနိုင်သေးဘူးလို့ ဖော်ပြပါတယ်။ တရုတ်နိုင်ငံရဲ့ ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးရေး စီမံကွပ်ကဲမှုအဖွဲ့ အနေနဲ့ ဓာတ်ခွဲခန်း အစီရင်ခံစာတွေ ထုတ်ပြန်ဖို့နဲ့ ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးရေး လုပ်ထုံးလုပ်နည်း အသစ်တွေ ချမှတ်မှာဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ အုပ်ချုပ်ရေးအရာရှိ တစ်ဦးပြောတာကို ကိုးကားပြီး CCTV နိုင်ငံပိုင် ရုပ်သံသတင်းက ထုတ်လွှင့်ခဲ့ပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုနှုန်းဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်က ၂၂ ရက်အတွင်း အမြင့်ဆုံးဖြစ်ခဲ့တယ်လို့ အာဏာပိုင်တွေရဲ့ ၂၀၂၅ ဇန်နဝါရီ ၂ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့မှာ အကျဥ်းထော-င်ကနေ   ပြန်လည်လွတ်မြောက်လာပြီဖြစ်တဲ့    သရုပ်ဆောင်သင်ဇာဝင့်ကျော် ကို အားပေးစကားလေးတွေ ပြောပြပေးသွား...
04/01/2025

ဒီကနေ့မှာ အကျဥ်းထော-င်ကနေ
ပြန်လည်လွတ်မြောက်လာပြီဖြစ်တဲ့
သရုပ်ဆောင်သင်ဇာဝင့်ကျော် ကို
အားပေးစကားလေးတွေ ပြောပြပေးသွားကြပါအုံးနော်

ဂျေဂျူးလေယာဉ်ပျက်ကျမှု ၁၇၃ ဦး သေဆုံးဧရာဝတီ၊ ဒီဇင်ဘာ ၂၉၊ ၂၀၂၄ထိုင်းနိုင်ငံ၊ ဘန်ကောက်မှ တောင်ကိုရီးရားနိုင်ငံ၊ မွမ်းအပြည်ပ...
29/12/2024

ဂျေဂျူးလေယာဉ်ပျက်ကျမှု ၁၇၃ ဦး သေဆုံး

ဧရာဝတီ၊ ဒီဇင်ဘာ ၂၉၊ ၂၀၂၄

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှ တောင်ကိုရီးရားနိုင်ငံ၊ မွမ်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းလာသော ဂျေဂျူး (Jeju) လေကြောင်းလိုင်း၏ ခရီးသည်တင်လေယာဉ်တစီးမှာ ယနေ့နံနက် ၉ နာရီခန့်တွင် လေယာဉ်ပြေးလမ်းခြံစည်းရိုးနှင့်တိုက်မိပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ၁၇၃ ဦး သေဆုံးခဲ့ကြောင်း နောက်ဆုံးရ သတင်းများတွင် ဖော်ပြထားသည်။

ယင်းလေယာဉ်ပေါ်တွင် ခရီးသည် ၁၇၅ ဦးနှင့် လေယာဉ်အမှုထမ်း ၆ ဦး စီးနင်းလိုက်ပါလာပြီး ခရီးသည် ၁၇၃ ဦးမှာ ကိုရီးယားနိုင်ငံသားများဖြစ်ကာ၂ ဦးမှာ ထိုင်းနိုင်ငံသားဖြစ်ကြောင်း သိရသည်။

