ThinkTank Digital Marketing

ThinkTank Digital Marketing Active ဖြစ်မှ ငွေချေလို့ရသလို မရောင်းရရင်လဲချက်ချင်း Refund ပေးပါတယ်..

မြန်မာပြည်ရဲ့ အသက်သာဆုံး Boost Service

1 USD - 5200 Ks
10 USD - 5100 Ks
100USD - 5000 Ks

�Boosting Service & Digital Marketing Service with Fair Price and Effective Results .

မိတ်ဆွေတို့လုပ်ငန်းဟာ ထင်ထားသလောက်အမြတ်မရရှိခြင်း၊ ရောင်းအားကျဆင်းလာခြင်း၊ 𝐄𝐟𝐟𝐞𝐜𝐭𝐢𝐯𝐞 မဖြစ်ခြင်းတွေနဲ့ကြုံလာရပြီဆိုရင် 𝐓𝐡...
18/12/2024

မိတ်ဆွေတို့လုပ်ငန်းဟာ ထင်ထားသလောက်အမြတ်မရရှိခြင်း၊ ရောင်းအားကျဆင်းလာခြင်း၊ 𝐄𝐟𝐟𝐞𝐜𝐭𝐢𝐯𝐞 မဖြစ်ခြင်းတွေနဲ့ကြုံလာရပြီဆိုရင် 𝐓𝐡𝐢𝐧𝐤 𝐓𝐚𝐧𝐤 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 ကိုသာရဲရဲကြီးဆက်သွယ်လိုက်ပါ။

𝐓𝐡𝐢𝐧𝐤 𝐓𝐚𝐧𝐤 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐀𝐠𝐞𝐧𝐜𝐲 ဟာဆိုရင် 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫𝐬 ပေါင်းများစွာနဲ့တွဲဖက်လုပ်ကိုင်ခဲ့တဲ့အပြင် 𝐎𝐧𝐥𝐢𝐧𝐞 𝐁𝐮𝐲𝐢𝐧𝐠 အတွက်မပါမဖြစ်တဲ့ 𝐁𝐨𝐨𝐬𝐭𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐢𝐜𝐞 ကို မြန်မာကျပ်ငွေ သိန်းပေါင်း (𝟒𝟓𝟎𝟎) ကျော်𝐔𝐒𝐃 (𝟗𝟓𝟎𝟎𝟎) ခန့်ထိရောက်စွာဆောင်ရွက်ပေးနိုင်ခဲ့တဲ့အပြင် အသေးစားအလတ်စားစီးပွားရေးများမှ အကြီးစားစီးပွားရေးလုပ်ငန်းကြီးအထိဖြစ်လာအောင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။

𝐓𝐡𝐢𝐧𝐤 𝐓𝐚𝐧𝐤 မှာ 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 နဲ့သက်ဆိုင်တဲ့ 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 ပေါင်းများစွာကို စနစ်တကျနဲ့ထိထိရောက်ရောက်ဆောင်ရွက်ပေးနေတဲ့အပြင် 𝐁𝐨𝐨𝐬𝐭𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐢𝐜𝐞 နဲ့ပတ်သက်လာရင်လည်း မိတ်ဆွေတို့ရဲ့ 𝐏𝐚𝐠𝐞 လိုအပ်ချက်တွေကို အကြံပေးတိုင်ပင်ဆွေးနွေးပေးခြင်း။

🛑𝐑𝐞𝐬𝐮𝐥𝐭 𝐃𝐚𝐭𝐚 တွေကို 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬 လုပ်ပြီး 𝐑𝐞𝐬𝐮𝐥𝐭 ထိရောက်မှုမရှိခဲ့ပါက 𝐒𝐭𝐞𝐩 𝐛𝐲 𝐒𝐭𝐞𝐩 ပြန်လည်စီစစ်ပေးပြီးတော့ ထိရောက်မှုရှိစေဖို့ အကြံပေးဆွေးနွေးပေးခြင်း။

🛑𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐓𝐫𝐮𝐬𝐭 ခိုင်ခိုင်မာမာရရှိလာဖို့ 𝐏𝐚𝐠𝐞 မှာ ဘယ်လိုအချက်တွေကို ပြင်ဆင်ထားသင့်လဲ ဆိုတာကို အကြံပေးဆွေးနွေးပေးခြင်း။

🛑ရေတိုရောင်းအားတင်မကပဲ ရေရှည်ရောင်းအားအတွက် ဘယ်လို 𝐎𝐛𝐣𝐞𝐜𝐭𝐢𝐯𝐞 တွေ 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐏𝐥𝐚𝐧 တွေ ပြင်ဆင်ရမလဲဆိုတာကို အကြံပေးဆွေးနွေးပေးခြင်း။

🛑𝐀𝐝𝐬 တစ်ခုကို 𝐑𝐮𝐧 တဲ့အခါမှာ 𝐑𝐞𝐬𝐮𝐥𝐭 ကောင်းအောင် ရက်တို 𝐑𝐮𝐧 သင့်လား၊ ရက်ရှည် 𝐑𝐮𝐧 သင့်လားစတဲ့အချက်များကိုပါ အသေးစိတ်ဆွေးနွေးပေးခြင်း။

🛑မိမိ 𝐏𝐚𝐠𝐞 ကိုပဲ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များက ရွေးချယ်ဝယ်ယူစေဖို့အတွက် သုံးသင့်တဲ့ 𝐏𝐫𝐢𝐜𝐢𝐧𝐠 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲 ကိုလဲရှင်းလင်းပြောပြပေးခြင်း။

🛑ဝယ်ယူပြီးသား 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 များအနေနဲ့ ကိုယ့် ရဲ့ 𝐏𝐚𝐠𝐞 ကို အမြဲမှတ်မိပြီး လိုအပ်ချိန်တိုင်း ပြန်လာဝယ်စေမဲ့ 𝐑𝐨𝐲𝐚𝐥 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 တွေဖြစ်လာအောင် ဘယ်လိုလုပ်ဆောင်သင့်လဲဆိုတဲ့ 𝐀𝐟𝐭𝐞𝐫 𝐒𝐚𝐥𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 အပိုင်းများကိုပါ သေသေချာချာဆွေးနွေးတိုင်ပင်ပေးလျက်ရှိပါတယ်။

🤗🤗ဒါ‌အပြင် 𝐏𝐚𝐜𝐤𝐚𝐠𝐞 အလိုက်အပ်မဲ့ လုပ်ငန်းရှင်များအတွက်လည်း ဘယ်လို 𝐏𝐚𝐜𝐤𝐚𝐠𝐞 အမျိုးအစားကိုအသုံးပြုသင့်လဲ၊ 𝐂𝐨𝐧𝐭𝐞𝐧𝐭 , 𝐃𝐞𝐬𝐢𝐠𝐧 , 𝐌𝐨𝐭𝐢𝐨𝐧 , 𝐕𝐢𝐝𝐞𝐨 𝐄𝐝𝐢𝐭𝐢𝐧𝐠 များကိုပါ စနစ်တကျဆောင်ရွက်ပေးလျက်ရှိတာမို့လို့ ‌တစ်ရက်ထက်တစ်ရက်၊ တစ်လထက်တစ်လ ရောင်းအားတက်လာချင်တဲ့မိတ်ဆွေများ၊ ကိုယ့်လုပ်ငန်းကို ပြိုင်ဘက်လုပ်ငန်းတွေထက် နှာတဖျားသာနေခြင်တဲ့လုပ်ငန်းရှင်များအတွက် 𝐓𝐡𝐢𝐧𝐤 𝐓𝐚𝐧𝐤 မှနွေးထွေးစွာစောင့်မျှော်လျက်ရှိပါတယ်နော်။🤓🤓

🫴ရောင်းအားနှစ်ဆတိုးတက်ဖို့ 𝐓𝐡𝐢𝐧𝐤 𝐓𝐚𝐧𝐤 နဲ့သာလက်တွဲစို့🤝🤝

📥"𝐘𝐨𝐮𝐫 𝐆𝐫𝐨𝐰𝐭𝐡, 𝐎𝐮𝐫 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲."📥

📥"𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐯𝐞 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐟𝐨𝐫 𝐚 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐖𝐨𝐫𝐥𝐝."📥

ဈေးသက်သက်သာသာနဲ့ 💲Boost Amount များများသုံးချင်တဲ့ လုပ်ငန်းရှင်များအတွက် ဒီရက်ပိုင်း Boost ပေးဖြစ်တဲ့ Ads Campaign လေးတွ...
18/12/2024

ဈေးသက်သက်သာသာနဲ့
💲Boost Amount များများသုံးချင်တဲ့ လုပ်ငန်းရှင်များအတွက်

ဒီရက်ပိုင်း Boost ပေးဖြစ်တဲ့ Ads Campaign လေးတွေ နဲ့ Results လေးတွေပါခင်ဗျာ ...

☺️CPM နည်းတာ Amount နည်းနည်းပဲသုံးရင် CPM နည်းအောင်လုပ်ရတာလွယ်ပေမဲ့ ...

🚀ခုလို Amount သိန်းဂဏန်း / သိန်းဆယ်ဂဏန်းသုံးထားတဲ့ Page ပိုင်ရှင်တွေအတွက်‌ကတော့ တော်တော်လေးခက်ခဲပါတယ်ဗျာ့ ...

AMOUNT များလဲ CPM မတက်စေဖို့ ThinkTank နဲ့ လက်တွဲလိုက်ပါ ✅

OS ပိုင်ရှင်တွေရဲ့ info လေးတွေ confidential ဖြစ်စေဖို့အတွက် ပုံ နဲ့ စာလေးတွေတော့ Hide ထားပါတယ်ဗျာ့ ☺️

🚀1$ - 5000 လောက် နဲ့ Boost မယ်📈🔹 #မြန်မာပြည်ရဲ့အသက်သာဆုံးBoostService𝘽𝙤𝙤𝙨𝙩𝙞𝙣𝙜 တော့ပိုက်ဆံအကုန်ခံပြီးလုပ်နေတာဘဲ ဒါပေမဲ့ ရ...
18/12/2024

🚀1$ - 5000 လောက် နဲ့ Boost မယ်📈
🔹 #မြန်မာပြည်ရဲ့အသက်သာဆုံးBoostService

𝘽𝙤𝙤𝙨𝙩𝙞𝙣𝙜 တော့ပိုက်ဆံအကုန်ခံပြီးလုပ်နေတာဘဲ ဒါပေမဲ့ ရောင်းအားကတက်မလာဘူးဆိုတဲ့ လုပ်ငန်းရှင်များအတွက်...

