H O L T - B u r m a

H O L T - B u r m a Life , death , love , field of flowers, cats , music , books and earth.

19/08/2026

အမျိုးသားဝတ် ရှပ်အင်္ကျီလေးတွေကို ကြိုက်ကြတယ်ဆိုလို့ ကြည်နူးရပါတယ်။

ချုပ်ပေးတဲ့ အဘဆီ ပြန်စာလေးတွေကို ဖတ်ပြဖြစ်တဲ့အခါတိုင်း မျက်ဝန်းထောင့်နားက အရေးကြောင်းလေးတွေ ပိုကွေးသွားအောင် သဘောတကျရှိနေခဲ့လို့လည်း အားပေးကြတဲ့ အစ်ကို အစ်မတွေ အားလုံးကို ကျေးဇူးသိပ်တင်ရပါတယ်။

တစုံတရာကြောင့် ဝမ်းနည်းနာကျင်ရသည့်အခါ သို့မဟုတ် တစုံတဦးကို လွမ်းဆွတ်သည့်အခါ စကားလုံးများထက် အကောင်းဆုံးသော ကြားခံနယ်မှာ ကျွန်မအတွက် ချစ်ခြင်းမေတ္တာများပင် ဖြစ်လို့ပါပဲ။ 💛

ဒီရက်ပိုင်းတွေကတော့ မအားမလပ်ဖြစ်နေလို့ eco print အသစ်ဖန်တီးတာတွေ ခေတ္တနားထားပြီး အထည်လေးတွေကို နေရာအနှံ့ ပို့ပေးတဲ့အလုပ်...
18/08/2026

ဒီရက်ပိုင်းတွေကတော့ မအားမလပ်ဖြစ်နေလို့ eco print အသစ်ဖန်တီးတာတွေ ခေတ္တနားထားပြီး အထည်လေးတွေကို နေရာအနှံ့ ပို့ပေးတဲ့အလုပ်ပဲ ဆက်တိုက်လုပ်ပါတယ်။

တချို့က ကျွန်မချစ်တဲ့ ပုဂံအညာအရပ်ဒေသတချို့ဆီ၊ တချို့ကျ ရေခြားမြေခြားအရပ်ဆီ။

ပုံပြောတယ်ဆိုတာ စွဲလမ်းစရာ ဇာတ်လမ်းများကို ပြောပြခြင်းကို ခေါ်ဆိုတယ်လို့ အဓိပ္ပာယ် နောက်တစ်မျိုးလည်း ဖွင့်ကြတယ်မလား။

ကျွန်မအတွက် ပုံပြင်လေးများဟာတော့ ချစ်ရတဲ့ ချည်လေးများအပေါ်မှာပဲ ရှိပါတယ်။ တချို့ အထည်လေးများထဲ မလုံခြုံလို့ တိုးဝင်ခဲ့ရင်တောင် ပန်းရုံလေးထဲ ဖြစ်ပါစေဆိုတဲ့ အတွေးလေးများ လိပ်ပြာလေးတွေ ပျံဝဲထားတယ်။

နှလုံးသားမှာ ရိုက်ခတ်လာတိုင်း လင်းခနဲအတွေးကို အကြိမ်တိုင်းပေးတတ်တဲ့ ပုံပြင်ဆရာကြီး Hans Andersen လို ပုံပြင်တွေက မကြီးကျယ်ပေမယ့်လည်း သဘာဝဆန်တဲ့ ပုံပြင်လေးများအနေနဲ့တော့ သိပ်ကိုရည်ရွယ်ပါတယ်။

တချို့ ပုံပြင်လေးတွေက အနုမစိတ်ထားသော်လည်း ရင်ဘတ်နဲ့ ဖတ်မိသူများ ကျေနပ်မှုလျော့လိမ့်မှာ မဟုတ်ဘူးလို့လည်း ကျွန်မက မျှော်လင့်ထားလျက်… 💛



မှတ်မှတ်ရရတော့ ဦးငှက်ရဲ့ ၂၁ နှစ်ပြည့်အောက်မေ့ဖွယ်မှာ ပိတ်စလေးဖန်တီးခဲ့ဖူးတယ်။ ဒီပိတ်စလေးကိုပဲ အင်္ကျီချုပ်ပြီး အကြိမ်မျာ...
14/08/2026

မှတ်မှတ်ရရတော့ ဦးငှက်ရဲ့ ၂၁ နှစ်ပြည့်အောက်မေ့ဖွယ်မှာ ပိတ်စလေးဖန်တီးခဲ့ဖူးတယ်။ ဒီပိတ်စလေးကိုပဲ အင်္ကျီချုပ်ပြီး အကြိမ်များစွာ ဝတ်ခဲ့ဖူးတယ်။ အခုချိန်ထိ ကျွန်မ မြတ်နိုးစွာ ဝတ်နေဆဲ။