ယွန်းဟပ်သတင်းဌာန၏ ထုတ်ပြန်ချက်အရ မွန်းလေဆိပ်သို့ လေယာဉ်ဆင်းသက်စဉ် ငှက်များနှင့်တိုက်မိမှုအပြင် ဘီးများချို့ယွင်းခဲ့ပြီး ချမရဘဲ လေယာဉ်သည်လမ်းကြောင်းပေါ်မှ သွေဖည်ကာ လေယာဉ်ကွင်းပြေးလမ်း ခြံစည်းရိုးအားတိုက်မိခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပြေးလမ်းခြံစည်းရိုးနှင့်ဝင်တိုက်ခဲ့မှုကြောင့် လေယာဉ်မှာ ပေါက်ကွဲမှုဖြစ်ပြီး မီးသတ်ဌာနမှ ယာဉ် ၃၂ စီးဖြင့် နံနက် ၉ နာရီ ၄၆ မိနစ်တွင် မီးငြှိမ်းသတ်ခဲ့ရကာ ခရီးသည်တဦးနှင့် လေယာဉ်အမှုထမ်းတဦးသာ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တောင်ကိုရီးယား ယာယီသမ္မတ ချွိဆန်းမော့က်က အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဒဏ်ရာရရှိသူများအား ကွမ်ဂျူမြို့ရှိ ဆေးရုံကြီးများသို့ ပို့ဆောင်ကုသပေးလျက်ရှိသည်။

ဂျေဂျူးလေကြောင်းလိုင်းသည်၂၀၀၅ ခုနှစ်မှစ၍ လေကြောင်းလိုင်းလုပ်ငန်း လုပ်ကိုင်ခဲ့ရာ ယခုဖြစ်ရပ်သည် ပထမဆုံး အသက်ဆုံးရှုံးမှုဖြစ်စဉ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေကြောင်းလိုင်း၏ တရားဝင် ဝက်ဘ်ဆိုက်စာမျက်နှာတွင်မူ ယခုကိစ္စနှင့် ပတ်သက်၍ "မွမ်းလေဆိပ်မတော်တဆဖြစ်ရပ်ကြောင့် ထိခိုက်နစ်နာခဲ့ရသူအားလုံးကို ဂျေဂျူးလေကြောင်းလိုင်းမှ ဦးညွတ်အပ်ပြီး တောင်းပန်အပ်ပါသည်။ ဤဖြစ်ရပ်ကို ဖြစ်နိုင်သမျှ အကောင်းဆုံး စီမံခန့်ခွဲရန်မှာ ကျွန်ုပ်တို့၏ ပထမဦးစားပေးဖြစ်ပါသည်။ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်စိတ်ရင်းအမှန်ဖြင့် တောင်းပန်အပ်ပါသည်" ဟု ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-theguardian

ဒီနေ့က အပြည်ပြည်ဆိုင်ရာ လုယက်ဓားပြတိုက်တဲ့နေ့လား။အားလုံးပဲ ပိုဂရုစိုက်ကြပါ။
26/12/2024

ဒီနေ့က အပြည်ပြည်ဆိုင်ရာ လုယက်ဓားပြတိုက်တဲ့နေ့လား။

အားလုံးပဲ ပိုဂရုစိုက်ကြပါ။

ပန်းရောင်ကတ်(ဘတ်)စာရင်း ဒီဇင်ဘာ ၁၆ ရက် စဖွင့်မယ်လို့ မြန်မာသံရုံးကြေညာ Naal Myay - နယ်မြေ တရားမဝင်မြန်မာရွှေ့ပြောင်းတွေ ...
15/12/2024

ပန်းရောင်ကတ်(ဘတ်)စာရင်း ဒီဇင်ဘာ ၁၆ ရက် စဖွင့်မယ်လို့ မြန်မာသံရုံးကြေညာ Naal Myay - နယ်မြေ

တရားမဝင်မြန်မာရွှေ့ပြောင်းတွေ ထိုင်းနိုင်ငံတွင်း ယာယီနေထိုင်အလုပ်လုပ်ခွင့်ကတ်ဖြစ်တဲ့ ပန်းရောင်ကတ် (ဘတ်)လျှောက်ထားဖို့ နာမည်စာရင်းပေးသွင်းတာကို ဒီဇင်ဘာ ၁၆ ရက်မှာ ထိုင်း အလုပ်အကိုင်ဦးစီးဌာနက စဖွင့်ပေးတော့မယ်လို့ ဘန်ကောက်မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Naal Myay - နယ်မြေ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category