💲ပိုက်ဆံအများကြီးသုံးပြီး 𝘽𝙤𝙤𝙨𝙩𝙞𝙣𝙜 လုပ်တာဟာ ရောင်းအားတက်လာစေမဲ့တစ်ခုတည်းသောနည်းလမ်းမဟုတ်ပါဘူး‌‌နော်။ 𝘽𝙤𝙤𝙨𝙩𝙞𝙣𝙜 နဲ့တွဲဖက်မဲ့ 𝘾𝙧𝙚𝙖𝙩𝙞𝙫𝙚 𝙎𝙩𝙧𝙖𝙩𝙚𝙜𝙮 များမှန်ကန်မှသာ ရလဒ်ကောင်းများရရှိနိုင်မှာဖြစ်ပါတယ်။

🔹မိတ်ဆွေက အလုပ်တွေများလို့ 𝘿𝙞𝙜𝙞𝙩𝙖𝙡 𝙈𝙖𝙧𝙠𝙚𝙩𝙞𝙣𝙜 ဘက်မှာအားနည်းနေတယ်၊ 𝘽𝙤𝙤𝙨𝙩 𝙍𝙚𝙨𝙪𝙡𝙩𝙨 တွေကလည်းကောင်းမလာခဲ့ဘူးဆိုရင်‌ 𝙏𝙝𝙞𝙣𝙠 𝙏𝙖𝙣𝙠 𝘿𝙞𝙜𝙞𝙩𝙖𝙡 𝙈𝙖𝙧𝙠𝙚𝙩𝙞𝙣𝙜 𝘼𝙜𝙚𝙣𝙘𝙮 ကို လုံးဝမမေ့လိုက်ပါနဲ့။🤗🤗

🌍𝐓𝐡𝐢𝐧𝐤 𝐓𝐚𝐧𝐤 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐀𝐠𝐞𝐧𝐜𝐲 ဟာဆိုရင် 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫𝐬 ပေါင်းများစွာနဲ့တွဲဖက်လုပ်ကိုင်ခဲ့တဲ့အပြင် 𝐎𝐧𝐥𝐢𝐧𝐞 𝐁𝐮𝐲𝐢𝐧𝐠 အတွက်မပါမဖြစ်တဲ့ 𝐁𝐨𝐨𝐬𝐭𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐢𝐜𝐞 ကို မြန်မာကျပ်ငွေ သိန်းပေါင်း (𝟒𝟓𝟎𝟎) ကျော်ထိရောက်စွာဆောင်ရွက်ပေးနိုင်ခဲ့တဲ့အပြင် အသေးစားအလတ် စားစီးပွားရေးများမှ အကြီးစားစီးပွားရေးလုပ်ငန်းကြီးအထိဖြစ်လာအောင် ဆောင်ရွက်ပေးလျက်ရှိတဲ့အပြင် 📥📥

💻𝘿𝙞𝙜𝙞𝙩𝙖𝙡 𝙈𝙖𝙧𝙠𝙚𝙩𝙞𝙣𝙜 𝙋𝙡𝙖𝙣 အစအဆုံးကိုဆွေးနွေးတိုင်ပင်ပေးခြင်း။

💻𝘿𝙞𝙜𝙞𝙩𝙖𝙡 𝙈𝙖𝙧𝙠𝙚𝙩𝙞𝙣𝙜 ရဲ့ အသက်သွေးကြောဖြစ်တဲ့ 𝘾𝙧𝙚𝙖𝙩𝙞𝙫𝙚 𝘾𝙤𝙣𝙩𝙚𝙣𝙩𝙨 များကို သက်ဆိုင်ရာ 𝙋𝙖𝙘𝙠𝙖𝙜𝙚 အလိုက်ဆောင်ရွက်ပေးခြင်း။

💻𝘾𝙪𝙨𝙩𝙤𝙢𝙚𝙧 𝙀𝙮𝙚𝙨 𝘾𝙖𝙩𝙘𝙝𝙞𝙣𝙜 ဖြစ်စေမဲ့ 𝙂𝙧𝙖𝙥𝙝𝙞𝙘 𝘿𝙚𝙨𝙞𝙜𝙣 𝙋𝙖𝙘𝙠𝙖𝙜𝙚 များဆောင်ရွက်ပေးခြင်း။

💻𝙋𝙖𝙜𝙚 နဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ 𝘾𝙤𝙣𝙩𝙧𝙤𝙡 𝙎𝙚𝙩𝙩𝙞𝙣𝙜 တွေကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာကို အကြံပေးဆွေးနွေးပေးခြင်း။

💻ပြိုင်ဘက်လုပ်ငန်းတွေနဲ့ လုံးဝကွဲထွက်နေစေမဲ့ 𝘿𝙞𝙜𝙞𝙩𝙖𝙡 𝙈𝙖𝙧𝙠𝙚𝙩𝙞𝙣𝙜 𝙋𝙡𝙖𝙣 များချမှတ်ဆောင်ရွက်ပေးခြင်းတွေအပြင် ရောင်းအားကို (၂) ဆထိုးတက်စေမဲ့ 𝘽𝙤𝙤𝙨𝙩𝙞𝙣𝙜 𝙎𝙚𝙧𝙫𝙞𝙘𝙚 တွေကိုပါ #ဘယ်𝘼𝙜𝙚𝙣𝙘𝙮မှာမှ #မရနိုင်တဲ့ဈေးနှုန်းနဲ့ သက်သာစွာဖြင့်ဆောင်ရွက်ပေးလျက်ရှိနေပါပြီရှင်။

မေး : မင်းတို့ Service က ဈေးသက်သာလှချင်လား ? တခြား Service တွေနဲ့ မတူပဲ ဘာလို့ဈေးအရမ်းသက်သာနေရတာလဲ ? 🤔 ( Boost ပြီးပြီးရော ပစ်ထားမှာလား ?? )

ဖြေ : ဟုတ်ကဲ့ #အမြတ်အများကြီးမယူထားတာရယ် နဲ့ #နိုင်ငံခြားVisaCardနဲ့Boostလုပ်ပေးတာကြောင့် မြန်မာပြည်က Visa Card ထက် Rateလေး အနည်းငယ် သက်သာတာမို့လို့ ဈေးသက်သာရခြင်းဖြစ်ပါတယ်ဗျာ့ 😊
➡️Boost ပြီးရင်လဲ Result လေးတွေကောင်းဖို့ မျက်ခြေမပြတ်စောင့်ကြည့်ပေးပါတယ်ဗျာ့

ြစ်မှငွေချေလို့ရသလို ✅
ောင်းရင်လဲငွေပြန်အမ်းပေးပါတယ်ခင်ဗျာ ✅

📈ရောင်းအားနှစ်ဆတိုးတက်ဖို့ 𝐓𝐡𝐢𝐧𝐤 𝐓𝐚𝐧𝐤 နဲ့သာလက်တွဲစို့🤝
📥"𝐘𝐨𝐮𝐫 𝐆𝐫𝐨𝐰𝐭𝐡❟ 𝐎𝐮𝐫 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲。"📥
📥"𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐯𝐞 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐟𝐨𝐫 𝐚 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐖𝐨𝐫𝐥𝐝。"📥

𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 နဲ့ပတ်သက်သောဝန်‌ဆောင်မှုများကိုရယူရန် 📲📲 𝐏𝐡𝐨𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 - ( 09 967 550 232 ) 𝐨𝐫 𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭 𝐁𝐨𝐱 သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါတယ်ခင်ဗျာ ။

#မြန်မာပြည်ရဲ့အသက်သာဆုံးBoostService







Customer တွေရဲ့ Attention ရဖို့ အချက် (၅) ချက်=================================ဒီနေ့ စာသင်ရင်းနဲ့ စိတ်ဝင်စားစရာ ကောင်းတဲ...
18/12/2024

Customer တွေရဲ့ Attention ရဖို့ အချက် (၅) ချက်
=================================
ဒီနေ့ စာသင်ရင်းနဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့အကြောင်းလေးတွေပါလို့ ပြန်မျှဝေချင်လို့ပါ။ ဒီနေ့ သင်တဲ့ သင်ခန်းစာထဲမှာ ပါတဲ့ မေးခွန်း အချို့ကို မိတ်ဆွေတို့လည်း ဖြေကြည့်ပါဗျ

၁။ ဘယ်လိုနေရာတွေမှာ ကြော်ငြာတွေ တွေ့လဲ
၂။ တနေ့မှာ ကြော်ငြာ ဘယ်နှစ်ခုလောက် မြင်တွေ့နေလဲ
၃။ အဲဒီအထဲက ဘယ်လောက် % ကို attention ပေးဖြစ်လဲ …

နံပါတ် (၁) ထက် နံပါတ် (၂) နဲ့ နံပါတ် (၃) က တကယ်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။
သင်တန်းသား/ သူ တွေ ဖြေကြတာမှာ
နံပါတ် (၂) မေးခွန်းကို တချို့က တစ်နေ့က ကြော်ငြာ ၂၀/ ၃၀ ကနေ ၁၀၀၊ ၁၀၀ ကျော်အထိ တွေ့တယ်လို့ ပြောကြပါတယ်။
နံပါတ် (၃) ကျတော့ တစ်ချို့က မြင်သမျှ ကြော်ငြာတွေရဲ့ ၁၀-၂၀ % လောက်ကိုပဲ အာရုံစိုက်ဖြစ်တယ် ပြောကြတယ်၊ တချို့ကတော့ ဘယ်လောက် % ရယ်တော့မဟုတ်ဘူး စိတ်ဝင်စားတာဆို ကြည့်လိုက်တယ်၊ စိတ်မဝင်စားရင် ကျော်လိုက်တယ် လို့ ဖြေတယ်။ တချို့ကကျတော့ ကြော်ငြာဆိုတာနဲ့ တန်းကျော်လိုက်တယ် လို့ ဖြေကြတယ်။

ဆိုတော့ မိတ်ဆွေတို့ ကိုယ်တိုင်ရော တစ်နေ့တာ အလုပ်သွားတဲ့ ကျောင်းသွားတဲ့ လမ်းမှာ တွေတဲ့ ကြော်ငြာတွေရော၊ ဆိုရှယ်မီဒီယာ သုံးရင်း တွေ့တဲ့ကြော်ငြာတွေရော အဲလောက် များစွာသော ကြော်ငြာတွေထဲမှာ ကိုယ်က ဘာတွေကို ဘယ်လောက်လောက် attention ပေးဖြစ်လဲ .. စဉ်းစားကြည့်ပါ။
ထို့အတူ ကိုယ်က စီးပွားရေး လုပ်နေတယ်၊ Facebook မှာ Page ထောင်ပြီး စျေးရောင်းနေတယ်၊ လုပ်ငန်း တစ်ခု လုပ်နေတယ်ဆိုရင် လူတွေရဲ့ news feed မှာ နေ့စဉ် ရာထောင်ချီ တက်နေတဲ့ post တွေ .. ဓါတ်ပုံတွေ … ဗွီဒီယိုတွေ ကြားမှာ ကိုယ့်လုပ်ငန်းက တင်တဲ့ post တွေ video တွေ ဓါတ်ပုံတွေက သူရဲ့ attention ရဖို့ ဘယ်လိုလုပ်ရမလဲ … ?