သစ်ရွက်လေးတွေနဲ့ ကိုယ်ချစ်တဲ့ သူတွေရဲ့ ပုံလေးတွေကို ဖန်တီးဖြစ်ပေမယ့် product အနေနဲ့တော့ မထုတ်ဖြစ်။ ဘာကြောင့်လဲဆိုတဲ့ အမေးရဲ့ အဖြေဟာလည်း တိတိကျကျမရှိသေး။

ချစ်ခြင်းမေတ္တာကို တန်ဖိုးထားရတဲ့ ကျွန်မအတွက်တော့ ဦးငှက်က idol ပါပဲ။ ဆိုတော့ တီးရင်း ဆိုရင်း နားဆင်ရင်း ချစ်ခြင်း မေတ္တာအကြောင်း ငြိမ်းချမ်းစွာ သင်ကြားနိုင်ပါစေ…💛
( ကွယ်လွန်ခြင်း ၂၂နှစ်ပြည့် )


ဘဝကို ညှစ်ထုတ်လိုက်လို့ ရလာတဲ့ သကာရည် ဆိုတာ တစ်ဦးအပေါ် တစ်ဦးထားတဲ့ ချစ်မေတ္တာပါပဲ။ - မြကျေး
11/08/2026

ဘဝကို ညှစ်ထုတ်လိုက်လို့ ရလာတဲ့ သကာရည် ဆိုတာ
တစ်ဦးအပေါ် တစ်ဦးထားတဲ့ ချစ်မေတ္တာပါပဲ။

- မြကျေး



ရောင်စုံ ကာလာ T-shirt ဝတ်ထားတဲ့ အမျိုးသားတွေကြား သဘာဝထည်လေးနဲ့ လူတစ်ဦးကို ရှာကြရအောင်။ ရှာဖို့တော့ နည်းနည်းခက်မယ်။ ဘာဖြစ...
09/08/2026

ရောင်စုံ ကာလာ T-shirt ဝတ်ထားတဲ့ အမျိုးသားတွေကြား သဘာဝထည်လေးနဲ့ လူတစ်ဦးကို ရှာကြရအောင်။ ရှာဖို့တော့ နည်းနည်းခက်မယ်။ ဘာဖြစ်လို့လဲဆို ရှားလို့လေ။ 💛

ခေတ်အလိုက် မရိုးနိုင်တဲ့ Fashion ပြခန်းတွေထဲက သဘာဝအဆန်ဆုံး အဓိကဇာတ်လိုက်ဟာ ကျွန်မအတွက်တော့ eco print ဝတ်ထားတဲ့ အမျိုးသားတစ်ဦးပါပဲ။ ✨

စတစ်ကော်လံလေးတွေ ချုပ်ပေးထားတယ်။ ဘာဖြစ်လို့လဲဆို ပုဆိုးနဲ့တွဲဝတ်ရင် မြန်မာဆန်ဆန် ခန့်ပြီး ဘောင်းဘီနဲ့ တွဲဝတ်ရင်တော့ modern smart casual ပုံစံလေးဖြစ်စေတာမလို့။

ဘယ်တော့မှ မရိုးသွားမယ့် အမရပူရချည်သားအဖြူလေးပေါ် အရွက်လေးတွေ ပုံနှိပ်ထားတယ်။ တချို့အထည်လေးတွေမှာ နှင်းဆီရွက်ကလေးတွေတောင်ပါရဲ့။

Eco print ရဲ့ မူလေးအတိုင်း ဝတ်တဲ့အခါ သက်တောင့်သက်သာဖြစ်တယ်။ လူအများကြား ကွဲထွက်နေတဲ့ Style လည်း ဖြစ်စေတာမလို့ မြတ်လေး အစ်ကိုတွေ သူငယ်ချင်းတွေကတော့ ထပ်တလဲလဲ မှာဝတ်နေကြတာပါပဲ။ 😁




08/08/2026

တကယ်တော့ သီတင်းကျွတ်မှာ အဖေနဲ့ အစ်ကိုကို ကန်တော့ဖို့ဆိုပြီး လုပ်လိုက်တာပါ။ ဒါပေမယ့် အမျိုးသားဝတ်လေးတွေ လာလာမေးလာကြလို့ တခါတည်း ဖန်တီးပေးလိုက်ပါတယ် မတို့။ 💛


Eco print ပိတ်စကို အမျိုးသားတွေအတွက် ဖန်တီးမယ်ဆို ကျွန်မအတွက် သိပ်စဉ်းစားရတယ်။ ပုံမှန်ဆို အပွင့်အခက်ပါတဲ့ ready to wear ...
06/08/2026