ဒါက တော်တော်လေး အရေးကြီးသွားပါပြီ … ဟိုးအရင်လွန်ခဲ့တဲ့ ၂၀၁၅/၂၀၁၆ တုန်းက Reach မျိုး ဒီနေ့ခတ် Facebook မှာ ရဖို့မလွယ်တော့ပါဘူး … ထို့အတူ boost လုပ်ရတာလည်း ဒေါ်လာစျေးကလည်း တက်နေသလို၊ ဇူဇူကိုယ်တိုင်ကလည်း စျေးကြီးလာပါတယ်။ ဒါက ကိုယ်တင်တဲ့ content ကိုပြဖို့ပဲ ရှိသေးတာနော် … အဲဒီ content တစ်ခုခုကို လူတွေက မြင်သွားပြီးရင်တောင်မှ အာရုံစိုက်/ မစိုက်က မသေချာသေးဘူး။ အာရုံစိုက်ပြီ တနည်းအားဖြင့် attention ပေးပြီဆိုတိုင်းလည်း ဝယ်မယ်လို့ မသေချာသေးဘူးနော် … အဲဒီအကြာင်းတွေကို “သိထားသင့်တဲ့ 5A” ဆိုပြီးတော့ အရင်က ရေးဖူးပါတယ်။

ထားလိုက်ပါတော့ ဒီနေ့က attention အကြောင်းပြောနေတာဆိုတော့ ကိုယ့်လုပ်ငန်းကတင်တဲ့ content တွေကို များပြားလှတဲ့ content တွေကြားက လူတွေရဲ့ attention ရအောင် ဘယ်လိုလုပ်မလဲ …

၁။ နေ့တိုင်း နေ့တိုင်း တင်ပါ
------------------------------
အရင်တုန်းကလို တစ်ပတ်ကို ၂ခုတွေ၊ ၄ခုတွေ လုပ်နေလို့မရတော့ပါဘူး လူတွေဟာ မေ့လွယ်ပါတယ်။ မေ့မသွားအောင် နေ့တိုင်း တင်ပါ။ တွေ့ပါမြင်ပါ များမှ မှတ်မိမှာ ဖြစ်ပါတယ်။ ဒီ page ဆို ဒီကာလမှာ မတင်ဘဲ ပစ်ထားလိုက်တာ (၂) နှစ်လောက်ဆိုတော့ တကယ့် အမာခံ top fan တွေကလွဲရင် တော်တော်များများ က မေ့ကုန်ကြပါတယ်။ နောက်တစ်ခုက ဇူဇူကလည်း အဲလို တင်လိုက် မတင်လိုက် ဆိုရင် reach ရော engagement ရော မကောင်းပါဘူး။ ဒီ page မှာ ဖြစ်သွားတာ နောက်တစ်ခုက ကျွန်တော်က ဘာမှ မတင်ဘဲ ထားလိုက်တဲ့ အပြင်ကို apple event ကို live လွှင့်မိလို့ copy right နဲ့ ဇူဇူက ကစ်လိုက်တော့ page က နီသွားပြီး အခြေအနေတော်တော်ဆိုးသွားတာပါ။ ခုတော့ နေ့တိုင်းမဟုတ်ရင်တောင် တစ်ပတ်ကို နည်းနည်းစီ ပြန်တင်ပေးနေပါပြီဗျ။

၂။ အကျိုးရှိတာတွေ တင်ပါ
------------------------------
ဒါတွေလည်း ပြောတဲ့သူတွေလည်း စုံနေပြီဖြစ်သလို၊ ပြောပေါင်းလည်းတော်တော်များပါပြီ။ လူတွေအတွက် အကျိုးရှိတာတွေကိုများများ တင်ပါ၊ ဒါဆိုရင် ဒီ page က ဘာလေးတွေများ ထပ်တင်မလဲ ဆိုတာကို မျှော်တတ်လာပါလိမ့်မယ်၊ ဒါဆို စျေးရောင်းဖို့ page ထောင်ထားတာ၊ စျေးမရောင်းရတော့ဘူးလား လို့ မေးရင် အဲလိုတော့လည်းမဟုတ်ဘူးပေါ့ ၈၀-၂၀ ဒါမှမဟုတ် ၇၀-၃၀၊ ၆၀-၄၀ နောက်ဆုံး ၅၀-၅၀ လောက်တော့ လုပ်ဗျာ။ အရောင်းမဟုတ်တဲ့ post ၈ ခုတင်ရင်၊ အရောင်း ၂ ခုတင်ဆိုတဲ့ သဘောပြောတာပါ။

၃။ လုပ်ငန်းနဲ့ ဆက်စပ်တဲ့ ဟာသလေးတွေ တင်ပါ
---------------------------------------
ဟာသ ဟာ လူတွေရဲ့ အာရုံကို ဖမ်းစားဖို့ အကောင်းဆုံး content တစ်ခုပါ၊ ရီစရာတွေတင်ရင် engagement ကောင်းတယ်ဆိုပြီးတော့ လုပ်ငန်းနဲ့ ဆိုင်ဆိုင်/ မဆိုင်ဆိုင် စွတ်တင်တာကလည်းတော့ မကောင်းဘူးပေါ၊ ဆိုလိုတာက ကိုယ့်အတွက် အကျိုးရှိလှတဲ့ engagement မဟုတ်ဘူးလို့ ပြောချင်တာပါ။

၄။ Trend နဲ့ လိုက်တာ တင်ပါ
------------------------------
ဒါကလည်း Trend ဖြစ်ရင်ပြီးရောဆိုပြီးတော့လုပ်ငန်းနဲ့ ဆက်စက်မှု ရှိရှိ/ မရှိရှိ တင်လို့တော့ မကောင်းပါဘူး။ လူတွေစိတ်ဝင်စားနေတဲ့ Trend လည်း ဖြစ်မယ် လုပ်ငန်းနဲ့လည်း ဆက်စပ်မယ်၊ Brand Image ကိုလည်း မထိခိုက်ဘူးဆိုတာမျိုးကို တင်ပါ။

၅။ ဗွီဒီယို တင်ပါ
--------------------
ဗွီဒီယို attention အရဆုံး content ပါ၊ ခုနောက်ပိုင်းမှာ လူတွေက စာဖတ်လိုက်ရတာထက် ဗွီဒီယို ကြည့်ရတာကို ပိုအားရတတ်ပါတယ်။ စာကိုပဲ အေးအေးဆေးဆေးဖတ်ရတာ တနည်းအားဖြင့် ဖတ်ရင်းနဲ့ ဖြန့်တွေးသွားရတာကို ကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဗွီဒီယိုကို ကြည့်တဲ့ နှုန်းက တအားကိုများလာတာပါ၊ ဗွီဒီယိုခြင်း တူရင်တောင် တိုတိုနဲ့ လိုရင်း ရောက်တဲ့ ဗွီဒီယိုတွေကို ပိုကြိုက်ကြပါတယ်။
ပြောရရင်တော့ တော်တော်များပါတယ်၊ ဒီ (၅) ချက်ကိုပဲ အရင်ဆုံး အချိန်လေးပေးပြီး လုပ်ကြည့်မယ်ဆိုရင် မိတ်ဆွေတို့လုပ်ငန်း page က လူတွေကြားမှာ ထိုက်သင့်တဲ့ အာရုံစူးစိုက်မှု တစ်ခုရလာပါလိမ့်မယ်။

Credit To OG Writer

Facebook ကြော်ငြာ ဘယ်လို အလုပ်လုပ်လဲ … ?============================ကျွန်တော်တို့ အလွယ်တကူကူ ပြောပြောနေတဲ့ Boost ထိုးတယ်...
18/12/2024

Facebook ကြော်ငြာ ဘယ်လို အလုပ်လုပ်လဲ … ?
============================
ကျွန်တော်တို့ အလွယ်တကူကူ ပြောပြောနေတဲ့ Boost ထိုးတယ်ပေါ့၊ တကယ်တော့ Boost လုပ်တာ တော်တော်ကို လွယ်ပါတယ်၊ လွယ်အောင်လည်း Facebook က ဖန်တီးပေးထားပါတယ်၊ ဒါမှလည်း သူက ပိုက်ဆံရမှာကိုး … Facebook App ကပဲ Page ကို ဝင်ပြီးတော့ boost မလား … Page Manager ကပဲ Boost မလား၊ Facebook Ads က ပဲ boost မလား … Ads Manager ကပဲ boost မလား ကြိုက်တဲ့နေရာက ဘု .. လွယ်ပါတယ် … ဘယ်ကပဲ ဘုဘု ..
Engagement လား … Messages လား .. Video Views လား စတဲ့ Campaign ရွေးမယ်
ကိုယ် ဘုမယ့် Post/ photo/ video တစ်ခုခုကို ရွေးမယ် … Audience ရှိပြီးသားဆို တစ်ခုကို ရွေးမယ် … မရှိသေးရင် အသစ်လုပ်မယ် .. နေရာရွေးမယ် အသက်ရွေးမယ် … Detail Targeting မှာ Interests တွေ ရိုက်ထည့်မယ် … ရွေးမယ် ပြီးသွားရင် ပိုက်ဆံဘယ်လောက် သုံးမယ်၊ ဘယ်နှစ်ရက် ကြော်ငြာမယ် .. ပြီးသွားရင် ပြီးသွားပြီ .. ဘယ်လောက်လွယ်လဲ .. ခက်တာက အဲဒီ Audience ကို ဖန်တီးတာ .. ကြော်ငြာထိရောက်တယ် မထိရောက်တယ် … ဆိုလိုတာက Like များပြီး Sale မတက်တာ အဲဒီမှာ အများဆုံး မူတည်နေပါတယ် …

Audience ဖန်တီးတဲ့အခါ အားလုံးသိတဲ့အတိုင်း (ဒီနေရာမှာ ကျွန်တော် Custom Audience, Lookalike Audience, အကြောင်းတွေ ကို မပြောသေးဘဲ အသုံးအများဆုံး Saved Audience ကို ပြောတာပါ)

Interests
Demographics
Behaviors
အဓိက အပိုင်းကြီး (၃) ပိုင်းရှိပါတယ်။

အဲဒီ (၃) ပိုင်းကို Facebook က ဘယ်လို သတ်မှတ်ထားတာလဲ ..?
ကိုယ် ဘာတွေကို Like လုပ်ထားလဲ … ကိုယ့်ရဲ့ Friend တွေကရော ဘတွေကို Like လုပ်ထားလဲ
ကိုယ့်ရဲ့ Facebook Profile နဲ့ IG Profile က ဒေတာတွေ
ကိုယ် Check In ဝင်တဲ့ နေရာတွေ
ကိုယ်ရဲ့ ဖုန်းနံပါတ်နဲ့
ဘယ်နေရာတွေမှာ Sign Upလုပ်ထားလဲ ဆိုတာတွေ
ကိုယ်ဝင်ကြည့်တဲ့ website တွေ
ကိုယ် ဒေါင်းလိုကိတဲ့ App တွေ
ကိုယ်ချိတ်ဆက်လိုက်တဲ့ အင်တာနက် ကွန်ယက်တွေ
မိုဘိုင်းလား .. ဝိုင်ဖိုင်လား …
စတဲ့ စတဲ့ အချက်တွေနဲ့ သတ်မှတ်ပါတယ်

ဆိုပါစို့
ကျွန်တော်က Facebook Profile မှာ
ဖြည့်ထားတဲ့ မွေးနေ့အရ
🎂 25 years old
👨‍🦰 Male
🏠Yangon
💕 Engaged
Like ထားတာတွေက ထားပါတော့ Car Seeker, TBH Motors, 7 days Car ဘာညာသရကာ
ဆော့တဲ့ ဂိမ်းတွေက DSL, Sim City ဘာညာ သရကာပေါ့

ဟုတ်ပြီ ကျွန်တော်က ကားကုမ္ပဏီပေါ့ ကားရောင်းဖို့ ကြော်ငြာတဲ့အခါ
25 to 55
Male
Yangon
Engage
Interest – Car လို့ ရွေးလိုက်ပြီးတော့
ကြော်ငြာရင် သေချာတယ် Facebook က ကျွန်တော့်ကို ပြမှာပါ

ကျွန်တော် Car Page တွေကို Like ထားတယ် လိုက်ကြည့်တယ်၊ တကယ်လည်း စိတ်ဝင်စားတယ်၊ သဘောကျရင် Like ပေးလိုက်မယ်၊ Share ရင် Share မယ် ..

ဒါပေမယ့် မဝယ်သေးပါဘူးဗျ ..
ဒါကြောင့် Interests ကိုပဲ ရွေးနေသေးသေရွေ့ Target ထိဖို့ မလွယ်သေးပါဘူးဗျ
2020 report အရ Facebook မှာ ရှိတဲ့ Interest စာရင်းဟာ A4 - ရ မျက်နှာ ရှိတယ်ဗျ ..

ကျွန်တော့်ရဲ့ Interest Lists ကို ပြန်ကြည့်တဲ့အခါ
Business and Industry ခေါင်းစဉ်အောက်မှာတင် ၃၀၀ ကျော်တယ်
News & Entertainment
Hobbies & Activities
Technology
Travel, places and events
Education
Food & Drink စတဲ့
အခြား Category တွေကိုတော့ ပျင်းလို့ မနှိပ်ကြည့်တော့ဘူး
စဉ်းစားကြည့်ပေတော့ Scope ဘယ်လောက် ကျယ်လဲဆိုတာ
ဒါဆိုရင် Demographic ကေရော … အဲဒါကလည်း
Owner at ၁၀၉-၁၁၀ တွေ ရှိနေတော့
ကိုယ်က Owner တွေကို ရွေးကြော်ငြာရင်လည်း
Interest ထက်ပိုပြီးတော့ Scope ကျဉ်ပေးမယ့် ရာနှုန်းပြည့်တော့ မမှန်သေးပါဘူးဗျ

Behavior ကတော့ (၃) ခုထဲမှာ အတိကျဆုံးလို့ ပြောလို့ရပါတယ် ..
အထူးသဖြင့် Digital Activity ကတော့ လုံးဝ တိကျတယ်လို့တောင် ပြောလို့ရပါတယ် …
ကြော်ငြာတဲ့အခါ ကိုယ့်ဘယ်သူ့ကိုရောင်းမလဲ
ကိုယ့်ပစ္စည်းကို ဘယ်လိုလူတွေ ဝယ်လဲ
ဘယ်အချိန်မှာ ဝယ်လဲ စတဲ့ စတဲ့ Buyer Persona ကို သေချာဆောက်ပြီးမှ ကြော်ငြာဖို့ လိုပါတယ်
အဲလိုမှမဟုတ်ရင် ကျွန်တော်တို့ ရီစရာ ပြောလေ့ရှိတဲ့ boost ထိုးလိုက်ရင် တောသားတွေ ဝင်မန့်တယ် ဆိုတာမျိုးတွေ ဖြစ်နေပါလိမ့်မယ် …

အဲလို Audience ရွေးတာ မှန်ရင် ရောင်းရပြီလား
လူတွေဟာ တွေ့တိုင်းမဝယ်ဘူးဗျ

ပထမအဆင့် စိတ်ဝင်စားတယ်
ဒုတိယအဆင့် ကြိုက်တယ်
ဒါဆိုရင် နီးစပ်လာပြီ
ဒါပေမယ့် မသေချာသေးဘူး

ကြိုက်တယ် … မလိုသေးဘူး ဆိုရင်လည်း မဝယ်သေးဘူး
ကြိုက်တယ် … လိုလည်း လိုတယ် … ပိုက်ဆံမရှိသေးဘူး … ဆိုရင်လည်း မဝယ်သေးပါဘူး …
ကြိုက်တယ် … လိုတယ် … ပိုက်ဆံလည်းရှိတယ် .. ဒါပေမယ့် အရေးမကြီးသေးရင်လည်း မဝယ်သေးပါဘူး
မကြိုက်တော့ မကြိုက်ဘူး လိုတယ် .. (ဥပမာ နေမကောင်းလို့ ဆေးဝယ်သောက်ရတာမျိုးပေါ့) အဲဒါဆိုရင်လည်း ဝယ်ပါတယ် …
တအားကြိုက်တယ် .. ပိုက်ဆံလည်း ရှိတယ်ဆိုရင် သိပ်တော့မလိုဘူး .. ဆိုပေမယ့် ဝယ်ပါတယ်
စသည်စသည်ဖြင့် စဉ်းစားကြည့်ပါ ..

ကိုယ်ဘယ်အချိန်မှာ ပစ္စည်းတစ်ခုကို ဝယ်လဲ .. ဘာကြောင့်ဝယ်လဲ …
ကိုယ်ရောင်းတဲ့ပစ္စည်းကို လူတွေ ဘာကြောင့် ခု ဝယ်ရမလဲ ..
အဲဒါကို မြင်အောင် ပြနိုင်ရင်
အစ်ကိုတို့ အစ်မတို့ ရောင်းရပါပြီ …

အဲဒါတွေ မစဉ်းစားဘဲ .. မပြင်ဆင်ဘဲ … အားအားနေ Boost ပဲလုပ် .. မရောင်းရတိုင်း boost ထပ်လုပ်နေရင်တော့ ဇူကာဘတ် ကို အလှူလုပ်နေတာနဲ့ အတူတူပါပဲဗျ …

Credit To OG Uploader ..

ဘယ်အချိန်မှာ ပရိုမိုးရှင်းလုပ်ကြမလဲ …==========================မနက်က Group တစ်ခုထဲမှာ တွေ့လိုက်တာပါ၊ လာမယ့်ဒီဇင်ဘာ ခရစ်စ...
18/12/2024