Eco print ပိတ်စကို အမျိုးသားတွေအတွက် ဖန်တီးမယ်ဆို ကျွန်မအတွက် သိပ်စဉ်းစားရတယ်။ ပုံမှန်ဆို အပွင့်အခက်ပါတဲ့ ready to wear ရှပ်အင်္ကျီတစ်ထည်ကို ဝတ်ဖို့ လွယ်ကူပေမယ့် ပန်းပွင့်အစစ်လေးနဲ့ ဖန်တီးထားတဲ့ eco print အဆင်ဆို မဝတ်ရဲကြတဲ့သူတွေက ခပ်များများ။

ဒီအတွက် အိမ်က အစ်ကိုနဲ့ သူငယ်ချင်းများကို အရင်ဆုံး interview ရတယ်။ အဖြေအများစုကို collect လုပ်ပြီးမှ ကြားချပြီး အမျိုးသားများအတွက် အဆင်သီးသန့်ဖန်တီးတယ်။

ဖန်တီးနေတဲ့အချိန်မှာတော့ ကျွန်မကိုယ်တိုင် ယောက်ျားလေးပဲ။ ငါသာဆို ဒီလိုအဆင်ဝတ်ရင် သိပ်မိုက်နေမှာ ဆိုတဲ့စိတ်ကို အမြင့်ဆုံးမှာထားပြီး ဖန်တီးခဲ့တာပဲ။ 😁

အဲ့သည်လိုနဲ့ပဲ အစ်မမြကျေး ကဗျာလေးလို ပျော်ရွှင်မှုဟာ ရှပ်အင်္ကျီလေးတစ်ထည် ဖြစ်ခဲ့တာပါပဲ။
*လျှော်ဖွပ်သန့်စင်ပြီးစ အိမ်ရှေ့နေရောင်ကျရာအရပ်မှာ သဘာဝတရားနဲ့ သွေ့ခြောက်နေတဲ့ ရှပ်အင်္ကျီလေး၊ မျှော်နေသူဆီ ရောက်ဖို့ တစ်ယောက်ယောက်ကို သယ်ဆောင်သွားမယ့် * သဘာဝထည် ရှပ်အင်္ကျီလေးများ ဖြစ်ပါတယ်။

* မြကျေး ( ရှပ်အင်္ကျီဝတ် သံသရာလေး ကဗျာ မှ )


04/08/2026

သတိရတဲ့အခါ ခရမ်းရောင်များ ရောက်လာပြီး
ကိုယ်က သတိပြန်ရမယ်ဆိုရင်တော့
အဲ့ဒီခရမ်းရောင်များဟာ လှပသော အရာကလေးတွေဖြစ်သွားမှာ အသေအချာ။ 💟


01/08/2026

ချစ် ခြင်း မေ တ္တာ တွေ ကို
Four leaf clover ရွက် လေး တွေ ပေါ် က
နှင်း ရေ စက် လေး တွေ မှာ ရှာ ပါ
ကြည် နူး စိတ် ဟာ ပျော် ပျော် ရွှင် ရွှင်
ရှင် သန် ပေါက် ဖွား လာ လိမ့် မယ်…။ 🍀

- ရွယ်ရည် ( ပျော်ရွှင်၊ နေကြာ၊ ဂန္ဓမာ ကဗျာမှ )

31/07/2026

ကျန်နေသေးတဲ့
ဘဝအစိတ်အပိုင်းတစ်ချို့ကို
သဘာဝနဲ့အတူ ဖြတ်သန်းသွားဖို့
သဘာဝကြားထဲ ကုန်ဆုံးသွားဖို့ဆန္ဒရှိပါတယ်

ရွေ့လျားနေတဲ့
တောတောင်တိမ်ခိုးတွေကြား လိုက်ပါစီးမျောဖို့
ပြီးတော့ သီချင်းဟောင်းတွေနားထောင်ပြီး
စာအုပ်ကောင်းတွေဖတ်ရဖို့
သဘာဝထည်တွေကို ချစ်တတ်တဲ့သူတွေဆီ
လက်ဆင့်ကမ်းပေးဖို့

ဘယ်နေ့ ဘယ်ကိုရောက်ရမယ်ဆိုတဲ့ အစီစဉ်မရှိဘူး
တစ်နေရာရာမှာ
အတွေးတစ်ချို့ကို
ထိုင်တွေးချင်တွေးနေနိုင်မယ်

စိတ်ဒဏ်ရာတွေဟောင်းတွေ
မေ့နိုင်ဖို့မျှော်လင့်နေတယ်
ပြီးတော့ ကိုယ့်ကိုကိုယ်
ပြန်ရှာတွေ့နိုင်မယ်လို့လည်း
ယုံကြည်ထားတယ်။
ဒါလေးပါပဲ။ 💛


Address

Yangon

Website

Alerts

Be the first to know and let us send you an email when H O L T - B u r m a posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share