ဘယ်အချိန်မှာ ပရိုမိုးရှင်းလုပ်ကြမလဲ …
==========================
မနက်က Group တစ်ခုထဲမှာ တွေ့လိုက်တာပါ၊ လာမယ့်ဒီဇင်ဘာ ခရစ်စမတ်၊ နယူးရီးယား ဘာညာမှာ ပရိုးမိုးရှင်း ချသင့်လား၊ ဒါမှမဟုတ် လူတိုင်းလိုလို ပရိုမိုးရှင်းလုပ်နေတော့ မျှောထားသင့်လားဆို‌ပြီး မေးထားတာပါ၊ (မေးခွန်းက စာသားအတိအကျတော့မဟုတ်ပါ၊ သဘောတရားကတော့ အဲလိုပါ) ပရိုမိုးရှင်း လုပ်တယ်ဆိုတာ ဒစ်စကောင့်ပေးတာ၊ Buy One, Get One ပေးတာ စတဲ့ကိစ္စတွေ သက်သက်မဟုတ်ကြောင်းကိုတော့ ကျွန်တော် အရှည်ပြီး ပြန်မပြောတော့ပါဘူး (မားကက်တင်း ပီ ၄ လုံးရဲ့ အခြေခံသဘောတရားတွေကို မကြာခင်က ထွက်ထားတဲ့ ကျွန်တော်ရဲ့ “ဝယ်သူတွေကို ပျော်အောင်ရောင်းပါ” စာအုပ်မှာ ရေးပေးထားပါတယ်၊ မားကက်တင်းဆိုင်ရာတွေပဲ သီးသန့်စုထားတာပါ-ကြော်ငြာတစ်ဖြတ်) ဆိုတော့ လိုရင်းကို ပြန်ဆက်ရအောင်အောင်ပါ။
မည်သို့ဆိုစေ ခုဏက ဒစ်စကောင့် Buy One, Get One စတဲ့ပရိုမိုးရှင်းကိုပဲ ဥပမာထားပြီးပြောကြပါစို့၊ အဲလို ပရိုမိုးရှင်းကို ဘယ်အချိန်မှာ လုပ်မလဲ ဆိုတာကို စဉ်းစားတဲ့အခါ အခြေခံ ၂ ချက်နဲ့ စဉ်းစားလို့ရပါတယ်၊ သူများတွေ လုပ်နေတဲ့အချိန် သူများတွေနဲ့ အပြိုင်လုပ်မလား၊ ဒါမှမဟုတ် သူများတွေ လုပ်လုပ် မလုပ်လုပ် ကိုယ့်အစီအစဉ်နဲ့ ကိုယ်လုပ်မယ် ဆိုတာမျိုးပေါ့။
အဲဒီမှ ထပ်စဉ်းစားရမှာက ကိုယ့်လုပ်ငန်းရဲ့ စျေးကွက်နဲ့ ကိုယ့်ဝယ်သူတွေရဲ့ အထာပေါ့ ဥပမာ ကျွန်တော် AELC သင်တန်းမှာဆို တစ်နှစ်လုံး တစ်ခါမှ ဒစ်စကောင့်မပေးပါဘူး၊ ဒါပေမယ့် သင်တန်းနှစ်ပတ်လည် ဖြစ်တဲ့ (၁၀) လပိုင်းဆိုရင် တကြိမ်စီပေးလေ့ရှိပါတယ်။ အဲဒါတောင် ခုနောက်ပိုင်း မပေးဖြစ်တော့ဘူး။ ဆိုလိုတာက ကိုယ့်ရဲ့ ကုန်ပစ္စည်းက ဘယ်လိုအချိန်မှာ ရောင်းလို့ကောင်းတဲ့ ကုန်ပစ္စည်းလဲ (ဥပမာ အရက်ဘီယာ ဆိုရင် တစ်နှစ်လုံးကောင်းတယ်ဆိုပေမယ့်၊ နှစ်ကူး၊ သင်္ကြန်လိုအချိန်မျိုးက ပိုရောင်းကောင်းမှာ သေချာပါတယ်) ၊ ကိုယ့်ရဲ့ဝယ်သူတွေကရော ပိုက်ဆံစုထားပြီးတော့ ဒစ်စကောင့်ရာသီ (11:11 Sale, Xmas Sael, Year End Sale စသည်စသည်ဖြင့်) မှာ ဝယ်လေ့ရှိတဲ့သူမျိုးတွေလား ဒါမျိုးကို တစ်ချက်ကြည့်ရပါတယ်။ ကိုယ့်ဝယ်သူတွေက အဲလိုမျိုး ဝယ်တတ်တဲ့သူတွေဆိုရင် အဲဒီအချိန်မှာ လုပ်ဖို့ စဉ်းစားရမှာဖြစ်ပါတယ်။ အဲလိုအချိန်မှာ လက်လီသမားတင်မက အများသမားတွေကလည်း ဝယ်တတ်ကြပါတယ်၊ ဥပမာ ပြည်ပကနေ ပစ္စည်းဝယ်ရောင်းတဲ့ Online Shop တွေဆို အခုလိုအချိန်မှာ စျေးတန်တန်နဲ့ ဝယ်ထားပြီးတော့ ပြီးမှ ပြန်ထုတ်ရောင်းတာမျိုးတွေ တွေ့ဖူးကြမှာပါ။
ပြီးတော့ လူတိုင်းလိုလို ပရိုမိုးရှင်းလုပ်တဲ့အချိန်ဆိုတော့ လုပ်ငန်းတူ ကိုယ့်ရဲ့ပြိုင်တွေကရော ဘယ်လိုအစီအစဉ်တွေနဲ့ ဝယ်သူတွေကို ဆွဲဆောင်လောက်မလဲ ကိုယ်ကရော ဘယ်လိုပုံစံမျိုးနဲ့ လုပ်မလဲ၊ ဘတ်ဂျက်ကရော ဘယ်လောက် သုံးမှာလဲ၊ ဘတ်ဂျက်က မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့် အရာဆိုပေမယ့် အိုင်ဒီယာ ကောင်းရင် ဘတ်ဂျက်နည်းနည်းနဲ့လည်း ထိရောက်နိုင်ပါတယ်။ အားလုံး ပရိုမိုးရှင်းလုပ်နေတဲ့ အချိန်မှာ ကိုယ်က တိုးလို့ပေါက်ပါ့မလား ဒါတွေကို တွက်ချက်ဖို့လိုပါတယ်။
နောက်တစ်ခုက ပရိုမိုးရှင်းရဲ့ ရည်ရွယ်ချက်ပေါ့၊ ရောင်းအားကောင်းနေတဲ့အချိန်မှာ ပိုပြီးတော့ အရောင်းကို လုံးဝ ဆွဲတင်ချင်လို့ လုပ်မှာလား၊ ဒါမှ မဟုတ်အရောင်းအေးနေလို့ ရသလောက်ငွေပေါ်ချင်လို့ လုပ်မှာလား၊ ပြီးတော့ ဥပမာ အထည်ဆိုပါတော့ နောက်နှစ်မှာ ဒီဇိုင်းအသစ်တွေ ထုတ်တော့မှာမလို့ ဒီဇိုင်းအဟောင်းတွေကို လက်ကျန်ဖြတ်ချင်လို့ လုပ်မှာလား၊ ဥပမာ စားသောကုန်၊ အဖျော်ယမကာ၊ အလှကုန် စတာတွေကို Expire နဲ့ ၆လ၊ ၈ လ စသည်ဖြင့် နီးနေလို့ ပစ္စည်းဖြတ်ချင်လို့လား၊ ပစ္စည်းအသစ်မလို့ ပေါက်အောင် လုပ်ချင်လို့လား စသည် စသည်ဖြင့် ကိုယ့်ရဲ့ ရည်ရွယ်ချက်ကို ကြည့်ဖို့လိုပါတယ်။
လူတိုင်း ပရိုမိုးရှင်းလုပ်တဲ့အချိန်မှာ လုပ်မယ်ဆိုရင်
စျေးဝယ်သူတွေက ပရိုမိုးရှင်းရာသီမလို့ ဝယ်တတ်ကြတော့ ဝယ်လိုအားများနိုင်တဲ့အတွက် ရောင်းအားပိုရဖို့ အခွင့်အလမ်းရှိနိုင်ပါတယ်။ ထို့အတူ လူတိုင်းလိုလို ပရိုမိုးရှင်းလုပ်နေကြတဲ့အခါ ဝယ်သူက ပိုပိုပြီးတော့ တန်တာကို ရွေးဖို့ အခွင့်အလမ်းရှိတဲ့အတွက် ရောင်းသူတွေက ပြိုင်ဆိုင်မှု ပိုများနိုင်ပါတယ်။
လူတိုင်းမလုပ်တဲ့အချိန်မှာ လုပ်မယ်ဆိုရင်
ဝယ်သူတွေက အဆင်သင့်မဖြစ်တာမျိုးဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် နည်းနည်းတောကြိုပြီးတော့ စကားဦးသန်းထားလို့တော့ ရပါတယ်၊
ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ပရိုမိုးရှင်းလုပ်မယ်ဆိုရင်
🔸​ ကိုယ့်ရဲ့ ရည်ရွယ်ချက်
🔸​ ကုန်ပစ္စည်းရဲ့ အခြေအနေ
🔸​ စျေးကွက်အနေအထား
🔸​ ဝယ်သူတွေရဲ့ အမူအကျင့်
ဆိုတဲ့ အချက်တွေနဲ့ ချိန်ဆပြီး လုပ်သင့်ပါကြောင်း သိနားလည်သမျှလေး မျှဝေလိုက်ပါတယ်ဗျ
ကျေးဇူးအများကြီးတင်ပါတယ်

Credit To Og Uploader

တနေ့ တနေ့ ဘာပို့စ်တွေ တင်ရမလဲ …=======================ဟိုရက်က post မှာ Page ထောင်ပြီးတာနဲ့ တန်းမရောင်းပါနဲ့၊ အတိုင်းအတာတ...
18/12/2024

တနေ့ တနေ့ ဘာပို့စ်တွေ တင်ရမလဲ …
=======================
ဟိုရက်က post မှာ Page ထောင်ပြီးတာနဲ့ တန်းမရောင်းပါနဲ့၊ အတိုင်းအတာတစ်ခု အထိ ရင်းနှီးမှုရယူပြီးတော့ မှ ရောင်းပါလို့ ပြောတော့ “တနေ့ တနေ့ ဘာတွေ တင်ရမလဲလို့ ..” ကျွန်တော့်ကို မေးကောင်း မေးကြပါလိမ့်မယ်၊ အဲဒါလေး ပြောချင်တာပါ၊ ကျွန်တော်တို့ ဘောလုံး ကစားကွက်နဲ့ ပြောမယ်ဆိုရင်၊ ၄ ၃ ၃ ၊ သို့မဟုတ် ၊ ၄ ၄ ၂ နဲ့ တင်လို့ရပါတယ်။

ဆိုလိုတာက တစ်လမှာ ပို့စ် (၁၀) ပုဒ် တင်တယ်ဆိုရင်
🔸​ဝယ်သူတွေကို တန်ဖိုးတစ်ခုပေးနိုင်တဲ့၊ တနည်းအားဖြင့် ဝယ်သူတွေ အတွက်အကျိုးရှိစေမယ့်ပို့စ် က ၄ ခု
🔸​ကိုယ့်ရဲ့ လုပ်ငန်းအကြောင်း၊ ကုန်ပစ္စည်းအကြောင်း ရှင်းပြထားတဲ့ပို့စ် က ၃ ခု (သို့မဟုတ်) ၄ ခု
🔸​အရောင်းပို့စ် က ၃ ခု (သို့မဟုတ်) ၂ ခု
အဲဒီ ပုံစံနဲ့ တင်လို့ရပါတယ်။ အတိုချုပ်ပြောရရင် ဒီလောက်ပါပဲ၊ အချိန်ရရင် ဆက်ဖတ်လို့ရပါတယ်။

ဆိုတော့ ဝယ်သူတွေကို တန်ဖိုးတစ်ခုပေးနိုင်တဲ့ တနည်းအားဖြင့် ဝယ်သူတွေ အတွက် အကျိုးရှိစေမယ့် ပို့စ်တွေကို အပတ်စဉ်၊ လစဉ် ရေးနိုင်အောင် အိုင်ဒီယာတွေ ဘယ်လိုထွက်မလဲ ဆိုပြီးတော့ ထပ်ပြီး ကျွန်တော့်ကို စောဒဂ တက်ကောင်းတက်နိုင်ပါတယ်။

ဒီကိစ္စက ကျွန်တော် အရင်ရေးဖူးတဲ့ “ပိုရောင်းချင်ရင် ပြဿနာရှာပါ” ဆိုတဲ့ ပို့စ်နဲ့ သဘောတရားခြင်း ဆက်စပ်နေပါတယ်။ ဆိုလိုတာက ကျွန်တော်တို့ရဲ့ ဝယ်သူတွေက ဘာတွေ လိုအပ်နေလဲ၊ ဘာတွေလိုချင်နေလဲ၊ ဘာတွေ သိချင်နေလဲ .. ဒါတွေကို လိုက်ရှာပါ၊ အဲဒါတွေကို ပြန်ရေးပါ။

ဒါဆိုရင် ဝယ်သူတွေ ဘာလိုအပ်လဲ၊ ဘာလိုလိုချင်လဲ၊ ဘာတွေသိချင်လဲ ဆိုတာကို ဘယ်လို သိနိုင်မလဲ လို့ ထပ်မေးစရာရှိပါတယ်။ ဝယ်သူတွေရဲ့ မှတ်ချက်တွေ၊ မက်ဆေ့တွေ၊ မေးခွန်းတွေ ကလည်း သိနိုင်ပါတယ်၊ ပြီးတော့ သက်ဆိုင်ရာ ဆိုရှယ်မီဒီယာ ဂရုတွေကလည်း သိနိုင်ပါတယ်။

ဥပမာ ကျွန်တော် ခုရေးနေတဲ့ စာတစ်ချို့ဆိုရင် ဖေ့စ်ဘုတ်ဂရု တွေထဲမှာ မေးနေကြတဲ့ မေးခွန်းတွေ တွေ့ရင် ကိုယ့်ကို တိုက်ရိုက်မေးတာမဟုတ်ပေမယ့် ကိုယ်သိတဲ့ ကိစ္စဆိုရင် အဲဒီ မေးခွန်းနဲ့ပတ်သက်ပြီးတော့ ခုလိုမျိုးပဲ စာတွေ ရေးလိုက်တာပဲ။

အဲဒီမှာတော့ ဘယ်လိုလူကို ဦးတည်ရင် ဘယ်လိုမျိုးတွေ ရေးရမယ် ဆိုတဲ့ အပိုင်းတွေကတော့ နည်းနည်း ထပ်ကွာသွားမှာပေါ့။ တချို့က အဲလိုတွေ ရေးဖို့အတွက်က Content Writing သင်တန်းတွေ ဘာတွေ တက်သင့်လား ဘာညာ အဲလိုမျိုးမေးလေ့ရှိကြပါတယ်။ သေချာပေါက် တက်သင့်တာပေါ့ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ CEC မှာ Basic Content Writing သင်တန်းဖွင့်ထားလို့ပါ။ (နောက်တာပါ၊ သင်တန်းရှိတာကတော့ အတည်ပါ) တကယ်တော့ သင်တန်းတက်သည် ဖြစ်စေ၊ မတက်သည်ဖြစ်စေ လေ့ကျင့်ဖို့ လိုပါတယ်၊ လေ့ကျင့်မှပဲ ပိုကောင်းလာမှာ ဖြစ်ပါတယ်။ သင်တန်းတက်ပြီး မလေ့ကျင့်ရင်လည်း အကျိုးမထူးလှပါဘူး၊ သင်တန်းမတက်လည်း ကိုယ်တိုင် လက်လှမ်းမှီသလောက် လေ့လာပြီး ပုံမှန်လေ့ကျင့်သွားမယ်၊ လိုအပ်ချက်တွေကို ပိုကောင်းအောင် ပြုပြင်သွားမယ်ဆိုရင် အဆင်ပြေပါတယ်။

သင်တန်းတက်တာနဲ့ မတက်တာနဲ့ ဘာကွာလည်းဆိုရင် သင်တန်းတက်တာက တော့ ဒီအပိုင်းတွေ ဒီလိုရှိတယ်၊ ဒီလိုလေးတွေ ရေးရတယ် စသည်ဖြင့် လမ်းကြောင်းခေါ်မလား၊ လမ်းပြမြေပုံခေါ်မလား အဆင်သင့်ဖြစ်သွားမယ်၊ ကိုယ်တိုင်လေ့လာတာကတော့ ကိုယ်အဆင်ပြေသလို ရှာဖွေ သွားရမယ်။ ဒါပါပဲ မဖြစ်မနေ သင်တန်းတက်ဖို့ လိုတာမျိုးတော့ မဟုတ်ပါဘူး။

လမ်းကြုံလို့ထည့်ပြောရရင် ကျွန်တော် စာရေးသူတစ်ယောက်အနေနဲ့ စာအုပ် (၁၁) အုပ်ထွက်ထားတယ်၊ စာတွေ စရေးတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိလှဘူး၊ ဆရာကြီးလူထုစိန်ဝင်း ရဲ့ စာတစ်ပုဒ်မှာ “မင်းမှာစာဖတ်သူကို ပေးချင်တဲ့စေတနာသာရှိရင် ရေးပါ၊ အရေးအသားဆိုတာ ရေးရင်းနဲ့ ပြုပြင်သွားလိမ့်မယ်၊ အဲလိုမဟုတ်ဘဲ စာမူခလိုချင်ရုံသက်သက်နဲ့တော့ မရေးနဲ့ (စာသားအတိအကျမဟုတ်ပါ၊ ဆိုလိုရင်းကို သာ မှတ်မိသလို ပြန်ရေးပြတာဖြစ်ပါတယ်)” ဆိုတာကို ဖတ်လိုက်ရတဲ့အချိန်မှာ ကျွန်တော်ပြောချင်တာတွေ ရှိတဲ့အခါ ရဲရဲ ရေးဖြစ်သွားတယ်။

အခုတော်တော်များများ ဖြစ်နကြတာက Page ထောင်မယ်၊ အရောင်းပို့စ်တင်မယ်၊ အဲဒါကို Boost မယ် အဲအတိုင်းသွားနေကြတာ။ ဆိုတော့ ကွန်းတင့်တွေ တင်ပါ ဘာညာပြောပြန်တော့လည်း ရောင်းမယ့် post လောက် ဒါမှမဟုတ် စိတ်ကူးပေါက်သလောက် နည်းနည်းပါးပါး Freelance တွေ ဘာတွေ တခါတစ်လေအပ်ကြည့် အဲလိုတွေ ဖြစ်နေကြတာ၊ တကယ်က ကျွန်တော်တို့ နေ့စဉ် ထမင်းစားနေသလိုပဲ ဒီ Page နဲ့ အလုပ်လုပ်နေသရွေ့ အမြဲမပြတ် ဝယ်သူတွေအတွက် ကွန်းတင့်တွေ ဖန်တီးပေးနေရမှာ ဖြစ်ပါတယ်။

အနှစ်ပြန်ချုပ်ရရင် အရောင်းပို့စ်တွေပဲ စွတ်မတင်ပါနဲ့၊ အပေါ်မှာ ပြေခဲ့တဲ့ ၄ ၃ ၃ ၊ သို့ဟုတ် ၊ ၄ ၄ ၂ ပုံစံနဲ့ ကွန်းတင့်တွေ ဖန်တီးကြည့်ပါ၊ ဒီက နမူနာပြောတာပါ အမြဲတမ်း ဒီပုံစံအတိုင်း တင်ရမယ်လို့ မဆိုလိုပါ၊ အတွေ့အကြုံကတဆင့် လေ့လာပြီး ပိုကောင်းတဲ့ ကိုယ့် Page နဲ့ ပိုကိုက်ညီမယ့် ပုံစံတွေ ကို အသုံးပြုပါလို့ တိုက်တွန်းလိုက်ရပါတယ်။

ကျေးဇူးအများကြီးတင်ပါတယ်

Credit To Original Uploader

သင်က အစပျိုးသူဖြစ်ပါစေ သင့်နောက်မှာ လိုက်မဲ့သူတွေ အများကြီးပါ Brand တို့ Image တို့ ဂုဏ်သတင်းကျော်စောရတဲ့ ဖြစ်တည်မှု့က အ...
18/12/2024

သင်က အစပျိုးသူဖြစ်ပါစေ သင့်နောက်မှာ လိုက်မဲ့သူတွေ အများကြီးပါ

Brand တို့ Image တို့ ဂုဏ်သတင်းကျော်စောရတဲ့ ဖြစ်တည်မှု့က အစပျိုးကောင်းလို့ပါ

လူတွေက လိုချင်တဲ့ အရာတစ်ခုဟာအနေအထားတစ်ခု ကောင်းတာလေးနဲ့ လိုချင်ကြတာပါ

လမ်းကြားထဲက အရမ်းရောင်းရတဲ့မုန့်ဟင်းခါးဆိုင်လေးဟာလဲ brand ဖြစ်သလို မောင်းနေတဲ့ ကားတွေကလဲ သူ့ Brand နဲ့သူပါဘဲ

နယ်ပယ်တစ်ခုမှာ အထိုက်အလျှောက် အောင်မြင်ချင်ရင် Customer တွေရဲ့ မြင်တဲ့ အမြင် အထိအတွေ့ ဆက်ဆံရေး အပြင်အဆင်ကအစ အရေးကြီးပါတယ်

ကိုယ့်ရဲ့ ထုတ်ကုန်တွေ Idea တွေ လိုချင်သူများလေ ပိုအောင်မြင်လေပါဘဲ

လူတစ်ယောက်က ဘောပင်လိုချင်တယ်
အဲ့ဒီလူက လမ်းဘေးဆိုင်ကနေလဲ
ဝယ်နိုင်သလို
supermarket ထဲထိ သွားဝယ်နိုင်သလို
ဒါပေမဲ့ သူရဲ့ အထက်လူကြီးက ဆုချမှရတဲ့ ဘောပင်လဲ ဖြစ်နိုင်တယ်

ဖြစ်တည်မှု့ ဆိုတာ သူ့ ဟန်ပန် သူ့တန်ဖိုးနဲ့သူသွားတာပါ

ကိုယ်က တန်ဖိုးကြီးနေရင် ကိုယ့်ရဲ့ Idea တွေကအစ ကိုယ့်ရဲ့ အချိန်တွေကအစ ငွေဖြစ်လွယ် တန်ဖိုးရှိပြီး သူများတွေက အားကျရတဲ့ လူတစ်ယောက်ဖြစ်လိမ့်မယ်

💎 ကောင်းသောဖြစ်တည်မှု့က တန်ဖိုးကြီးလေ ကျော်ဇောလေဘဲ

Credit

Content Marketing လုပ်တယ်ဆိုတာအခု​ချက်ချင်း ​Content တွေ ကောက်တင်၊ အခုချက်ချင်းရောင်းရသွားတာမျိုးမဟုတ်ဘူး.. စိတ်ဝင်စားစရ...
18/12/2024

Content Marketing လုပ်တယ်ဆိုတာ
အခု​ချက်ချင်း ​Content တွေ ကောက်တင်၊
အခုချက်ချင်းရောင်းရသွားတာမျိုးမဟုတ်ဘူး..

စိတ်ဝင်စားစရာကောင်းတဲ့ Content တွေ
နေ့စဥ်မပြတ် ပုံမှန်လေးတင်မယ်..

ကိုယ့်ကိုအမြဲစောင့်ကြည့်တဲ့ Follower​လေးတွေ
ရှိလာပြီဆိုတော့မှ မသိမသာစျေးရောင်းတာမျိုးပါ

Boost လုပ်သလို ဒီနေ့ Boost ထိုး၊
မနက်ဖြန်ချက်ချင်းရောင်းရတာမျိုးမဟုတ်ပါဘူး

ယုံကြည်မှုတည်ဆောက်ပြီးမှ ရောင်းရတာမလို့
အချိန်​တော်တော်ပေးရပါတယ်..

Content ပုံမှန်တင်လို့ အချိန်တစ်ခုရောက်သွားရင်
Customer ရဲ့ယုံကြည်မှုကို ရပြီးသားဖြစ်တာမို့
သိပ်ကြော်ငြာစရာမလိုပဲ အလိုလိုရောင်းရပါတယ်

ဥပမာ -​ ကျန်းမာရေးအကြောင်းနေ့စဥ်တင်ပေးတဲ့
Fitness ဆရာက Fitness စာအုပ်ထုတ်ရောင်းရင်
ဝယ်မဲ့သူအနည်းနဲ့အများ Auto ရှိမှာပါ..

=====

Content Marketing နဲ့စျေးရောင်းတဲ့သူတွေ
မြန်မာနိုင်ငံမှာလဲရှိပါတယ်..

Pika Sharing တို့ဆို Personal Development နဲ့
ပတ်သက်တဲ့ Content တွေ အမြဲတင်နေရင်း
လူငယ်တွေအတွက်သင်တန်းတစ်ခုဖွင့်သွားတယ်

အရုပ်ကလေးတွေနဲ့ဆော့ပြတဲ့ Content တင်ရင်း
အရုပ်ရောင်းနေတဲ့ Baby PaPa Store လိုမျိုး
Content Marketing​ လုပ်​တဲ့သူတွေလဲရှိတယ်

ဒါတွေက မြင်သာတဲ့ဥပမာတွေပေါ့.. 💁🏻‍♂️

=====

ကျွန်တော်ဒီတစ်ခုအမြဲပြောလေ့ရှိပါတယ်

Boost တယ်ဆိုတာ​ စျေးထဲသွားပြီး
ပိုက်ဆံပေး၊ သရက်သီးဝယ်စားတာနဲ့တူပြီး

Content Marketing လုပ်တာ​က
သရက်ပင်စိုက်တာနဲ့တူပါတယ်..

ကြော်ငြာစရိတ် ပိုက်ဆံရှိနေသရွေ့တော့
သရက်သီးဝယ်စားလို့ရနေမှာဖြစ်ပေမဲ့

သရက်ပင်စိုက်ထားတဲ့သူကတော့ အချိန်တန်ရင်
ရေလောင်းပေါင်းသင်ရုံနဲ့ သရက်သီးစားရမှာပါ

=====

Boost တွေက စျေးပိုကြီးလာတဲ့ခေတ်မှာ
Boost တစ်ခုတည်းအားကိုးပြီးစျေးမရောင်းပါနဲ့

Content Marketing ကိုလေ့လာကြည့်ပါ
Content ဘယ်လိုဖန်တီးရမလဲလေ့လာကြည့်ပါ

Boosting နဲ့ Content Marketing​ တွဲရင်တော့
သရက်ပင်ကြီးထွားဖို့ ပိုမြန်တာပေါ့😁

=====

Admin တို့တွေ ရောင်းအားတိုးပွားကြပါစေ💖

Credit To TMN

ရောင်းအားကောင်းဖို့ Marketing လုပ်တာအပြင်Sales (အရောင်းပိုင်း) ကိုလဲ မေ့ထားလို့မရဘူးMarketing ဘယ်လောက်ကောင်းကောင်းSales ...
18/12/2024

ရောင်းအားကောင်းဖို့ Marketing လုပ်တာအပြင်
Sales (အရောင်းပိုင်း) ကိုလဲ မေ့ထားလို့မရဘူး

Marketing ဘယ်လောက်ကောင်းကောင်း
Sales Skill ညံ့နေရင် ရောင်းအားတက်မလာနိုင်ပါ

Marketing က စုံစမ်းမေးမြန်းမှုတွေရလာအောင်
တာဝန်ယူရပြီး ဒီစုံစမ်းမေးမြန်းမှုတွေကို
အရောင်းအဖြစ်ပြောင်းလဲရမှာ Salesရဲ့တာဝန်ပါ

=====

Sales Close (အရောင်းပိတ်တယ်)​ဆိုတဲ့​
အသုံးအနှုန်းကို Admin တို့​ ကြားဖူးပါသလား?

အရောင်းပိတ်တယ်ဆိုတာ Page Messenger ကို
ယောင်တောင်တောင််နဲ့ ရောက်လာတဲ့
Customer​ တွေကို ငွေလွှဲပြီးတဲ့အထိ
တစ်ဆင့်ချင်းဆွဲခေါ်သွားတာကို ဆိုလိုပါတယ်..

=====

Page တစ်ခုကို Hi လိုက်ပေမဲ့
စာဖြေတဲ့ Admin က သေချာပြန်မပြောလို့
မဝယ်ဖြစ်လိုက်တဲ့အခါမျိုး ကြုံဖူးသလား?

ဒါဟာ Sales Close တဲ့ Skill ညံ့ဖျင်းနေလို့ပါ

=====

အရောင်းပိတ်တဲ့အထိ ဆွဲခေါ်နိုင်ဖို့ဆိုရင်
Sales Script တစ်ခုလိုအပ်ပါတယ်..

Sales Script ဆိုတာ
ဘာပြောပြီးရင် ဘာထပ်ပြောမယ်ဆိုပြီး
ချရေးထားတဲ့ ဇာတ်ညွှန်းတစ်ခုပါပဲ...​

=====

သင်ဖုန်းဆိုင်တစ်ဆိုင်ထဲကို ဝင်သွားတယ်ဆိုပါစို့

ဆိုင်ဝန်ထမ်းက အနားလာပြီး
"အကို ဘာလေးလိုအပ်သလဲရှင့်" လို့အရင်မေးမယ်

ဖုန်းဝယ်ဖို့ပါ လို့ ပြန်ဖြေရင်
"ဘယ်ဖုန်းအမျိုးအစားထဲက သုံးချင်လဲ" မေးမယ်

စဥ်းစားထားတဲ့ဖုန်းအမျိုးအစားမရှိရင်
"ဖုန်းကို ဘာအတွက်အဓိကသုံးချင်လဲ" မေးမယ်

Game ဆော့ဖို့ ဘာညာပြန်ဖြေရင်
Gaming Series တွေဘက်ကိုခေါ်သွားမယ်

Budget နည်းနည်းပဲ သုံးမှာပြန်ဖြေရင်
စျေးသက်သာတဲ့ဘက်ကိုခေါ်သွားမယ်

နောက်ဆုံး ဝယ်သူသိချင်တဲ့အချက်တွေဖြေပြီးရင်
ငွေရှင်းဖို့ကောင်တာဆီ ခေါ်သွားမယ်..

ငွေရှင်းပြီးသွားတော့မှ Sales Close ဖြစ်မယ်

ဒါဟာ Sales Script အတိုင်း စီစဥ်ထားတာဖြစ်ပြီး
သင်ဖုန်းဆိုင်ထဲကို ဝင်မလာခင်ကတည်းက
ငွေရှင်းတဲ့အထိ ကြိုတင်စီစဥ်ထားတာဖြစ်ပါတယ်

=====

အရောင်းပိတ်တဲ့အထိ ခေါ်သွားတဲ့
Sales Script တစ်ခုကို လေ့လာကြည့်မယ်ဆိုရင်
အများစုက မေးခွန်းတွေပဲမေးသွားတာ ဖြစ်တယ်

"ဘယ်ဖုန်းအမျိုးအစားထဲကလိုချင်တာလဲ?"​

"ဖုန်းကို ဘာအတွက်အဓိကသုံးမှာလဲ?"​

"Budget ဘယ်လောက်သုံးဖို့စိတ်ကူးထားလဲ?"

"Xiaomi ထဲက ဒီဖုန်းလေးဆိုအဆင်ပြေမလား?"​

"ဖုန်းလေးက ဘာကောင်းတယ်၊ ညာကောင်းတယ်၊
အာမခံ 1 နှစ်ပါမယ်၊ လက်ဆောင်ဘာပေးတယ်၊
အခုဝယ်ရင် Promotion ရှိလို့ လျှော့စျေးရမယ်"​

"အကိုသိချင်တာရှိသေးရင် မေးလို့ရပါတယ်နော်"​

"ငွေရှင်းဖို့အဆင်သင့်ဖြစ်ပြီလားရှင့်?
ဒါဆိုငွေရှင်းကောင်တာကို လိုက်ခဲ့ပေးပါနော်"​

ဒီဥပမာကိုကြည့်မယ်ဆိုရင်
1.​ ဝယ်သူဘာလိုချင်လဲသိအောင်လုပ်တယ်
2. ဝယ်သူသိချင်လောက်မဲ့အရာတွေပြောပြတယ်
3.​ ငွေရှင်းဖို့ Step by Step ပြောပေးတယ်

ဒီ 3 ချက်နဲ့ တည်ဆောက်ထားတာတွေ့ရမှာပါ

ဒီအဆင့် 3 ဆင့်လုံးမှာ မေးခွန်းလေးတွေနဲ့ပဲ
တစ်ဆင့်ပြီးတစ်ဆင့် ဆွဲခေါ်တာတွေ့ရပါလိမ့်မယ်

ဒါဟာအလွယ်ဆုံး Sales Script ဖန်တီးနည်း​ပါပဲ

=====

Marketing ကောင်းပေမဲ့ Sales မကောင်းရင်လဲ
ရောင်းအားမတက်တာမျိုး ဖြစ်နိုင်ပါတယ်..

စုံစမ်းမေးမြန်းမှုတိုင်းကို အရောင်းအဖြစ်သို့
များများ​ပြောင်းလဲနိုင်ဖို့ Sales အပိုင်းလေ့လာပါ

ဝင်သမျှ Message တိုင်း ရောင်းထွက်ကြပါစေ🤗💖

=====

ဒီပိုစ့်လေးက သင့်အတွက်အကျိုးရှိစေခဲ့ရင်
ကျွန်တော်တစ်ခုလောက်ပြန်တောင်းဆိုပါရစေ

သင့်အကောင့်ထဲက မိတ်ဆွေတွေလဲ အကျိုးရှိသွားအောင်၊ သင်လဲ နောင်တချိန်ပြန်ဖတ်လို့ရအောင်၊
Share လေးလုပ်သွားဖို့ တောင်းဆိုချင်ပါတယ်ဗျ💖

မင်္ဂလာရှိသောနေ့လေးပိုင်ဆိုင်ပါစေခင်ဗျာ 💖🤗

Credit to TMN

မေး > မရောင်းပဲလာဝယ်အောင် ဘာလုပ်ရမလဲ? ဖြေ > Brand တည်ဆောက်ပါ.. ====မေး > Brand ဘယ်လိုတည်ဆောက်ရမလဲ? ဖြေ > Brand တည်ဆောက်ဖ...
18/12/2024

မေး > မရောင်းပဲလာဝယ်အောင် ဘာလုပ်ရမလဲ?

ဖြေ > Brand တည်ဆောက်ပါ..

====

မေး > Brand ဘယ်လိုတည်ဆောက်ရမလဲ?

ဖြေ > Brand တည်ဆောက်ဖို့အတွက် Branding ကို ဒီလိုမျိုးလေး အဓိပ္ပာယ်အရင်ဖွင့်ကြည့်ပါ..

Branding ​ဆိုတာ "လူတွေချစ်လာအောင်လုပ်တာ"​

Personal Branding ဆိုရင်
လူတွေ ကိုယ့်ကိုချစ်ခင်လာအောင်လုပ်တာ

Business Branding ဆိုရင်
လူတွေ ကိုယ့်လုပ်ငန်းကိုချစ်လာအောင်လုပ်တာ

IPhone က မကောင်းဘူးပြောတာတောင်
Apple ရဲ့ Branding တွေကြောင့် လူတွေက
IPhone​ မှ IPhone ​ဖြစ်နေကြသလိုပေါ့..

Brand တစ်ခုဖြစ်လာဖို့အတွက်
လူတွေ ကိုယ့်ကိုချစ်လာအောင်လုပ်ပါ

====

မေး > လူတွေချစ်လာအောင် ဘာလုပ်ရမလဲ?

ဖြေ > လူအများကြီးနဲ့ လုပ်ငန်းလုပ်နေတာဆိုရင်
Brand Guideline အရင်လိုအပ်တယ်..

ဝန်ထမ်းသိပ်မရှိရင်တော့ Guideline ရယ်လို့
မရှိသေးလဲရတာမလို့ ဒါကိုကျော်ပြောလိုက်မယ်

လူတွေကိုယ့်ကိုချစ်လာအောင်လုပ်ဖို့
အချက် 2 ချက်လိုအပ်ပါတယ်..

1. Care (ဂရုစိုက်ပါ၊ကူညီပါ)
2. Consistency & Frequency(ခဏခဏမြင်ပါစေ)​

====

မေး > ဘာတွေလဲ? နားမလည်ဘူး.. ရှင်းပြဦး

ဖြေ > လူတွေက ကူညီတဲ့သူကိုသဘောကျပါတယ်

Branding ဆိုပြီးလုပ်နေတဲ့လုပ်ငန်းတွေကလဲ
လူတွေကို ပြန်ကူညီနေကြတဲ့သူတွေများတယ်..

Apple ဆိုရင် တီထွင်ဆန်းသစ်ခြင်း နဲ့ လူတွေကို ကူညီတယ်၊ Privacy​ ကိုစောင့်ရှောက်ခြင်းဖြင့် ကူညီနေတယ်ဆိုတာကို ကြော်ငြာတွေကနေတဆင့်ပြတယ်

Xiaomi ဆိုရင်လဲ အမိုက်စား Technology တွေသုံးနိုင်ဖို့ ငွေအများကြီးသုံးစရာမလိုဘူးဆိုတဲ့နည်းနဲ့ လူတွေကို ကူညီနေတယ်..

ကိုယ်က သူတို့လိုမကူညီနိုင်ဘူးဆိုလဲ
ကူညီနိုင်တဲ့တခြားနည်းတွေရှိပါသေးတယ်

ကိုယ်တင်တဲ့ Content တွေက တခြားသူတွေဖို့
အထောက်အကူဖြစ်သွားရင်လဲ ကူညီတာပဲ..

ကိုယ်ကျင်းပပေးတဲ့ ပွဲ၊ Seminar၊ Webinar က
တခြားသူတွေဖို့အကျိုးရှိရင်လဲ ကူညီတာပဲ..

Customer ကို ကိုယ်ပေးလိုက်တဲ့အကြံက
အလုပ်ဖြစ်သွားရင်လဲ ဒါကူညီတာပဲ..

ဒုက္ခရောက်နေတဲ့ Post ရဲ့​အောက်မှာ​
Comment မန့်ပေးလိုက်တာကလဲ ကူညီတာပဲ..

ဒါကို CSR လို့လဲခေါ်ကြတယ်..
(ထပ်သိချင်ရင် Google မှာရှာပြီး လေ့လာပါ)

ကျွန်တော်ကတော့ အလွယ်ကောက်
Care (ဂရုစိုက်ပါ၊ကူညီပါ) လို့ မှတ်ထားတယ်.. 😁

လူတွေက ကူညီတတ်တဲ့သူကို ချစ်ကြတယ်မလား

====

မေး > သူများကိုကူညီရမယ်.. ဟုတ်ပြီ...​ ဒုတိယ Consistency​ & Frequencyကကောဘာကြီးတုန်း?

ဖြေ > "မြင်ပါများရင် ချစ်ကျွမ်းဝင်" တဲ့

ငယ်ငယ်တုန်းက အတန်းထဲမှာ ကျောင်းစတက်တဲ့နေ့ကဆို လူတိုင်းက ရုပ်ဆိုးတယ်လို့ထင်ရတယ်

ဒါပေမဲ့မြင်ပါများလာတော့၊ အဲ့လောက်ကြီးလဲ ရုပ်မဆိုးကြပါဘူးလေလို့ အမြင်ပြောင်းလာတယ်...

Customer တွေ ကိုယ့် Brandကိုချစ်လာဖို့
ခဏခဏမြင်နေဖို့လိုပါတယ်..

ခဏခဏမြင်အောင်လုပ်တဲ့နေရာမှာ
နည်းလမ်း 2 မျိုးရှိပါတယ်..

1. Frequency အကြိမ်နှုန်း နဲ့
2. Consistency တောက်လျှောက်အမြဲမြင်ဖို့ပါ

ဥပမာ Biogesic ဆိုပါစို့..

TV မှာလဲ Biogesic ခဏခဏတွေ့တယ်၊
ဆေးဆိုင်သွားရင်လဲ Biogesic တွေ့တယ်၊
တခါတလေဆိုင်းဘုတ်မှာလဲ တွေ့ရတယ်..

မြင်ပါများလာတော့ သိစိတ်နဲ့ချစ်နေတာမဟုတ်သည့်တိုင်၊ မသိစိတ်ကနေတော့ ယုံကြည်လာပါတယ်

ဒီလိုခဏခဏအကြိမ်နှုန်းများများမြင်ဖို့အပြင်
တောက်လျှောက်မြင်နေဖို့လဲလိုအပ်ပါတယ်

အရင်တုန်းက ခဏခဏ​ကြော်ငြာတက်ပေမဲ့ အခုမတွေ့တာကြာလို့ မသုံးဖြစ်တဲ့ Brand တွေရှိမလား?

အရမ်းချစ်တဲ့သူငယ်ချင်းတွေတောင် မတွေ့တာကြာရင် စိမ်းကားသလိုလို ဖြစ်လာတတ်ကြပါတယ်

ဒါ့ကြောင့်ကိုယ့် Brand ကို Customer က
နေ့တိုင်း/အပတ်တိုင်း ထိတွေ့နေဖို့လိုပါတယ်

အနေဝေးရင် သွေးအေးနိုင်တာမလို့ပါ..

====

မေး > ဒီ 2 ချက်ရရင် မရောင်းပဲလာဝယ်ပြီလား?​

ဖြေ > Brand ဆိုတာ အချိန်တိုနဲ့မရဘူး..

CocaCola ဆို ဆယ်စုနှစ်တစ်ခုကြာ Brand တည်ဆောက်ခဲ့တယ်.. Biogesic တို့ MAMA တို့ဆို နှစ်ပေါင်းများစွာ ကြော်ငြာတွေလုပ်ခဲ့ကြတယ်

ကိုယ့် Brand ကလဲ တစ်လ နှစ်လလောက် ကြော်ငြာရုံနဲ့တော့ လူတွေချစ်လာမှာမဟုတ်ပါ..

မြင်မြင်ချင်း ချစ်တယ်ဆိုတာ
ကိုရီးယားကားထဲမှာပဲ ရှိတာမဟုတ်လား😁

စိတ်ရှည်ရှည်နဲ့ ပုံမှန်လေး Brand တည်ဆောက်သွားရင် လိုက်မရောင်းရင်တောင် လာဝယ်ကြမယ်ဆိုတာ ကျွန်တော်အာမခံပါတယ် ✨🤗

ဒီ 2 ချက်ကိုသာ တောက်လျှောက်အမြဲလုပ်နေပါ

1. Care (ဂရုစိုက်ပါ၊ ကူညီပါ)
2. Consistency&Frequency(ခဏခဏမြင်ပါစေ)​

====

မေး > ဟုတ်ပြီဗျာ.. လူတွေချစ်လာအောင်လုပ်ဖို့ ကြိုးစားလိုက်ဦးမယ်ဗျို့.. ကျေးဇူး​ကိုသန့်

ဖြေ > အိုကေပါဗျာ 😀

CREDIT TO OG TMN

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ThinkTank Digital Marketing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share